လန္ဒန္ ၊ ၂၇-၁-၂၀၁၆
အႏၲာတိတ္ ေရခဲျပင္သို႔ အကူအညီ အေထာက္အပံ့ မပါဘဲ ပထမဆံုး တစ္ကိုယ္တည္းျ ဖတ္သန္းႏိုင္သူ အျဖစ္ စံခ်ိန္တင္ရန္ ႀကိဳးပမ္းခဲ့သည့္ ၿဗိတိန္ႏိုင္ငံမွ စူးစမ္း ေလ့လာသူတစ္ဦး သည္ မုိင္ေပါင္းမ်ားစြာ ခရီးႏွင္ ခဲ့ၿပီးေနာက္ ခရီးဆံုးသို႔ ေရာက္လုနီးတြင္ အားအင္ ကုန္ဆံုး၍ လဲက် ေသဆံုးခဲ့ေၾကာင္း သိရသည္။
ၿဗိတိန္စစ္ဘက္မွ အရာရွိေဟာင္း ဟန္နရီ ေဝါစလီ သည္ အဆိုပါ ေရခဲျပင္သို႔ မိုင္ ၁ဝဝဝ ခန္႔ ေျခက်င္ ေလွ်ာက္ခဲ့ၿပီး ဇန္နဝါရီ ၂၂ ရက္က ပန္းတိုင္ မေရာက္မီ အကြာအေဝး မိုင္ ၃ဝ ခန္႔တြင္ ေလေၾကာင္း အကူအညီ ေတာင္းဆို ခဲ့ၿပီးေနာက္ လဲက်ျခင္း ျဖစ္သည္။
မိမိသည္ အကြာအေဝးမိုင္ ၉ဝဝ ခန္႔ကို ရက္ေပါင္း ၇၁ ရက္ၾကာ ေလွ်ာက္လွမ္းခဲ့ ရၿပီး ယင္းကဲ့သို႔ ေလွ်ာက္လွမ္းစဥ္ မိမိ၏ အားအင္မ်ားမွာ တျဖည္းျဖည္း ကုန္ဆံုး လာခဲ့ေၾကာင္း ႏွင့္ မိမိေမွ်ာ္မွန္း ထားသည့္ ပန္းတိုင္ကို ေရာက္ရန္အတြက္ အလြန္ နီးကပ္လာၿပီ ျဖစ္ေၾကာင္း ေဝါစလီ ေရးသားျပဳစု ခဲ့သည့္ ၄င္း၏ ခရီးသြားမွတ္တမ္း အရ သိရသည္။
ေဝါစလီ သည္ လြန္ခဲ့သည့္ ရာစုႏွစ္အတြင္း က ေတာင္ဝင္႐ိုးစြန္းမွ တစ္ဆင့္ အႏၲာတိက သို႔ သြားေရာက္ခဲ့သည့္ အာနက္စ္ရွခ္လီတြန္ ၏ ႀကိဳးပမ္းခ်က္ကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ရန္ အတြက္ ၄င္းေဒသသို႔ ယခုကဲ့သို႔ တစ္ကိုယ္တည္း လမ္းေလွ်ာက္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အသက္ ၅၅ ႏွစ္အရြယ္ရွိ ေဝါစလီ သည္ ဝမ္းတြင္း အေျမႇးေရာင္သည့္ ဗက္တီးရီးယားပိုး တစ္မ်ဳိး ကူးစက္ခံ ရေသာေၾကာင့္ ခ်ီလီႏိုင္ငံ ပန္တာေအရီနက္စ္ ၿမိဳ႕ရွိ ေဆး႐ံု၌ ခြဲစိတ္ကုသမႈ ခံယူၿပီးေနာက္ တစ္ရက္ အၾကာတြင္ ကိုယ္အဂၤါ လႈပ္ရွားမႈမ်ား ရပ္ဆိုင္း၍ ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္း ၄င္း၏ မိသားစုဝင္မ်ားက ဇန္နဝါရီ ၂၅ ရက္တြင္ ေျပာၾကားသည္။
#PyiChitThar
.............................................................
အန္တာတိတ် ရေခဲပြင်သို့ တစ်ကိုယ်တည်း ခြေကျင်လျှောက် ခဲ့သူ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးနောက် သေဆုံး
လန်ဒန် ၊ ၂၇-၁-၂၀၁၆
အန္တာတိတ် ရေခဲပြင်သို့ အကူအညီ အထောက်အပံ့ မပါဘဲ ပထမဆုံး တစ်ကိုယ်တည်းြ ဖတ်သန်းနိုင်သူ အဖြစ် စံချိန်တင်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန်နိုင်ငံမှ စူးစမ်း လေ့လာသူတစ်ဦး သည် မိုင်ပေါင်းများစွာ ခရီးနှင် ခဲ့ပြီးနောက် ခရီးဆုံးသို့ ရောက်လုနီးတွင် အားအင် ကုန်ဆုံး၍ လဲကျ သေဆုံးခဲ့ကြောင်း သိရသည်။
ဗြိတိန်စစ်ဘက်မှ အရာရှိဟောင်း ဟန်နရီ ဝေါစလီ သည် အဆိုပါ ရေခဲပြင်သို့ မိုင် ၁ဝဝဝ ခန့် ခြေကျင် လျှောက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်က ပန်းတိုင် မရောက်မီ အကွာအဝေး မိုင် ၃ဝ ခန့်တွင် လေကြောင်း အကူအညီ တောင်းဆို ခဲ့ပြီးနောက် လဲကျခြင်း ဖြစ်သည်။
မိမိသည် အကွာအဝေးမိုင် ၉ဝဝ ခန့်ကို ရက်ပေါင်း ရ၁ ရက်ကြာ လျှောက်လှမ်းခဲ့ ရပြီး ယင်းကဲ့သို့ လျှောက်လှမ်းစဉ် မိမိ၏ အားအင်များမှာ တဖြည်းဖြည်း ကုန်ဆုံး လာခဲ့ကြောင်း နှင့် မိမိမျှော်မှန်း ထားသည့် ပန်းတိုင်ကို ရောက်ရန်အတွက် အလွန် နီးကပ်လာပြီ ဖြစ်ကြောင်း ဝေါစလီ ရေးသားပြုစု ခဲ့သည့် ၄င်း၏ ခရီးသွားမှတ်တမ်း အရ သိရသည်။
ဝေါစလီ သည် လွန်ခဲ့သည့် ရာစုနှစ်အတွင်း က တောင်ဝင်ရိုးစွန်းမှ တစ်ဆင့် အန္တာတိက သို့ သွားရောက်ခဲ့သည့် အာနက်စ်ရှခ်လီတွန် ၏ ကြိုးပမ်းချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အတွက် ၄င်းဒေသသို့ ယခုကဲ့သို့ တစ်ကိုယ်တည်း လမ်းလျှောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဝေါစလီ သည် ဝမ်းတွင်း အမြှေးရောင်သည့် ဗက်တီးရီးယားပိုး တစ်မျိုး ကူးစက်ခံ ရသောကြောင့် ချီလီနိုင်ငံ ပန်တာအေရီနက်စ် မြို့ရှိ ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူပြီးနောက် တစ်ရက် အကြာတွင် ကိုယ်အင်္ဂါ လှုပ်ရှားမှုများ ရပ်ဆိုင်း၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ မိသားစုဝင်များက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။
#PyiChitThar
No comments:
Post a Comment