CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, January 19, 2016
ခႏၶာကုိယ္ေအာက္ပုိင္း အကာအကြယ္ခါးပတ္ ေသာ့ေပ်ာက္သြားလုိ႔ မီးသတ္ဌာနမွာ အကူအညီေတာင္းခဲ့ရတဲ့ အမ်ဳိးသမီး
အီတလီႏိုင္ငံက အမ်ိဳးသမီး တစ္ဦးဟာ ခႏၶာကိုယ္ေအာက္ပိုင္း လုံၿခဳံမႈရွိေစဖုိ႔ ဝတ္ဆင္တဲ့ အကာအကြယ္ခါးပတ္ ေသာ့ေပ်ာက္သြားတာေၾကာင့္ မီးသတ္ဌာနမွာ အကူအညီ ေတာင္းခဲ့တယ္လုိ႔ Telegraph သတင္းဌာနက ေဖာ္ျပပါတယ္။
ဒီအမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ နံနက္ပိုင္းက အီတလီႏိုင္ငံ ပါဒူအာၿမိဳ႕က မီးသတ္ဌာနကုိ ေရာက္လာခဲ့ၿပီး ေသာ့ဖြင့္မရလုိ႔ အကူအညီ ေတာင္းခ်င္ပါတယ္လုိ႔ ေျပာခဲ့ပါတယ္။ သူက အဲဒီလုိေျပာခ်ိန္မွာ မီးသတ္သမားက ဒီအမ်ိဳးသမီးအေနနဲ႔ အိမ္ထဲမွာ ေသာ့က်န္ခဲ့တာကုိ သတိမထားမိဘဲ အျပင္ဘက္ကေန ေသာ့ပိတ္မိလုိ႔ အိမ္ထဲျပန္ဝင္ဖုိ႔
အခက္ေတြ႕ေနတယ္လုိ႔ ထင္မွတ္ခဲ့ပါတယ္။
အဲဒီအတြက္ မီးသတ္သမားက အိမ္တံခါးေသာ့ဖ်က္ေပးဖုိ႔ အိမ္လိပ္စာနဲ႔ လိုအပ္တဲ့ အခ်က္အလက္ေတြ ေမးျမန္းရာမွာ အမ်ိဳးသမီးက သူမရဲ႕ ခႏၶာကိုယ္ ေအာက္ပိုင္း အဝတ္အစားကို လွန္ျပၿပီး အကာအကြယ္ခါးပတ္ ေသာ့ေပ်ာက္သြားတဲ့အေၾကာင္း ရွင္းျပခဲ့ပါတယ္။
''ကၽြန္မရဲ႕ အကာအကြယ္ခါးပတ္ေသာ့ ေပ်ာက္သြားတယ္။ ဒါကို ကၽြန္မ ဖြင့္လို႔မရေတာ့ဘူး''ဟု အမ်ိဳးသမီးက ေျပာခ်ိန္မွာ မီးသတ္ဌာနက မီးသတ္သမားအားလုံး မွင္သက္သြားခဲ့ၾကပါတယ္။
သူမရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္းအကာအကြယ္ခါးပတ္က သံနဲ႔လုပ္ထားတဲ့ ပစၥည္းပါ။ ဒါေပမဲ့ မီးသတ္သမားက အဲဒီပစၥည္းကုိ အခ်ိန္တိုအတြင္း ခ်ိဳးျဖတ္ေပးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒီေနာက္မွာ အဲဒီအမ်ိဳးသမီးကို
တစ္ေယာက္ေယာက္က ခႏၶာကိုယ္ေအာက္ပိုင္း အကာအကြယ္ခါးပတ္ အတင္းအက်ပ္ဝတ္ခုိင္းထားတာလား (ဒါမွမဟုတ္)ကိုယ့္သေဘာနဲ႔ ကိုယ္ ဝတ္ခဲ့တာလားဆုိတာကုိ ေမးျမန္းခဲ့ပါတယ္။
ဒီအမ်ိဳးသမီးက သူ႔အေနနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမခံရေအာင္ ကိုယ့္သေဘာနဲ႔ကိုယ္ အကာအကြယ္ခါးပတ္ ဝတ္ခဲ့တာလုိ႔ ေျပာပါတယ္။ ဒီအမ်ဳိးသမီးဟာ အီတလီႏုိင္ငံရဲ႕ ပုဂၢလိကပုိင္းဆုိင္ရာ ဥပေဒအရ အမည္မေဖာ္ခဲ့ဘူးလုိ႔ Telegraph သတင္းဌာနက ေဖာ္ျပပါတယ္။
Ref : http://www.telegraph.co.uk/news/worldnews/europe/italy/12104288/Italian-woman-asks-for-help-from-firefighters-after-losing-keys-to-her-chastity-belt.html
Nz(ရုိးရာေလး)
ww.yoyarlay.com
#Nz_yyl
#news_yyl
................................................................
ခန္ဓာကိုယ်အောက်ပိုင်း အကာအကွယ်ခါးပတ် သော့ပျောက်သွားလို့ မီးသတ်ဌာနမှာ အကူအညီတောင်းခဲ့ရတဲ့ အမျိုးသမီး
အီတလီနိုင်ငံက အမျိုးသမီး တစ်ဦးဟာ ခန္ဓာကိုယ်အောက်ပိုင်း လုံခြုံမှုရှိစေဖို့ ဝတ်ဆင်တဲ့ အကာအကွယ်ခါးပတ် သော့ပျောက်သွားတာကြောင့် မီးသတ်ဌာနမှာ အကူအညီ တောင်းခဲ့တယ်လို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။
ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အီတလီနိုင်ငံ ပါဒူအာမြို့က မီးသတ်ဌာနကို ရောက်လာခဲ့ပြီး သော့ဖွင့်မရလို့ အကူအညီ တောင်းချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီလိုပြောချိန်မှာ မီးသတ်သမားက ဒီအမျိုးသမီးအနေနဲ့ အိမ်ထဲမှာ သော့ကျန်ခဲ့တာကို သတိမထားမိဘဲ အပြင်ဘက်ကနေ သော့ပိတ်မိလို့ အိမ်ထဲပြန်ဝင်ဖို့
အခက်တွေ့နေတယ်လို့ ထင်မှတ်ခဲ့ပါတယ်။
အဲဒီအတွက် မီးသတ်သမားက အိမ်တံခါးသော့ဖျက်ပေးဖို့ အိမ်လိပ်စာနဲ့ လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်းရာမှာ အမျိုးသမီးက သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်း အဝတ်အစားကို လှန်ပြပြီး အကာအကွယ်ခါးပတ် သော့ပျောက်သွားတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
''ကျွန်မရဲ့ အကာအကွယ်ခါးပတ်သော့ ပျောက်သွားတယ်။ ဒါကို ကျွန်မ ဖွင့်လို့မရတော့ဘူး''ဟု အမျိုးသမီးက ပြောချိန်မှာ မီးသတ်ဌာနက မီးသတ်သမားအားလုံး မှင်သက်သွားခဲ့ကြပါတယ်။
သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းအကာအကွယ်ခါးပတ်က သံနဲ့လုပ်ထားတဲ့ ပစ္စည်းပါ။ ဒါပေမဲ့ မီးသတ်သမားက အဲဒီပစ္စည်းကို အချိန်တိုအတွင်း ချိုးဖြတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာ အဲဒီအမျိုးသမီးကို
တစ်ယောက်ယောက်က ခန္ဓာကိုယ်အောက်ပိုင်း အကာအကွယ်ခါးပတ် အတင်းအကျပ်ဝတ်ခိုင်းထားတာလား (ဒါမှမဟုတ်)ကိုယ့်သဘောနဲ့ ကိုယ် ဝတ်ခဲ့တာလားဆိုတာကို မေးမြန်းခဲ့ပါတယ်။
ဒီအမျိုးသမီးက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမခံရအောင် ကိုယ့်သဘောနဲ့ကိုယ် အကာအကွယ်ခါးပတ် ဝတ်ခဲ့တာလို့ ပြောပါတယ်။ ဒီအမျိုးသမီးဟာ အီတလီနိုင်ငံရဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ ဥပဒေအရ အမည်မဖော်ခဲ့ဘူးလို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။
Ref : http://www.telegraph.co.uk/news/worldnews/europe/italy/12104288/Italian-woman-asks-for-help-from-firefighters-after-losing-keys-to-her-chastity-belt.html
Nz(ရိုးရာလေး)
ww.yoyarlay.com
#Nz_yyl
#news_yyl
ခႏၶာကုိယ္ေအာက္ပုိင္း အကာအကြယ္ခါးပတ္ ေသာ့ေပ်ာက္သြားလုိ႔ မီးသတ္ဌာနမွာ အကူအညီေတာင္းခဲ့ရတဲ့ အမ်ဳိးသမီး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 19, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment