Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 26, 2016

ၾကက္သားရခိုင္ခ်က္

ၾကက္သား..............၁ျခမ္း
စပါးလင္................၂ပင္(ျဖဴေသာအပိုင္းသာ)
င႐ုတ္သီးစိမ္း...........မိမိႏွစ္သက္သေလာက္
မွ်င္ငါးပိ(စိမ္းစားငါးပိ)..၁ဇြန္း
မန္က်ည္းသီးမွည့္........အနည္းငယ္
နံနံပင္.......................၁စည္း
ၾကက္သားကိုေရေဆးသန္႔စင္ၿပီးအေနေတာ္အတုံးမ်ားသုံးကာဆား၊ဟင္းခတ္မႈန္႔၊နႏြင္းအနည္းငယ္ျဖင့္နယ္ၿပီးအရသာႏွပ္ထားပါ။
အိုးငယ္တစ္လုံးအတြင္းငါးပိကိုအနည္းငယ္ေခ်ထည့္ၿပီး
မိမိအသုံးျပဳမယ့္င႐ုတ္သီးႏွင့္အတူနႏြင္းမႈန္႔အနည္းငယ္ထည့္ကာလက္ဖက္ရည္တစ္ပန္းကန္လုံးစာေရထည့့္ၿပီးခမ္းသည္အထိျပဳတ္ပါ။
ျပဳတ္ထားေသာငါးပိႏွင့္င႐ုတ္သီးအေရာကိုေခတၱအေအးခံၿပီးေစးညႇက္ေအာင္ေထာင္းပါ။(မ်က္လုံးအတြင္းသို႔စင္တတ္သည္ကိုသတိျပဳပါ)
ထိုစဥ္အတြင္းအရသာနယ္ထားေသာၾကက္သားကိုအိုးတစ္လုံးတြင္ထည့္ၿပီးစပါးလင္ကိုဓားျပား႐ိုက္ထည့္ၿပီးျပဳတ္ပါ။
အျမွဳပ္ ႏွင့္အညစ္အေၾကးမ်ားကိုခပ္ထုတ္ပစ္ပါ။
တစ္ပြက္ဆူလာၿပီဆိုတာႏွင့္ေထာင္းထားေသာငါးပိ၊င႐ုတ္သီးအေရာ၊ဆား၊ဟင္းခတ္မႈန္႔၊မန္က်ည္းမွည့္ရည္တို႔ျဖင့္ခ်ိဳ၊ခ်ဥ္၊ငံ၊စပ္အရသာေလးျဖစ္ေအာင္ညႇိယူပါ။
သုံးေဆာင္ခါနီးဟင္းပူပူကိုမွနံနံပင္ေလးအုပ္ၿပီးသုံးေဆာင္ပါ။
‪#‎ပာင္းခ်က္နည္းမ်ား‬,via Lwin Oo
..............

ကြက်သားရခိုင်ချက်

ကြက်သား..............၁ခြမ်း
စပါးလင်................၂ပင်(ဖြူသောအပိုင်းသာ)
ငရုတ်သီးစိမ်း...........မိမိနှစ်သက်သလောက်
မျှင်ငါးပိ(စိမ်းစားငါးပိ)..၁ဇွန်း
မန်ကျည်းသီးမှည့်........အနည်းငယ်
နံနံပင်.......................၁စည်း
ကြက်သားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးများသုံးကာဆား၊ဟင်းခတ်မှုန့်၊နနွင်းအနည်းငယ်ဖြင့်နယ်ပြီးအရသာနှပ်ထားပါ။
အိုးငယ်တစ်လုံးအတွင်းငါးပိကိုအနည်းငယ်ချေထည့်ပြီး
မိမိအသုံးပြုမယ့်ငရုတ်သီးနှင့်အတူနနွင်းမှုန့်အနည်းငယ်ထည့်ကာလက်ဖက်ရည်တစ်ပန်းကန်လုံးစာရေထည့့်ပြီးခမ်းသည်အထိပြုတ်ပါ။
ပြုတ်ထားသောငါးပိနှင့်ငရုတ်သီးအရောကိုခေတ္တအအေးခံပြီးစေးညှက်အောင်ထောင်းပါ။(မျက်လုံးအတွင်းသို့စင်တတ်သည်ကိုသတိပြုပါ)
ထိုစဉ်အတွင်းအရသာနယ်ထားသောကြက်သားကိုအိုးတစ်လုံးတွင်ထည့်ပြီးစပါးလင်ကိုဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။
အမြှုပ် နှင့်အညစ်အကြေးများကိုခပ်ထုတ်ပစ်ပါ။
တစ်ပွက်ဆူလာပြီဆိုတာနှင့်ထောင်းထားသောငါးပိ၊ငရုတ်သီးအရော၊ဆား၊ဟင်းခတ်မှုန့်၊မန်ကျည်းမှည့်ရည်တို့ဖြင့်ချို၊ချဉ်၊ငံ၊စပ်အရသာလေးဖြစ်အောင်ညှိယူပါ။
သုံးဆောင်ခါနီးဟင်းပူပူကိုမှနံနံပင်လေးအုပ်ပြီးသုံးဆောင်ပါ။
‪#‎ပာင်းချက်နည်းများ‬,via Lwin Oo

No comments:

Post a Comment