Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

သေဘၤာသားေသဆံုးရျခင္း အေၾကာင္းရင္းရွာေဖြ



ထိုင္းႏိုင္ငံ ရေနာင္းခရိုင္ ငါးဖမ္းသေဘၤာသည္ ျမန္မာ ကေမၻာဒီးယား ထိုင္း စသည့္ သေဘၤာသားမ်ားျဖင့္ အႏၵိယႏွင့္ အာဖရိက သမုဒၵရာ အတြင္းမွာ ငါးဖမ္းထြက္ေနရင္း ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၆ရက္ေန႔ ၂၀၁၅ခုႏွစ္ကတည္းက သေဘၤာသား ၆ဦးေသဆံုးၿပီး ၂၀ဦးက နာမက်န္းေရာဂါ ကူးစက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။

၎နဲ႔ပတ္သက္၍ အေၾကာင္းရင္း ရွာေဖြရန္ ထိုင္းသတင္းေအဂ်င္စီ သတင္းေထာက္နဲ႔တကြ ရေနာင္းခရိုင္ဒုအုပ္ခ်ဳပ္ေရးမွဴးေတြ အခင္းျဖစ္ပြားခဲ့ေသာ ၎သေဘၤာေပၚသို႔ သြားေရာက္ စစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။

 ၂ထပ္သေဘၤာျဖစ္ၿပီး အခန္းေလးေတြ ခြဲထားတာကို ေတြ႔ရပါတယ္ ငါးသိုေလွာင္ခန္း အိပ္ခန္းက စုေပါင္း အိပ္ေသာ အခန္းျဖစ္ပါတယ္ ေရစစ္ခန္း မီးဖိုေဆာင္ေတာ့ ေထာင့္တေနရာ ေသးေသးေလးခြဲထားပါတယ္။
ငါးဖမ္းလိုက္ပါလာေသာ ကေမၻာဒီးယား သေဘၤာသား မစ္စတာမီနာ အသက္ ၂၀ႏွစ္၏ ေျပာျပခ်က္အရ ၈လ လံုးလံုး အႏၵိယႏွင့္ အာဖရိက ပင္လယ္အတြင္း ငါးဖမ္းေနၿပီး ေနာက္ ၂လၾကာမွ စရိတ္တင္သေဘၤာေသးက စားစရာ စရိတ္ေတြ လာပို႔ေပးပါတယ္။


လုပ္ေဖာ္ကုိင္ဖက္ သေဘၤာသားေတြလည္း အားအင္ကုန္ခန္း နာမက်န္းျဖစ္ၾကၿပီး တေယာက္ၿပီး တေယာက္ေသသြား ၾကပါတယ္လို႔ ေျပာျပသြားပါတယ္။ သေဘၤာကပၸိတန္ မစ္စတာဘန္ဒစ္၏ ေျပာျပခ်က္အရ သေဘၤာသား ပထမတစ္ဦး ေသဆံုးတာနဲ႔ ခ်က္ခ်င္း ကမ္းေျခဆိုက္ဖို႔ ဦးတည္ေမာင္းႏွင္ခဲ့ပါတယ္ သို႔ေသာ္ ငါးဖမ္းေနေသာ ေနရာမွ ထိုင္းကမ္းေျခသို႔ မိုင္ေပါင္း ၂၅၀၀ ကြာေ၀းသည့္အတြက္ ကမ္းမဆိုက္ခင္ ရက္အတန္ၾကာအခ်ိန္ယူရတာမို႔ ေနာက္ထပ္ သေဘၤာသားေတြလည္း ၎နည္းတူ တေယာက္ၿပီး တေယာက္  ေသသြားခဲ့ရပါတယ္လို႔ ေျပာသြားပါတယ္။

 ရေနာင္းခရိုင္ ဒုအုပ္ခ်ဳပ္ေရးမွဴး၏ ေျပာျပခ်က္အရ နာမက်န္းသေဘၤာသား ၂၀ဦးကို ေဆးကုသလို႔ သက္သာသြားၿပီျဖစ္၍ သေဘၤာေပၚ ျပန္တက္ခိုင္းကာ နားနားေနေနနဲ႔ အားအင္ ျပည့္၀လာလွ်င္ ငါးဖမ္းဆက္ထြက္ရန္ ျဖစ္ပါတယ္။

 ေသဆံုးသြားေသာ ၆ဦးကေတာ့ အေၾကာင္းရင္း ရွာေဖြရန္ ၂ဦးမွာ သိပၸံနည္းက်စြာ ခြဲစိတ္ၿပီးၿပီျဖစ္ၿပီး က်န္ ၄ဦးကိုေတာ့ ခြဲစိတ္ေနဆဲ ျဖစ္ပါတယ္ မၾကာခင္မွာပဲ အေၾကာင္းရင္းကို အတည္ျပဳ ထုတ္ျပန္ေၾကျငာ သြားမယ္လို႔ ေျပာသြားပါတယ္။

MTF Channel
https://www.facebook.com/mtftv
.......................


ထိုင်းနိုင်ငံ ရနောင်းခရိုင် ငါးဖမ်းသင်္ဘောသည် မြန်မာ ကမ္ဘောဒီးယား ထိုင်း စသည့် သင်္ဘောသားများဖြင့် အန္ဒိယနှင့် အာဖရိက သမုဒ္ဒရာ အတွင်းမှာ ငါးဖမ်းထွက်နေရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်နေ့ ၂၀၁၅ခုနှစ်ကတည်းက သင်္ဘောသား ၆ဦးသေဆုံးပြီး ၂၀ဦးက နာမကျန်းရောဂါ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၎င်းနဲ့ပတ်သက်၍ အကြောင်းရင်း ရှာဖွေရန် ထိုင်းသတင်းအေဂျင်စီ သတင်းထောက်နဲ့တကွ ရနောင်းခရိုင်ဒုအုပ်ချုပ်ရေးမှူးတွေ အခင်းဖြစ်ပွားခဲ့သော ၎င်းသင်္ဘောပေါ်သို့ သွားရောက် စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

 ၂ထပ်သင်္ဘောဖြစ်ပြီး အခန်းလေးတွေ ခွဲထားတာကို တွေ့ရပါတယ် ငါးသိုလှောင်ခန်း အိပ်ခန်းက စုပေါင်း အိပ်သော အခန်းဖြစ်ပါတယ် ရေစစ်ခန်း မီးဖိုဆောင်တော့ ထောင့်တနေရာ သေးသေးလေးခွဲထားပါတယ်။
ငါးဖမ်းလိုက်ပါလာသော ကမ္ဘောဒီးယား သင်္ဘောသား မစ်စတာမီနာ အသက် ၂၀နှစ်၏ ပြောပြချက်အရ ၈လ လုံးလုံး အန္ဒိယနှင့် အာဖရိက ပင်လယ်အတွင်း ငါးဖမ်းနေပြီး နောက် ၂လကြာမှ စရိတ်တင်သင်္ဘောသေးက စားစရာ စရိတ်တွေ လာပို့ပေးပါတယ်။


လုပ်ဖော်ကိုင်ဖက် သင်္ဘောသားတွေလည်း အားအင်ကုန်ခန်း နာမကျန်းဖြစ်ကြပြီး တယောက်ပြီး တယောက်သေသွား ကြပါတယ်လို့ ပြောပြသွားပါတယ်။ သင်္ဘောကပ္ပိတန် မစ်စတာဘန်ဒစ်၏ ပြောပြချက်အရ သင်္ဘောသား ပထမတစ်ဦး သေဆုံးတာနဲ့ ချက်ချင်း ကမ်းခြေဆိုက်ဖို့ ဦးတည်မောင်းနှင်ခဲ့ပါတယ် သို့သော် ငါးဖမ်းနေသော နေရာမှ ထိုင်းကမ်းခြေသို့ မိုင်ပေါင်း ၂၅၀၀ ကွာဝေးသည့်အတွက် ကမ်းမဆိုက်ခင် ရက်အတန်ကြာအချိန်ယူရတာမို့ နောက်ထပ် သင်္ဘောသားတွေလည်း ၎င်းနည်းတူ တယောက်ပြီး တယောက်  သေသွားခဲ့ရပါတယ်လို့ ပြောသွားပါတယ်။

 ရနောင်းခရိုင် ဒုအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ နာမကျန်းသင်္ဘောသား ၂၀ဦးကို ဆေးကုသလို့ သက်သာသွားပြီဖြစ်၍ သင်္ဘောပေါ် ပြန်တက်ခိုင်းကာ နားနားနေနေနဲ့ အားအင် ပြည့်ဝလာလျှင် ငါးဖမ်းဆက်ထွက်ရန် ဖြစ်ပါတယ်။

 သေဆုံးသွားသော ၆ဦးကတော့ အကြောင်းရင်း ရှာဖွေရန် ၂ဦးမှာ သိပ္ပံနည်းကျစွာ ခွဲစိတ်ပြီးပြီဖြစ်ပြီး ကျန် ၄ဦးကိုတော့ ခွဲစိတ်နေဆဲ ဖြစ်ပါတယ် မကြာခင်မှာပဲ အကြောင်းရင်းကို အတည်ပြု ထုတ်ပြန်ကြေငြာ သွားမယ်လို့ ပြောသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv

No comments:

Post a Comment