(YeWint)
Ref: DailyMail
.................................................................
အဆီအများဆုံးကျဖို ့အတွက် အမျိုးသားတွေအနေနဲ့ အစာမစားခင် လေ့ကျင့်ခန်းလုပ်သင့်ပြီး၊ အမျိုးသမီးတွေက အစာစားပြီးမှသာ လုပ်သင့်
သုတေသနလေ့လာမှုအသစ်တစ်ခုအရ ကျွန်တော်တို ့တွေရဲ့ စားသောက်မှုအချိန်ပုံစံကို ပြင်လိုက်ရုံနဲ ့ အားကစားလုပ်ရာမှာ အဆီ ၂၂ ရာခိုင်နှုန်းလောက် ပိုကျနိုင်တယ်လို ့သိရှိရပါတယ်။
ဒါပေမယ့် အမျိုးသားတွေနဲ့အမျိုးသမီးတွေတော့တူညီခြင်းမရှိဘဲ၊ အမျိုးသားတွေဟာ အစာမစားခင်မှာ အားကစားလုပ်တာက အဆီပိုကျစေနိုင်ပြီး၊ အမျိုးသမီးတွေကတော့ အစာစားပြီးမှ အားကစားလုပ်တာက အဆီပိုကျနိုင်တယ်လို ့ဆိုပါတယ်။
ဒီလေ့လာတွေ ့ရှိမှုကို BBC ရဲ့ Trust Me I’m A Doctor အစီအစဉ်မှာ ပြသခဲ့တာဖြစ်ပါတယ်။
လေ့လာမှုမှာပါ၀င်ခဲ့တဲ့ ပညာရှင် Dr Collins ရဲ့အဆိုအရ အမျိုးသမီးတွေအနေနဲ ့ လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားတာဟာ လေ့ကျင့်ခန်းကြောင့် ကိုယ်ကအဆီလောင်ကျွမ်းနိုင်တဲ့ အကျိုးသက်ရောက်မှုကို လျော့ပါးစေသလို ဖြစ်နိုင်တယ်လို ့သိရပါတယ်။
လေ့လာမှုမှာ အမျိုးသား ၁၃ ဦးနဲ ့အမျိုးသမီး ၁၇ ဦးပါ၀င်ပြီး လေးပတ်ကြာ လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ တွေ ့ရှိချက်အရ အမျိုးသမီးတွေဟာ အားကစားပြုလုပ်ရာမှာ အမျိုးသားတွေထက် အဆီလောင်ကျွမ်းမှု ပိုမိုများပြားပြီး၊ ကစီဓာတ်ပါ၀င်တဲ့အစားအစာတွေကို အားကစား မလုပ်ခင်စားပေးတဲ့အမျိုးသမီးတွေဟာ အဆီ လောင်ကျွမ်းမှု ၂၂ ရာခိုင်နှုန်းပိုများတာကို တွေ ့ရှိခဲ့ရပါတယ်။
ထူးခြားချက်အနေနဲ ့အမျိုးသားတွေမှာတော့ ဒီရလဒ်ဟာ ပြောင်းပြန်ဖြစ်ပြီး အားကစားလုပ်ပြီးမှ ကစီဓာတ်ပါတဲ့အစားအစာတွေကို စားပေးတဲ့အမျိုးသားတွေဟာ အဆီ ၈ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းတာကို တွေ ့ရှိခဲ့ရတာဖြစ်ပါတယ်။
ရလဒ်ခြင်းမတူညီရတဲ့အကြောင်းရင်းက အမျိုးသားတွေမှာ ကြွက်သားပိုမိုများပြား တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာစားထားရင်၊ ကစီဓာတ်တွေကို ကြွက်သားက သိုလှောင်ထားသလိုဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရင် အဆီ လောင်ကျွမ်းသင့်သလောင် မလောင်ကျွမ်းဘဲ၊ အစာမစားထားပါက ကြွက်သားကို ပိုမိုဖိအားပေးသလိုဖြစ်ပြီး အဆီပိုမိုလောင်ကျွမ်းစေတာဖြစ်တယ်လို ့ သိရပါတယ်။
ယခုလေ့လာမှုအရ အားကစားလေ့ကျင့်ခန်းလုပ်ရာကနေ အဆီလောင်ကျွမ်းမှု အမြင့်ဆုံးကိုရရှိဖို့အတွက် အမျိုးသားတွေအနေနဲ ့လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားသင့်ပြီး အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းမလုပ်ခင် စားသင့်ကြောင်း အကြံပေးပြောကြားလိုပါတယ်။
(YeWint)
#သစ်ထူးလွင်ကျန်းမာရေး
#health.thithtoolwin.com
Ref: DailyMail
No comments:
Post a Comment