Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

တရုတ္ႏိုင္ငံ အလယ္ပိုင္း ၌ လူအမ်ားအျပားသတ္ခဲ့သူ လူသတ္သမားအား ဖမ္းဆီးရမိ

ဒုစရုိက္မႈႏိွမ္နင္းေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနေသာ တရုတ္ရဲတပ္ဖဲြ႔ဝင္မ်ားကို ေတြ႔ရစဥ္ (ဆင္ဟြာ)
    ေခ်ာင္ရွ၊ ဇန္နဝါရီ ၁၈ ရက္ (ဆင္ဟြာ)

    တရုတ္ႏိုင္ငံ အလယ္ပိုင္း ဟူနန္ျပည္နယ္ တြင္ လူေျခာက္ေယာက္အား သံုးရက္အတြင္း သတ္ခဲ့သည့္ လူသတ္သမားအား ဇန္နဝါရီလ ၁၇ ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က မ်ဳိးရိုးအမည္ နယ္ ဟုေခၚသည့္ လူသတ္သမားသည္ ဇန္နဝါရီလ ၁၅ရက္ေန႕ က အမ်ဳိးသမီး တစ္ေယာက္ အား အဓမၼက်င့္ရန္ႀကိဳးစားသည့္ ေက်းရြာေခါင္းေဆာင္ တစ္ေယာက္အား သတ္ျဖတ္ခဲ့ၿပီး ၄င္းကိုယ္တိုင္လည္း ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိခဲ့သည္။

ထို႕အျပင္ ၄င္းသည္ ဇန္နဝါရီလ ၁၆ ရက္ေန႔ ေန႔လည္ခင္းတြင္ ဟန္ရွန္စီရင္စု အတြင္းေန ေဒသခံ ရြာသား ေကာင္းရန္ဟြား ၏ သား၊သမီး၊ တူႏွင့္ တူမ တို႕ကို သတ္ျဖတ္ခဲ့ၿပီး အသတ္ခံရသူ ေလးဦးစလံုး သည္ ဆယ္ေက်ာ္သက္ အရြယ္မ်ား ျဖစ္ကာ အငယ္ဆံုးမွာ ၁၃ ႏွစ္ သာရွိေသးေၾကာင္း သိရသည္။

အသက္ ၂၇ ႏွစ္ ရွိၿပီျဖစ္ေသာ လူသတ္တရားခံသည္ အသက္ ၃၁ ႏွစ္ အရြယ္ ယုအမည္ရွိ အျခား ရြာသားတစ္ဦးကို လည္း သတ္ခဲ့ေသးေၾကာင္း ဟူနန္ ျပည္နယ္ဆိုင္ရာ ျပည္သူ႕လံုျခံဳေရးဌာန ကေျပာၾကားခဲ့သည္။

နယ္အား ဇန္နဝါရီလ ၁၇ရက္ေန႔ ၁၂း၂၀ နာရီ တြင္ စီရင္စု အတြင္းရွိ အေျခခံ မူလတန္းေက်ာင္း အနီးတြင္ ဖမ္းဆီးရမိခဲ့ျပီး ၄င္းအားဖမ္းဆီးရန္ ရဲတပ္ဖြဲ႕ဝင္ ၃၀၀ေက်ာ္ ပါဝင္ခဲ့ရေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
...........
 ဒုစရိုက်မှုနှိမ်နင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော တရုတ်ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)
    ချောင်ရှ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် တွင် လူခြောက်ယောက်အား သုံးရက်အတွင်း သတ်ခဲ့သည့် လူသတ်သမားအား ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မျိုးရိုးအမည် နယ် ဟုခေါ်သည့် လူသတ်သမားသည် ဇန်နဝါရီလ ၁၅ရက်နေ့ က အမျိုးသမီး တစ်ယောက် အား အဓမ္မကျင့်ရန်ကြိုးစားသည့် ကျေးရွာခေါင်းဆောင် တစ်ယောက်အား သတ်ဖြတ်ခဲ့ပြီး ၄င်းကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့သည်။

ထို့အပြင် ၄င်းသည် ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ခင်းတွင် ဟန်ရှန်စီရင်စု အတွင်းနေ ဒေသခံ ရွာသား ကောင်းရန်ဟွား ၏ သား၊သမီး၊ တူနှင့် တူမ တို့ကို သတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူ လေးဦးစလုံး သည် ဆယ်ကျော်သက် အရွယ်များ ဖြစ်ကာ အငယ်ဆုံးမှာ ၁၃ နှစ် သာရှိသေးကြောင်း သိရသည်။

အသက် ၂၇ နှစ် ရှိပြီဖြစ်သော လူသတ်တရားခံသည် အသက် ၃၁ နှစ် အရွယ် ယုအမည်ရှိ အခြား ရွာသားတစ်ဦးကို လည်း သတ်ခဲ့သေးကြောင်း ဟူနန် ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန ကပြောကြားခဲ့သည်။

နယ်အား ဇန်နဝါရီလ ၁၇ရက်နေ့ ၁၂း၂၀ နာရီ တွင် စီရင်စု အတွင်းရှိ အခြေခံ မူလတန်းကျောင်း အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၄င်းအားဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော် ပါဝင်ခဲ့ရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment