ဒီအလွသစ္ပင္ေလးေတြဟာ အလြန္အမင္း စိတ္ဝင္စားဖြယ္ေကာင္းလုိ႔ ေနပါတယ္။ ေလထဲ ၾကြပ်ံႏုိင္တဲ့ ဒီအလွသစ္ပင္ေလးေတြဟာ ၾကည့္လုိက္ရင္ သူတုိ႔ဘာသာ ေမ်ာပ်ံေနသလို ထိမွတ္ေစဖုိ႔ ဂ်ပန္နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Air Bonsai မွ တီထြင္ဖန္တီးျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
အမွန္ေတာ့ ေအာက္ေျခအထိုင္နဲ႔ သစ္ပင္ ႏွစ္ခုလုံးမွာ တပ္ဆင္ထားတဲ့ သံလုိက္ႏွစ္ခုေၾကာင့္ ဒီအပင္ဟာ ေလေပၚ ေခ်ာေခ်ာေမာေမာ အခုလုိ ၾကြပ်ံျပီး လည္ေနႏုိင္ျခင္း ျဖစ္ပါတယ္။ ေအာက္အထိုင္နဲ႔ ၂ စင္တီမီတာအကြာမွာ ရစ္ဝဲေနတဲ့ ဒီအပင္ဟာ ေရေလာင္းေပးဖုိ႔ လုိအပ္တယ္ဆုိေပမယ့္ ဂရုစုိက္ေစာင့္ေရွာက္မႈ အနည္းက်ဥ္းသာ လုိအပ္ပါတယ္။
ကုမၸဏီအေနနဲ႔ ဒီအပင္ေတြကို ေစ်းေပါေပါနဲ႔ ေရာင္းခ်မွာေတာ့ မဟုတ္ပါ။ တစ္စုံကို ေဒၚလာ ၂၀၀ (ယူရို ၁၄၀) နဲ႔ အာမခံပါရိွမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ျဖန္႔ျဖဴးေရာင္းခ်မယ့္ ရက္စြဲကို ၂၀၁၆ ၾသဂုတ္လ အၾကမ္းဖ်င္း သတ္မွတ္ထားျပီး တျခားႏုိင္ငံမ်ားအတြက္ သေဘၤာျဖင့္ပုိ႔ေဆာင္မႈေပးျခင္းသာ ရႏုိင္မယ္ျဖစ္ေၾကာင္း သိရပါတယ္။
Ref:Independent.co.uk
Trend Myanmar
.................
ဂျပန် နည်းပညာကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်သော လေပေါ်ကြွပျံနေမယ့် အလှထား သစ်ပင်
ဒီအလှသစ်ပင်လေးတွေဟာ အလွန်အမင်း စိတ်ဝင်စားဖွယ်ကောင်းလို့ နေပါတယ်။ လေထဲ ကြွပျံနိုင်တဲ့ ဒီအလှသစ်ပင်လေးတွေဟာ ကြည့်လိုက်ရင် သူတို့ဘာသာ မျောပျံနေသလို ထိမှတ်စေဖို့ ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Air Bonsai မှ တီထွင်ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမှန်တော့ အောက်ခြေအထိုင်နဲ့ သစ်ပင် နှစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ သံလိုက်နှစ်ခုကြောင့် ဒီအပင်ဟာ လေပေါ် ချောချောမောမော အခုလို ကြွပျံပြီး လည်နေနိုင်ခြင်း ဖြစ်ပါတယ်။ အောက်အထိုင်နဲ့ ၂ စင်တီမီတာအကွာမှာ ရစ်ဝဲနေတဲ့ ဒီအပင်ဟာ ရေလောင်းပေးဖို့ လိုအပ်တယ်ဆိုပေမယ့် ဂရုစိုက်စောင့်ရှောက်မှု အနည်းကျဉ်းသာ လိုအပ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ဒီအပင်တွေကို စျေးပေါပေါနဲ့ ရောင်းချမှာတော့ မဟုတ်ပါ။ တစ်စုံကို ဒေါ်လာ ၂၀၀ (ယူရို ၁၄၀) နဲ့ အာမခံပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြန့်ဖြူးရောင်းချမယ့် ရက်စွဲကို ၂၀၁၆ သြဂုတ်လ အကြမ်းဖျင်း သတ်မှတ်ထားပြီး တခြားနိုင်ငံများအတွက် သင်္ဘောဖြင့်ပို့ဆောင်မှုပေးခြင်းသာ ရနိုင်မယ်ဖြစ်ကြောင်း သိရပါတယ်။
Ref:Independent.co.uk
Trend Myanmar
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 30, 2016
ဂ်ပန္ နည္းပညာကုမၸဏီ တစ္ခုမွ ထုတ္လုပ္ေသာ ေလေပၚၾကြပ်ံေနမယ့္ အလွထား သစ္ပင္
ဂ်ပန္ နည္းပညာကုမၸဏီ တစ္ခုမွ ထုတ္လုပ္ေသာ ေလေပၚၾကြပ်ံေနမယ့္ အလွထား သစ္ပင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 30, 2016
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment