Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

ရန္ကုန္ၿမိဳ႕႐ွိ ဆူးေလေစတီေတာ္ျမတ္အား ကာကြယ္ခဲ့သူ

ဦးခ်န္ထြန္းသည္
၁၈၈၁ခုႏွစ္တြင္ အဂၤလန္၌
ေရာမ ဥပေဒဘာသာရပ္၊ ဥပေဒ အတတ္ပညာ ဘာသာရပ္၊ အဂၤလိပ္ လူမ်ဳိးတုိ႔၏ ေရွ႕ ေဟာင္းထုံးတမ္းစဥ္လာ ဘာသာရပ္ အားလုံးကုိ အမွတ္အမ်ားဆုံး ဂုဏ္ထူးႏွင့္ ေအာင္ျမင္၍ ၀ိတုိရိယဘုရင္ မႀကီး ကုိယ္တုိင္ ၀ိတုိရိယ ေရႊတံဆိပ္ဆုကုိ ခ်ီးျမွင့္ခဲ့သည္။ ဘာသာရပ္တုိင္းတြင္ ထူးခၽြန္ဆု ရရွိခဲ့၍ ဘာသာ ရပ္တခုလွ်င္ ထုိေခာတ္က စတာလင္ေပါင္ (၁၀၀)စီ ခ်ီးျမွင့္ခံခဲ့ရသူျဖစ္သည္။

ဦးခ်န္ထြန္းရရွိခဲ့ေသာ ဂုဏ္ထူးေဆာင္ အမွတ္မ်ဳိးကုိ ဒုတိယကမာၻစစ္ျဖစ္ေသာ အခ်ိန္အထိ ေနာက္ထပ္ ထုိ ဆုမ်ဳိးရရွိသူ လုံး၀မရွိေၾကာင္း သိရွိရသည္။ ရန္ကုန္ျပန္လာ၍ ၀ိတုိရိယ ဘုရင္မဆုကုိ ဆြဲ၍သြားလွ်င္ ဦးခ်န္ ထြန္းႏွင့္ မ်က္ႏွာခ်င္းဆုိင္ ဆုံမိေသာ လူတုိင္းသူ႔ကုိ အေလးျပဳရသည္။ စက္ဘီးစီးလာသူ ၿဖစ္ေနလွ်င္ စက္ ဘီးမွ ဆင္းရပ္၍ အေလးျပဳရသည္။

၀ိတုိရိယ ဘုရင္မႀကီးက သူပုိင္စုိးေသာ ကုိလုိနီႏူိင္ငံမ်ားထဲမွ ဤမွ်ေလာက္ ပညာေတာ္ေသာ ကေလးမ်ဳိး ရွိသည္ကုိ တအံတၾသ ျဖစ္ခဲ့ရသည္ဟု သိရွိရသည္။ေတြ႔႔ခ်င္လြန္း၍ အေခၚခံရေသာအခါ ဦးခ်န္ထြန္းက ရခုိင္ရုိးရာ၀တ္စုံျဖစ္သည့္ ေတာင္ရွည္ပုဆုိး၊ ရင္ဖုံးအကၤ်ီ၀တ္ဆင္၍ ရခုိင္ရုိးရာ ေဖာ့လုံးေခါင္းေပါင္း ၀တ္ၿပီး သြားေရာက္ခဲ့သည္။ ဘုရင္မႀကီးက လက္ဆြဲ ႏႈတ္ဆက္ျပီး လက္ဖက္ရည္ပြဲႏွင့္ ေမာင္ခ်န္ထြန္းကုိ ဧည့္ခံခဲ့ သည္။

၀ိတုိရိယ ဘုရင္မႀကီးဆုကုိ သူကုိယ္တုိင္ ခ်ီးျမွင့္ၿပီး ဘုရင္မႀကီး၊ သားေတာ္ႏွင့္ ေတာ္၀င္ ျမင္းရထား ကုိစီးခြင့္ရေသာ ဆုလည္းပါ၀င္သည့္အျပင္ နန္းေတာ္ထဲသုိ႔ အခ်ိန္မေရြး သြားလာႏုိင္ခြင့္ အခြင့္အေရးကုိပင္ ဘုရင္မႀကီးက ေပးအပ္ခဲ့သည္။

၁၈၅၄ ခုႏွစ္တြင္ ၿဗိတိသွ် အစုိးရသည္ စီမံကိန္းခ်၍ ရန္ကုန္ၿမဳိ႕ကို ေခာတ္မီၿမဳိ႕ေတာ္ ျပဳလုပ္ခဲ့ရာ အကြက္ရုိက္ၿပီး အိမ္ရာတုိက္တာမ်ား ေဆာက္လုပ္ခဲ့သည္။ ထုိစဥ္ကယခုသိမ္ ႀကီးေစ်း ေနရာတြင္ ဆူးေလေစတီေလာက္ ႀကီးေသာ `က်ဳိက္ျမတ္သံခ်ဳိ` ေစတီတစ္ဆူ ရွိခဲ့သည္ကုိ လမ္း ႏွင့္ မလြတ္၍ ၿဖဳိဖ်က္ပစ္ခဲ့သည္။ ရန္ကုန္ျမဳိ႕ရွိ ဘုန္းႀကီးေက်ာင္းမ်ား အားလံုးနီးပါးကုိ အကြက္မ်ားခ်ရာတြင္ မလြတ္ဆုိၿပီး လမ္းမေတာ္ၿမဳိ႕နယ္ သရက္ေတာဥယ်ာဥ္ အတြင္း စုေပါင္း၍ ေရႊ႕ေျပာင္းခဲ့သည္။

ထုိစဥ္က ၿဗိတိသွ် အရာရွိမ်ား တင္ျပခ်က္တြင္ “ေနာက္အႏွစ္ ၅၀- ၁၀၀ အတြင္း ရန္ကုန္ၿမဳိ႕သည္ ကမာၻ႔အဆင့္မီွ ၿမဳိ႕ေတာ္ႀကီး တၿမိဳ႕ ျဖစ္လာမည္ျဖစ္ရာ ပတ္ခ်ာလည္ ၀ုိင္းရံ လ်က္ရွိေသာ မုိးထိေအာင္ ျမင့္မားသည့္ အေဆာက္ အအုံမ်ားေအာက္ ေရာက္ေနမည္ျဖစ္၍ မသင့္ေတာ္ဟု အေၾကာင္း ျပခဲ့ပါသည္။ ျမန္မာလူမ်ဳိးမ်ား စိတ္ႀကဳိက္ သင့္ေတာ္သည့္ ေနရာ ေရႊ႕၍ ပုံတူေဆာက္ေပးရန္ အေၾကာင္းျပခဲ့သည္”"။ ယင္းကိစၥကုိ အဂၤလိပ္ အရာရွိမ်ား အပါအ၀င္ ျမန္မာအရာရွိမ်ားက ကန္႔ကြက္သူမရွိ သေဘာတူၾကသည္။
ဦး ခ်န္ထြန္းတေယာက္သာ အႀကီးအက်ယ္ ကန္႔ကြက္ခဲ့သည္။

။ျမန္မာ လူမ်ဳိးမ်ား၏ ထုံးတမ္းစဥ္လာတြင္ ဘုရားတည္ၿပီးလွ်င္ ေရႊ႕ေျပာင္းျခင္း၊ ဖ်က္ျခင္း ျပဳလုပ္ရုိး ထုံးစဥ္မရွိဟု တင္ျပခဲ့သည္။ အလားတူ လန္ဒန္ကုိ ေခာတ္မီျမဳိ႕ေတာ္ ေဆာက္လုပ္စဥ္က Square Building အ၀ုိင္းကုိ ေရွ႕ေဟာင္း အေဆာက္အအုံတစ္ခုအျဖစ္ အေနျဖင့္ ဘာေၾကာင့္ ခ်န္ထားခဲ့သလဲဟု အေရးဆုိခဲ့သည္။

ဦးခ်န္ ထြန္း၏ ကန္႔ကြက္ခ်က္မ်ား လုံး၀ အရာမေရာက္ျဖစ္ခ့ဲျပီး
အဂၤလိပ္အစိုးရသည္
စေနေဒါင့္မွစ၍ ဆူးေလဘုရားကုိ ဖ်က္ပါေတာ့သည္။

ဦးခ်န္ထြန္းသည္ အာဂသတၱိရွင္တစ္ဦး ျဖစ္သည္။ လုပ္ရဲသည္။ လုပ္ရဲေသာသတၱိ ရွိသည္။ အလုပ္ျပဳတ္ခ်င္ ျပဳတ္ပါေစ လုံး၀ ေနာက္မဆုတ္ခဲ့ပါ။ သူ႔ကုိေရႊတံဆိပ္ဆု ေပးထားေသာ၀ိတုိရိယ ဘုရင္မကုိ ခ်က္ခ်င္း သတိ ရလာခဲ့သည္။ ေၾကးနန္းရုိက္ၿပီး စာတစ္ေစာင္ကုိလည္း ဘုရင္မႀကီးထံ အက်ဳိးအေၾကာင္း ေရးသားေပးပုိ႔ လုိက္သည္။

ဦးခ်န္ထြန္၏ ေက်းဇူး၊
၀ိတုိရိယ ဘုရင္မႀကီး၏အမိန္႔ေၾကာင့္ ယေန႔ျမန္မာလူမ်ဳိးတုိ႔ ဆူးေလေစတီကုိ ရန္ကုန္ၿမဳိ႕လည္တြင္ ဖူးေတြ႔ေနရျခင္း ျဖစ္သည္။
Credit:ၿငိမ္းလဲ့
...................
 ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်မြတ်အား ကာကွယ်ခဲ့သူ

ဦးချန်ထွန်းသည်
၁၈၈၁ခုနှစ်တွင် အင်္ဂလန်၌
ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးတို့၏ ရှေ့ ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ၀ိတိုရိယဘုရင် မကြီး ကိုယ်တိုင် ၀ိတိုရိယ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍ ဘာသာ ရပ်တခုလျှင် ထိုခောတ်က စတာလင်ပေါင် (၁၀၀)စီ ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်သော အချိန်အထိ နောက်ထပ် ထို ဆုမျိုးရရှိသူ လုံးဝမရှိကြောင်း သိရှိရသည်။ ရန်ကုန်ပြန်လာ၍ ၀ိတိုရိယ ဘုရင်မဆုကို ဆွဲ၍သွားလျှင် ဦးချန် ထွန်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသော လူတိုင်းသူ့ကို အလေးပြုရသည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက် ဘီးမှ ဆင်းရပ်၍ အလေးပြုရသည်။

၀ိတိုရိယ ဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိူင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်ခဲ့ရသည်ဟု သိရှိရသည်။တွေ့့ချင်လွန်း၍ အခေါ်ခံရသောအခါ ဦးချန်ထွန်းက ရခိုင်ရိုးရာဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာ ဖော့လုံးခေါင်းပေါင်း ၀တ်ပြီး သွားရောက်ခဲ့သည်။ ဘုရင်မကြီးက လက်ဆွဲ နှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့ သည်။

၀ိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီး ဘုရင်မကြီး၊ သားတော်နှင့် တော်ဝင် မြင်းရထား ကိုစီးခွင့်ရသော ဆုလည်းပါ၀င်သည့်အပြင် နန်းတော်ထဲသို့ အချိန်မရွေး သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်။

၁၈၅၄ ခုနှစ်တွင် ဗြိတိသျှ အစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခောတ်မီမြို့တော် ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့သည်။ ထိုစဉ်ကယခုသိမ် ကြီးစျေး နေရာတွင် ဆူးလေစေတီလောက် ကြီးသော `ကျိုက်မြတ်သံချို` စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်း နှင့် မလွတ်၍ ဖြိုဖျက်ပစ်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ် အတွင်း စုပေါင်း၍ ရွှေ့ပြောင်းခဲ့သည်။

ထိုစဉ်က ဗြိတိသျှ အရာရှိများ တင်ပြချက်တွင် “နောက်အနှစ် ၅၀- ၁၀၀ အတွင်း ရန်ကုန်မြို့သည် ကမ္ဘာ့အဆင့်မှီ မြို့တော်ကြီး တမြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည် ၀ုိင်းရံ လျက်ရှိသော မိုးထိအောင် မြင့်မားသည့် အဆောက် အအုံများအောက် ရောက်နေမည်ဖြစ်၍ မသင့်တော်ဟု အကြောင်း ပြခဲ့ပါသည်။ မြန်မာလူမျိုးများ စိတ်ကြိုက် သင့်တော်သည့် နေရာ ရွှေ့၍ ပုံတူဆောက်ပေးရန် အကြောင်းပြခဲ့သည်”"။ ယင်းကိစ္စကို အင်္ဂလိပ် အရာရှိများ အပါအဝင် မြန်မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူကြသည်။
ဦး ချန်ထွန်းတယောက်သာ အကြီးအကျယ် ကန့်ကွက်ခဲ့သည်။

။မြန်မာ လူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ ဖျက်ခြင်း ပြုလုပ်ရိုး ထုံးစဉ်မရှိဟု တင်ပြခဲ့သည်။ အလားတူ လန်ဒန်ကို ခောတ်မီမြို့တော် ဆောက်လုပ်စဉ်က Square Building အဝိုင်းကို ရှေ့ဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနေဖြင့် ဘာကြောင့် ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည်။

ဦးချန် ထွန်း၏ ကန့်ကွက်ချက်များ လုံးဝ အရာမရောက်ဖြစ်ခဲ့ပြီး
အင်္ဂလိပ်အစိုးရသည်
စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့သည်။

ဦးချန်ထွန်းသည် အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသည်။ လုပ်ရဲသောသတ္တိ ရှိသည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ လုံးဝ နောက်မဆုတ်ခဲ့ပါ။ သူ့ကိုရွှေတံဆိပ်ဆု ပေးထားသောဝိတိုရိယ ဘုရင်မကို ချက်ချင်း သတိ ရလာခဲ့သည်။ ကြေးနန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးသားပေးပို့ လိုက်သည်။

ဦးချန်ထွန်၏ ကျေးဇူး၊
၀ိတိုရိယ ဘုရင်မကြီး၏အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေတီကို ရန်ကုန်မြို့လည်တွင် ဖူးတွေ့နေရခြင်း ဖြစ်သည်။
Credit:ငြိမ်းလဲ့

No comments:

Post a Comment