Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 14, 2016

အရွင္ဇဝန (ႏိုင္ငံေရးအက်ဥ္းသားေဟာင္း) – သမိုင္းဘဝကေပးေသာ အမည္သစ္နဲ႔ သူ

January 13, 2016

(မုိးမခ) ဇန္န၀ါရီ ၁၃၊ ၂၀၁၆
အတိတ္ကိုေျခရာေကာက္ခ်ိန္ တခ်ိဳ႕ကေတာ့ သီးသီးသန္႔သန္႔ကို အသိဉာဏ္ျပကြက္ထဲ ေဆးသားမမႈံပဲ ရွိေနတတ္သည္။ လူတေယာက္ကို မေမ့မေပ်ာက္ သတိရဖို႔ဆိုလွ်င္ သူႏွင့္ကိုယ္စတင္ ရင္ႏွီးခဲ႔သည္မွ ထိစပ္ခဲ့ၿပီးသမွ် ကာလတေလွ်ာက္ ထူး ျခားေသာ ျဖစ္စဥ္တို႔က အေရးပါေသာေနရာတြင္ ရွိလိမ့္မည္ထင္သည္။ နရသိန္တြင္ အတူတူေနခဲ႔ရသူေတြထဲ စိတ္မွာ ျပက္ ျပက္ထင္ထင္ရွိသူတခ်ဳိ႕ကို စာပနး္ခ်ီခ်ယ္သဖို႔ အမိအရဖြင့္ဖတ္ျပီး ဖမ္းဆုပ္မိသည့္ပုံရိပ္တို႔ တေယာက္ဆီ ဆြဲခ်ၾကည့္မိ သည္။ တေယာက္ ႏွစ္ေယာက္စသည္ ေရၾကည့္ေတာ့  လူေတြက မနည္းလွ။ ထိုသူတို႔အထဲ အသက္ကိုစြန္႔သြားၾကသူေတြ ကိုဦးစားေပးၿပီး သူတို႔ ကိုယ္ႏွင့္ အတူတူေနခဲ့ရစဥ္က လွ်ပ္တျပက္ျမင္မိေသာ ပံုရိပ္တို႔ကို တကြက္ပဲမိမိ ထိုတကြက္အား ခ်ယ္သၾကည့္မိသည္။

အခုေရးမည့္သူအေၾကာင္းကို မၾကာခဏေျပာျဖစ္ေသာ္လည္း စာပန္းခ်ီကိုေတာ့ မခ်ယ္သမိေသး။ သူေလာကၾကီးက ထြက္ ခြာခဲ့သည္မွာ တႏွစ္ေက်ာ္ခန္႔ရွိခဲ့ပါျပီ။ အတူတူျဖတ္သန္းသူ တေယာက္ေယာက္ႏွင့္ဆုံတိုင္း စကားလမ္းေၾကာင္းက သူ႔အ ေၾကာင္းဆီ ဦးတည္တတ္စျမဲ။  သူ႔အေၾကာင္းကို စတင္ၿပီးလာေျပာလာေျပာစဥ္က ေျပာသူကလည္း တတမ္းတတ။ နား ေထာင္ၿပီး ျပန္ေျပာမိသူကုိယ့္အျဖစ္မွာလည္း အလြမ္းေတြက ရင္ကိုထိုးဆြတာကိုခံရသည္။ ပထမဆုံး လာေျပာသူကို အ မွတ္ရေနသည္။ လာေျပာသူက စာေရးဆရာ ေမာင္လြန္မြန္ (ကသာ)။ သူလာေျပာသည္က အြန္လိုင္း ခ်က္ေဘာက္က ျဖစ္ သည္။ သူစာသားေတြအထဲ စကားအလုံးတိုင္း အလြမ္းေတြျဖင့္ ရွေနေသာ ရင္ကုိ ျမင္ရသည္။

“ကိုရစ္ဆုံးျပီးဦးဇင္း”

ကိုယ့္မိသားစု ေတြသည္ပင္ နရသိန္ ေနဖက္ေတြေလာက္ လက္ပြန္းကတည္းမရွိဟု ဆိုၾကသည္။ ဒီေတာ့လည္း စာေရးဆရာ ၏ ရင္ထဲ စကားဝါက်တိုေလးသည္ပင္ ထိထိရွရွျဖစ္ေနသည္။ ေထာင္ထြက္အတူေနေဖာ္မ်ားပင္မက နိုင္ငံေရးေလာကမွ လူေတာ္ေတာ္မ်ားမ်ားသည္ပင္ သူ႔ကို ကိုရစ္ဟု သိၾကသည္။ တကယ္က ေခၚလြယ္ ေရးလြယ္ရန္ ရေကာက္ႏွင့္ သူ႔အမည္ကို ကိုရစ္ဟု ေရးလိုက္ရေသာ္လည္း ဒီနာမည္ စတင္တြင္လာေသာ အျဖစ္အပ်က္ႏွင့္ဆိုလွ်င္ သူ႔အမည္ကို ရေကာက္ႏွင့္ ကိုရစ္ဟု ေရးရမည္မဟုတ္။  ယပက္လက္ႏွစ္ ကိုယစ္ဟုေရးရမည္ျဖစ္သည္။ ကိုရစ္တို႔ သာယာဝတီကိုစတင္ေရာက္လာ တုန္းက သီးသန္႔တိုက္ကိုေရာက္လာျခင္းမဟုတ္။ အေဆာင္ကို ေရာေသာျပီးပို႔လိုက္ျခင္းျဖစ္သည္။ ေနာက္မၾကာမွီ ေထာက္ လွမ္းေရးေတြ သိရွိၿပီး ႏိုင္ငံေရးမႈျဖင့္ ေထာင္က်သူမ်ားကိုေရြးထုတ္ သီးသန္႔တိုက္ကို ျပန္ပို႔ေတာ့ ကိုရစ္တို႔အုပ္စု တိုက္ကို ေရာက္လာျခင္းျဖစ္သည္။ ကိုရစ္ႏွင့္အတူ ေကာ္ရွယ္ေခၚျမင့္စိုးႏွင့္ သာယာဝတီသားကိုစိုးလႈိင္တို႔တိုက္ကို ေရာက္လာၾက သည္။

တိုက္ကုိ စေရာက္လာေတာ့ သူ႔ကို ကိုခင္ေဇာ္ဟုသာ မူလအမည္အတိုင္းေခၚၾကေသးသည္။ ကိုခင္ေဇာ္ေထာင္ထဲ ေရာက္ရ ျခင္းကိုေမးၾကည့္ေတာ့ သူကေရကူးအမႈတြဲျဖစ္သည္။ ေရကူးအသံလႊင့္ရံုကိုေလာင္ခ်ာႏွင့္ထုသူမ်ားကို ေရကူးအမႈတြဲဟု ေခၚျခင္း ျဖစ္သည္။ ေထာင္ထဲမွာက ပုဒ္မကိုယ္္စီရွိၾကသည္။ တခ်ဳိ႕ တေယာက္ခ်င္း။ တခ်ိဳ႕က အတြဲလိုက္။ ထိုအထဲ ကိုခင္ ေဇာ္တို႔က အတြဲလိုက္က်ေသာသူမ်ားျဖစ္သည္။ တကယ္က စစ္အစိုးရေခတ္ထုံးစံအတ္ိုင္း မေဟသုတ္ ေဟလဲသုတ္ ျဖင့္ ေထာင္က်ရသူေတြမ်ားသည္။ ထိုအထဲ ကိုခင္ေဇာ္တေယာက္ ေရကူးအမႈတြဲေတြအထဲ ဘာမွမပတ္သက္ခဲ႔။ မေဟလဲ သုတ္ ခဲ႔ရသူျဖစ္သည္။ တကယ္ကသူသည္ နိုင္ငံေရးလႈပ္ရွားမႈေတြထဲ တက္တက္ႂကြႂကြပါဝင္ခဲ႔သူျဖစ္သည္။ ပါတီညီလာခံမွ ေရြးခ်ယ္ျခင္းခံရေသာ အင္န္အယ္လ္ဒီ ရပ္ကြက္ကိုယ္စားလွယ္လည္းျဖစ္သည္။ ၁၉၉၀ သံဃာ့လႈပ္ရွားမႈမ်ားကို ဝိုင္းဝန္ပံ႔ပိုး သူေတြအထဲ ကိုခင္ေဇာ္တို႔က ထိပ္ဆုံးကပါသည္။ ထိုတက္ႂကြမႈေတြကပင္ ေထာက္လွမ္းေရး မ်က္ေစ့ စပါးေမႊးစူးတာ ခံရ ျခင္းျဖစ္မည္။

ကိုခင္ေဇာ္ေထာင္မက်ခင္ဘဝက မ်ိဳးစုံလွသည္။ ဧရာဝတီတိုင္းသားျဖစ္ေသာ္လည္း အရြယ္ေရာက္လာေတာ့ ရန္ကုန္သား ျဖစ္လာခဲ႔သည္။ သီခ်င္းမ်ိဳးစုံကို ရေနတတ္သလို စာအုပ္မ်ိဳးစုံထဲကအေၾကာင္းေတြကိုလည္း သူမွတ္မိေနတတ္သည္။ အ ေၾကာင္းအရာတခုကို ႏွစ္ရွည္လမ်ား မေမ့မေပ်ာက္ ဦးေဏွာက္ထဲ မပ်က္မစီး သိမ္းထားႏုိင္ျခင္းသည္ ထူးျခားေသာ သူတ
ခ်ဳိ႕သာ ရရွိေသာ စြမ္းရည္ျဖစ္သည္။ ထိုစြမ္းရည္ကို ကိုခင္ေဇာ္ (ကိုရစ္) က ရရွိထားသည္။
သံစဥ္စာသားဆိုရတာေခ်ာေမြ႕ေသာ ေတးတပိုင္းတစကို တေယာက္ကရသမွ်ျငီးေနတုန္း သီခ်င္းတပုဒ္လုံးကို စာသား တီး လုံးပါ ႏႈတ္ဆင့္ကမ္းရင္း ေတးျငီးသူ၏လိုအပ္ခ်က္ကို ျဖည့္ေပးတာ ကိုယ္တိုင္ေတြ႔ခဲ႔ဘူးသည္။

“ေရႊမင္းဝံေတာင္ေပၚရိုး ျမဴခိုးေဝံလာပါရင္ ပုညရွင္ေစတီအပါး လြမ္းအားနဲ႔ ေမွ်ာ္တဲ႔အသြင္ ျမင္ေယာင္မိပါရဲ႕လား တရြားသား မို႔စိတ္မခ်သလိုပင္ အညာကိုခ်စ္ရင္ တမာကိုလည္းမပစ္ပယ္ေစခ်င္”

ေတးပိုဒ္ကိုသာထပ္ခါေၾကာ့ေနသူကို သူ ေတးစာသား ေတးဆိုသူအမည္ အကုန္ ျဖည့္ေပးလိုက္ေသာ အျဖစ္ကို အမွတ္ရ ေနသည္။

ေထာင္ဆိုတာ ဖတ္စရာစာအုပ္မရွိ။ (ခုေတာ့ ICRC ေက်းဇူးေၾကာင့္ ေထာင္ထဲစာဖတ္၍ရေနျပီ) တခန္းတည္းအတူတူေနသူ ခ်င္း သူအေၾကာင္းေျပာတာ နားေထာင္လိုက္ ကိုယ့္အေၾကာင္းေျပာတာ သူနားေထာင္လိုက္ႏွင့္ တေယာက္ႏွင့္တေယာက္ ေျပာစရာ စကားမ်ားအပ္ေၾကာင္းထပ္လာတတ္သည္။ ေထာင္ထဲကတေယာက္အေၾကာင္း တေယာက္ အူမေခ်းခါးသိေန သည္မွာ ဒါေၾကာင့္လည္းျဖစ္သည္။ ကိုယ့္အေၾကာင္း သူ႔အေၾကာင္းေျပာစရာေတြပါးလားေတာ့ ေျခာက္ေသြ႔ေနေသာအခ်ိန္ ေတြကို ေတးသီခ်င္းေတြဆိုရင္း အခ်ိန္ေတြကိုကုန္ဆုံးေစၾကသည္။ သီခ်င္းဆိုတာေမာေတာ့ ရုပ္ရွင္ေတြ ပေဟဠိဝွက္ၾက သည္။

သီခ်င္းေတြပေဟဠိဝွက္သည္။ ရယ္ေမာစရာရွာၾကံေနရျခင္းႏွင့္ ညည္းေငြ႕စရာအခ်ိန္ ေျခာက္ေသြ႕ေနေသာစိတ္တို႔ကို လတ္ဆတ္ေအာင္ ရွာၾကံရေလသည္။ အတူတူေနရင္း ကိုခင္ေဇာ္တို႔ႏွင့္ထမင္းတဝိုင္းတည္း ျဖစ္သြားခဲ႔သည္။ ဒီေတာ့ သူႏွင့္ ပိုျပီး စကားေတြေျပာ ျဖစ္သည္။

စာေရးဆရာ ေမာင္လြင္မြန္ (ကသာ) က ခ်က္ေဘာက္ကေနလွမ္းေျပာရငး္ ကိုခင္ေဇာ္ ေနာက္ဆုံးခရီးမထြက္မွီ သူႏွင့္ ၾကံဳ ခဲ႔ရပုံကို ေျပာျပီး ကိုယ့္အေၾကာင္းပါ ပါလာသည္။

“သူေမျမိဳ႕မသြားခင္ ရက္ေလးမွာပဲ တပည့္ေတာ္ဆီလာေသးတယ္။ လာေတာ့ သူ႔ကိုအိမ္ေထာင္ျပဳဖို႔ တပည့္ေတာ္က ေျပာ ေတာ့ သူက ဦးဇင္း သူ႔က္ိုေျပာျပဘူးတဲ႔ .. ငါေတာ့မထင္ေတာ့ဘူး. ဆိုတဲ႔ ဟာသကိုေတာင္ေျပာျပရင္း ရယ္ၾကေသးတယ္”

ကိုရစ္ကိုေတာ့ယုံသည္။ ဘယ္တုန္းကဘယ္သူက ဘယ္လိုေျပာခဲ႔ဘူးတယ္ဆိုတာကို ေသခ်ာမွတ္မိတတ္ေသာသူစြမ္းရည္ကို ကိုယ္က သိၿပီးသားျဖစ္သည္။ ေထာင္ထဲ သူျဖတ္သန္းစဥ္ သူ႔ကိုယ္ပိုင္စြမ္းရည္ မွတ္ဉာဏ္ေကာင္းတာကို အေျခတည္ျပီး သူနာမည္အသစ္ကို ရခဲ႔ျခင္းလည္းျဖစ္သည္။

သူ႔အိမ္က ေထာင္ဝင္စာမလာႏုိင္ေသာ္လည္း စားဝိုင္းတြင္ေထာင္ဝင္စာလာသူေတြက သူ႔ကိုပဲ ေထာင္ဝင္စာထုတ္ကို အပ္ ထားၾကသည္။ အားလုံးစားဖို႔သူကပင္ စီမံေပးသည္။ ေန႔စဥ္သူ႔အလုပ္က အားလုံးစားဖို႔ ၾကံဖန္ရေသာတာဝန္။ ထိုတာဝန္ကို သူမျငီးမျငဴ လုပ္သည္။ ေနာက္သူ စြမ္းေဆာင္တာေတြထဲက ေက်းဇူးတင္အမွတ္ရေနတာတခုရွိသည္။ ေထာင္ ဝင္စာ ထုတ္မွာ ပါလာေသာ ပလပ္စတစ္အိပ္မ်ားကို ၾကိဳဆြဲၿပီး ျခင္းထိုးေသာအလုပ္ျဖစ္သည္။ တဘက္မွ စားဖို႔စီမံရင္း ျခင္းကိုလဲ ထိုးသည္။ ႏႈတ္မွလည္း သူသိထားမွတ္ထားတာေတြကို ေျပာျပတတ္ေသးသည္။

သတိရစရာအေကာင္းဆုံးကေတာ့ ညတန္းပိတ္ခ်ိန္ ၉ နာရီ အိပ္ခ်ိန္မေပးမွီ အခ်ိန္ျဖစ္သည္။ ညစဥ္ အခန္းဆက္ သိုင္းဝတၳဳ ရွည္ၾကီးကို မေမာမပမ္း ကိုခင္ေဇာ္ေျပာသည္။ ဇာတ္တခုလုံး အားျပိဳင္မႈေတြကိုပါ ပါေအာင္ေျပာျပသည္။ ဇာတ္ ေကာင္တိုင္း ၏ သရုပ္ကိုပီေအာင္ႏႈတ္ျဖင့္ ရုပ္လုံးေဖာ္တတ္သည္။ ဒီလိုႏွင့္ ခရီးခဲကို ျဖတ္သန္းေဖာ္တို႔၏ အခ်ိန္မ်ားစြာကို သူက ကူညီ ထမ္းပိုးေပးထားသည္။ အားလုံးက သူတို႔ဘဝခဏတာကို ကိုခင္ေဇာ္ေျပာေသာဇာတ္လမ္းဆီ ပို႔ထားလိုက္ၾကသည္။

ဒီဇာတ္လမ္းေတြထဲက လူတိုင္း စိတ္ထဲစြဲထင္ေနေသာဇာတ္ေကာင္က ယဇ္ထုတ္ၾကီး သိုင္းသမားျဖစ္သည္။ မနက္ တန္း ဖြင့္လွ်င္ လူငယ္ေလးမ်ားပါမက လူၾကီးေတြကပါ သူ႔ကိုေနာက္ေျပာင္က်ီးစယ္ ယဇ္ထုတ္ႀကီး ယဇ္ထုတ္ႀကီးဟု ေခၚၾကရ သည္အထိ ပီျပင္သည္။ ဗိုလ္ယဇ္ကေန ကိုယဇ္ဆိုတာ ေန႔စဥ္ေခၚစရာ နာမည္ ျဖစ္လာေတာ့သည္။ ဒီအျဖစ္အပ်က္ကို မသိ ၾကေသာ ေထာင္ထဲအတူေနဘက္မဟုတ္သူမ်ားက ကိုရစ္ဆိုတာ သူ႔ အေမကေပးခဲ႔ေသာ အမည္ ထင္ၾကသည္။ တကယ္က ဒီအမည္သည္ သူျဖတ္သန္းခဲ႔ရာ ညမ်ားစြာထဲကေန ဖိတ္လွ်ံက်လေသာ အမည္နာမ အသစ္ျဖစ္သည္။ တနည္းဆိုရလွ်င္ သူ႔ဘဝႏွင့္ရင္းႏွီးခဲ႔ရေသာ ဘဝသမိုင္းကေပးေသာအမည္ ျဖစ္ေနသည္။

သူဒီအမည္ကို မေဖ်ာက္ပစ္ခဲ႔။ လူတကာေခၚသည္ကုိ သူျမတ္ျမတ္နိုးနိုး ခံယူသည္။ ဒါသည္ပင္ သူ႔သမိုင္းကိုသူေလးစား တန္ဖိုးထားျခင္းျဖစ္သည္။

သူနဲ႔ အတူတူေနထိုင္စားေသာက္ခဲ႔ေသာအခ်ိန္မ်ားကိုခ်န္ထားရစ္ျပီး စစ္အစိုးရ လက္ထက္ထုံးစံအတိုင္း တေယာက္ တ ေထာင္စီ ေဝးခဲ႔ရသည္။ ကိုယ္ေထာင္ကလြတ္ျပီးေသာ္လည္းသူနဲ႔ဆုံးစည္းခြင့္မရခဲ႔။ ကြဲကြာသူတခ်ိဳ႕ကို အြန္လိုင္းအင္တာနက္ ေက်းဇူးေၾကာင့္ ျပန္လည္ဆုံးစည္းခြင့္ ရလိုက္ေသာ္လည္း သူႏွင့္က မဆုံျဖစ္ေတာ့။ သူဆုံးျပီးဆိုေတာ့မွ အတူတူေနခဲ႔တုန္းက မေမ႔ႏုိင္တာေတြ တသီၾကီးေပၚလာသည္။ အတူတူေနခဲ႔သူ- စာေရးဆရာေမာင္လြင္မြန္ (ကသာ) တို႔လို လူမ်ားႏွင့္ ျပန္ဆုံ ေတာ့ ပိုလို႔ေျပာျဖစ္ျပန္သည္။ တနိုင္ငံဆီေနရေသာ္လည္း အြန္လိုင္းေပၚမွာ မၾကာခဏ စကားေျပာျဖစ္ရင္း ဆရာ ေမာင္လြန္ မြန္က ကိုရစ္အေၾကာင္း မွတ္မိသမွ်ေရးဖို႔ႏႈိးေဆာ္လာသည္။ ဒီမိုကေရစီခရီးၾကမ္းထဲ ဘာကိုမွ်ေမွ်ာ္လင့္ခ်က္မထား။ တိုင္း ျပည္ ေခ်ာက္ထဲကလြတ္။ လူေတြ ကုိယ္စိတ္ႏွစ္ပါးခ်မ္းသာေရးတခုတည္းသာ ရည္ရြယ္ျပီး ေပးဆပ္သူမ်ားသည္ အညတရ ျဖစ္ေသာ္လည္း တိုင္းျပည္၏ ေနရာတိုင္းတြင္ မ်ားစြာရွိေနခဲ႔သည္။ ထိုအထဲ ကိုရစ္တေယာက္လည္း အပါအဝင္ပင္။

သူဘဝ တခန္းရပ္သြားေသာ္လည္း သူေပးဆပ္ခဲ့ရသည္မ်ားက အမ်ားအျပား။ သမုိင္းဆရာတို႔၏ မွတ္တမ္းတြင္ မွင္ေလး တတို႔စာေနရာပင္ မေသခ်ာလွ။ သို႔ေသာ္လည္း အတူတူေနစဥ္ သူေၾကာင့္ စိတ္အေမာေတြ ေျပခဲ႔ရဘူးတာ။ ေသြ႕ေျခာက္ ေနေသာညတာမ်ားကို သူတတ္စြမ္းသည့္ဘက္က ဘဝတူမ်ားအတြက္ေပးဆပ္ခဲ႔တာကိုေတာ့ ကိုယ္နိုင္သမွ် သူ႔ကို ေက်း ဇူးျပဳခ်င္ေနသည္။ ကုိုိယ္ကိုယ္တိုင္ သူ႔ေၾကာင့္ အဓိပၸါယ္မဲ႔ေသာညတာမ်ားကို တခဏတာရပ္တန္႔ခဲ့ဖူးတာသည္ပင္ သူ႔ေက်း ဇူးမဟုတ္လား။

အရွင္ဇဝန (ႏိုင္ငံေရးအက်ဥ္းသားေဟာင္း)

ဆရာေမာင္လြင္မြန္ (ကသာ) ေရးသားထားေသာ ကိုရစ္အေၾကာင္းအက်ဥ္းေလးကိုပါ ပူးတြဲေဖာ္ျပလိုက္ပါသည္။

ကိုခင္ေဇာ္ (ခ) ကိုရစ္၏ အထၳဳပၸတၱိ အက်ဥ္း
August 9, 2014 at 12:05am

ကိုခင္ေဇာ္ (ခ) ကိုယစ္ (၁၉၅၅- ၂၀၁၄)
ကိုခင္ေဇာ္ကို ၁၉၅၅ ခု ေမလ ၁ ရက္ (တနဂၤေႏြေန႔) (ေမေဒးေန႔) တြင္ ရန္ကုန္ၿမိဳ႕တြင္ အဖ ဦးေရႊေလး၊ အမိ ေဒၚၾကင္ျမင့္တို႔မွ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ၈ ေယာက္တြင္ ဒုတိယသားျဖစ္သည္။

ငယ္စဥ္က အဘိုးအဘြားမ်ားႏွင့္ အေနမ်ားခဲ့ၿပီးအဘိုးျဖစ္သူမွာ ဇာတ္ေထာင္ဖူးသူျဖစ္သျဖင့္ ဇာတ္စာမ်ား၊ ေရွးလကၤာကဗ်ာ မ်ားကို ငယ္စဥ္ကတည္းက အလြတ္ရကာ ကဗ်ာႏွင့္သီခ်င္းမ်ား ေရးစပ္ျခင္းကို ငယ္စဥ္ကတည္းက ၀ါသနာထံုခဲ့သည္။

ဖခင္ေျပာင္းေရႊ႕ရာ မအူပင္ၿမိဳ႕နယ္၊ ဇကာႀကီး တြဲဖက္အထကမွ ဒသမတန္းကို (ခ) ဆင့္ျဖင့္ ေအာင္ျမင္ခ့ဲသည္။ အင္းလုပ္ ငန္း၊ ငါးဒိုင္စာေရးႏွင့္ လမ္းေဘးေစ်းေရာင္းျခင္းမ်ားအျပင္ ေၾကးစင္ေတာင္စီမံကိန္းတြင္ စက္ႀကီးေမာင္းအလုပ္ျဖင့္ ဘ၀က်င္ လည္ခဲ့သည္။

၁၉၈၈ အေရးေတာ္ပံုတြင္ သကၤန္းကြၽန္းၿမိဳ႕နယ္တြင္ ဦးေဆာင္လႈပ္ရွားသူတစ္ဦးျဖစ္ခဲ့ကာ သပိတ္ကာလအတြင္း ဗကသအဖြဲ႕၀င္မ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ႏုိင္ငံေရးလႈပ္ရွားမႈမ်ား ေဆာင္ရြက္ခဲ့သည္။ အေရး အခင္းကာလအတြင္း ဒီမုိကေရစီ ေတာင္းဆိုမႈအတြက္ ရန္ကုန္ေဆးရံုႀကီးေရွ႕ ၃၆ နာရီၾကာအစာငတ္ခံ ဆႏၵျပပြဲ၊ စက္မႈ (၁) ၄၈ နာရီၾကာ  အစာငတ္ခံ ဆႏၵျပ ပြဲတို႔ကို ဆက္တိုက္ပါ၀င္ ဆင္ႏြဲခဲ့ သည္။

၁၉၈၈ စက္တင္ဘာလ အာဏာသိမ္းအၿပီးတြင္ ဆႏၵျပရာမွာ ျပည္သူႏွင့္ပူးေပါင္းခဲ့ေသာ တပ္မေတာ္သားမ်ား၊ ရဲမ်ား၊ ေထာက္လွမ္းေရးေဟာင္းမ်ားကို ပုန္း၀ွက္ေနထုိင္စရာမ်ား ဖန္တီးရွာေဖြေပးခဲ့သည္။ ႏုိင္ငံေရးပါတီမ်ား ထူေထာင္ခြင့္ျပဳ ေသာအခါ အင္အယ္လ္ဒီပါတီ၀င္မ်ား အထူးသျဖင့္ ပါတီလူငယ္မ်ားရရိွေရးကို ႀကိဳးစားေဆာင္ရြက္ခဲ့သည္။ အလားတူ ျပည္သူအေရးေတာ္ပံု ပါတီ (ပီက်ဳ) အတြက္ လူငယ္အင္အားစုမ်ား စည္းရံုးေပးခဲ့သည္။  ထိုေနာက္ အႏုနည္းျဖင့္ တိုက္ပြဲ ၀င္ျခင္းကို အသိအမွတ္ျပဳ တံု႔ျပန္မႈမရိွခဲ့သည့္ စစ္အစိုးရကို ျဖဳတ္ခ်ႏိုင္ေရး အျခားနည္းလမ္းမ်ား ရွာေဖြရန္ နယ္စပ္သို႔ ထြက္ခြာလာခဲ့သည္။ ေအဘီအက္စ္ဒီအက္ဖ္၏  အေစာဆံုး တပ္ဖြဲ႕၀င္မ်ားထဲတြင္ တစ္ဦးအပါအ၀င္ျဖစ္ခဲ့ၿပီး တပ္ရင္း (၂၀၇) ၏ တပ္ဖြဲ႕၀င္တစ္ဦးအျဖစ္ ေတာ္လွန္ေရးေဒသတြင္ ေျခာက္လၾကာ လႈပ္ရွားေနထုိင္ခဲ့သည္။ ၁၉၈၉ခု ေဖေဖၚ၀ါရီလတြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရိွၿပီး အင္အယ္လ္ဒီ ပါတီ၀င္အျဖစ္ႏွင့္ တက္တက္ႂကြႂကြ ေဆာင္ရြက္ခဲ့သည္။

၁၉၈၉ ခု ၾသဂုတ္လတြင္ ကံေဆာင္အေရးအခင္း ေပၚေပါက္ေသာအခါ ဘုန္းႀကီးေက်ာင္းမ်ားကို တစ္ေက်ာင္း၀င္ တစ္ ေက်ာင္းထြက္ျဖင့္ ကံေဆာင္လႈပ္ရွားမႈ က်ယ္ျပန္႔ေရးကို ႀကိဳးစားေဆာင္ရြက္ခဲ့သည္။ ေအာက္ျမန္မာျပည္ ဗကသ ဖြဲ႕စည္းရာ တြင္လည္း ပါ၀င္ခဲ့သည္။ ၁၉၉၀ ေရြးေကာက္ပြဲနီးေသာအခါ သကၤန္းကြၽန္းၿမိဳ႕နယ္အတြက္ ေရြးေကာက္ပြဲ လႈံ႕ေဆာ္ေတး ေရးသား ေပးခဲ့ၿပီး သူေရးေပးခဲ့ေသာ “အိုးေ၀သီခ်င္း” ကို အစြဲျပဳၿပီး လူငယ္မ်ားက သူ႔ကို ဦးအိုးေ၀ဟု ခ်စ္စႏိုး ေခၚခဲ့ၾကသည္။ ၁၉၉၁ ခုႏွစ္တြင္ ေရကူးအသံလႊင့္ရံု ဗံုးခြဲမႈအတြက္ စြပ္စြဲဖမ္းဆီးခံရၿပီး သူတကယ္ မက်ဴးလြန္ခဲ့ေသာ ယင္းျပစ္မႈအတြက္ ေသဒဏ္အျပစ္ ေပးျခင္းခံရသည္။

၁၉၉၇ ခုႏွစ္တြင္ ေသဒဏ္မွ တစ္သက္တစ္ကြၽန္းသို႔ ေျပာင္းလဲက်ခံရၿပီး ယင္းနွစ္ ေအာက္တုိဘာလမွာ သာယာ၀တီ ေထာင္ သို႔ ေျပာင္းေရႊ႕ရသည္။ စာေပဗဟုသုတ ျပည့္စံုသူတစ္ဦးျဖစ္ၿပီး ေထာင္ထဲတြင္ သုတရသ စာမ်ိဳးစံုကို လူငယ္ မ်ားကို မွ်ေ၀ ေပးသည္။ ညစဥ္အခန္းဆက္ အခန္းနီးခ်င္းမ်ားကို ေအာ္ဟစ္ေျပာျပခဲ့ရေသာ စိတ္၀င္စားဖြယ္ “သိုင္းသမားယစ္ထုတ္ႀကီး” ကို အေၾကာင္းျပဳၿပီး သူ႕ကို “ယစ္ထုတ္ႀကီး” ဟု ၾကည္စယ္ေခၚၾကရာမွ ေနာက္ပိုင္းတြင္ “ကိုယစ္” ဟု လူသိမ်ားလာခဲ့သည္။ ေထာင္ထဲတြင္ အခြင့္အေရးရတုိင္း ေရးသားခဲ့သည့္ ၀တၳဳ၊ ကဗ်ာ၊ ေဆာင္းပါးမ်ားတြင္ “ေမာင္ယစ္” ႏွင့္ “ယစ္ေက” ကေလာင္မ်ားကို အသံုးျပဳခဲ့သည္။

၂၀၀၉ခုႏွစ္ ဧၿပီလ ၃၀ ရက္ေန႔တြင္ ေထာင္မွျပန္လည္လြတ္ေျမာက္ရာ ေထာင္ထဲတြင္ သူမက်ဴးလြန္ခဲ့ေသာအျပစ္အတြက္ ၁၈ ႏွစ္ေက်ာ္ ေနထုိင္ခဲ့ရသည္။ သားျဖစ္သူကို ေစာင့္စားေနေသာ မိခင္ႀကီးမွာ သူေထာင္မွမလြတ္မီ ေျခာက္လခန္႔အလိုတြင္ ဆံုးပါးသြားခဲ့သျဖင့္ မိခင္ႏွင့္ ျပန္လည္ ေတြ႕ဆံုခြင့္ မရခဲ့ေပ။  ေထာင္မွ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ ၀ံသာႏုရကၡိတ စေနလူငယ္အသင္း၊ ျမန္မာျပည္ မ်ိဳးခ်စ္လူငယ္ ကြန္ယက္၊ အရုဏ္ဦး လူမႈကူညီေရးအသင္း စေသာ ပရဟိတ လုပ္ငန္းမ်ားကို ပါ၀င္ေဆာင္ရြက္ခဲ့သည္။

America Center တြင္ ႏုိင္ငံေရး အက်ဥ္း သားေဟာင္းမ်ားကလပ္ စတင္ထူေထာင္ရာတြင္လည္း ပါ၀င္ေဆာင္ရြက္ခဲ့သူ ျဖစ္ သည္။ ၂၀၁၃ခု ဒီဇင္ဘာလမွစၿပီး ေအေအပီပီ (ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း) တြင္ ေကာင္ ဆယ္လာ (Counselor) အျဖစ္ စတင္ထမ္းေဆာင္ၿပီး ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားႏွင့္ မိသားစုမ်ား စိတ္ပိုင္းဆိုင္ရာ ျမွင့္တင္မႈ အစီအစဥ္တြင္ ပါ၀င္ေဆာင္ရြက္ေနသူတစ္ဦး ျဖစ္သည္။

၂၀၁၄ ခု ၾသဂုတ္လ ၆ ရက္ေန႔ ည ၈ နာရီ ၂၀ မိနစ္အခ်ိန္တြင္ မိသားစုႏွင့္ ခရီး သြားေနစဥ္အတြင္း ေမၿမိဳ႕ (ျပင္ဦးလြင္) တြင္ ႏွလံုးေသြးခဲေသာေရာဂါျဖင့္ ရုတ္တရက္ ကြယ္လြန္သြားခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၉ ႏွစ္ရိွၿပီျဖစ္ကာ တိုက္တိုက္ ဆိုင္ဆိုင္ ၂၆ ႏွစ္ေျမာက္ ရွစ္ေလးလံုးအေရးေတာ္ပံုေန႔ ညေန ၆ နာရီတြင္ သူ၏စ်ာပနကို က်င္းပခဲ့ၾကရသည္။
Moe Ma Kha
....................
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – သမိုင်းဘဝကပေးသော အမည်သစ်နဲ့ သူ
January 13, 2016

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၆
အတိတ်ကိုခြေရာကောက်ချိန် တချို့ကတော့ သီးသီးသန့်သန့်ကို အသိဉာဏ်ပြကွက်ထဲ ဆေးသားမမှုံပဲ ရှိနေတတ်သည်။ လူတယောက်ကို မမေ့မပျောက် သတိရဖို့ဆိုလျှင် သူနှင့်ကိုယ်စတင် ရင်နှီးခဲ့သည်မှ ထိစပ်ခဲ့ပြီးသမျှ ကာလတလျှောက် ထူး ခြားသော ဖြစ်စဉ်တို့က အရေးပါသောနေရာတွင် ရှိလိမ့်မည်ထင်သည်။ နရသိန်တွင် အတူတူနေခဲ့ရသူတွေထဲ စိတ်မှာ ပြက် ပြက်ထင်ထင်ရှိသူတချို့ကို စာပနး်ချီချယ်သဖို့ အမိအရဖွင့်ဖတ်ပြီး ဖမ်းဆုပ်မိသည့်ပုံရိပ်တို့ တယောက်ဆီ ဆွဲချကြည့်မိ သည်။ တယောက် နှစ်ယောက်စသည် ရေကြည့်တော့  လူတွေက မနည်းလှ။ ထိုသူတို့အထဲ အသက်ကိုစွန့်သွားကြသူတွေ ကိုဦးစားပေးပြီး သူတို့ ကိုယ်နှင့် အတူတူနေခဲ့ရစဉ်က လျှပ်တပြက်မြင်မိသော ပုံရိပ်တို့ကို တကွက်ပဲမိမိ ထိုတကွက်အား ချယ်သကြည့်မိသည်။

အခုရေးမည့်သူအကြောင်းကို မကြာခဏပြောဖြစ်သော်လည်း စာပန်းချီကိုတော့ မချယ်သမိသေး။ သူလောကကြီးက ထွက် ခွာခဲ့သည်မှာ တနှစ်ကျော်ခန့်ရှိခဲ့ပါပြီ။ အတူတူဖြတ်သန်းသူ တယောက်ယောက်နှင့်ဆုံတိုင်း စကားလမ်းကြောင်းက သူ့အ ကြောင်းဆီ ဦးတည်တတ်စမြဲ။  သူ့အကြောင်းကို စတင်ပြီးလာပြောလာပြောစဉ်က ပြောသူကလည်း တတမ်းတတ။ နား ထောင်ပြီး ပြန်ပြောမိသူကိုယ့်အဖြစ်မှာလည်း အလွမ်းတွေက ရင်ကိုထိုးဆွတာကိုခံရသည်။ ပထမဆုံး လာပြောသူကို အ မှတ်ရနေသည်။ လာပြောသူက စာရေးဆရာ မောင်လွန်မွန် (ကသာ)။ သူလာပြောသည်က အွန်လိုင်း ချက်ဘောက်က ဖြစ် သည်။ သူစာသားတွေအထဲ စကားအလုံးတိုင်း အလွမ်းတွေဖြင့် ရှနေသော ရင်ကို မြင်ရသည်။

“ကိုရစ်ဆုံးပြီးဦးဇင်း”

ကိုယ့်မိသားစု တွေသည်ပင် နရသိန် နေဖက်တွေလောက် လက်ပွန်းကတည်းမရှိဟု ဆိုကြသည်။ ဒီတော့လည်း စာရေးဆရာ ၏ ရင်ထဲ စကားဝါကျတိုလေးသည်ပင် ထိထိရှရှဖြစ်နေသည်။ ထောင်ထွက်အတူနေဖော်များပင်မက နိုင်ငံရေးလောကမှ လူတော်တော်များများသည်ပင် သူ့ကို ကိုရစ်ဟု သိကြသည်။ တကယ်က ခေါ်လွယ် ရေးလွယ်ရန် ရကောက်နှင့် သူ့အမည်ကို ကိုရစ်ဟု ရေးလိုက်ရသော်လည်း ဒီနာမည် စတင်တွင်လာသော အဖြစ်အပျက်နှင့်ဆိုလျှင် သူ့အမည်ကို ရကောက်နှင့် ကိုရစ်ဟု ရေးရမည်မဟုတ်။  ယပက်လက်နှစ် ကိုယစ်ဟုရေးရမည်ဖြစ်သည်။ ကိုရစ်တို့ သာယာဝတီကိုစတင်ရောက်လာ တုန်းက သီးသန့်တိုက်ကိုရောက်လာခြင်းမဟုတ်။ အဆောင်ကို ရောသောပြီးပို့လိုက်ခြင်းဖြစ်သည်။ နောက်မကြာမှီ ထောက် လှမ်းရေးတွေ သိရှိပြီး နိုင်ငံရေးမှုဖြင့် ထောင်ကျသူများကိုရွေးထုတ် သီးသန့်တိုက်ကို ပြန်ပို့တော့ ကိုရစ်တို့အုပ်စု တိုက်ကို ရောက်လာခြင်းဖြစ်သည်။ ကိုရစ်နှင့်အတူ ကော်ရှယ်ခေါ်မြင့်စိုးနှင့် သာယာဝတီသားကိုစိုးလှိုင်တို့တိုက်ကို ရောက်လာကြ သည်။

တိုက်ကို စရောက်လာတော့ သူ့ကို ကိုခင်ဇော်ဟုသာ မူလအမည်အတိုင်းခေါ်ကြသေးသည်။ ကိုခင်ဇော်ထောင်ထဲ ရောက်ရ ခြင်းကိုမေးကြည့်တော့ သူကရေကူးအမှုတွဲဖြစ်သည်။ ရေကူးအသံလွှင့်ရုံကိုလောင်ချာနှင့်ထုသူများကို ရေကူးအမှုတွဲဟု ခေါ်ခြင်း ဖြစ်သည်။ ထောင်ထဲမှာက ပုဒ်မကိုယ််စီရှိကြသည်။ တချို့ တယောက်ချင်း။ တချို့က အတွဲလိုက်။ ထိုအထဲ ကိုခင် ဇော်တို့က အတွဲလိုက်ကျသောသူများဖြစ်သည်။ တကယ်က စစ်အစိုးရခေတ်ထုံးစံအတ်ိုင်း မဟေသုတ် ဟေလဲသုတ် ဖြင့် ထောင်ကျရသူတွေများသည်။ ထိုအထဲ ကိုခင်ဇော်တယောက် ရေကူးအမှုတွဲတွေအထဲ ဘာမှမပတ်သက်ခဲ့။ မဟေလဲ သုတ် ခဲ့ရသူဖြစ်သည်။ တကယ်ကသူသည် နိုင်ငံရေးလှုပ်ရှားမှုတွေထဲ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သည်။ ပါတီညီလာခံမှ ရွေးချယ်ခြင်းခံရသော အင်န်အယ်လ်ဒီ ရပ်ကွက်ကိုယ်စားလှယ်လည်းဖြစ်သည်။ ၁၉၉၀ သံဃာ့လှုပ်ရှားမှုများကို ဝိုင်းဝန်ပံ့ပိုး သူတွေအထဲ ကိုခင်ဇော်တို့က ထိပ်ဆုံးကပါသည်။ ထိုတက်ကြွမှုတွေကပင် ထောက်လှမ်းရေး မျက်စေ့ စပါးမွှေးစူးတာ ခံရ ခြင်းဖြစ်မည်။

ကိုခင်ဇော်ထောင်မကျခင်ဘဝက မျိုးစုံလှသည်။ ဧရာဝတီတိုင်းသားဖြစ်သော်လည်း အရွယ်ရောက်လာတော့ ရန်ကုန်သား ဖြစ်လာခဲ့သည်။ သီချင်းမျိုးစုံကို ရနေတတ်သလို စာအုပ်မျိုးစုံထဲကအကြောင်းတွေကိုလည်း သူမှတ်မိနေတတ်သည်။ အ ကြောင်းအရာတခုကို နှစ်ရှည်လများ မမေ့မပျောက် ဦးဏှောက်ထဲ မပျက်မစီး သိမ်းထားနိုင်ခြင်းသည် ထူးခြားသော သူတ
ချို့သာ ရရှိသော စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်ကို ကိုခင်ဇော် (ကိုရစ်) က ရရှိထားသည်။
သံစဉ်စာသားဆိုရတာချောမွေ့သော တေးတပိုင်းတစကို တယောက်ကရသမျှငြီးနေတုန်း သီချင်းတပုဒ်လုံးကို စာသား တီး လုံးပါ နှုတ်ဆင့်ကမ်းရင်း တေးငြီးသူ၏လိုအပ်ချက်ကို ဖြည့်ပေးတာ ကိုယ်တိုင်တွေ့ခဲ့ဘူးသည်။

“ရွှေမင်းဝံတောင်ပေါ်ရိုး မြူခိုးဝေံလာပါရင် ပုညရှင်စေတီအပါး လွမ်းအားနဲ့ မျှော်တဲ့အသွင် မြင်ယောင်မိပါရဲ့လား တရွားသား မို့စိတ်မချသလိုပင် အညာကိုချစ်ရင် တမာကိုလည်းမပစ်ပယ်စေချင်”

တေးပိုဒ်ကိုသာထပ်ခါကြော့နေသူကို သူ တေးစာသား တေးဆိုသူအမည် အကုန် ဖြည့်ပေးလိုက်သော အဖြစ်ကို အမှတ်ရ နေသည်။

ထောင်ဆိုတာ ဖတ်စရာစာအုပ်မရှိ။ (ခုတော့ ICRC ကျေးဇူးကြောင့် ထောင်ထဲစာဖတ်၍ရနေပြီ) တခန်းတည်းအတူတူနေသူ ချင်း သူအကြောင်းပြောတာ နားထောင်လိုက် ကိုယ့်အကြောင်းပြောတာ သူနားထောင်လိုက်နှင့် တယောက်နှင့်တယောက် ပြောစရာ စကားများအပ်ကြောင်းထပ်လာတတ်သည်။ ထောင်ထဲကတယောက်အကြောင်း တယောက် အူမချေးခါးသိနေ သည်မှာ ဒါကြောင့်လည်းဖြစ်သည်။ ကိုယ့်အကြောင်း သူ့အကြောင်းပြောစရာတွေပါးလားတော့ ခြောက်သွေ့နေသောအချိန် တွေကို တေးသီချင်းတွေဆိုရင်း အချိန်တွေကိုကုန်ဆုံးစေကြသည်။ သီချင်းဆိုတာမောတော့ ရုပ်ရှင်တွေ ပဟေဠိဝှက်ကြ သည်။

သီချင်းတွေပဟေဠိဝှက်သည်။ ရယ်မောစရာရှာကြံနေရခြင်းနှင့် ညည်းငွေ့စရာအချိန် ခြောက်သွေ့နေသောစိတ်တို့ကို လတ်ဆတ်အောင် ရှာကြံရလေသည်။ အတူတူနေရင်း ကိုခင်ဇော်တို့နှင့်ထမင်းတဝိုင်းတည်း ဖြစ်သွားခဲ့သည်။ ဒီတော့ သူနှင့် ပိုပြီး စကားတွေပြော ဖြစ်သည်။

စာရေးဆရာ မောင်လွင်မွန် (ကသာ) က ချက်ဘောက်ကနေလှမ်းပြောရငး် ကိုခင်ဇော် နောက်ဆုံးခရီးမထွက်မှီ သူနှင့် ကြုံ ခဲ့ရပုံကို ပြောပြီး ကိုယ့်အကြောင်းပါ ပါလာသည်။

“သူမေမြို့မသွားခင် ရက်လေးမှာပဲ တပည့်တော်ဆီလာသေးတယ်။ လာတော့ သူ့ကိုအိမ်ထောင်ပြုဖို့ တပည့်တော်က ပြော တော့ သူက ဦးဇင်း သူ့က်ိုပြောပြဘူးတဲ့ .. ငါတော့မထင်တော့ဘူး. ဆိုတဲ့ ဟာသကိုတောင်ပြောပြရင်း ရယ်ကြသေးတယ်”

ကိုရစ်ကိုတော့ယုံသည်။ ဘယ်တုန်းကဘယ်သူက ဘယ်လိုပြောခဲ့ဘူးတယ်ဆိုတာကို သေချာမှတ်မိတတ်သောသူစွမ်းရည်ကို ကိုယ်က သိပြီးသားဖြစ်သည်။ ထောင်ထဲ သူဖြတ်သန်းစဉ် သူ့ကိုယ်ပိုင်စွမ်းရည် မှတ်ဉာဏ်ကောင်းတာကို အခြေတည်ပြီး သူနာမည်အသစ်ကို ရခဲ့ခြင်းလည်းဖြစ်သည်။

သူ့အိမ်က ထောင်ဝင်စာမလာနိုင်သော်လည်း စားဝိုင်းတွင်ထောင်ဝင်စာလာသူတွေက သူ့ကိုပဲ ထောင်ဝင်စာထုတ်ကို အပ် ထားကြသည်။ အားလုံးစားဖို့သူကပင် စီမံပေးသည်။ နေ့စဉ်သူ့အလုပ်က အားလုံးစားဖို့ ကြံဖန်ရသောတာဝန်။ ထိုတာဝန်ကို သူမငြီးမငြူ လုပ်သည်။ နောက်သူ စွမ်းဆောင်တာတွေထဲက ကျေးဇူးတင်အမှတ်ရနေတာတခုရှိသည်။ ထောင် ဝင်စာ ထုတ်မှာ ပါလာသော ပလပ်စတစ်အိပ်များကို ကြိုဆွဲပြီး ခြင်းထိုးသောအလုပ်ဖြစ်သည်။ တဘက်မှ စားဖို့စီမံရင်း ခြင်းကိုလဲ ထိုးသည်။ နှုတ်မှလည်း သူသိထားမှတ်ထားတာတွေကို ပြောပြတတ်သေးသည်။

သတိရစရာအကောင်းဆုံးကတော့ ညတန်းပိတ်ချိန် ၉ နာရီ အိပ်ချိန်မပေးမှီ အချိန်ဖြစ်သည်။ ညစဉ် အခန်းဆက် သိုင်းဝတ္ထု ရှည်ကြီးကို မမောမပမ်း ကိုခင်ဇော်ပြောသည်။ ဇာတ်တခုလုံး အားပြိုင်မှုတွေကိုပါ ပါအောင်ပြောပြသည်။ ဇာတ် ကောင်တိုင်း ၏ သရုပ်ကိုပီအောင်နှုတ်ဖြင့် ရုပ်လုံးဖော်တတ်သည်။ ဒီလိုနှင့် ခရီးခဲကို ဖြတ်သန်းဖော်တို့၏ အချိန်များစွာကို သူက ကူညီ ထမ်းပိုးပေးထားသည်။ အားလုံးက သူတို့ဘဝခဏတာကို ကိုခင်ဇော်ပြောသောဇာတ်လမ်းဆီ ပို့ထားလိုက်ကြသည်။

ဒီဇာတ်လမ်းတွေထဲက လူတိုင်း စိတ်ထဲစွဲထင်နေသောဇာတ်ကောင်က ယဇ်ထုတ်ကြီး သိုင်းသမားဖြစ်သည်။ မနက် တန်း ဖွင့်လျှင် လူငယ်လေးများပါမက လူကြီးတွေကပါ သူ့ကိုနောက်ပြောင်ကျီးစယ် ယဇ်ထုတ်ကြီး ယဇ်ထုတ်ကြီးဟု ခေါ်ကြရ သည်အထိ ပီပြင်သည်။ ဗိုလ်ယဇ်ကနေ ကိုယဇ်ဆိုတာ နေ့စဉ်ခေါ်စရာ နာမည် ဖြစ်လာတော့သည်။ ဒီအဖြစ်အပျက်ကို မသိ ကြသော ထောင်ထဲအတူနေဘက်မဟုတ်သူများက ကိုရစ်ဆိုတာ သူ့ အမေကပေးခဲ့သော အမည် ထင်ကြသည်။ တကယ်က ဒီအမည်သည် သူဖြတ်သန်းခဲ့ရာ ညများစွာထဲကနေ ဖိတ်လျှံကျလသော အမည်နာမ အသစ်ဖြစ်သည်။ တနည်းဆိုရလျှင် သူ့ဘဝနှင့်ရင်းနှီးခဲ့ရသော ဘဝသမိုင်းကပေးသောအမည် ဖြစ်နေသည်။

သူဒီအမည်ကို မဖျောက်ပစ်ခဲ့။ လူတကာခေါ်သည်ကို သူမြတ်မြတ်နိုးနိုး ခံယူသည်။ ဒါသည်ပင် သူ့သမိုင်းကိုသူလေးစား တန်ဖိုးထားခြင်းဖြစ်သည်။

သူနဲ့ အတူတူနေထိုင်စားသောက်ခဲ့သောအချိန်များကိုချန်ထားရစ်ပြီး စစ်အစိုးရ လက်ထက်ထုံးစံအတိုင်း တယောက် တ ထောင်စီ ဝေးခဲ့ရသည်။ ကိုယ်ထောင်ကလွတ်ပြီးသော်လည်းသူနဲ့ဆုံးစည်းခွင့်မရခဲ့။ ကွဲကွာသူတချို့ကို အွန်လိုင်းအင်တာနက် ကျေးဇူးကြောင့် ပြန်လည်ဆုံးစည်းခွင့် ရလိုက်သော်လည်း သူနှင့်က မဆုံဖြစ်တော့။ သူဆုံးပြီးဆိုတော့မှ အတူတူနေခဲ့တုန်းက မမေ့နိုင်တာတွေ တသီကြီးပေါ်လာသည်။ အတူတူနေခဲ့သူ- စာရေးဆရာမောင်လွင်မွန် (ကသာ) တို့လို လူများနှင့် ပြန်ဆုံ တော့ ပိုလို့ပြောဖြစ်ပြန်သည်။ တနိုင်ငံဆီနေရသော်လည်း အွန်လိုင်းပေါ်မှာ မကြာခဏ စကားပြောဖြစ်ရင်း ဆရာ မောင်လွန် မွန်က ကိုရစ်အကြောင်း မှတ်မိသမျှရေးဖို့နှိုးဆော်လာသည်။ ဒီမိုကရေစီခရီးကြမ်းထဲ ဘာကိုမျှမျှော်လင့်ချက်မထား။ တိုင်း ပြည် ချောက်ထဲကလွတ်။ လူတွေ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးတခုတည်းသာ ရည်ရွယ်ပြီး ပေးဆပ်သူများသည် အညတရ ဖြစ်သော်လည်း တိုင်းပြည်၏ နေရာတိုင်းတွင် များစွာရှိနေခဲ့သည်။ ထိုအထဲ ကိုရစ်တယောက်လည်း အပါအဝင်ပင်။

သူဘဝ တခန်းရပ်သွားသော်လည်း သူပေးဆပ်ခဲ့ရသည်များက အများအပြား။ သမိုင်းဆရာတို့၏ မှတ်တမ်းတွင် မှင်လေး တတို့စာနေရာပင် မသေချာလှ။ သို့သော်လည်း အတူတူနေစဉ် သူကြောင့် စိတ်အမောတွေ ပြေခဲ့ရဘူးတာ။ သွေ့ခြောက် နေသောညတာများကို သူတတ်စွမ်းသည့်ဘက်က ဘဝတူများအတွက်ပေးဆပ်ခဲ့တာကိုတော့ ကိုယ်နိုင်သမျှ သူ့ကို ကျေး ဇူးပြုချင်နေသည်။ ကိုုိယ်ကိုယ်တိုင် သူ့ကြောင့် အဓိပ္ပါယ်မဲ့သောညတာများကို တခဏတာရပ်တန့်ခဲ့ဖူးတာသည်ပင် သူ့ကျေး ဇူးမဟုတ်လား။

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)

ဆရာမောင်လွင်မွန် (ကသာ) ရေးသားထားသော ကိုရစ်အကြောင်းအကျဉ်းလေးကိုပါ ပူးတွဲဖော်ပြလိုက်ပါသည်။

ကိုခင်ဇော် (ခ) ကိုရစ်၏ အထ္ထုပ္ပတ္တိ အကျဉ်း
August 9, 2014 at 12:05am

ကိုခင်ဇော် (ခ) ကိုယစ် (၁၉၅၅- ၂၀၁၄)
ကိုခင်ဇော်ကို ၁၉၅၅ ခု မေလ ၁ ရက် (တနင်္ဂနွေနေ့) (မေဒေးနေ့) တွင် ရန်ကုန်မြို့တွင် အဖ ဦးရွှေလေး၊ အမိ ဒေါ်ကြင်မြင့်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၈ ယောက်တွင် ဒုတိယသားဖြစ်သည်။

ငယ်စဉ်က အဘိုးအဘွားများနှင့် အနေများခဲ့ပြီးအဘိုးဖြစ်သူမှာ ဇာတ်ထောင်ဖူးသူဖြစ်သဖြင့် ဇာတ်စာများ၊ ရှေးလင်္ကာကဗျာ များကို ငယ်စဉ်ကတည်းက အလွတ်ရကာ ကဗျာနှင့်သီချင်းများ ရေးစပ်ခြင်းကို ငယ်စဉ်ကတည်းက ၀ါသနာထုံခဲ့သည်။

ဖခင်ပြောင်းရွှေ့ရာ မအူပင်မြို့နယ်၊ ဇကာကြီး တွဲဖက်အထကမှ ဒသမတန်းကို (ခ) ဆင့်ဖြင့် အောင်မြင်ခဲ့သည်။ အင်းလုပ် ငန်း၊ ငါးဒိုင်စာရေးနှင့် လမ်းဘေးစျေးရောင်းခြင်းများအပြင် ကြေးစင်တောင်စီမံကိန်းတွင် စက်ကြီးမောင်းအလုပ်ဖြင့် ဘဝကျင် လည်ခဲ့သည်။

၁၉၈၈ အရေးတော်ပုံတွင် သင်္ကန်းကျွန်းမြို့နယ်တွင် ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်ခဲ့ကာ သပိတ်ကာလအတွင်း ဗကသအဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ အရေး အခင်းကာလအတွင်း ဒီမိုကရေစီ တောင်းဆိုမှုအတွက် ရန်ကုန်ဆေးရုံကြီးရှေ့ ၃၆ နာရီကြာအစာငတ်ခံ ဆန္ဒပြပွဲ၊ စက်မှု (၁) ၄၈ နာရီကြာ  အစာငတ်ခံ ဆန္ဒပြ ပွဲတို့ကို ဆက်တိုက်ပါ၀င် ဆင်နွဲခဲ့ သည်။

၁၉၈၈ စက်တင်ဘာလ အာဏာသိမ်းအပြီးတွင် ဆန္ဒပြရာမှာ ပြည်သူနှင့်ပူးပေါင်းခဲ့သော တပ်မတော်သားများ၊ ရဲများ၊ ထောက်လှမ်းရေးဟောင်းများကို ပုန်းဝှက်နေထိုင်စရာများ ဖန်တီးရှာဖွေပေးခဲ့သည်။ နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပြု သောအခါ အင်အယ်လ်ဒီပါတီဝင်များ အထူးသဖြင့် ပါတီလူငယ်များရရှိရေးကို ကြိုးစားဆောင်ရွက်ခဲ့သည်။ အလားတူ ပြည်သူအရေးတော်ပုံ ပါတီ (ပီကျု) အတွက် လူငယ်အင်အားစုများ စည်းရုံးပေးခဲ့သည်။  ထိုနောက် အနုနည်းဖြင့် တိုက်ပွဲ ၀င်ခြင်းကို အသိအမှတ်ပြု တုံ့ပြန်မှုမရှိခဲ့သည့် စစ်အစိုးရကို ဖြုတ်ချနိုင်ရေး အခြားနည်းလမ်းများ ရှာဖွေရန် နယ်စပ်သို့ ထွက်ခွာလာခဲ့သည်။ အေဘီအက်စ်ဒီအက်ဖ်၏  အစောဆုံး တပ်ဖွဲ့ဝင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး တပ်ရင်း (၂၀၇) ၏ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တော်လှန်ရေးဒေသတွင် ခြောက်လကြာ လှုပ်ရှားနေထိုင်ခဲ့သည်။ ၁၉၈၉ခု ဖေဖေါ်ဝါရီလတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး အင်အယ်လ်ဒီ ပါတီဝင်အဖြစ်နှင့် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။

၁၉၈၉ ခု သြဂုတ်လတွင် ကံဆောင်အရေးအခင်း ပေါ်ပေါက်သောအခါ ဘုန်းကြီးကျောင်းများကို တစ်ကျောင်းဝင် တစ် ကျောင်းထွက်ဖြင့် ကံဆောင်လှုပ်ရှားမှု ကျယ်ပြန့်ရေးကို ကြိုးစားဆောင်ရွက်ခဲ့သည်။ အောက်မြန်မာပြည် ဗကသ ဖွဲ့စည်းရာ တွင်လည်း ပါ၀င်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲနီးသောအခါ သင်္ကန်းကျွန်းမြို့နယ်အတွက် ရွေးကောက်ပွဲ လှုံ့ဆော်တေး ရေးသား ပေးခဲ့ပြီး သူရေးပေးခဲ့သော “အိုးဝေသီချင်း” ကို အစွဲပြုပြီး လူငယ်များက သူ့ကို ဦးအိုးဝေဟု ချစ်စနိုး ခေါ်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ်တွင် ရေကူးအသံလွှင့်ရုံ ဗုံးခွဲမှုအတွက် စွပ်စွဲဖမ်းဆီးခံရပြီး သူတကယ် မကျူးလွန်ခဲ့သော ယင်းပြစ်မှုအတွက် သေဒဏ်အပြစ် ပေးခြင်းခံရသည်။

၁၉၉၇ ခုနှစ်တွင် သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲကျခံရပြီး ယင်းနှစ် အောက်တိုဘာလမှာ သာယာဝတီ ထောင် သို့ ပြောင်းရွှေ့ရသည်။ စာပေဗဟုသုတ ပြည့်စုံသူတစ်ဦးဖြစ်ပြီး ထောင်ထဲတွင် သုတရသ စာမျိုးစုံကို လူငယ် များကို မျှဝေ ပေးသည်။ ညစဉ်အခန်းဆက် အခန်းနီးချင်းများကို အော်ဟစ်ပြောပြခဲ့ရသော စိတ်ဝင်စားဖွယ် “သိုင်းသမားယစ်ထုတ်ကြီး” ကို အကြောင်းပြုပြီး သူ့ကို “ယစ်ထုတ်ကြီး” ဟု ကြည်စယ်ခေါ်ကြရာမှ နောက်ပိုင်းတွင် “ကိုယစ်” ဟု လူသိများလာခဲ့သည်။ ထောင်ထဲတွင် အခွင့်အရေးရတိုင်း ရေးသားခဲ့သည့် ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးများတွင် “မောင်ယစ်” နှင့် “ယစ်ကေ” ကလောင်များကို အသုံးပြုခဲ့သည်။

၂၀၀၉ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ထောင်မှပြန်လည်လွတ်မြောက်ရာ ထောင်ထဲတွင် သူမကျူးလွန်ခဲ့သောအပြစ်အတွက် ၁၈ နှစ်ကျော် နေထိုင်ခဲ့ရသည်။ သားဖြစ်သူကို စောင့်စားနေသော မိခင်ကြီးမှာ သူထောင်မှမလွတ်မီ ခြောက်လခန့်အလိုတွင် ဆုံးပါးသွားခဲ့သဖြင့် မိခင်နှင့် ပြန်လည် တွေ့ဆုံခွင့် မရခဲ့ပေ။  ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၀ံသာနုရက္ခိတ စနေလူငယ်အသင်း၊ မြန်မာပြည် မျိုးချစ်လူငယ် ကွန်ယက်၊ အရုဏ်ဦး လူမှုကူညီရေးအသင်း စသော ပရဟိတ လုပ်ငန်းများကို ပါ၀င်ဆောင်ရွက်ခဲ့သည်။

America Center တွင် နိုင်ငံရေး အကျဉ်း သားဟောင်းများကလပ် စတင်ထူထောင်ရာတွင်လည်း ပါ၀င်ဆောင်ရွက်ခဲ့သူ ဖြစ် သည်။ ၂၀၁၃ခု ဒီဇင်ဘာလမှစပြီး အေအေပီပီ (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း) တွင် ကောင် ဆယ်လာ (Counselor) အဖြစ် စတင်ထမ်းဆောင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှု အစီအစဉ်တွင် ပါ၀င်ဆောင်ရွက်နေသူတစ်ဦး ဖြစ်သည်။

၂၀၁၄ ခု သြဂုတ်လ ၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် မိသားစုနှင့် ခရီး သွားနေစဉ်အတွင်း မေမြို့ (ပြင်ဦးလွင်) တွင် နှလုံးသွေးခဲသောရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်ကာ တိုက်တိုက် ဆိုင်ဆိုင် ၂၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ ညနေ ၆ နာရီတွင် သူ၏စျာပနကို ကျင်းပခဲ့ကြရသည်။
Moe Ma Kha

No comments:

Post a Comment