Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 11, 2016

အလုပ္မွာ မေပ်ာ္ရႊင္ရျခင္း အေၾကာင္း ၅ ခ်က္

လူတိုင္း လူတိုင္း အလုပ္မွာ ေပ်ာ္ရႊင္ဖို႔က အေရးၾကီးပါတယ္။ အလုပ္မွာ ေပ်ာ္ရႊင္မွသာ မိမိေရာ မိမိ၏ လုပ္ငန္းအတြက္ပါ တိုးတက္ေစမွာ ျဖစ္ပါတယ္။ တကယ္လို႔ အလုပ္မွာ မေပ်ာ္ရႊင္ရတာဟာ ဒီအခ်က္မ်ားေၾကာင့္ ျဖစ္ပါတယ္။

၁) မိမိ အတၱ မာနေၾကာင့္

မိမိဟာ အတၱ မာနေတြထားျပီး အလုပ္မွာ ေနမယ္ဆိုရင္ အလုပ္မွာ ရိွတဲ့ သူငယ္ခ်င္းေတြနဲ႔ ေပါင္းသင္းလို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ အားလံုးက မိမိကို ေဘးဖယ္ထားျပီး မိမိတစ္ေယာက္တည္း စိတ္ဆင္းရဲစြာ ျဖစ္ေနပါလိမ့္မယ္။

၂) တစ္ပါးသူ၏ ခံစားခ်က္ကို နားမလည္ျခင္း

လုပ္ငန္းခြင္ဆိုတာ တစ္ဦးတည္း တစ္ေယာက္တည္း လုပ္ရတဲ့ ေနရာမဟုတ္ပါဘူး။ လုပ္ငန္းခြင္ဆိုတာ လူအဖြဲ႔အစည္းေတြနဲ႔ လုပ္ရတဲ့ ေနရာပါ။ ဒါေၾကာင့္
အျခားသူေတြနဲ႔ အဆင္ေျပေအာင္ ေနဖို႔က အေရးၾကီးပါတယ္။ တစ္ျခားသူေတြနဲ႔ အဆင္ေျပဖို႔ အတြက္ အျခားသူ၏ ခံစားခ်က္ကို နားလည္ဖို႔ လိုအပ္ပါတယ္။

၃) မနိုင္ဝန္ ထမ္းေဆာင္ေနရျခင္း

မိမိဟာ မိမိနိုင္တဲ့ ဝန္ထက္ ပိုေလးတဲ့ တာဝန္မ်ားကို ထမ္းေဆာင္ေနရတယ္ဆိုရင္ အလုပ္မွ မေပ်ာ္ရႊင္နိုင္ပါဘူး။ ေန႔စဥ္ ေရာက္ရိွလာတဲ့ ဖိစီးမူေတြက အလုပ္မွာ မေပ်ာ္ရႊင္လာေအာင္ ဖန္တီးေပးေနပါတယ္။

၄) ပတ္ဝန္းက်င္ေၾကာင့္

အလုပ္မွာ ပတ္ဝန္းက်င္ဆိုတာ အေရးၾကီးပါတယ္။ မိမိဟာ မွန္ေနေသာ္လည္း ပတ္ဝန္းက်င္ရဲ႕ အေျခအေန အရပ္ရပ္က မိမိကို အလုပ္မွာ မေပ်ာ္ရႊင္ေအာင္ တြန္းပို႔ေနပါတယ္။

၅) ဝါသနာ မပါတဲ့ အလုပ္ေၾကာင့္

ဝါသနာ ပါတဲ့ အလုပ္ဟာ ဘယ္ေလာက္ ပင္ပန္းပါေစ အလုပ္လုပ္ေနရရင္ကို ေပ်ာ္ေနပါလိမ့္မယ္။ ဝါသနာ မပါတဲ့ အလုပ္ကို လုပ္ေနရတယ္ဆိုရင္ ၾကာလာရင္ေတာ့ အလုပ္မွာ မေပ်ာ္တဲ့သူ တစ္ေယာက္ ျဖစ္သြားပါလိမ့္မယ္။

ဓာတ္ပံု - wiki how
ေက်ာ္လင္းနိုင္ (႐ိုးရာေလး)
www.yoyarlay.com
................
အလုပ်မှာ မပျော်ရွှင်ရခြင်း အကြောင်း ၅ ချက်

လူတိုင်း လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့က အရေးကြီးပါတယ်။ အလုပ်မှာ ပျော်ရွှင်မှသာ မိမိရော မိမိ၏ လုပ်ငန်းအတွက်ပါ တိုးတက်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်မှာ မပျော်ရွှင်ရတာဟာ ဒီအချက်များကြောင့် ဖြစ်ပါတယ်။

၁) မိမိ အတ္တ မာနကြောင့်

မိမိဟာ အတ္တ မာနတွေထားပြီး အလုပ်မှာ နေမယ်ဆိုရင် အလုပ်မှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းလို့ မရတော့ပါဘူး။ ဒါကြောင့် အားလုံးက မိမိကို ဘေးဖယ်ထားပြီး မိမိတစ်ယောက်တည်း စိတ်ဆင်းရဲစွာ ဖြစ်နေပါလိမ့်မယ်။

၂) တစ်ပါးသူ၏ ခံစားချက်ကို နားမလည်ခြင်း

လုပ်ငန်းခွင်ဆိုတာ တစ်ဦးတည်း တစ်ယောက်တည်း လုပ်ရတဲ့ နေရာမဟုတ်ပါဘူး။ လုပ်ငန်းခွင်ဆိုတာ လူအဖွဲ့အစည်းတွေနဲ့ လုပ်ရတဲ့ နေရာပါ။ ဒါကြောင့်
အခြားသူတွေနဲ့ အဆင်ပြေအောင် နေဖို့က အရေးကြီးပါတယ်။ တစ်ခြားသူတွေနဲ့ အဆင်ပြေဖို့ အတွက် အခြားသူ၏ ခံစားချက်ကို နားလည်ဖို့ လိုအပ်ပါတယ်။

၃) မနိုင်ဝန် ထမ်းဆောင်နေရခြင်း

မိမိဟာ မိမိနိုင်တဲ့ ဝန်ထက် ပိုလေးတဲ့ တာဝန်များကို ထမ်းဆောင်နေရတယ်ဆိုရင် အလုပ်မှ မပျော်ရွှင်နိုင်ပါဘူး။ နေ့စဉ် ရောက်ရှိလာတဲ့ ဖိစီးမူတွေက အလုပ်မှာ မပျော်ရွှင်လာအောင် ဖန်တီးပေးနေပါတယ်။

၄) ပတ်ဝန်းကျင်ကြောင့်

အလုပ်မှာ ပတ်ဝန်းကျင်ဆိုတာ အရေးကြီးပါတယ်။ မိမိဟာ မှန်နေသော်လည်း ပတ်ဝန်းကျင်ရဲ့ အခြေအနေ အရပ်ရပ်က မိမိကို အလုပ်မှာ မပျော်ရွှင်အောင် တွန်းပို့နေပါတယ်။

၅) ဝါသနာ မပါတဲ့ အလုပ်ကြောင့်

ဝါသနာ ပါတဲ့ အလုပ်ဟာ ဘယ်လောက် ပင်ပန်းပါစေ အလုပ်လုပ်နေရရင်ကို ပျော်နေပါလိမ့်မယ်။ ဝါသနာ မပါတဲ့ အလုပ်ကို လုပ်နေရတယ်ဆိုရင် ကြာလာရင်တော့ အလုပ်မှာ မပျော်တဲ့သူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

ဓာတ်ပုံ - wiki how
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment