Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

ကေလးခုိးမႈသတင္းမ်ား အေသးစိတ္ေလ့လာစုံစမ္းထုတ္ျပန္မည္ဟုဆို


မူဆယ္၊ နမ့္ခမ္းၿမိဳ႕မ်ားတြင္ ကေလးကစားစရာမ်ား မေကာက္မိရန္ စာမ်ား ကပ္၍ လက္ကမ္းစာမ်ား ျဖန္႔ေ၀ေနေၾကာင္း သိရွိရသည္။ လာရႈိးလူငယ္မ်ား ပရဟိတအဖြဲ႕က လုပ္ေဆာင္ေနေၾကာင္း အဆုိပါကိစၥႏွင့္ ပတ္သက္၍ အျမန္ဆုံး အတည္ျပဳေပးရန္ ေနျပည္ေတာ္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႕မွ ဒုရဲမွဴးႀကီး သက္ေနာင္က သက္ဆုိင္ဂ်ာနယ္ေျမရွိ လူကုန္ကူးအဖြဲ႕တုိ႔ထံ ညႊန္ၾကားထားေၾကာင္း သိရသည္။

“ကေလးခုိးမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သံသယျဖစ္ဖြယ္ ၂ ခုပဲေတြ႕ရပါတယ္။ လက္ရွိျဖစ္ေပၚေနမႈအေနအထားအရ ကေလးေပ်ာက္တာ မရွိေသးပါဘူး။ လူေပ်ာက္တယ္ဆုိတာကေတာ့ သက္ဆုိင္ရာနယ္ေျမရဲစခန္းေတြက ေဆာင္ရြက္ေနပါတယ္။ သူတုိ႔နဲ႔ သက္ဆုိင္ပါတယ္။ ေလာေလာဆယ္ ကၽြန္ေတာ္တုိ႔လုိက္ရွင္းေနရတာက ေပ်ာက္တာမဟုတ္ဘဲ ကေလးခုိးတဲ့ ကိစၥဟုတ္မဟုတ္ ကိစၥလုိင္ရွင္းေနရတာျဖစ္ပါတယ္”ဟု ေျပာၾကားသည္။
ကေလးခုိးမႈျဖစ္စဥ္ ရွိ မရွိႏွင့္ပတ္သက္၍ “ျဖစ္စဥ္ဆုိတဲ့ ေနရာမွာ ၿပီးခဲ့တဲ့ ၂ လ၊ ၃လက စၿပီး အင္တာနက္ စာမ်က္ႏွာေတြအေပၚ တက္လာတာ ၂ မႈ၊ ၃မႈေလာက္ရွိတယ္။ သာမန္ေလာက္ဖြတယ္လုိ႔ ထင္တာေပါ့။ ေနာက္ပုိင္း တေန႔တည္းမွာပဲ ႏုိင္ငံအတြင္း ေနရာစုံက တက္လာတယ္။ ဧရာ၀တီတုိင္းတခုလုံးလုိလုိ ျဖစ္ေနသလုိလုိ ေကာလာဟလေတြ ျပန္႔လာပါတယ္။ ဒါေတြကုိ ၾကည့္ၿပီး တာ၀န္ရွိသူေတြက ျပန္လည္ဆန္းစစ္လုိက္တဲ့အခါမွာ ဒါဟာ သေဘာရုိးမဟုတ္ေတာ့ဘူး။ ရည္ရြယ္ခ်က္တခုနဲ႔ ေဆာင္ရြက္ေနတယ္္လုိ႔ သုံးသပ္ရတယ္”ဟု ၄င္းက ေျပာသည္။

“ျဖစ္စဥ္ေတြ အားလုံး ေလ့လာစုဆည္းလုိက္တဲ့အခါမွာ ယေနအထိ သံသယျဖစ္ႏုိင္ေျခရွိတဲ့ ကေလးခုိးမႈလုိ႔ ေျပာႏုိင္တဲ့ အမႈ ၂ မႈပဲ ေတြ႕ရပါတယ္။ တမႈက ဖ်ာပုံမွာ ဥာဏ္ရည္မမီတဲ့ ကရင္မေလး ၆ ႏွစ္သမီးကုိ အမ်ဳိးသမီးတေယာက္က ေခၚသြားတာ။ လုိက္ရွာေတာ့ ျပန္ေတြ႕တယ္။ အဲဒီျဖစ္စဥ္မွာ ကေလး ၇ ေယာက္ကုိ ခုိးတဲ့ သူမိၿပီဆုိၿပီး တသင္းျဖန႔္တယ္။ ဖ်ာပုံမွာ ဥာဏ္ရည္မမီတဲ့ ကေလးမေပ်ာက္ခင္မွာ ဘုရားပြဲေစ်းမွာ တယ္လီဖုန္းေတြလုိက္ခုိးတယ္။ ပုိက္ဆံအိတ္ေတြ လုိက္ႏႈိက္တယ္ဆုိၿပီး လင္မယား ၂ ႏွစ္ေယာက္ကုိ ဖမ္းထားတဲ့ ျဖစ္စဥ္တခုရွိပါတယ္။ အဲဒီလင္မယား ၂ ေယာက္မွာ ကေလး ၆ ေယာက္ပါလာတယ္။ သူတုိ႔ႏွစ္ေယာက္ကုိ စစ္ေဆးေနစဥ္ ကာလမွာ ကေလး ၆ ေယာက္ကုိ ရဲစခန္းက ေကၽြးေမြးေစာင့္ေရွာက္ထားရပါတယ္”

“အဲဒီအခ်ိန္မွာ ကေလးတေယာက္ေပ်ာက္တဲ့ ျဖစ္စဥ္က ေပၚလာတယ္။ အဲဒီကိစၥကုိလည္း စခန္းကုိ ေခၚအမႈဖြင့္တယ္။ ဒီအခါမွာ ပထမကေလး ၆ ေယာက္ေနာက္ေရာက္လာတဲ့ ကေလး ၁ ေယာက္ဆုိေတာ့ ကေလး ၇ ေယာက္ျဖစ္လာပါတယ္။ အဲဒါကုိ ကေလး ၇ ေယာက္ခုိးတဲ့ တရားခံမိၿပီဆုိတဲ့ သတင္းကုိ ဖြေတာ့ တာပါပဲ။”

“ဒီျဖစ္စဥ္မွာ ကေလးခုိးတယ္လုိ႔ စြပ္စြဲခံရတဲ့ အမ်ဳိးသမီးရဲ႕ တုံ႔ျပန္ခ်က္က သူအလုပ္သြားမယ္လုိ႔ ထြက္လာခ်ိန္မွာ ကေလးတဦးလမ္းျဖတ္ကူးဖုိ႔ လုပ္ေနတာေတြ ေတြ႕ရတယ္။ ကေလးက ဥာဏ္ရည္မမီဘူး။ ကေလးရဲ႕ အေဖက ဆုိက္ကားသြားနင္းတယ္။ အေမက ေစ်းေရာင္းသြားတယ္။ ကေလးက အိမ္မွာ အေဒၚနဲ႔ က်န္ခဲ့တယ္။ အေဒၚကလည္း ေလျဖတ္ထားလုိ႔ စကားမေျပာႏုိင္ဘူး။ ဒီအခ်ိန္မွာ ကေလးေပ်ာက္သြားတယ္။ ကေလးကုိ လမ္းျဖတ္ကူးဖုိ႔အတြက္ ကူညီေပးတယ္။ သူအလုပ္သူဆက္သြားတယ္။ ကေလးက ေနာက္ကလုိက္လာတယ္။ အလုပ္ခြင္ျဖစ္တဲ့ ဂ၀ံတင္သေဘၤာမွာ ဂ၀ံတင္တယ္။ ကေလးက သူဘာသာကစားေနတယ္။ ဆိုၿပီး ရဲစခန္းမွာ ထြက္ဆုိထားပါတယ္။ ဒီကိစၥကုိ ကေလးခုိးတယ္။ မခုိးဘူး သံသယ ျဖစ္စရာကုိ သက္ဆုိင္ရာက စစ္ေဆးရင္းအျဖစ္မွန္ေပၚလာမွာပါ”

“ျဖစ္သေယာင္ေယာင္အေျခအေနေပၚ မူတည္ၿပီး ေကာလဟာလ ျဖန္႔တာပါ။ ဒါက တမႈ ေနာက္တမႈက ေတာင္ႀကီး ျဖစ္စဥ္ ေတာင္ႀကီးအမႈမွာလဲ ျဖစ္စဥ္က အမ်ဳိးသားတေယာက္က ပ်ံက်အလုပ္ေတြ လုပ္တယ္။ လယ္တဲတခုမွာ ေနတယ္။ အဲဒီအခ်ိန္မွာ ကေလး ၃ ေယာက္ ငွက္ပစ္ဖုိ႔္ဆုိၿပီး ေရာက္လာတယ္။ အတူူတူငွက္ပစ္ၾကတယ္။ ညေမွာင္လုိ႔ မျပန္ရဲဘူးဆုိေတာ့ သူက လုိက္ပုိ႔တယ္။ ဒါက ပထမတရက္ေနာက္ရက္ေတြမွာလဲ ငွက္ေတြပစ္ၾကတယ္။ အႀကီးဆုံး ကေလးတေယာက္က ေက်ာင္းတက္ရမယ္ဆုိၿပီး ျပန္တယ္ (၂) ေယာက္က မျပန္ဘဲ ငွက္ပစ္ဖုိ႔ က်န္ခဲ့တယ္။ ဒီလုိနဲ႔ ၃ ရက္ေလာက္ေပ်ာက္ေနတယ္။ ရြာကလည္း ကေလးေပ်ာက္တယ္။ ခုိးခံရတယ္ဆုိၿပီး အသံခ်ဲ႕စက္နဲ႔ေအာ္တယ္။ သူတုိ႔က ရြာနဲ႔အလွမ္းေ၀းေတာ့ မၾကားဘူး။ ျဖစ္စဥ္က ငွက္ပစ္ရင္း ရြာအနီးမွာ သစ္ရြက္သစ္သီးခူးစားငွက္ပစ္စားေနၾကေၾကာင္း ဖမ္းမိတဲ့အခ်ိန္မွာ ရဲစခန္းမွာယ ထြက္ဆုိတယ္။ ျဖစ္စဥ္ကေတာ့ သူတုိ႔ေတြဟာ အေ၀းကုိ ထြက္မသြားဘူး။ ရြာနဲ႔ မလွမ္းမကမ္းေနရာေတြမွာ ငွက္ပစ္ရင္း ပတ္သြားေနတာေတြ႕ရတယ္။ သုံးသပ္ၾကည့္ရင္ တကယ္ကေလးခုိးတယ္ဆုိရင္ ေပ်ာက္ေနတဲ့ ၃ ရက္ေလာက္အတြင္းမွာ အေတာ္ေ၀းေ၀းကုိ ေရာက္ေနေလာက္ပါၿပီ။ ဒီသုံးသပ္ခ်က္ေတာ့ ကၽြန္ေတာ့္သုံးသပ္ခ်က္ပါ။ ျဖစ္စဥ္ကုိေတာ့ သက္ဆုိင္ရာ ရဲစခန္းက စစ္ေဆးေနပါတယ္”လုိ႔ ဒုရဲမွဴးႀကီး သက္ေနာင္က News Watch သုိ႔ ေျပာၾကားသည္။

ကေလးခုိးမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ မိဘျပည္သူမ်ား စုိးရိမ္ေသာကမႈ မျဖစ္ပြားေစရန္ သက္ဆုိင္ရာတာ၀န္ရွိသူအဆင့္ဆင့္က သတင္းထုတ္ျပန္ေပးႏုိင္ရန္ စီစဥ္လ်က္ရွိပါေၾကာင္း သိရွိသည္။

ထြန္း (ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.................


မူဆယ်၊ နမ့်ခမ်းမြို့များတွင် ကလေးကစားစရာများ မကောက်မိရန် စာများ ကပ်၍ လက်ကမ်းစာများ ဖြန့်ဝေနေကြောင်း သိရှိရသည်။ လာရှိုးလူငယ်များ ပရဟိတအဖွဲ့က လုပ်ဆောင်နေကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အတည်ပြုပေးရန် နေပြည်တော် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ဒုရဲမှူးကြီး သက်နောင်က သက်ဆိုင်ဂျာနယ်မြေရှိ လူကုန်ကူးအဖွဲ့တို့ထံ ညွှန်ကြားထားကြောင်း သိရသည်။

“ကလေးခိုးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် ၂ ခုပဲတွေ့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေမှုအနေအထားအရ ကလေးပျောက်တာ မရှိသေးပါဘူး။ လူပျောက်တယ်ဆိုတာကတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေက ဆောင်ရွက်နေပါတယ်။ သူတို့နဲ့ သက်ဆိုင်ပါတယ်။ လောလောဆယ် ကျွန်တော်တို့လိုက်ရှင်းနေရတာက ပျောက်တာမဟုတ်ဘဲ ကလေးခိုးတဲ့ ကိစ္စဟုတ်မဟုတ် ကိစ္စလိုင်ရှင်းနေရတာဖြစ်ပါတယ်”ဟု ပြောကြားသည်။
ကလေးခိုးမှုဖြစ်စဉ် ရှိ မရှိနှင့်ပတ်သက်၍ “ဖြစ်စဉ်ဆိုတဲ့ နေရာမှာ ပြီးခဲ့တဲ့ ၂ လ၊ ၃လက စပြီး အင်တာနက် စာမျက်နှာတွေအပေါ် တက်လာတာ ၂ မှု၊ ၃မှုလောက်ရှိတယ်။ သာမန်လောက်ဖွတယ်လို့ ထင်တာပေါ့။ နောက်ပိုင်း တနေ့တည်းမှာပဲ နိုင်ငံအတွင်း နေရာစုံက တက်လာတယ်။ ဧရာဝတီတိုင်းတခုလုံးလိုလို ဖြစ်နေသလိုလို ကောလာဟလတွေ ပြန့်လာပါတယ်။ ဒါတွေကို ကြည့်ပြီး တာဝန်ရှိသူတွေက ပြန်လည်ဆန်းစစ်လိုက်တဲ့အခါမှာ ဒါဟာ သဘောရိုးမဟုတ်တော့ဘူး။ ရည်ရွယ်ချက်တခုနဲ့ ဆောင်ရွက်နေတယ််လို့ သုံးသပ်ရတယ်”ဟု ၄င်းက ပြောသည်။

“ဖြစ်စဉ်တွေ အားလုံး လေ့လာစုဆည်းလိုက်တဲ့အခါမှာ ယနေအထိ သံသယဖြစ်နိုင်ခြေရှိတဲ့ ကလေးခိုးမှုလို့ ပြောနိုင်တဲ့ အမှု ၂ မှုပဲ တွေ့ရပါတယ်။ တမှုက ဖျာပုံမှာ ဉာဏ်ရည်မမီတဲ့ ကရင်မလေး ၆ နှစ်သမီးကို အမျိုးသမီးတယောက်က ခေါ်သွားတာ။ လိုက်ရှာတော့ ပြန်တွေ့တယ်။ အဲဒီဖြစ်စဉ်မှာ ကလေး ရ ယောက်ကို ခိုးတဲ့ သူမိပြီဆိုပြီး တသင်းဖြန့်တယ်။ ဖျာပုံမှာ ဉာဏ်ရည်မမီတဲ့ ကလေးမပျောက်ခင်မှာ ဘုရားပွဲစျေးမှာ တယ်လီဖုန်းတွေလိုက်ခိုးတယ်။ ပိုက်ဆံအိတ်တွေ လိုက်နှိုက်တယ်ဆိုပြီး လင်မယား ၂ နှစ်ယောက်ကို ဖမ်းထားတဲ့ ဖြစ်စဉ်တခုရှိပါတယ်။ အဲဒီလင်မယား ၂ ယောက်မှာ ကလေး ၆ ယောက်ပါလာတယ်။ သူတို့နှစ်ယောက်ကို စစ်ဆေးနေစဉ် ကာလမှာ ကလေး ၆ ယောက်ကို ရဲစခန်းက ကျွေးမွေးစောင့်ရှောက်ထားရပါတယ်”

“အဲဒီအချိန်မှာ ကလေးတယောက်ပျောက်တဲ့ ဖြစ်စဉ်က ပေါ်လာတယ်။ အဲဒီကိစ္စကိုလည်း စခန်းကို ခေါ်အမှုဖွင့်တယ်။ ဒီအခါမှာ ပထမကလေး ၆ ယောက်နောက်ရောက်လာတဲ့ ကလေး ၁ ယောက်ဆိုတော့ ကလေး ရ ယောက်ဖြစ်လာပါတယ်။ အဲဒါကို ကလေး ရ ယောက်ခိုးတဲ့ တရားခံမိပြီဆိုတဲ့ သတင်းကို ဖွတော့ တာပါပဲ။”

“ဒီဖြစ်စဉ်မှာ ကလေးခိုးတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးရဲ့ တုံ့ပြန်ချက်က သူအလုပ်သွားမယ်လို့ ထွက်လာချိန်မှာ ကလေးတဦးလမ်းဖြတ်ကူးဖို့ လုပ်နေတာတွေ တွေ့ရတယ်။ ကလေးက ဉာဏ်ရည်မမီဘူး။ ကလေးရဲ့ အဖေက ဆိုက်ကားသွားနင်းတယ်။ အမေက စျေးရောင်းသွားတယ်။ ကလေးက အိမ်မှာ အဒေါ်နဲ့ ကျန်ခဲ့တယ်။ အဒေါ်ကလည်း လေဖြတ်ထားလို့ စကားမပြောနိုင်ဘူး။ ဒီအချိန်မှာ ကလေးပျောက်သွားတယ်။ ကလေးကို လမ်းဖြတ်ကူးဖို့အတွက် ကူညီပေးတယ်။ သူအလုပ်သူဆက်သွားတယ်။ ကလေးက နောက်ကလိုက်လာတယ်။ အလုပ်ခွင်ဖြစ်တဲ့ ဂဝံတင်သင်္ဘောမှာ ဂဝံတင်တယ်။ ကလေးက သူဘာသာကစားနေတယ်။ ဆိုပြီး ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။ ဒီကိစ္စကို ကလေးခိုးတယ်။ မခိုးဘူး သံသယ ဖြစ်စရာကို သက်ဆိုင်ရာက စစ်ဆေးရင်းအဖြစ်မှန်ပေါ်လာမှာပါ”

“ဖြစ်သယောင်ယောင်အခြေအနေပေါ် မူတည်ပြီး ကောလဟာလ ဖြန့်တာပါ။ ဒါက တမှု နောက်တမှုက တောင်ကြီး ဖြစ်စဉ် တောင်ကြီးအမှုမှာလဲ ဖြစ်စဉ်က အမျိုးသားတယောက်က ပျံကျအလုပ်တွေ လုပ်တယ်။ လယ်တဲတခုမှာ နေတယ်။ အဲဒီအချိန်မှာ ကလေး ၃ ယောက် ငှက်ပစ်ဖို့်ဆိုပြီး ရောက်လာတယ်။ အတူူတူငှက်ပစ်ကြတယ်။ ညမှောင်လို့ မပြန်ရဲဘူးဆိုတော့ သူက လိုက်ပို့တယ်။ ဒါက ပထမတရက်နောက်ရက်တွေမှာလဲ ငှက်တွေပစ်ကြတယ်။ အကြီးဆုံး ကလေးတယောက်က ကျောင်းတက်ရမယ်ဆိုပြီး ပြန်တယ် (၂) ယောက်က မပြန်ဘဲ ငှက်ပစ်ဖို့ ကျန်ခဲ့တယ်။ ဒီလိုနဲ့ ၃ ရက်လောက်ပျောက်နေတယ်။ ရွာကလည်း ကလေးပျောက်တယ်။ ခိုးခံရတယ်ဆိုပြီး အသံချဲ့စက်နဲ့အော်တယ်။ သူတို့က ရွာနဲ့အလှမ်းဝေးတော့ မကြားဘူး။ ဖြစ်စဉ်က ငှက်ပစ်ရင်း ရွာအနီးမှာ သစ်ရွက်သစ်သီးခူးစားငှက်ပစ်စားနေကြကြောင်း ဖမ်းမိတဲ့အချိန်မှာ ရဲစခန်းမှာယ ထွက်ဆိုတယ်။ ဖြစ်စဉ်ကတော့ သူတို့တွေဟာ အဝေးကို ထွက်မသွားဘူး။ ရွာနဲ့ မလှမ်းမကမ်းနေရာတွေမှာ ငှက်ပစ်ရင်း ပတ်သွားနေတာတွေ့ရတယ်။ သုံးသပ်ကြည့်ရင် တကယ်ကလေးခိုးတယ်ဆိုရင် ပျောက်နေတဲ့ ၃ ရက်လောက်အတွင်းမှာ အတော်ဝေးဝေးကို ရောက်နေလောက်ပါပြီ။ ဒီသုံးသပ်ချက်တော့ ကျွန်တော့်သုံးသပ်ချက်ပါ။ ဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာ ရဲစခန်းက စစ်ဆေးနေပါတယ်”လို့ ဒုရဲမှူးကြီး သက်နောင်က News Watch သို့ ပြောကြားသည်။

ကလေးခိုးမှုဖြစ်စဉ်နှင့်ပတ်သက်၍ မိဘပြည်သူများ စိုးရိမ်သောကမှု မဖြစ်ပွားစေရန် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က သတင်းထုတ်ပြန်ပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း သိရှိသည်။

ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment