Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 12, 2016

ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္းေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၂)

ၫႊန္မွဴ းႏွင့္ ေတြ႕ဆံုၿပီး ေနာက္ပိုင္းရက္မ်ား ကုန္ဆံုးမႈသည္ ေႏွးေကြးလြန္းသည္ဟု ကြ်န္မ ခံစားမိသည္။ ၿပီးခ်င္ေဇာ ကပ္ေနသည္မို႔ ရက္မ်ား ျမန္ျမန္ ကုန္ဆံုးေစခ်င္လွသည္။ စိတ္ေစာလြန္းသည့္ အတြက္ ဂနာမၿငိမ္ျဖစ္ကာ အာရံုစူးစိုက္မရ ျဖစ္ေနသည္။

ၿပံဳးယမ္မွ ေမာ္စကိုသို႔ ထြက္ခြာေသာ ေလယာဥ္ေပၚတြင္ လုပ္ငန္းအစီအစဥ္ကို ကြ်န္မ အႀကိမ္ႀကိမ္ အထပ္ထပ္ ေလ့လာသည္။ အျခား မည္သည့္အာရံုမွ်လည္း မရွိ။ ေမာ္စကိုေလဆိပ္ ေရာက္သည္ႏွင့္ အစီအစဥ္ တစ္ခုလံုးက္ုိ ကြ်န္မ အလြတ္ရေနၿပီ ျဖစ္သည္။

ရည္ရြယ္ခ်က္ - ကိုးရီးယားေလေၾကာင္း ပ်ံသန္းအမွတ္ ၈၅၈ကို ေဖာက္ခြဲဖ်က္ဆီးရန္

ပ်ံသန္းအမွတ္ - ၈၅၈ သည္ ဘဂၢဒက္ အဘူဒါဘီ ဗန္ေကာက္ ဆိုးလ္ ခရီးစဥ္ ထြက္ခြာသည္။

စစ္ဆင္ေရးအဖြဲ႕- အထူးေအးဂ်င့္ ကင္ဆံုအီ လက္ေထာက္ အထူးေအးဂ်င့္ ကင္အုတ္ဟြာ

အကူအဖြဲ႕ - ေခါင္းေဆာင္ အထူးေအးဂ်င့္
ခြ်ဴ ိင္ဂ်န္ဆူ လက္ေထာက္ေအးဂ်င့္ ခြ်ဴ ိင္ေဟာက္နတ္

ေဆာင္ရြက္ရန္ အေသးစိတ္ေဖာ္ျပခ်က္

12-11-1987

စစ္ဆင္ေရးအဖြဲ႕သည္ နံနက္ ၈:၃၀ နာရီတြင္ ၿပံဳးယမ္းမွ ေမာ္စကိုသို႔ ထြက္ခြာသည္။ ေမာ္စကိုၿမိဳ႕ ေျမာက္ကိုရီးယားသံရံုးတြင္ ႏွစ္ညအိပ္ ရပ္နားသည္။ ေအရိုဖလုပ္ေလေၾကာင္း လတ္မွတ္ဝယ္သည္။

15-11-1987

ေမာ္စကိုမွ ဘူဒါပတ္စ္သို႔ ထြက္ခြာ။ ၁၁:၄၀ နာရီတြင္ ဆိုက္ေရာက္။ ႏိုင္ငံျခားေထာက္လွမ္းေရး သီးသန္႔အိမ္၌ ၄ ညအိပ္နား။ ဘူဒါပက္စ္မွ ဗီယင္နာ (ၾသစတီးယား)သို႔ ေဒသခံ ေထာက္လွမ္းေရး အကူအညီျဖင့္ ႏိုင္ငံကူးလတ္မွတ္ အသံုးမျပဳပဲ ဝင္ေရာက္။ ဗီယင္နာတြင္ "နကားယားမား" ဟု စကားဝွက္ျဖင့္ ဆက္သြယ္လာမည္။ ဗီယင္နာတြင္ ရွိေနစဥ္ ဂ်ပန္ႏိုင္ငံကူး လတ္မွတ္ကိုသာ အသံုးျပဳရန္။ လက္မွတ္ ႏွစ္စံု ၂ ေယာက္စာ ဝယ္သည္။

ပထမ တစ္စံုမွာ ဗီယင္နာ ဘဲလ္ဂရိတ္ ဘဂၢဒက္ ဗန္ေကာက္ ဆိုးလ္ ခရီးစဥ္ အတြက္ျဖစ္သည္။

ဒုတိယ တစ္စံုမွာ ဗီယင္နာ ဘဲလ္ဂရိတ္ ဘဂၢဒက္ ဘာရိန္း ခရီးစဥ္ျဖစ္ၿပီး ထိုလတ္မွတ္မွာ အေရးေပၚ အသံုးျပဳႏိုင္ရန္ျဖစ္သည္။

အျပန္ခရီးအတြက္ အာမန္(ေဂ်ာ္ဒန္) မွ တဆင့္ ေရာမ သို႔သြားရန္ လတ္မွတ္ကို သီးျခားဝယ္ရန္ ျဖစ္သည္။ ဗီယင္နာတြင္ ဂ်ပန္လူမ်ဴ ိးမ်ားအျဖစ္ ဟန္ေဆာင္ သြားလာလႈပ္ရွားရန္ ျဖစ္သည္။

24-11-1987

ဗီယင္နာမွ ၁၁ နာရီတြင္ ထြက္ခြာၿပီး ဘဲလ္ဂရိတ္သို႔ ၂၀:၃၀ ၃ နာရီ ဆိပ္ေရာက္။ ဘဲလ္ဂရိတ္ မက္ထရိုပိုလီတန္ဟိုတယ္တြင္ တိုးရစ္အျဖစ္ ေလးည တည္းခိုရန္။

28-11-1987

ဘဲလ္ဂရိတ္မွ ၁၄:၃၀ နာရီတြင္ ထြက္ခြာ ဘဂၢဒက္သို႔ ၂၀:၃၀ နာရီတြင္ ဆိပ္ေရာက္။ ဘဂၢဒက္ေလဆိပ္တြင္ ပ်ံသန္းအမွတ္စဥ္ ၈၅၈ ကို ေစာင့္ဆိုင္းေနစဥ္ ေထာက္လွမ္းေရး အကူအဖြဲ႕က လာေရာက္ေတြ႕ဆံုလ်က္ ေဖာက္ခြဲေရးပစၥည္း ေပးအပ္မည္။ ဗံုးကို ကိုးနာရီ အၾကာတြင္ ေပါက္ကြဲေစရန္ ခ်ိန္ကိုက္ရမည္။ သို႔ေသာ္ ဤ သတ္မွတ္ခ်က္သည္ အေျခအေနလိုက္၍ အေျပာင္းအလဲ ရွိသည္။ ကင္ဆံုအီက ဗံုးကိုခ်ိန္ကိုက္ရန္ ျဖစ္ေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ ကင္ဆံုအီ မေဆာင္ရြက္ႏိုင္လွ်င္ ကင္အုတ္ဟြာက ေဆာက္ရြက္ရန္။

ေလယာဥ္ေပၚသို႔ ေရာက္သည့္အခါ ဗံုးပါသည့္ အိတ္ကို ေလယာဥ္အမိုးႏွင့္ ကပ္လ်က္ လက္ဆြဲအိတ္ ထည့္သည္ အံဖံုးတြင္ ထည့္ထားရန္။ ဗံုးကို ေလယာဥ္တြင္ ထားခဲ့ၿပီး အဘူဒါဘီတြင္ ေလယာဥ္ေပၚမွ ဆင္းရန္။ ေလယာဥ္ေပၚမွ မဆင္းမီ ဗံုးကို ရွာေတြ႕သြားပါက ယင္းတို႔ ပစၥည္း မဟုတ္ေၾကာင္း ျငင္းဆိုရန္။

29-11-1987

အဘူဒါဘီေလဆိပ္၌ ၂:၅၀ နာရီတြင္ ေလယာဥ္ေပၚမွ ဆင္းသည္။ အာမန္မွ တဆင့္ ေရာမ ခရီးစဥ္ ထြက္ခြာမည့္ ဂိတ္သို႔သြားရန္။

1-12-1987

ေရာမမွ ဗီယင္နာသို႔ သြားရန္။ ဗီယင္နာရွိ ေျမာက္ကိုရီးယားသံရံုးတြင္ ရက္အနည္းငယ္ ခိုေအာင္းရန္။ နယ္ေျမခံ ေထာက္လွမ္းေရး၏ ၫႊန္ၾကားခ်က္အတိုင္း ၿပံဳးယမ္းသို႔ျပန္လာရန္။

ခရီးစဥ္ကို ကြ်န္မ အလြတ္ရသည့္အခါ ဗံုးက္ုိ ခ်ိန္ကိုက္ရန္ လမ္းၫႊန္ခ်က္ကို ဖတ္သည္။

ခ်ိန္ကိုက္ကိရိယာအျဖစ္္ ပန္နာဆိုနစ္ေရဒီယုိ ေမာ္ဒယ္အမွတ္ RF-082။

ကိုးနာရီအၾကာတြင္ ေပါက္ကြဲေစရန္ ခ်ိန္ကိုက္ရမည္။

ေရဒီယို၏ လက္ယာဘက္ ေအာက္ေထာင့္တြင္ ခလုတ္ေလးခု ရွိသည္။ ယင္းတို႔ အထက္တည့္တည့္ရွိ ဂဏန္းကြက္နာရီကို ထိန္းခ်ဴ ပ္ေသာ ခလုပ္မ်ား ျဖစ္သည္။ ခလုတ္ကို အထက္ေအာက္ အကြာအေဝး အလယ္ေကာင္တည့္တည့္တြင္ ထားလိုက္လွ်င္ ကိုးနာရီအၾကာတြင္ ေပါက္ကြဲမည္။ ထိုထက္ ေစာၿပီး ေဖာက္ခြဲလိုပါက ခလုတ္ ၃ခုကို လိုအပ္သလို ႏွိပ္ေပးျခင္းျဖင့္လည္း ေဖာက္ခြဲႏိုင္သည္။

ေမာ္စကိုသို႔ ပ်ံသန္းလ်က္ရွိေသာ ေလယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ေအးဂ်င့္အမည္မွာ ခြ်န္ ျဖစ္သည္။ အသက္ ၅၀ ေက်ာ္ ပုပုဝဝ ျဖစ္သည္။ ကြ်န္မတို႔ သူႏွင့္ ခရီးစဥ္ကို ျပန္လည္သံုးသပ္ၾကရာ သူက ကြ်န္မတို႔ လံုးဝ မေမွ်ာ္လင့္ထားသည့္ စိတ္အေႏွာက္အယွက္ ျဖစ္စရာ အေၾကာင္းရပ္ကို ေျပာလာသည္။

"အစိုးရက ခင္ဗ်ားတို႔ ႏွစ္ေယာက္စလံုးကို လံုးဝ ယံုၾကည္ထားတယ္။ မေအာင္ျမင္ဖို႔ ျဖစ္ႏိုင္ေခ်နည္းတယ္။ ဒါေပမယ့္ ဒီအေျခအေနကို လံုးဝ လ်စ္လွ်ဴ ရႈထားလို႔ မရဘူး"

မာဘိုလိုစီးကရက္ ႏွစ္ဘူးကို ထုတ္ကာ ကြ်န္မတို႔ကို တစ္ေယာက္ တစ္ဘူးစီ ေပးၿပီး သူကဆက္၍

" စီးကရက္ဘူးထဲက ေဆးလိပ္တစ္လိပ္ရဲ႕ ဖင္စီခံမွာ မင္အနက္နဲ႔ အမွတ္အသား လုပ္ထားတာရွိတယ္။ အဲ့ဒီ အစီခံထဲမွာ ဟိုက္ဒရို ဆိုက္ယာႏိုက္အက္စစ္ အဆိပ္ေတာင့္ထည့္ထားတယ္။ အေတာင့္ကို ကိုက္လိုက္တာနဲ႔ ဆိုက္ယာႏိုက္အက္စစ္ ထြက္လာၿပီး လွ်ာကေနတစ္ဆင့္ ေသြးေၾကာထဲကို ခ်က္ခ်င္းေရာက္သြားမယ္။ ခ်က္ခ်င္း အသက္ေပ်ာက္ သြားမယ္။ စကၠန္႔ပိုင္းေတာင္ မၾကာဘူး။"

သူ႔စကားအဆံုးတြင္ ကြ်န္မတို႔အား စိုက္ၾကည့္သည္။

"ခင္ဗ်ားတို႔ထဲက တစ္ေယာက္ေယာက္ကို မိသြားရင္ သူတို႔ စစ္တာေမးတာ မလုပ္ခင္ အဆိပ္ေတာင့္ကို ကိုက္လိုက္ေပေတာ့။ ဒီတာဝန္ကို လွ်ဴ ိ႕ဝွက္ ထားရမယ္။ ဘယ္သူမွ သိလို႔မျဖစ္ဘူး။ ကြ်န္ေတာ္ ေျပာတာ ရွင္းပါတယ္ေနာ္"

အဆိပ္ေတာင့္ထည့္ထားေသာ ေဆးလိပ္ကို ၾကည့္ကာ ကြ်န္မ အန္ခ်င္သလိုလိုျဖစ္လာသည္။ ကင္ဆံုအီက ေခါင္းၿငိမ့္ျပသျဖင့္ ေအးဂ်င့္ခြ်န္က ဆက္ေျပာသည္။

"ခင္ဗ်ားတို႔ကို ေဒၚလာ ၁ ေသာင္း ေပးလိုက္မယ္။ အဲ့ဒါကို ၾကည့္သံုးေပါ့ဗ်ာ။ ေငြေၾကးနဲ႔ ပတ္သတ္လို႔ အုတ္ဟြာကပဲ တာဝန္ယူလုပ္ပါ။ ေငြကို လံုၿခံဳတဲ့ ေနရာမွာ သိမ္းထားပါ။ လိုအပ္သေလာက္ပဲ သံုးေပါ့။"

စားပြဲေပၚတြင္ တင္ထားသည့္ လက္ဆြဲအိတ္မွ ေဒၚလာ တစ္ထပ္ကို ယူကာ ကြ်န္မအားေပးသည္။ ကြ်န္မက ေငြကို လက္ေပြ႕အိတ္ထဲ ထည့္ထားလိုက္သည္။

"ေနာက္ဆံုးအေနနဲ႔ အဘကင္ဆံုအီကို ေဆးမွန္မွန္ တိုက္ရမယ္"

သူက ကင္ဆံုအီကို လွမ္းၾကည့္ၿပီး

"အဘက ေဆးေသာက္ရမွာ သိပ္မုန္းတာ။ အဲ့ဒိီေတာ့ ကိုယ့္ဘာသာ ေသာက္မွာမဟုတ္ဘူး။ ခင္ဗ်ား က်န္းမာဖို႔ သိပ္လိုအပ္တယ္ဗ်ာ"

ကင္ဆံုအီက ပုခံုးတြန္႔ျပသည္။ ေအးဂ်င့္ခြ်န္က ကြ်န္မဘက္သို႔ လွည့္ကာ "ငါတို႔ စကားနည္းနည္း ေျပာစရာရွိလို႔။ မင္း ေရွာင္ေပးလို႔ရမလား"

"ဟုတ္ကဲ့ ရပါတယ္" ဟုေျပာၿပီး ကြ်န္မ ထိုင္ခံုသုိ႔ ျပန္လာထိုင္သည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
January 12,2016
..................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်းဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၂

ညွှန်မှူ းနှင့် တွေ့ဆုံပြီး နောက်ပိုင်းရက်များ ကုန်ဆုံးမှုသည် နှေးကွေးလွန်းသည်ဟု ကျွန်မ ခံစားမိသည်။ ပြီးချင်ဇော ကပ်နေသည်မို့ ရက်များ မြန်မြန် ကုန်ဆုံးစေချင်လှသည်။ စိတ်စောလွန်းသည့် အတွက် ဂနာမငြိမ်ဖြစ်ကာ အာရုံစူးစိုက်မရ ဖြစ်နေသည်။

ပြုံးယမ်မှ မော်စကိုသို့ ထွက်ခွာသော လေယာဉ်ပေါ်တွင် လုပ်ငန်းအစီအစဉ်ကို ကျွန်မ အကြိမ်ကြိမ် အထပ်ထပ် လေ့လာသည်။ အခြား မည်သည့်အာရုံမျှလည်း မရှိ။ မော်စကိုလေဆိပ် ရောက်သည်နှင့် အစီအစဉ် တစ်ခုလုံးက်ုိ ကျွန်မ အလွတ်ရနေပြီ ဖြစ်သည်။

ရည်ရွယ်ချက် - ကိုးရီးယားလေကြောင်း ပျံသန်းအမှတ် ၈၅၈ကို ဖောက်ခွဲဖျက်ဆီးရန်

ပျံသန်းအမှတ် - ၈၅၈ သည် ဘဂ္ဂဒက် အဘူဒါဘီ ဗန်ကောက် ဆိုးလ် ခရီးစဉ် ထွက်ခွာသည်။

စစ်ဆင်ရေးအဖွဲ့- အထူးအေးဂျင့် ကင်ဆုံအီ လက်ထောက် အထူးအေးဂျင့် ကင်အုတ်ဟွာ

အကူအဖွဲ့ - ခေါင်းဆောင် အထူးအေးဂျင့်
ချွူ ိင်ဂျန်ဆူ လက်ထောက်အေးဂျင့် ချွူ ိင်ဟောက်နတ်

ဆောင်ရွက်ရန် အသေးစိတ်ဖော်ပြချက်

12-11-1987

စစ်ဆင်ရေးအဖွဲ့သည် နံနက် ၈:၃၀ နာရီတွင် ပြံုးယမ်းမှ မော်စကိုသို့ ထွက်ခွာသည်။ မော်စကိုမြို့ မြောက်ကိုရီးယားသံရုံးတွင် နှစ်ညအိပ် ရပ်နားသည်။ အေရိုဖလုပ်လေကြောင်း လတ်မှတ်ဝယ်သည်။

15-11-1987

မော်စကိုမှ ဘူဒါပတ်စ်သို့ ထွက်ခွာ။ ၁၁:၄၀ နာရီတွင် ဆိုက်ရောက်။ နိုင်ငံခြားထောက်လှမ်းရေး သီးသန့်အိမ်၌ ၄ ညအိပ်နား။ ဘူဒါပက်စ်မှ ဗီယင်နာ (သြစတီးယား)သို့ ဒေသခံ ထောက်လှမ်းရေး အကူအညီဖြင့် နိုင်ငံကူးလတ်မှတ် အသုံးမပြုပဲ ဝင်ရောက်။ ဗီယင်နာတွင် "နကားယားမား" ဟု စကားဝှက်ဖြင့် ဆက်သွယ်လာမည်။ ဗီယင်နာတွင် ရှိနေစဉ် ဂျပန်နိုင်ငံကူး လတ်မှတ်ကိုသာ အသုံးပြုရန်။ လက်မှတ် နှစ်စုံ ၂ ယောက်စာ ဝယ်သည်။

ပထမ တစ်စုံမှာ ဗီယင်နာ ဘဲလ်ဂရိတ် ဘဂ္ဂဒက် ဗန်ကောက် ဆိုးလ် ခရီးစဉ် အတွက်ဖြစ်သည်။

ဒုတိယ တစ်စုံမှာ ဗီယင်နာ ဘဲလ်ဂရိတ် ဘဂ္ဂဒက် ဘာရိန်း ခရီးစဉ်ဖြစ်ပြီး ထိုလတ်မှတ်မှာ အရေးပေါ် အသုံးပြုနိုင်ရန်ဖြစ်သည်။

အပြန်ခရီးအတွက် အာမန်(ဂျော်ဒန်) မှ တဆင့် ရောမ သို့သွားရန် လတ်မှတ်ကို သီးခြားဝယ်ရန် ဖြစ်သည်။ ဗီယင်နာတွင် ဂျပန်လူမျူ ိးများအဖြစ် ဟန်ဆောင် သွားလာလှုပ်ရှားရန် ဖြစ်သည်။

24-11-1987

ဗီယင်နာမှ ၁၁ နာရီတွင် ထွက်ခွာပြီး ဘဲလ်ဂရိတ်သို့ ၂၀:၃၀ ၃ နာရီ ဆိပ်ရောက်။ ဘဲလ်ဂရိတ် မက်ထရိုပိုလီတန်ဟိုတယ်တွင် တိုးရစ်အဖြစ် လေးည တည်းခိုရန်။

28-11-1987

ဘဲလ်ဂရိတ်မှ ၁၄:၃၀ နာရီတွင် ထွက်ခွာ ဘဂ္ဂဒက်သို့ ၂၀:၃၀ နာရီတွင် ဆိပ်ရောက်။ ဘဂ္ဂဒက်လေဆိပ်တွင် ပျံသန်းအမှတ်စဉ် ၈၅၈ ကို စောင့်ဆိုင်းနေစဉ် ထောက်လှမ်းရေး အကူအဖွဲ့က လာရောက်တွေ့ဆုံလျက် ဖောက်ခွဲရေးပစ္စည်း ပေးအပ်မည်။ ဗုံးကို ကိုးနာရီ အကြာတွင် ပေါက်ကွဲစေရန် ချိန်ကိုက်ရမည်။ သို့သော် ဤ သတ်မှတ်ချက်သည် အခြေအနေလိုက်၍ အပြောင်းအလဲ ရှိသည်။ ကင်ဆုံအီက ဗုံးကိုချိန်ကိုက်ရန် ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ကင်ဆုံအီ မဆောင်ရွက်နိုင်လျှင် ကင်အုတ်ဟွာက ဆောက်ရွက်ရန်။

လေယာဉ်ပေါ်သို့ ရောက်သည့်အခါ ဗုံးပါသည့် အိတ်ကို လေယာဉ်အမိုးနှင့် ကပ်လျက် လက်ဆွဲအိတ် ထည့်သည် အံဖုံးတွင် ထည့်ထားရန်။ ဗုံးကို လေယာဉ်တွင် ထားခဲ့ပြီး အဘူဒါဘီတွင် လေယာဉ်ပေါ်မှ ဆင်းရန်။ လေယာဉ်ပေါ်မှ မဆင်းမီ ဗုံးကို ရှာတွေ့သွားပါက ယင်းတို့ ပစ္စည်း မဟုတ်ကြောင်း ငြင်းဆိုရန်။

29-11-1987

အဘူဒါဘီလေဆိပ်၌ ၂:၅၀ နာရီတွင် လေယာဉ်ပေါ်မှ ဆင်းသည်။ အာမန်မှ တဆင့် ရောမ ခရီးစဉ် ထွက်ခွာမည့် ဂိတ်သို့သွားရန်။

1-12-1987

ရောမမှ ဗီယင်နာသို့ သွားရန်။ ဗီယင်နာရှိ မြောက်ကိုရီးယားသံရုံးတွင် ရက်အနည်းငယ် ခိုအောင်းရန်။ နယ်မြေခံ ထောက်လှမ်းရေး၏ ညွှန်ကြားချက်အတိုင်း ပြံုးယမ်းသို့ပြန်လာရန်။

ခရီးစဉ်ကို ကျွန်မ အလွတ်ရသည့်အခါ ဗုံးက်ုိ ချိန်ကိုက်ရန် လမ်းညွှန်ချက်ကို ဖတ်သည်။

ချိန်ကိုက်ကိရိယာအဖြစ်် ပန်နာဆိုနစ်ရေဒီယို မော်ဒယ်အမှတ် RF-082။

ကိုးနာရီအကြာတွင် ပေါက်ကွဲစေရန် ချိန်ကိုက်ရမည်။

ရေဒီယို၏ လက်ယာဘက် အောက်ထောင့်တွင် ခလုတ်လေးခု ရှိသည်။ ယင်းတို့ အထက်တည့်တည့်ရှိ ဂဏန်းကွက်နာရီကို ထိန်းချူ ပ်သော ခလုပ်များ ဖြစ်သည်။ ခလုတ်ကို အထက်အောက် အကွာအဝေး အလယ်ကောင်တည့်တည့်တွင် ထားလိုက်လျှင် ကိုးနာရီအကြာတွင် ပေါက်ကွဲမည်။ ထိုထက် စောပြီး ဖောက်ခွဲလိုပါက ခလုတ် ၃ခုကို လိုအပ်သလို နှိပ်ပေးခြင်းဖြင့်လည်း ဖောက်ခွဲနိုင်သည်။

မော်စကိုသို့ ပျံသန်းလျက်ရှိသော လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အေးဂျင့်အမည်မှာ ချွန် ဖြစ်သည်။ အသက် ၅၀ ကျော် ပုပုဝဝ ဖြစ်သည်။ ကျွန်မတို့ သူနှင့် ခရီးစဉ်ကို ပြန်လည်သုံးသပ်ကြရာ သူက ကျွန်မတို့ လုံးဝ မမျှော်လင့်ထားသည့် စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်းရပ်ကို ပြောလာသည်။

"အစိုးရက ခင်ဗျားတို့ နှစ်ယောက်စလုံးကို လုံးဝ ယုံကြည်ထားတယ်။ မအောင်မြင်ဖို့ ဖြစ်နိုင်ချေနည်းတယ်။ ဒါပေမယ့် ဒီအခြေအနေကို လုံးဝ လျစ်လျှူ ရှုထားလို့ မရဘူး"

မာဘိုလိုစီးကရက် နှစ်ဘူးကို ထုတ်ကာ ကျွန်မတို့ကို တစ်ယောက် တစ်ဘူးစီ ပေးပြီး သူကဆက်၍

" စီးကရက်ဘူးထဲက ဆေးလိပ်တစ်လိပ်ရဲ့ ဖင်စီခံမှာ မင်အနက်နဲ့ အမှတ်အသား လုပ်ထားတာရှိတယ်။ အဲ့ဒီ အစီခံထဲမှာ ဟိုက်ဒရို ဆိုက်ယာနိုက်အက်စစ် အဆိပ်တောင့်ထည့်ထားတယ်။ အတောင့်ကို ကိုက်လိုက်တာနဲ့ ဆိုက်ယာနိုက်အက်စစ် ထွက်လာပြီး လျှာကနေတစ်ဆင့် သွေးကြောထဲကို ချက်ချင်းရောက်သွားမယ်။ ချက်ချင်း အသက်ပျောက် သွားမယ်။ စက္ကန့်ပိုင်းတောင် မကြာဘူး။"

သူ့စကားအဆုံးတွင် ကျွန်မတို့အား စိုက်ကြည့်သည်။

"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကို မိသွားရင် သူတို့ စစ်တာမေးတာ မလုပ်ခင် အဆိပ်တောင့်ကို ကိုက်လိုက်ပေတော့။ ဒီတာဝန်ကို လျှူ ိ့ဝှက် ထားရမယ်။ ဘယ်သူမှ သိလို့မဖြစ်ဘူး။ ကျွန်တော် ပြောတာ ရှင်းပါတယ်နော်"

အဆိပ်တောင့်ထည့်ထားသော ဆေးလိပ်ကို ကြည့်ကာ ကျွန်မ အန်ချင်သလိုလိုဖြစ်လာသည်။ ကင်ဆုံအီက ခေါင်းငြိမ့်ပြသဖြင့် အေးဂျင့်ချွန်က ဆက်ပြောသည်။

"ခင်ဗျားတို့ကို ဒေါ်လာ ၁ သောင်း ပေးလိုက်မယ်။ အဲ့ဒါကို ကြည့်သုံးပေါ့ဗျာ။ ငွေကြေးနဲ့ ပတ်သတ်လို့ အုတ်ဟွာကပဲ တာဝန်ယူလုပ်ပါ။ ငွေကို လုံခြံုတဲ့ နေရာမှာ သိမ်းထားပါ။ လိုအပ်သလောက်ပဲ သုံးပေါ့။"

စားပွဲပေါ်တွင် တင်ထားသည့် လက်ဆွဲအိတ်မှ ဒေါ်လာ တစ်ထပ်ကို ယူကာ ကျွန်မအားပေးသည်။ ကျွန်မက ငွေကို လက်ပွေ့အိတ်ထဲ ထည့်ထားလိုက်သည်။

"နောက်ဆုံးအနေနဲ့ အဘကင်ဆုံအီကို ဆေးမှန်မှန် တိုက်ရမယ်"

သူက ကင်ဆုံအီကို လှမ်းကြည့်ပြီး

"အဘက ဆေးသောက်ရမှာ သိပ်မုန်းတာ။ အဲ့ဒိီတော့ ကိုယ့်ဘာသာ သောက်မှာမဟုတ်ဘူး။ ခင်ဗျား ကျန်းမာဖို့ သိပ်လိုအပ်တယ်ဗျာ"

ကင်ဆုံအီက ပုခုံးတွန့်ပြသည်။ အေးဂျင့်ချွန်က ကျွန်မဘက်သို့ လှည့်ကာ "ငါတို့ စကားနည်းနည်း ပြောစရာရှိလို့။ မင်း ရှောင်ပေးလို့ရမလား"

"ဟုတ်ကဲ့ ရပါတယ်" ဟုပြောပြီး ကျွန်မ ထိုင်ခုံသို့ ပြန်လာထိုင်သည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
January 12,2016




No comments:

Post a Comment