ထို့အပြင် အဆိုပါရုပ်ရှင်ကို ရွေးကောက်ပွဲအတွေ့အကြုံရှိ သည့်အချိန်တွင်ကြည့်ပါက ပရိ သတ်များအတွက် ပို၍ကောင်း မည်ဟု ယူဆသောကြောင့် ရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
7Daydaily
................
ရွေးကောက်ပွဲအတွေ့အကြုံရှိပြီးမှ ကြည့်လို့ပိုကောင်းမှာဖြစ်လို့ ရက်ရွှေ့ပြသခဲ့တဲ့ အီဖေကိုယ်တို့ရွေးကောက်ပွဲ
Byဇွဲဉာဏ်On Thu, 2016-01-14 12:35Location ရန်ကုန်Issue No.No.978 Thursday, January 14, 2016
အီဖေကိုယ်တို့ရွေး ကောက်ပွဲ ဇာတ်ကားကို NLD ပါတီ အောင်နိုင်ရေးအတွက် ရည် ရွယ်ရိုက်ကူးခဲ့သော်လည်း NLDပါတီက လူကိုမကြည့်ဘဲ ပါတီ အလံကိုကြည့်၍ အားပေးရန် ပြောကြားခဲ့သောကြောင့် ရွေးကောက် ပွဲအမီ ရုံမတင်ခဲ့ခြင်းဟု ဒါရိုက်တာညီညီထွန်းလွင်က ပြောသည်။
‘‘ကိုးလပိုင်းလောက်တုန်းက ရုံတင်ဖို့ကြိုးစားတယ်။ ကြိုးစား တဲ့အချိန်မှာပဲ NLD ကနေ ရွေး ကောက်ပွဲမှာ ကြွေးကြော်သံတစ် ခုထွက်လာတယ်။ ပါတီအလံ ကြည့်ပေး၊ လူကြည့်မပေးနဲ့ဆိုတဲ့ ကြွေးကြောက်သံကြောင့် နောက် ပြန်ဆုတ်လိုက်တာ။ ကျွန်တော် တို့က လူကြည့်ပြီးပေးရတာ။ ပညာတတ်နှလုံးရည်သမားကို ပေးဖို့ မဲဆွယ်ထားတဲ့ ဇာတ်ကား လေး၊ ပထမရိုက်တာကတော့NLD အတွက် ရည်စူးပြီးရိုက်တာ။ ဒါပေမဲ့ အဲဒီကြွေးကြော်သံ ထွက်လာလို့ နောက်ပြန်ဆုတ် လိုက်တာ’’ဟု ရွေးကောက်ပွဲအ တွက် ရည်ရွယ်ခဲ့သော်လည်း ရုံ မတင်ဖြစ်ခဲ့သည့်အကြောင်းကို ၎င်းက ပြောသည်။
ထို့အပြင် အဆိုပါရုပ်ရှင်ကို ရွေးကောက်ပွဲအတွေ့အကြံုရှိ သည့်အချိန်တွင်ကြည့်ပါက ပရိ သတ်များအတွက် ပို၍ကောင်း မည်ဟု ယူဆသောကြောင့် ရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
‘‘ရုပ်ရှင်ထဲမှာပါတဲ့ မောင် ဖေအောင်နိုင်ရေး၊ မောင်ကို အောင်နိုင်ရေးဆိုတာကို အဲဒီအ ချိန်ကသာပြရင် ပရိသတ်က ဘာ တွေလုပ်မှန်းသိမှာမဟုတ်ဘူး။ ရွေးကောက်ပွဲအတွေ့အကြံုမရှိ တဲ့အတွက် ’’ဟု ဒါရိုက်တာညီညီ ထွန်းလွင်က ပြောသည်။
ယင်းဇာတ်ကားတွင် ခန့်စည်သူ၊ ထွန်းထွန်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်းတို့ နှင့်အတူ ဇာတ်ပို့သရုပ်ဆောင် များပါဝင်ရိုက်ကူးထားခြင်းဖြစ် သည်။
ယင်းရုပ်ရှင်ပိုစတာတွင် ၂၀၁၆ မှာ မြန်မာ့ရုပ်ရှင်ပြောင်းလဲ ချိန်တန်ပြီဟု ရေးသားထားသည့် စာသားနှင့်ပတ်သက်၍ ညီညီ ထွန်းလွင်က ‘‘မြန်မာ့ရုပ်ရှင်ထဲမှာ နိုင်ငံရေးကားကတော့ ရှားမယ် ထင်တယ်။ သမားရိုးကျမဟုတ် ဘူး။ နိုင်ငံရေးဇာတ်လမ််း၊ အဲဒါ ကြောင့် ပြောင်းလဲချိန်တန်ပြီဆို တာလေး လုပ်လိုက်တာ’’ဟု ဒါ ရိုက်တာညီညီထွန်းလွင်က ပြော သည်။ယင်းဇာတ်ကားကို ဇန်နဝါရီအတွင်း ရုံတင်ပြသမည်ဖြစ်ပြီး ရုံပြိုင်စနစ်ဖြင့် အေရုံတွဲ၌ ပြသမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
7Daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment