၁၅၉၂၊ ဇန္နဝါရီလ၊ ၅ရက္ေန႔တြင္ ရွားဂ်ာဟန္ (Shah Jahan) မင္းသားကို ေမြးဖြားခဲ့သည္။ မင္းသားသည္ အသက္ ၁၅ႏွစ္ အရြယ္ ၁၆၀၈ခုႏွစ္တြင္ ပါရွန္မင္းသမီး မြန္တာဇ္မဟာရာဂ်္ (Mumtaz Mahal) ၁၄ႏွစ္ ႏွင့္ ေစ့စပ္ခဲ့သည္။ သို႔ေသာ္အေၾကာင္းေၾကာင္းေၾကာင့္ မြန္တာဇ္မဟာရာဂ်္ ႏွင့္ ေစ့စပ္ျပီး ငါးႏွစ္အၾကာမွ လက္ထက္ခဲ့သည့္အတြက္ တတိယေျမာက္ မိဖုရားျဖစ္ခဲ့ရျခင္း ျဖစ္သည္။ ပထမမိဖုရားမွာ Kandahari Begum ျဖစ္ျပီး ဒုတိယမိဖုရားမွာ Arjumand Banu Begum ျဖစ္သည္။ ပထမမိဖုရားႏွင့္ ဒုတိယမိဖုရားတို႔ႏွင့္ ကေလးႏွစ္ေယာက္ ရခဲ့ျပီး တတိယမိဖုရားႏွင့္ ကေလး တစ္ဆယ့္ေလးေယာက္ ရခဲ့သည္။ ၁၆၂၈ခုႏွစ္တြင္ ဘုရင္အျဖစ္ နန္းတက္ခဲ့သည္။
၁၆၃၁ခုႏွစ္တြင္ တတိယမိဖုရားျဖစ္သည့္ မြန္တာဇ္မဟာရာဂ်္ သည္ ဘုရင္အတြက္ ၁၄ေယာက္ေျမာက္ရင္ေသြး Gauhara Begum ကို ေမြးဖြားစဥ္ ကြယ္လြန္ခဲ့သည္။ ကြယ္လြန္စဥ္တြင္ မိဖုရား၏အသက္မွာ ၄၀ ရိွျပီ ျဖစ္သည္။ ရွားဘုရင္သည္ မိဖုရား၏ ရုပ္အလာင္းကို Zainabad ဥယ်ာဥ္တြင္ ယာယီ သျဂိဳဟ္ျပီး ေနာင္တြင္ ကမၻာေက်ာ္လာမည့္ Taj Mahal ဂူသခ်ိဳၤင္းကို ၁၆၃၂ခုႏွစ္တြင္ စတင္ ေဆာက္လုပ္ခဲ့သည္။ ဂူသခ်ိဳၤင္းမွာ ၁၆၄၃ခုႏွစ္တြင္ ျပီးစီးျပီး အရံအေဆာက္အဦးမ်ားႏွင့္ ပန္းျခံမွာ ေနာက္ငါးႏွစ္အၾကာ ၁၆၄၈ခုႏွစ္ တြင္ ျပီးစီးသည္။
ရွားဂ်ာဟန္ဘုရင္ အုပ္စိုးစဥ္ကာလတြင္ မဂိုအင္ပါယာမွာ အခ်မ္းသာအၾကြယ္ဝဆံုး ျဖစ္ခဲ့သည့္အတြက္ အင္မတန္ၾကီးက်ယ္ ခမ္းနားသည့္ ဂူသခ်ိဳၤင္းကို ေဆာက္လုပ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ ဂူသခ်ိဳၤင္းကို စက်င္ေက်ာက္အျဖဴႏွင့္ သဲနီေက်ာက္မ်ားျဖင့္ တည္ေဆာက္ထားျပီး မဂိုႏွင့္ ပါရွန္ ယဥ္ေက်းမႈလက္ရာမ်ား ထံုးမႊမ္းထားသည္။ အေဆာက္အအံု၏ အလယ္ေကာင္တည့္တည့္တြင္ မိဖုရား၏ ေက်ာက္ျဖဴဂူကို ထားရိွထားျပီး ရတနာ ၁၂မ်ိဳးျဖင့္ ျပီးေသာ ခန္းစီးျဖင့္ ကာရံထားသည္။ ေက်ာက္သားေပၚတြင္ တိရိစၦာန္ပံု သစ္ပင္ပံုမ်ားကို ထြင္းထားျပီး မွန္စီေရႊခ်လက္ရာမ်ားမွာ အလြန္လွပသည္။ ရွားဂ်ာဟန္ဘုရင္သည္ နန္းေတာ္ေမွ်ာ္စင္မွတဆင့္ ယမံုနာျမစ္တစ္ဖက္ကမ္းတြင္ ရိွသည့္ သူ၏မိဖုရားရိွရာ Taj Mahal ဂူသခ်ိဳၤင္းကို ၾကည့္ျပီး ပူေဆြးလြမ္းဆြတ္ရင္း ေနခဲ့ရတယ္လို႔ သိရိွရတယ္။
၁၆၅၈ခုႏွစ္တြင္ သားေတာ္ Aurangzeb ကို ဘုရင္ေနရာ လႊဲေျပာင္းေပးခဲ့ရသည္။ သက္ေတာ္ ၇၄ႏွစ္ ၁၆၆၆၊ ဇန္နဝါရီလ၊ ၂၂ရက္တြင္ ကြယ္လြန္ခဲ့သည္။ ရွားဂ်ာဟန္ဘုရင္၏ နာမက်န္းခင္ ေျပာခဲ့ေသာ ဆႏၵမွာ သူေသသြားျပီးရင္ သူ၏ဂူသခ်ိဳၤင္းကို ယမံုနာျမစ္ တဖက္ကမ္း တာ့ဂ်္မဟာရဲ႕ အေရွ႕တည့္တည့္မွာ အနက္ေရာင္ စက်င္ေက်ာက္မ်ားျဖင့္ တာ့ဂ်္မဟာအတိုင္း ပံုတူ ဂူသခ်ိဳၤင္းေဆာက္လုပ္ေပးရန္ျဖစ္သည္။ သို႔ေသာ္ သားေတာ္ Aurangzeb ဘုရင္မွ ဖခင္၏အုတ္ဂူကို မြန္တာဇ္မဟာရာဂ်္ ၏ အုတ္ဂူေဘးတြင္ ပိုျမင့္ေသာ ေက်ာက္ခံုၾကီးေပၚတြင္သာ သျဂိဳဟ္ေပးခဲ့ သည္။ ၁၉၈၃ခုႏွစ္တြင္ တာ့ဂ်္မဟာကို ယူနက္စကိုမွ ကမၻာ့အေမြအႏွစ္စာရင္းတြင္ ထည့္သြင္းခဲ့သည္။
Ref: Wiki
Stacy Chan (ရိုးရာေလး)
.............................
မဂိုဘုရင်တစ်ပါး၏ ကမ္ဘာကျော် အချစ်
၁၅၉၂၊ ဇန်နဝါရီလ၊ ၅ရက်နေ့တွင် ရှားဂျာဟန် (Shah Jahan) မင်းသားကို မွေးဖွားခဲ့သည်။ မင်းသားသည် အသက် ၁၅နှစ် အရွယ် ၁၆၀၈ခုနှစ်တွင် ပါရှန်မင်းသမီး မွန်တာဇ်မဟာရာဂျ် (Mumtaz Mahal) ၁၄နှစ် နှင့် စေ့စပ်ခဲ့သည်။ သို့သော်အကြောင်းကြောင်းကြောင့် မွန်တာဇ်မဟာရာဂျ် နှင့် စေ့စပ်ပြီး ငါးနှစ်အကြာမှ လက်ထက်ခဲ့သည့်အတွက် တတိယမြောက် မိဖုရားဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ပထမမိဖုရားမှာ Kandahari Begum ဖြစ်ပြီး ဒုတိယမိဖုရားမှာ Arjumand Banu Begum ဖြစ်သည်။ ပထမမိဖုရားနှင့် ဒုတိယမိဖုရားတို့နှင့် ကလေးနှစ်ယောက် ရခဲ့ပြီး တတိယမိဖုရားနှင့် ကလေး တစ်ဆယ့်လေးယောက် ရခဲ့သည်။ ၁၆၂၈ခုနှစ်တွင် ဘုရင်အဖြစ် နန်းတက်ခဲ့သည်။
၁၆၃၁ခုနှစ်တွင် တတိယမိဖုရားဖြစ်သည့် မွန်တာဇ်မဟာရာဂျ် သည် ဘုရင်အတွက် ၁၄ယောက်မြောက်ရင်သွေး Gauhara Begum ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ်တွင် မိဖုရား၏အသက်မှာ ၄၀ ရှိပြီ ဖြစ်သည်။ ရှားဘုရင်သည် မိဖုရား၏ ရုပ်အလာင်းကို Zainabad ဥယျာဉ်တွင် ယာယီ သဂြိုဟ်ပြီး နောင်တွင် ကမ္ဘာကျော်လာမည့် Taj Mahal ဂူသချိုင်္င်းကို ၁၆၃၂ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့သည်။ ဂူသချိုင်္င်းမှာ ၁၆၄၃ခုနှစ်တွင် ပြီးစီးပြီး အရံအဆောက်အဦးများနှင့် ပန်းခြံမှာ နောက်ငါးနှစ်အကြာ ၁၆၄၈ခုနှစ် တွင် ပြီးစီးသည်။
ရှားဂျာဟန်ဘုရင် အုပ်စိုးစဉ်ကာလတွင် မဂိုအင်ပါယာမှာ အချမ်းသာအကြွယ်ဝဆုံး ဖြစ်ခဲ့သည့်အတွက် အင်မတန်ကြီးကျယ် ခမ်းနားသည့် ဂူသချိုင်္င်းကို ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂူသချိုင်္င်းကို စကျင်ကျောက်အဖြူနှင့် သဲနီကျောက်များဖြင့် တည်ဆောက်ထားပြီး မဂိုနှင့် ပါရှန် ယဉ်ကျေးမှုလက်ရာများ ထုံးမွှမ်းထားသည်။ အဆောက်အအုံ၏ အလယ်ကောင်တည့်တည့်တွင် မိဖုရား၏ ကျောက်ဖြူဂူကို ထားရှိထားပြီး ရတနာ ၁၂မျိုးဖြင့် ပြီးသော ခန်းစီးဖြင့် ကာရံထားသည်။ ကျောက်သားပေါ်တွင် တိရိစ္ဆာန်ပုံ သစ်ပင်ပုံများကို ထွင်းထားပြီး မှန်စီရွှေချလက်ရာများမှာ အလွန်လှပသည်။ ရှားဂျာဟန်ဘုရင်သည် နန်းတော်မျှော်စင်မှတဆင့် ယမုံနာမြစ်တစ်ဖက်ကမ်းတွင် ရှိသည့် သူ၏မိဖုရားရှိရာ Taj Mahal ဂူသချိုင်္င်းကို ကြည့်ပြီး ပူဆွေးလွမ်းဆွတ်ရင်း နေခဲ့ရတယ်လို့ သိရှိရတယ်။
၁၆၅၈ခုနှစ်တွင် သားတော် Aurangzeb ကို ဘုရင်နေရာ လွှဲပြောင်းပေးခဲ့ရသည်။ သက်တော် ရ၄နှစ် ၁၆၆၆၊ ဇန်နဝါရီလ၊ ၂၂ရက်တွင် ကွယ်လွန်ခဲ့သည်။ ရှားဂျာဟန်ဘုရင်၏ နာမကျန်းခင် ပြောခဲ့သော ဆန္ဒမှာ သူသေသွားပြီးရင် သူ၏ဂူသချိုင်္င်းကို ယမုံနာမြစ် တဖက်ကမ်း တာ့ဂျ်မဟာရဲ့ အရှေ့တည့်တည့်မှာ အနက်ရောင် စကျင်ကျောက်များဖြင့် တာ့ဂျ်မဟာအတိုင်း ပုံတူ ဂူသချိုင်္င်းဆောက်လုပ်ပေးရန်ဖြစ်သည်။ သို့သော် သားတော် Aurangzeb ဘုရင်မှ ဖခင်၏အုတ်ဂူကို မွန်တာဇ်မဟာရာဂျ် ၏ အုတ်ဂူဘေးတွင် ပိုမြင့်သော ကျောက်ခုံကြီးပေါ်တွင်သာ သဂြိုဟ်ပေးခဲ့ သည်။ ၁၉၈၃ခုနှစ်တွင် တာ့ဂျ်မဟာကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။
Ref: Wiki
Stacy Chan (ရိုးရာလေး)
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 30, 2016
မဂိုဘုရင္တစ္ပါး၏ ကမၻာေက်ာ္ အခ်စ္(မဂိုဘုရင်တစ်ပါး၏ ကမ္ဘာကျော် အချစ်)
မဂိုဘုရင္တစ္ပါး၏ ကမၻာေက်ာ္ အခ်စ္(မဂိုဘုရင်တစ်ပါး၏ ကမ္ဘာကျော် အချစ်)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 30, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment