CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 20, 2016
မဂၤလာပြဲမတုိင္ခင္ ခ်စ္သူရဲ႕စြန္႔ပယ္ခံဘ၀မွ နာမည္ေက်ာ္စာအုပ္ထုတ္ေ၀ေရး ကုမၸဏီနဲ႔ စာအုပ္သုံးအုပ္ စာခ်ဳပ္ခ်ဳပ္ႏုိင္ခဲ့တဲ့ စာေရးဆရာမျဖစ္လာခဲ့သူ
အခ်ိန္အၾကာႀကီး လက္တြဲခဲ့တဲ့ ခ်စ္သူက လက္ထပ္ပြဲ က်င္းပမယ့္ အခ်ိန္မတိုင္ခင္ သီတင္းပတ္အနည္းငယ္အလိုမွာ စြန္႔ပစ္ခဲ့လုိ႔ စိတ္ပ်က္အားငယ္ခဲ့ရတဲ့ အမ်ိဳးသမီးတစ္ဦးဟာ အလုပ္ကထြက္၊ ပိုင္ဆိုင္မႈေတြ ေရာင္းခ်ၿပီး အေရွ႕ေတာင္အာရွကုိ ခရီးထြက္ခဲ့ၿပီးတဲ့ေနာက္ စာေတြေရးခဲ့ရာမွာ ကမၻာေက်ာ္ စာအုပ္တိုက္ တစ္တိုက္က စာအုပ္သုံးအုပ္ ေရးေပးဖုိ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့အတြက္ သူ႔ရဲ႕အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာခဲ့ပါတယ္။
မန္ခ်က္စတာၿမိဳ႕ ေလဆိပ္က ျပင္ပဆက္သြယ္ေရး ၀န္ထမ္းအျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ေကတီေကာလင္းဟာ လြန္ခဲ့တဲ့ ေလးႏွစ္က သူ႔ခ်စ္သူနဲ႔ ေပါင္ ၂၀၀၀၀ တန္ လက္ထပ္ပြဲ က်င္းပဖုိ႔ စီစဥ္ခဲ့ေပမယ့္ သူ႔ခ်စ္သူရဲ႕ ျငင္းဆန္မႈေၾကာင့္ ဘုရားေက်ာင္း လက္ထပ္ပြဲ ပ်က္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ေကာလင္းဟာ အလုပ္က ထြက္ခဲ့သလုိ အိမ္နဲ႔ ကားကုိ ေရာင္းၿပီး ေက်ာပုိးအိတ္ထဲကုိ တစ္ႏုိင္တပုိင္ ပစၥည္းေတြထည့္လုိ႔ အေရွ႕ေတာင္အာရွကုိ ခရီးထြက္ခဲ့ပါတယ္။ ထုိင္း၊ အိႏိၵယနဲ႔ နီေပါႏုိင္ငံေတြကုိ သူ သြားခဲ့ပါတယ္။
မဂၤလာပြဲပ်က္ခဲ့တာနဲ႔ ပတ္သက္လို႔ ''လူတိုင္းက ကၽြန္မ ႐ူးသြားၿပီလို႔ ထင္ခဲ့ၾကပါတယ္။ အရင္တုန္းက ကၽြန္မ တစ္ေယာက္တည္းတစ္ခါမွ ခရီးမသြားဖူး ဘူး။ ဒါေပမဲ့ အဲဒီတုန္းက ခရီးသြားတာ အေကာင္းဆုံးျဖစ္မယ္လို႔ ခံစားမိတယ္။ ကိုယ့္ကိုယ္ကိုယ္သိေအာင္ လုပ္ရမယ့္ အတြက္ ကၽြန္မသိကၽြမ္းခဲ့တဲ့လူေတြ၊ကၽြန္မ သိကၽြမ္းခဲ့တဲ့အရာေတြနဲ႔ေဝးရာမွာ ခဏ ေနထိုင္ဖို႔လိုတယ္။ အဲဒီတုန္းကေတာ့ အခုလို စိတ္ေက်နပ္စရာ မဟုတ္ခဲ့ပါဘူး''လုိ႔ ေကာလင္းက ေျပာပါတယ္။
ဆဲလ္ဖို႔ဒ္တကၠသိုလ္ကေန အဂၤလိပ္ဘာသာ၊ ဂ်ာနယ္လစ္ဘာသာရပ္ (Double Major)နဲ႔ ဘြဲ႕ရခဲ့တဲ့ ေကတီေကာလင္းဟာ တစ္ေန႔ေန႔မွာ ဝတၱဳစာအုပ္ တစ္အုပ္ေရးဖုိ႔ ေမွ်ာ္လင့္ခဲ့ဖူးပါတယ္။ ေကာလင္းဟာ အေရွ႕ေတာင္အာရွ ခရီးစဥ္မွာ ဟိမ၀ႏ ၱာေတာင္တန္းမွာ လွည္းစီးတာ၊ တက္ဂ်္မဟာအေဆာက္အအုံကုိ သြားေရာက္လည္ပတ္တာမ်ဳိးေတြ လုပ္ခဲ့သလုိ ေတာင္အေမရိကကုိလည္း ေျခာက္လၾကာ သြားေရာက္လည္ပတ္ခဲ့ပါတယ္။
ေကာလင္းဟာ သူ႔ရဲ႕ ခရီးစဥ္ေတြနဲ႔ ပတ္သက္ၿပီး သူငယ္ခ်င္းေတြနဲ႔ မိသားစုေတြ သိရေအာင္ ခရီးသြားျခင္းအေၾကာင္း ေရးသားတဲ့ ဘေလာ့ဂ္တစ္ခု ေထာင္ခဲ့ပါတယ္။ အဲဒီဘေလာ့ဂ္မွာ သူ႔ရဲ႕ခရီးစဥ္ေတြကုိ ေရးသားေဖာ္ျပခဲ့ရာမွာ စာဖတ္သူေတြ တုိးပြားလာခဲ့ပါတယ္။ စာဖတ္သူေတြက သူ႔ကုိ အီးေမးလ္ကေန ဆက္သြယ္ၾကၿပီး ဘေလာ့ဂ္မွာ ေရးထားတာေတြကုိ ႀကိဳက္တယ္၊ အားေပးတယ္လုိ႔ ေျပာခဲ့ၾကပါတယ္။
ဒီေနာက္မွာေတာ့ ေကာလင္းက ခရီးစဥ္အေတြ႕အႀကဳံေတြကုိ ေပါင္းစပ္ၿပီး သူ႔ရဲ႕ပထမဆုံး စာအုပ္ျဖစ္တဲ့ Destination Thailand စာအုပ္ကုိ ေရးသားခဲ့ပါတယ္။ ဒါဟာ The Lonely Hearts Travel Club စာအုပ္စီးရီးရဲ႕ ပထမဆုံးတစ္အုပ္ပါ။ ကမာၻ႔နာမည္ေက်ာ္ စာအုပ္ထုတ္ေ၀ေရး ကုမၸဏီ Harpercollinsရဲ႕ အစိတ္အပုိင္းတစ္ရပ္ျဖစ္တဲ့ Carina Uk စာအုပ္တုိက္က ေကာလင္းနဲ႔ စာအုပ္သုံးအုပ္ထုတ္ဖုိ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။
Destination Thailand စာအုပ္က ေပ်ာ္႐ြင္ၾကည္ႏူးဖြယ္ေကာင္းတဲ့ စိတ္ ကူးယဥ္အခ်စ္ဇာတ္လမ္းပါ။ ခုခ်ိန္မွာေတာ့ ေကာလင္းဟာ သူ႔ကုိ စိတ္ထိခုိက္နာက်င္ေစခဲ့တဲ့ ခ်စ္သူကုိ ေမ့ပစ္ႏုိင္ခဲ့ၿပီလုိ႔ ေျပာပါတယ္။
''အဲဒီအခ်ိန္တုန္းက ကၽြန္မခ်စ္သူရဲ႕ ဆုံးျဖတ္ခ်က္က ကၽြန္မအတြက္ ထိခိုက္ေၾကကြဲေစခဲ့ေပမယ့္ အဲဒါက ကၽြန္မဘ၀အတြက္ လိုအပ္တဲ့လႈပ္ႏႈိး မႈတစ္ရပ္ျဖစ္ခဲ့ပါတယ္။ ကၽြန္မမွာ အလုပ္ေကာင္းေကာင္း တစ္ခုရွိတယ္။ ခ်စ္စရာေကာင္းတဲ့ အိမ္ကို ပိုင္ဆိုင္တယ္။ သက္ေသာင့္သက္သာရွိတဲ့ ဘ၀ေနထိုင္မႈပုံစံ ရွိတယ္။ ဒါေပမဲ့ အဲ့ဒီဘ၀က စြန္႔စားမႈ ကင္းမဲ့ခဲ့ပါတယ္''လုိ႔ ေကာလင္းက ေျပာပါတယ္။
Ref: http://www.telegraph.co.uk/…/Jilted-bride-left-at-the-altar…
Nz(ရုိးရာေလး)
ww.yoyarlay.com
#Nz_yyl
#news_yyl
Unicode Version
မင်္ဂလာပွဲမတိုင်ခင် ချစ်သူရဲ့စွန့်ပယ်ခံဘဝမှ စာရေးဆရာမဖြစ်လာခဲ့သူ
................................................................................................
အချိန်အကြာကြီး လက်တွဲခဲ့တဲ့ ချစ်သူက လက်ထပ်ပွဲ ကျင်းပမယ့် အချိန်မတိုင်ခင် သီတင်းပတ်အနည်းငယ်အလိုမှာ စွန့်ပစ်ခဲ့လို့ စိတ်ပျက်အားငယ်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဟာ အလုပ်ကထွက်၊ ပိုင်ဆိုင်မှုတွေ ရောင်းချပြီး အရှေ့တောင်အာရှကို ခရီးထွက်ခဲ့ပြီးတဲ့နောက်
စာတွေရေးခဲ့ရာမှာ ကမ္ဘာကျော် စာအုပ်တိုက် တစ်တိုက်က စာအုပ်သုံးအုပ် ရေးပေးဖို့ စာချုပ်ချုပ်ခဲ့တဲ့အတွက် သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာမြို့ လေဆိပ်က ပြင်ပဆက်သွယ်ရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကေတီကောလင်းဟာ လွန်ခဲ့တဲ့ လေးနှစ်က သူ့ချစ်သူနဲ့ ပေါင် ၂၀၀၀၀ တန် လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် သူ့ချစ်သူရဲ့ ငြင်းဆန်မှုကြောင့် ဘုရားကျောင်း လက်ထပ်ပွဲ ပျက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကောလင်းဟာ အလုပ်က ထွက်ခဲ့သလို အိမ်နဲ့ ကားကို ရောင်းပြီး ကျောပိုးအိတ်ထဲကို တစ်နိုင်တပိုင် ပစ္စည်းတွေထည့်လို့ အရှေ့တောင်အာရှကို ခရီးထွက်ခဲ့ပါတယ်။ ထိုင်း၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေကို သူ သွားခဲ့ပါတယ်။
မင်္ဂလာပွဲပျက်ခဲ့တာနဲ့ ပတ်သက်လို့ ''လူတိုင်းက ကျွန်မ ရူးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ အရင်တုန်းက ကျွန်မ တစ်ယောက်တည်းတစ်ခါမှ ခရီးမသွားဖူး ဘူး။ ဒါပေမဲ့ အဲဒီတုန်းက ခရီးသွားတာ အကောင်းဆုံးဖြစ်မယ်လို့ ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ်သိအောင် လုပ်ရမယ့် အတွက် ကျွန်မသိကျွမ်းခဲ့တဲ့လူတွေ၊ကျွန်မ သိကျွမ်းခဲ့တဲ့အရာတွေနဲ့ဝေးရာမှာ ခဏ နေထိုင်ဖို့လိုတယ်။ အဲဒီတုန်းကတော့ အခုလို စိတ်ကျေနပ်စရာ မဟုတ်ခဲ့ပါဘူး''လို့ ကောလင်းက ပြောပါတယ်။
ဆဲလ်ဖို့ဒ်တက္ကသိုလ်ကနေ အင်္ဂလိပ်ဘာသာ၊ ဂျာနယ်လစ်ဘာသာရပ် (Double Major)နဲ့ ဘွဲ့ရခဲ့တဲ့ ကေတီကောလင်းဟာ တစ်နေ့နေ့မှာ ဝတ္တုစာအုပ် တစ်အုပ်ရေးဖို့ မျှော်လင့်ခဲ့ဖူးပါတယ်။ ကောလင်းဟာ အရှေ့တောင်အာရှ ခရီးစဉ်မှာ ဟိမ၀န ၱာတောင်တန်းမှာ လှည်းစီးတာ၊ တက်ဂ်ျမဟာအဆောက်အအုံကို သွားရောက်လည်ပတ်တာမျိုးတွေ လုပ်ခဲ့သလို တောင်အမေရိကကိုလည်း ခြောက်လကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။
ကောလင်းဟာ သူ့ရဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေနဲ့ မိသားစုတွေ သိရအောင် ခရီးသွားခြင်းအကြောင်း ရေးသားတဲ့ ဘလော့ဂ်တစ်ခု ထောင်ခဲ့ပါတယ်။ အဲဒီဘလော့ဂ်မှာ သူ့ရဲ့ခရီးစဉ်တွေကို ရေးသားဖော်ပြခဲ့ရာမှာ စာဖတ်သူတွေ တိုးပွားလာခဲ့ပါတယ်။ စာဖတ်သူတွေက သူ့ကို အီးမေးလ်ကနေ ဆက်သွယ်ကြပြီး ဘလော့ဂ်မှာ ရေးထားတာတွေကို ကြိုက်တယ်၊ အားပေးတယ်လို့ ပြောခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ကောလင်းက ခရီးစဉ်အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး သူ့ရဲ့ပထမဆုံး စာအုပ်ဖြစ်တဲ့ Destination Thailand စာအုပ်ကို ရေးသားခဲ့ပါတယ်။ ဒါဟာ The Lonely Hearts Travel Club စာအုပ်စီးရီးရဲ့ ပထမဆုံးတစ်အုပ်ပါ။ ကမ္ဘာ့နာမည်ကျော် စာအုပ်ထုတ်ဝေရေး ကုမ္ပဏီ Harpercollinsရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ Carina Uk စာအုပ်တိုက်က ကောလင်းနဲ့ စာအုပ်သုံးအုပ်ထုတ်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
Destination Thailand စာအုပ်က ပျော်ရွင်ကြည်နူးဖွယ်ကောင်းတဲ့ စိတ် ကူးယဉ်အချစ်ဇာတ်လမ်းပါ။ ခုချိန်မှာတော့ ကောလင်းဟာ သူ့ကို စိတ်ထိခိုက်နာကျင်စေခဲ့တဲ့ ချစ်သူကို မေ့ပစ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။
''အဲဒီအချိန်တုန်းက ကျွန်မချစ်သူရဲ့ ဆုံးဖြတ်ချက်က ကျွန်မအတွက် ထိခိုက်ကြေကွဲစေခဲ့ပေမယ့် အဲဒါက ကျွန်မဘဝအတွက် လိုအပ်တဲ့လှုပ်နှိုး မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကျွန်မမှာ အလုပ်ကောင်းကောင်း တစ်ခုရှိတယ်။ ချစ်စရာကောင်းတဲ့ အိမ်ကို ပိုင်ဆိုင်တယ်။ သက်သောင့်သက်သာရှိတဲ့ ဘ၀နေထိုင်မှုပုံစံ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီဘဝက စွန့်စားမှု ကင်းမဲ့ခဲ့ပါတယ်''လို့ ကောလင်းက ပြောပါတယ်။
မဂၤလာပြဲမတုိင္ခင္ ခ်စ္သူရဲ႕စြန္႔ပယ္ခံဘ၀မွ နာမည္ေက်ာ္စာအုပ္ထုတ္ေ၀ေရး ကုမၸဏီနဲ႔ စာအုပ္သုံးအုပ္ စာခ်ဳပ္ခ်ဳပ္ႏုိင္ခဲ့တဲ့ စာေရးဆရာမျဖစ္လာခဲ့သူ
Reviewed by MP4 YoU
on
January 20, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment