By ဒီဗီြဘီ 22 January 2016
ျမန္မာႏုိင္ငံတ၀န္း အက်ဥ္းေထာင္ေတြကေန နိုင္ငံေရးအက်ဥ္းသား ၁၀၁ ဦးကို ႏိုင္ငံေတာ္ သမၼတရံုးညြန္ၾကားခ်က္နဲ႔ ဒီကေန႔ ဇန္န၀ါရီ ၂၂ ရက္ မနက္မွာ ျပန္လႊတ္ေပးလုိက္ပါတယ္။
ႏိုင္ငံေတာ္သမၼတရံုးရဲ႕ ဇန္န၀ါရီ ၂၁ ရက္စြဲပါ စာအရ ျပည္ထဲေရး၀န္ႀကီး႒ာနရဲ႕ ေၾကးနန္းအရ အက်ဥ္းေထာင္အသီးသီးမွာ ျပစ္ဒဏ္ခ်ခံေနရတဲ့ ကိုခင္ေမာင္လင္း ပါ ၁၀၁ ေယာက္ကို ျပစ္မႈဆိုင္ရာက်င့္ထံုးဥပေဒ (၄၀၁/ခ) နဲ႔ လႊတ္ေပးလိုက္ပါတယ္။
အက်ဥ္းေထာင္အသီးသီးမွာ ျပစ္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသားေတြထဲက လူပုဂိၢဳလ္ေတြနဲ႔ အဖြဲ႔အစည္းေတြက လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ ေတာင္းဆိုလာလို႔ လူမႈေရးအရ ငဲ့ညႇာေသာ အားျဖင့္လႊတ္ေပးတာလုိ႔ ဆိုပါတယ္။ ႏိုင္ငံအက််််ဳိးထမ္းေဆာင္ႏိုင္ဖို႔ လႊတ္ေပးတာျဖစ္ၿပီး ေနာက္တႀကိမ္ ျပစ္မႈ က်ဴးလြန္ရင္ ၄င္းျပစ္ဒဏ္အျပင္ က်န္ေနတဲ့ ျပစ္ဒဏ္မ်ားကိုပါ ပူးတဲြ က်ခံရမွာ ျဖစ္တယ္လို႔ ေရးသားထားပါတယ္။
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕ အက်ဥ္းေထာင္ကေန ကိုေက်ာ္ဆန္း ပုဒ္မ (၁၈)၊ ကို၀ဏၰ ပုဒ္မ(၁၈)၊ ကိုတိုးႀကီး၊ ပုဒ္မ (၁၈)၊ ကိုပဲပဲ (ခ) ကိုရဲေက်ာ္သူ ပုဒ္မ (၅၀၅-ခ) တို႔ ၄ ေယာက္ ျပန္လြတ္လာပါတယ္။
DVB
.................
နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးပြန်လွတ်
By ဒီဗွီဘီ 22 January 2016
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးကို နိုင်ငံတော် သမ္မတရုံးညွန်ကြားချက်နဲ့ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မနက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ ဇန်နဝါရီ ၂၁ ရက်စွဲပါ စာအရ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ ကြေးနန်းအရ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ချခံနေရတဲ့ ကိုခင်မောင်လင်း ပါ ၁၀၁ ယောက်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ (၄၀၁/ခ) နဲ့ လွှတ်ပေးလိုက်ပါတယ်။
အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထဲက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုလာလို့ လူမှုရေးအရ ငဲ့ညှာသော အားဖြင့်လွှတ်ပေးတာလို့ ဆိုပါတယ်။ နိုင်ငံအကျျျျုိးထမ်းဆောင်နိုင်ဖို့ လွှတ်ပေးတာဖြစ်ပြီး နောက်တကြိမ် ပြစ်မှု ကျူးလွန်ရင် ၄င်းပြစ်ဒဏ်အပြင် ကျန်နေတဲ့ ပြစ်ဒဏ်များကိုပါ ပူးတွဲ ကျခံရမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်ကနေ ကိုကျော်ဆန်း ပုဒ်မ (၁၈)၊ ကိုဝဏ္ဏ ပုဒ်မ(၁၈)၊ ကိုတိုးကြီး၊ ပုဒ်မ (၁၈)၊ ကိုပဲပဲ (ခ) ကိုရဲကျော်သူ ပုဒ်မ (၅၀၅-ခ) တို့ ၄ ယောက် ပြန်လွတ်လာပါတယ်။
DVB
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment