CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, January 24, 2016
ေျမြဆိပ္ေျဖ ကာကြယ္ေဆး ေဖာ္ထုတ္ႏိုင္ဖို႔ အႀကိမ္ ၁၆၀ အထိ ေျမြအကိုက္ခံခဲ့တဲ့ အမ်ိဳးသား
ဒီအမ်ိဳးသားကေတာ့ အဆိပ္ျပင္းတဲ့ ေျမြေတြ အႀကိမ္ ၁၆၀ ေက်ာ္ေလာက္ ကိုက္တာကို ကိုယ္တိုင္ခံယူခဲ့ပါတယ္။
အေမရိကန္ ျပည္ေထာင္စု ၊ Wisconsin ျပည္နယ္ ၊ Fond du Lac ၿမိဳ ႔မွာေနထိုင္တဲ့ အေပ်ာ္တမ္း သိပၸံပညာရွင္ Tim Friede ဟာ အခုလို ေျမြေတြကိုက္တာကို ေတာက္ေလွ်ာက္ခံလာခဲ့တာဟာ သူ႔ကိုယ္သူ ခုခံအား ေကာင္းမြန္လာေစဖို႔ပါ လို႔ အခိုင္အမာ ဆိုခဲ့ျပန္ပါတယ္။
အသက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ Tim Friede ဟာ ကမာၻ႔ အဆိပ္အျပင္းဆံုးေျမြေတြျဖစ္တဲ့ black mamba နဲ႔ taipan ေျမြတစ္ေကာင္စီ ကိုက္တာ ကို ေလာေလာလတ္လတ္ ခံျပခဲ့သူလည္း ျဖစ္ပါတယ္။ သူဟာ အခုလို ေျမြကိုက္တာကို ၾကည္ၾကည္ျဖဴျဖဴ ခံယူခဲ့တာဟာ ၁၆ ႏွစ္ေက်ာ္ရွိေနခဲ့ပါၿပီ။သူ႔ရဲ ႔ေမွ်ာ္လင့္ခ်က္ကေတာ့ သူ႔လုပ္ရပ္ေတြဟာ အဆိပ္ျပင္းတဲ့ ေျမြေတြ ကိုက္တာကို အဆိပ္ေျဖေပးႏိုင္တဲ့ ကာကြယ္ေဆးတစ္မ်ိဳး ထုတ္လုပ္ႏိုင္ဖို႔လည္းပါ၀င္တယ္လို႔ ဆိုပါတယ္။
Tim ဟာ အခုလို ေျမြကိုက္ၿပီးေသဆံုးျခင္းေတြက ကာကြယ္ႏိုင္ဖို႔ ႀကိဳးစားေနရင္းနဲ႔ပဲ သူကိုယ္တိုင္ ေသမလို ခဏခဏ ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ သူ႔ရဲ ႔ ဇနီးဟာ သူ႔ကို ကြာရွင္းခဲ့ပါတယ္။
ဒါေပမယ့္လည္း သူ႔ ရဲ ႔ ရွာေဖြေဖာ္ထုတ္မႈဟာ တစ္ျဖည္းျဖည္း နီးစပ္လာပါၿပီ။ ကယ္လီဖိုးနီးယား တကၠသိုလ္က အဏုဇီ၀ ပညာရွင္ ေဒါက္တာ Brian Hanley ရဲ ႔ ေျပာၾကားခ်က္အရေတာ့ Tim ဟာ လက္ရွိမွာ ပဋိပစၥည္းေတြထက္ ၂ ဆ သန္မာေနၿပီဆိုတာကို စမ္းသပ္သိရွိခဲ့ပါတယ္။ ဒါဟာလည္း Tim ေဖာ္ထုတ္ေနတဲ့ ေျမြဆိပ္ေျဖ ကာကြယ္ေဆး တစ္မ်ိဳးဟာ ထြက္ေပၚလာဖို႔ နီးစပ္ေနၿပီဆိုတဲ့ အဓိပၸာယ္မ်ိဳးပဲျဖစ္ပါတယ္။
( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref : Metro
..........................................................
မြွေဆိပ်ဖြေ ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ အကြိမ် ၁၆၀ အထိ မြွေအကိုက်ခံခဲ့တဲ့ အမျိုးသား
ဒီအမျိုးသားကတော့ အဆိပ်ပြင်းတဲ့ မြွေတွေ အကြိမ် ၁၆၀ ကျော်လောက် ကိုက်တာကို ကိုယ်တိုင်ခံယူခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ Wisconsin ပြည်နယ် ၊ Fond du Lac မြို ့မှာနေထိုင်တဲ့ အပျော်တမ်း သိပ္ပံပညာရှင် Tim Friede ဟာ အခုလို မြွေတွေကိုက်တာကို တောက်လျှောက်ခံလာခဲ့တာဟာ သူ့ကိုယ်သူ ခုခံအား ကောင်းမွန်လာစေဖို့ပါ လို့ အခိုင်အမာ ဆိုခဲ့ပြန်ပါတယ်။
အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ Tim Friede ဟာ ကမ္ဘာ့ အဆိပ်အပြင်းဆုံးမြွေတွေဖြစ်တဲ့ black mamba နဲ့ taipan မြွေတစ်ကောင်စီ ကိုက်တာ ကို လောလောလတ်လတ် ခံပြခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ အခုလို မြွေကိုက်တာကို ကြည်ကြည်ဖြူဖြူ ခံယူခဲ့တာဟာ ၁၆ နှစ်ကျော်ရှိနေခဲ့ပါပြီ။သူ့ရဲ ့မျှော်လင့်ချက်ကတော့ သူ့လုပ်ရပ်တွေဟာ အဆိပ်ပြင်းတဲ့ မြွေတွေ ကိုက်တာကို အဆိပ်ဖြေပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နိုင်ဖို့လည်းပါ၀င်တယ်လို့ ဆိုပါတယ်။
Tim ဟာ အခုလို မြွေကိုက်ပြီးသေဆုံးခြင်းတွေက ကာကွယ်နိုင်ဖို့ ကြိုးစားနေရင်းနဲ့ပဲ သူကိုယ်တိုင် သေမလို ခဏခဏ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သူ့ရဲ ့ ဇနီးဟာ သူ့ကို ကွာရှင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ့ ရဲ ့ ရှာဖွေဖော်ထုတ်မှုဟာ တစ်ဖြည်းဖြည်း နီးစပ်လာပါပြီ။ ကယ်လီဖိုးနီးယား တက္ကသိုလ်က အဏုဇီဝ ပညာရှင် ဒေါက်တာ Brian Hanley ရဲ ့ ပြောကြားချက်အရတော့ Tim ဟာ လက်ရှိမှာ ပဋိပစ္စည်းတွေထက် ၂ ဆ သန်မာနေပြီဆိုတာကို စမ်းသပ်သိရှိခဲ့ပါတယ်။ ဒါဟာလည်း Tim ဖော်ထုတ်နေတဲ့ မြွေဆိပ်ဖြေ ကာကွယ်ဆေး တစ်မျိုးဟာ ထွက်ပေါ်လာဖို့ နီးစပ်နေပြီဆိုတဲ့ အဓိပ္ပာယ်မျိုးပဲဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
ေျမြဆိပ္ေျဖ ကာကြယ္ေဆး ေဖာ္ထုတ္ႏိုင္ဖို႔ အႀကိမ္ ၁၆၀ အထိ ေျမြအကိုက္ခံခဲ့တဲ့ အမ်ိဳးသား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 24, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment