Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 3, 2016

အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးအတြက္ ရက္ပ္သီခ်င္းဆိုခဲ့တဲ့ တရုတ္သမၼတ ရွီက်င္းပင္


တရုတ္ႏိုင္ငံရဲ ႔သမၼတ ဟာ တရုတ္ကြန္ျမဴနစ္ ပါတီရဲ ႔ တိုင္းျပည္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး အစီအစဥ္အတြက္ ထုတ္လုပ္ထားတဲ့ ရက္ပ္ သီခ်င္းတစ္ပုဒ္မွာ ပါ၀င္ခဲ့ရတယ္လို႔ သိရပါတယ္။

ထို သီခ်င္းထဲမွာေတာ့ တရုတ္သမၼတဟာ Bid Daddy Xi အျဖစ္ ပါ၀င္ခဲ့တာ ျဖစ္ၿပီး သူ႔ စိတ္ႀကိဳက္စာသားေတြကို ထည့္သြင္းခြင့္ရခဲ့ပါတယ္။

South China Morning သတင္းဌာန ရဲ ႔ ဘာသာျပန္ဆိုေပးထားမႈအရေတာ့ တရုတ္သမၼတ ရွီက်င္းပင္ က "အဂတိ လိုက္စားမႈအားလံုး အေရးယူခံရမယ္။ အဂတိလိုက္စားမႈတိုင္းဟာ တရား၀င္တိုက္ဖ်က္ခံရမယ္ ၊ ျပည္သူေတြရဲ ႔ဆႏၵဟာ ငါတို႔ရဲ ႔လုပ္ရပ္ ျဖစ္လာပါေစ" စတဲ့ စာသားေတြကို ရက္ပ္အေနနဲ႔ ရြတ္ဆိုခဲ့ပါတယ္။

တရုတ္ႏိုင္ငံရဲ ႔၀ါရင့္ေခါင္းေဆာင္ေတြကလည္း သူတို႔ ရဲ ႔ ကေလးေတြ  ၊ မိသားစု၀င္ေတြ အားလံုးကိုလည္း အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးမွာ ပါ၀င္ၾကဖို႔ တိုက္တြန္းထားၾကတယ္လို႔ သိရပါတယ္။ ထို ရက္ပ္သီခ်င္းထဲမွာပါတဲ့ တစ္ျခား စာသားေတြကေတာ့ "ေျမေခြး သုတ္သင္မႈ စစ္ဆင္ေရး" လို႔ အမည္ေပးထားတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး လႈပ္ရွားမႈ ကို ဂုဏ္တင္ေျပာဆိုထားတာေတြျဖစ္ပါတယ္။

ႏို၀င္ဘာလမွာတုန္းကေတာ့ တရုတ္ႏိုင္ငံဟာ ေငြေရးေၾကးေရးဆိုင္ရာ အက်င့္ပ်က္ျခစားသူ ၂၈၈ ေယာက္တို႔ကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ "ေျမေခြး သုတ္သင္မႈ စစ္ဆင္ေရး" ကိုေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ မွာ စတင္ခဲ့တာျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror
.....................
 အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် ရက်ပ်သီချင်းဆိုခဲ့တဲ့ တရုတ်သမ္မတ ရှီကျင်းပင်
တရုတ်နိုင်ငံရဲ ့သမ္မတ ဟာ တရုတ်ကွန်မြူနစ် ပါတီရဲ ့ တိုင်းပြည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် ထုတ်လုပ်ထားတဲ့ ရက်ပ် သီချင်းတစ်ပုဒ်မှာ ပါ၀င်ခဲ့ရတယ်လို့ သိရပါတယ်။

ထို သီချင်းထဲမှာတော့ တရုတ်သမ္မတဟာ Bid Daddy Xi အဖြစ် ပါ၀င်ခဲ့တာ ဖြစ်ပြီး သူ့ စိတ်ကြိုက်စာသားတွေကို ထည့်သွင်းခွင့်ရခဲ့ပါတယ်။

South China Morning သတင်းဌာန ရဲ ့ ဘာသာပြန်ဆိုပေးထားမှုအရတော့ တရုတ်သမ္မတ ရှီကျင်းပင် က "အဂတိ လိုက်စားမှုအားလုံး အရေးယူခံရမယ်။ အဂတိလိုက်စားမှုတိုင်းဟာ တရားဝင်တိုက်ဖျက်ခံရမယ် ၊ ပြည်သူတွေရဲ ့ဆန္ဒဟာ ငါတို့ရဲ ့လုပ်ရပ် ဖြစ်လာပါစေ" စတဲ့ စာသားတွေကို ရက်ပ်အနေနဲ့ ရွတ်ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ ့ဝါရင့်ခေါင်းဆောင်တွေကလည်း သူတို့ ရဲ ့ ကလေးတွေ  ၊ မိသားစုဝင်တွေ အားလုံးကိုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ ပါ၀င်ကြဖို့ တိုက်တွန်းထားကြတယ်လို့ သိရပါတယ်။ ထို ရက်ပ်သီချင်းထဲမှာပါတဲ့ တစ်ခြား စာသားတွေကတော့ "မြေခွေး သုတ်သင်မှု စစ်ဆင်ရေး" လို့ အမည်ပေးထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ကို ဂုဏ်တင်ပြောဆိုထားတာတွေဖြစ်ပါတယ်။

နိုဝင်ဘာလမှာတုန်းကတော့ တရုတ်နိုင်ငံဟာ ငွေရေးကြေးရေးဆိုင်ရာ အကျင့်ပျက်ခြစားသူ ၂၈၈ ယောက်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ "မြေခွေး သုတ်သင်မှု စစ်ဆင်ရေး" ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ မှာ စတင်ခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment