Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 13, 2016

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၃)

ကြ်န္မ ထြက္သြားၿပီး သူတို႔ ဆက္ၿပီး ျငင္းခုန္ေနၾကသည္ကို တစ္စြန္းတစ ၾကားရသည္။ ကင္ဆံုအီက ခရီးစဥ္ ေရးဆြဲပံုကို သေဘာမတူေၾကာင္း ေျပာေနဟန္တူသည္။

"မင္းတို႔လုပ္ရင္ ဒီအတိုင္းပဲ။ အီရတ္ဆိုတာ စစ္ျဖစ္ေနတာကြ။ အီရတ္နဲ႔ အီရန္ဟာ တိုက္ေနတုန္းပဲ။ လံုၿခံဳေရးေတြ တင္းက်ပ္ထားေတာ့ ေဖာက္ခြဲေရးပစၥည္းေတြကို ေလဆိပ္ထဲကို ဘယ္လို သယ္မွာလဲ။ အမွားအယြင္းျဖစ္ရင္ ငါနဲ႔ အုတ္ဟြာ ေသရံုတင္မဟုတ္ဘူး။ ေျမာက္ကိုရီးယား တစ္ႏိုင္လံုး ေသာက္ရွက္ကြဲမွာ။ မင္းတို႔ ဒီေလာက္ေလးေတာင္ နားမလည္ဘူးလား"

"ခင္ဗ်ားလည္းသိရဲ႕သားနဲ႔။ ကြ်န္ေတာ္လဲ အမိန္႔အတိုင္း လုပ္ရတာ။ ခင္ဗ်ား မေက်နပ္တာရွိရင္ ၫႊန္မွဴ းနဲ႔သာ တိုက္ရိုက္သြားေျပာေပေတာ့"

"ငါ ျပန္ေရာက္ရင္ ေသခ်ာေပါက္ေျပာမွာ မပူနဲ႔။ အဲ့ဒ္ီေတာ့မွ မင္းတို႔ေခါင္းကို ဖင္ေခါင္းထဲသာ ထိုးၿပီး ေသၾကေပေတာ့"

ခဏအၾကာတြင္ ကင္ဆံုအီ ထြက္လာသည္။ သူ လမ္းေလွ်ာက္ပံုမွာ ပံုမွန္မဟုတ္ အနည္းငယ္ ယိုင္နဲ႔ ေနသည္။ သူသည္ ကြ်န္မတို႔ မထြက္လာမီတြင္ ဝမ္းဗိုက္ခြဲစိတ္မႈ ခံထားသည္။ အူကင္ဆာ ခံစားေနရသည္ဟု ေျပာဆိုမႈမ်ားလည္းရွိသည္။ သူ၏ က်န္းမာေရးအေျခအေန ေကာင္းပံုမရ။ မ်က္ႏွာမွာ
ျဖဴ ေရာ္ေနသည္။ ေလယာဥ္ပဲ့ပိုင္းရွိ သန္႔စင္ခန္းထဲ ဝင္သြားၿပီး တံခါးေဆာင့္ပိတ္သည္။

ေအးဂ်င့္ခြ်န္ ထြက္လာၿပီး သူ႔ က်န္းမာေရးကို ဂရုစိုက္ေပးရန္ ထပ္မွာသည္။ကြ်န္မလည္း မစိုးရိမ္ရန္ ျပန္ေျပာလိုက္ၿပီး သူက ေခတၱမွ် စိုက္ၾကည့္ၿပီး ေလယာဥ္ ဦးပိုင္းသို႔ ထြက္သြားသည္။ အဘ ကင္ဆံုအီ ျပန္ေရာက္လာၿပီး သူက မေက်မနပ္ ေရရြတ္လိုက္ၿပီး ကြ်န္မ၏ မ်က္ႏွာျခင္းဆိုင္ ထိုင္ခံုတြင္ ဝင္ထိုင္လိုက္သည္။

ကြ်န္မ အိပ္ေပ်ာ္ရန္ ႀကိဳးစားေသာ္လည္း တေမွးပင္မရ။ မ်က္ႏွာခ်င္းဆိုင္တြင္ အသက္ရွဴ သံ ျပင္းျပင္းႏွင့္ အိပ္ေမာက်ေနေသာ ကင္ဆံုအီကို လွမ္းၾကည့္လိုက္သည္။ သူ႔ကို ကြ်န္မ မ်ားစြာ ေလးစားၾကည္ညိဳ သည္။ သူ႔တြင္ သားသမီး ၇ ေယာက္ရွိၿပီး အိမ္ေထာင္က်ေသာ အငယ္ဆံုး သမီးပင္ အသက္ ၃၀ ေက်ာ္ၿပီ။ သူသည္ ၁၉၈၄ တြင္ ႏိုင္ငံျခားေထာက္လွမ္းေရးမွ အနားယူခဲ့သည္။ ၁၉၈၇ ႏွစ္ဆန္းပိုင္းတြင္ သူ႔အား ျပန္ေခၚသည္။ ကြ်န္မ ပထမ အႀကိမ္ ႏိုင္ငံျခားခရီးထြက္စဥ္က သူ၏ က်န္းမာေရး ေကာင္းမြန္ေနေသးသည္။ လြန္ခဲ့ေသာ ရက္အနည္းငယ္က သူ အၿငိမ္းစားယူေနစဥ္ ဘဝကို ကြ်န္မအား ျပန္ေျပာင္းေျပာျပေနေသးသည္။ နံနက္တိုင္း အိမ္အနီးရွိ ေရေလွာင္တမံတြင္ ငါးမွ်ား ရသည္မွာ မည္မွ်ေပ်ာ္စရာေကာင္းေၾကာင္း ကြ်န္မအား ေျပာျပသည္။ ယခုေပးအပ္လိုက္ေသာ တာဝန္ကို သူသည္လည္း ကြ်န္မနည္းတူ ျမန္ျမန္ၿပီးေစခ်င္မည္ ဟု ကြ်န္မ ယံုၾကည္သည္။

ဆိုဗီယက္ယူနီယံ အလယ္ေခါင္တစ္ေနရာတြင္ တစ္ေထာက္နားကာ ေလယာဥ္ဆီျဖည့္ရသည္။ ညေမွာင္မည္းမည္းႀကီး ျဖစ္သျဖင့္ ေလဆိပ္ကို သဲသဲကြဲကြဲ မျမင္ရေပ။ နံနက္လင္းသည့္အခါ ေမာ္စကိုသို႔ ေရာက္သည္။ ေမာ္စကိုတြင္ တစ္ရက္ေနၿပီး အဘူဒါပတ္စ္သို႔ ဆက္ထြက္ရသည္။

အဘူဒါပက္စ္တြင္လည္း ေမာ္စကိုကဲ့သို႔ပင္ ေဆာင္းရာသီဒဏ္ ခံေနရသည္။ ညအခ်ိန္တြင္ ကြ်န္မတို႔ သံရံုး ေရာက္သြားသည္။ ေလဆိပ္တြင္ ကြ်န္မတို႔ကို လာႀကိဳမည့္သူ တစ္ေယာက္မွ မရွိ။ ထိပ္တန္းလွ်ဴ ိ႕ဝွက္ ေအာ္ပေရးရွင္း ျဖစ္သျဖင့္ သံရံုးမွ မည္သူမွ် သိဟန္မတူ။

ကင္ဆံုအီက သံရံုးသို႔ ဖုန္းတက္ကာ လွ်ဴ ိ႕ဝွက္ ကုတ္နံပါတ္ကို ေျပာလိုက္သည္။ ကုတ္နံပါတ္ကို ေအးဂ်င့္တစီးအား သံရံုးက လႊဲေပးသည္။ နာရီဝတ္ အၾကာတြင္ သံရံုးက ကားေရာက္လာသည္။ အစီအစဥ္အရဆ္ုိလွ်င္ ယာဥ္ေမာင္းက လံုၿခံဳရာ အိမ္တစ္အိမ္ (Safe House) သို႔ ပို႔ေပးရန္ ျဖစ္သည္။ ေထာက္လွမ္းေရးအဖြဲ႕အစည္းမ်ားသည္
လွ်ဴ ိ႕ဝွက္ေသာကိစၥမ်ားအတြက္ လံုၿခံဳရာ အိမ္တစ္အိမ္ကို အသံုးျပဳေလ့ရွိသည္။ ယာဥ္ေမာင္းက လူသစ္ျဖစ္သျဖင့္ အဘူဒါပတ္စ္အေၾကာင္း ေကာင္းေကာင္းမသိ။ ဟိုေမာင္းဒီေမာင္းျဖင့္ ေလွ်ာက္ရွာေသာ္လည္း မေတြ႕။ ေနာက္ဆံုးမွ Safe House ကို ေတြ႕သည္။

အဘူဒါပတ္စ္တြင္ ကြ်န္မတို႔ေနေသာ ေန႔ရက္မ်ားသည္ ပ်င္းရိဖြယ္ ေကာင္းလွသည္။ Safe House ကို ျပဳျပင္ထိန္းသိမ္းေသာ ေအးဂ်င့္နာမည္မွာ ခ်န္း ျဖစ္သည္။ သူ၏ ေခ်ာေမာလွပေသာ ဇနီးက အေနာက္တိုင္း အစားစာမ်ားကို ခ်က္ေကြ်းသည္။ ကြ်န္မႏွင့္ သူ အေတာ္ၾကာ စကား ေျပာျဖစ္ေသာ္လည္း တိတိက်က် စကားမ်ဴ ိးကုိမူ မေျပာျဖစ္။ ယင္းသို႔မေျပာရန္ တားျမစ္ထားသည္။

အဘူဒါပက္စ္မွ ၾသစႀတီးယားသို႔ ႏိုင္ငံကူးလတ္မွတ္ မသံုးပဲဝင္ရန္ အခက္အခဲရွိသည္။ ႏိုင္ငံကူး လတ္မွတ္တြင္ ျပည္ဝင္တံဆိပ္တံုး ထုမထားမွသာလွ်င္ ကြ်န္မတို႔ ေျခရာေပ်ာက္ေနမည္ ျဖစ္သည္။ ဟန္ေဂရီမွ ဗီဇာျဖင့္ ၾသစႀကီးယားသို႔ ဝင္လွ်င္ ကြ်န္မတို႔အား ဟန္ေဂရီအတြင္းသို႔ လိုက္လံေျခရာခံႏိုင္မည္ ျဖစ္သည္။ ၾသစႀကီးယားတြင္ ရုတ္တရတ္ေပၚလာေသာ အေနအထားကို ကြ်န္မတို႔ ဖန္တီးလိုျခင္း ျဖစ္သည္။ ၾသစႀတီးယားမွ စလ်က္ ေနာက္ေၾကာင္းကို ျပန္မလိုက္ႏိုင္ရန္ ေျခရာေဖ်ာက္ျခင္း ျဖစ္သည္။ ၾသစႀတီးယားသို႔ ဗီဇာမပါပဲ မည္သို႔ ဝင္ရမည္ကို ၿပံဳးယမ္းမွ ၫႊန္ၾကားထားျခင္းမရွိ။ ထိုအခါ တာဝန္သည္ ေအးဂ်င့္ခ်န္းေပၚသို႔ က်လာသည္။ ယင္းက သင့္ေတာ္သည္ ထင္ေသာ္ နည္းလမ္းျဖင့္ ေဆာင္ရြက္ရန္ ျဖစ္လာသည္။

ကြ်န္မတို႔ ၾသစႀတီးယားမွ မထြက္ခြာမီ တစ္ရက္အလို ေအးဂ်င့္ခ်န္း အိမ္မွ အေစာႀကီး ထြက္သြားသည္။ အေျခအေနကို စနည္းနာရန္ဟု ဆိုိသည္။ ကင္ဆံအီ အေျခအေနလည္း ေကာင္းလာၿပီ ျဖစ္သျဖင့္ အျပင္ထြက္ရန္ ျပင္ဆင္ၾကသည္။ ခ်န္း၏ ဇနီးလည္း အေဖာ္အျဖစ္လိုက္လာသည္။ သို႔ေသာ္ ကင္ဆံုအီသည္ ေဝးေဝးလမ္းမေလွ်ာက္ႏိုင္သျဖင့္ ကြ်န္မတို႔ ျပန္လာၾကသည္။ ေအးဂ်င့္ခ်န္းလည္း ျပန္ေရာက္လာသည္။ ၾသစႀတီးယားအတြင္းသို႔ ဗီဇာမပါဘဲ ဝင္ႏိုင္မည့္ နည္းလမ္းကို ေတြ႕လာၿပီဟု ဆိုသည္။

"ဒါကို မနက္ျဖန္က်မွ ဆက္စဥ္းစားၾကတာေပါ့။ ဒီညေတာ့ တို႔ ဟီလ္တန္ဟိုတယ္မွာ ညစာ သြားစားၾကမယ္" ဟု သူက ခပ္ျမဴ းျမဴ း ေျပာသည္။

ညစာစားရန္ သြားသည့္အခါ ဘူဒါပတ္စ္ၿမိဳ႕ကို ကြ်န္မ ျမင္ခြင့္ရသည္။ ဟန္ေဂရီသည္ ကြန္ျမဴ နစ္ႏိုင္ငံ ျဖစ္ခဲ့ေသာ္လည္း ရုရွားေခါင္းေဆာင္ႀကီး ေဂါ့ဘားေခ်ာ့၏ ျပဳျပင္ေျပာင္းလဲေရး မူဝါဒအရ အရင္းရွင္ လမ္းေၾကာင္းေပၚသို႔ ေရာက္စျပဳေနသည္ကို ေတြ႕ရသည္။ အစားအေသာက္ အဝတ္အထည္ လူသံုးကုန္ပစၥည္း စသည္တို႔သည္ ေျမာက္ကိုရီးယားထက္ မ်ားစြာ ေပါမ်ားသည္ကို ေတြ႕ရသည္။

တစ္ပတ္ရစ္ေရာင္းေသာ ေစ်းတန္းသို႔ ဝင္ၾကည့္ေသာအခါ ကြ်န္မ တအံ့တၾသ ျဖစ္ရသည္။ ေရာင္းခ်ေနေသာ ပစၥည္းမ်ားကို ကိုင္ၾကည့္ရတာ အရသာတစ္မ်ဴ ိးျဖစ္သည္။ ကြ်န္မ၏ အရိပ္အကဲကို သိေသာ အဘကင္ဆံုအီက ကြ်န္မအား ဝတ္စံုတစ္စံု ဝယ္ေပးသည္။

"အေမနဲ႔ ညီမေလးဆီ ပို႔ေပးလို႔ရရင္ ေကာင္းမွာပဲ" ဟု ကြ်န္မက ေျပာမိသည္။

ေအးဂ်င့္ခ်န္း၏ ဇနီးကလည္း ကြ်န္မအား တစ္ထည္ဝယ္ေပးသည္။ အဝတ္ႏွစ္စံုကို ၿပံဳးယမ္းသို႔ ပို႔ေဆာင္ေပးမည္ဟု ေျပာသည္။ ကြ်န္မ ေက်းဇူးတင္လြန္းသျဖင့္ သူမကို ဖက္ထားမိသည္။

ညစာသည္ အထူးပင္ သိုက္ၿမိဳက္လွသည္။ ေျမာက္ကိုရီးယား၏ အဆင္းအတန္းထက္ပင္ ေက်ာ္လြန္ေကာင္းမြန္ေသာ ညစာျဖစ္သည္။ ကြ်န္မသည္ ဥေရာပတြင္အသားက်လာသည္ဟု ပထမဆံုးအႀကိမ္ ခံစားမိသည္။

ကြ်န္မတို႔ အဘူဒါပတ္စ္မွ ထြက္ရမည့္ေန႔ျဖစ္ၿပီး ခ်မ္းေအးစိုစြတ္ေနသည္။ ခ်န္းက သံတမန္ လိုင္စင္နွင့္ ကားကို ေမာင္းယူလာသည္။ သံတမန္ကားျဖစ္သည့္ အတြက္ ကြ်န္မတို႔ အခက္အခဲမရွိ။ ၾသစႀတီးယား အတြင္းသို႔ ျပည္ဝင္တံဆိပ္တံုး အထုမခံရပဲ ဝင္ေရာက္ႏိုင္မည္ဟု ထင္ေၾကာင္း သူက ရွင္းျပသည္။

ယာခင္းမ်ားကို ျဖတ္လ်က္ ကားက အေသာ့ႏွင္လာသည္။ ဟန္ေဂရီ နယ္ျခားေစာင့္ ဂိတ္တြင္ ကားရပ္သည္။ ခ်န္းက သူ႔ သံတမန္ ႏိုင္ငံကူူး လတ္မွတ္ကို အေပၚဆံုးတြင္ ထားလ်က္ ကြ်န္မတို႔ ႏိုင္ငံကူးလတ္မွတ္မ်ားကို ေအာက္တြင္ထားကာ အေစာင့္အား လွမ္းေပးလိုက္သည္။ အေစာင့္က မၾကည့္ဘဲ ကြ်န္မတို႔အား သြားခြင့္ေပသည္။ ထိုနည္းျဖင့္ပင္ ၾသစတီးယား နယ္ျခားေစာင့္ဂိတ္ကို ေခ်ာေမာစြာ ျဖတ္သန္းႏိုင္သည္။ ထိုအခါမွ ကြ်န္မတို႔ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ထိုအခ်ိန္မွ စတင္လ်က္ ေအးဂ်င့္ခ်န္းက ကြ်န္မတို႔အား ဂ်ပန္ႏိုင္ငံကူး လတ္မွတ္စာအုပ္ ၂ အုပ္ထုတ္ေပးသည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
January 13,2016
...........
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၃

ကျွန်မ ထွက်သွားပြီး သူတို့ ဆက်ပြီး ငြင်းခုန်နေကြသည်ကို တစ်စွန်းတစ ကြားရသည်။ ကင်ဆုံအီက ခရီးစဉ် ရေးဆွဲပုံကို သဘောမတူကြောင်း ပြောနေဟန်တူသည်။

"မင်းတို့လုပ်ရင် ဒီအတိုင်းပဲ။ အီရတ်ဆိုတာ စစ်ဖြစ်နေတာကွ။ အီရတ်နဲ့ အီရန်ဟာ တိုက်နေတုန်းပဲ။ လုံခြုံရေးတွေ တင်းကျပ်ထားတော့ ဖောက်ခွဲရေးပစ္စည်းတွေကို လေဆိပ်ထဲကို ဘယ်လို သယ်မှာလဲ။ အမှားအယွင်းဖြစ်ရင် ငါနဲ့ အုတ်ဟွာ သေရုံတင်မဟုတ်ဘူး။ မြောက်ကိုရီးယား တစ်နိုင်လုံး သောက်ရှက်ကွဲမှာ။ မင်းတို့ ဒီလောက်လေးတောင် နားမလည်ဘူးလား"

"ခင်ဗျားလည်းသိရဲ့သားနဲ့။ ကျွန်တော်လဲ အမိန့်အတိုင်း လုပ်ရတာ။ ခင်ဗျား မကျေနပ်တာရှိရင် ညွှန်မှူ းနဲ့သာ တိုက်ရိုက်သွားပြောပေတော့"

"ငါ ပြန်ရောက်ရင် သေချာပေါက်ပြောမှာ မပူနဲ့။ အဲ့ဒ်ီတော့မှ မင်းတို့ခေါင်းကို ဖင်ခေါင်းထဲသာ ထိုးပြီး သေကြပေတော့"

ခဏအကြာတွင် ကင်ဆုံအီ ထွက်လာသည်။ သူ လမ်းလျှောက်ပုံမှာ ပုံမှန်မဟုတ် အနည်းငယ် ယိုင်နဲ့ နေသည်။ သူသည် ကျွန်မတို့ မထွက်လာမီတွင် ဝမ်းဗိုက်ခွဲစိတ်မှု ခံထားသည်။ အူကင်ဆာ ခံစားနေရသည်ဟု ပြောဆိုမှုများလည်းရှိသည်။ သူ၏ ကျန်းမာရေးအခြေအနေ ကောင်းပုံမရ။ မျက်နှာမှာ
ဖြူ ရော်နေသည်။ လေယာဉ်ပဲ့ပိုင်းရှိ သန့်စင်ခန်းထဲ ဝင်သွားပြီး တံခါးဆောင့်ပိတ်သည်။

အေးဂျင့်ချွန် ထွက်လာပြီး သူ့ ကျန်းမာရေးကို ဂရုစိုက်ပေးရန် ထပ်မှာသည်။ကျွန်မလည်း မစိုးရိမ်ရန် ပြန်ပြောလိုက်ပြီး သူက ခေတ္တမျှ စိုက်ကြည့်ပြီး လေယာဉ် ဦးပိုင်းသို့ ထွက်သွားသည်။ အဘ ကင်ဆုံအီ ပြန်ရောက်လာပြီး သူက မကျေမနပ် ရေရွတ်လိုက်ပြီး ကျွန်မ၏ မျက်နှာခြင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ကျွန်မ အိပ်ပျော်ရန် ကြိုးစားသော်လည်း တမှေးပင်မရ။ မျက်နှာချင်းဆိုင်တွင် အသက်ရှူ သံ ပြင်းပြင်းနှင့် အိပ်မောကျနေသော ကင်ဆုံအီကို လှမ်းကြည့်လိုက်သည်။ သူ့ကို ကျွန်မ များစွာ လေးစားကြည်ညို သည်။ သူ့တွင် သားသမီး ရ ယောက်ရှိပြီး အိမ်ထောင်ကျသော အငယ်ဆုံး သမီးပင် အသက် ၃၀ ကျော်ပြီ။ သူသည် ၁၉၈၄ တွင် နိုင်ငံခြားထောက်လှမ်းရေးမှ အနားယူခဲ့သည်။ ၁၉၈၇ နှစ်ဆန်းပိုင်းတွင် သူ့အား ပြန်ခေါ်သည်။ ကျွန်မ ပထမ အကြိမ် နိုင်ငံခြားခရီးထွက်စဉ်က သူ၏ ကျန်းမာရေး ကောင်းမွန်နေသေးသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ အငြိမ်းစားယူနေစဉ် ဘဝကို ကျွန်မအား ပြန်ပြောင်းပြောပြနေသေးသည်။ နံနက်တိုင်း အိမ်အနီးရှိ ရေလှောင်တမံတွင် ငါးမျှား ရသည်မှာ မည်မျှပျော်စရာကောင်းကြောင်း ကျွန်မအား ပြောပြသည်။ ယခုပေးအပ်လိုက်သော တာဝန်ကို သူသည်လည်း ကျွန်မနည်းတူ မြန်မြန်ပြီးစေချင်မည် ဟု ကျွန်မ ယုံကြည်သည်။

ဆိုဗီယက်ယူနီယံ အလယ်ခေါင်တစ်နေရာတွင် တစ်ထောက်နားကာ လေယာဉ်ဆီဖြည့်ရသည်။ ညမှောင်မည်းမည်းကြီး ဖြစ်သဖြင့် လေဆိပ်ကို သဲသဲကွဲကွဲ မမြင်ရပေ။ နံနက်လင်းသည့်အခါ မော်စကိုသို့ ရောက်သည်။ မော်စကိုတွင် တစ်ရက်နေပြီး အဘူဒါပတ်စ်သို့ ဆက်ထွက်ရသည်။

အဘူဒါပက်စ်တွင်လည်း မော်စကိုကဲ့သို့ပင် ဆောင်းရာသီဒဏ် ခံနေရသည်။ ညအချိန်တွင် ကျွန်မတို့ သံရုံး ရောက်သွားသည်။ လေဆိပ်တွင် ကျွန်မတို့ကို လာကြိုမည့်သူ တစ်ယောက်မှ မရှိ။ ထိပ်တန်းလျှူ ိ့ဝှက် အော်ပရေးရှင်း ဖြစ်သဖြင့် သံရုံးမှ မည်သူမျှ သိဟန်မတူ။

ကင်ဆုံအီက သံရုံးသို့ ဖုန်းတက်ကာ လျှူ ိ့ဝှက် ကုတ်နံပါတ်ကို ပြောလိုက်သည်။ ကုတ်နံပါတ်ကို အေးဂျင့်တစီးအား သံရုံးက လွှဲပေးသည်။ နာရီဝတ် အကြာတွင် သံရုံးက ကားရောက်လာသည်။ အစီအစဉ်အရဆ်ုိလျှင် ယာဉ်မောင်းက လုံခြံုရာ အိမ်တစ်အိမ် (Safe House) သို့ ပို့ပေးရန် ဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းများသည်
လျှူ ိ့ဝှက်သောကိစ္စများအတွက် လုံခြံုရာ အိမ်တစ်အိမ်ကို အသုံးပြုလေ့ရှိသည်။ ယာဉ်မောင်းက လူသစ်ဖြစ်သဖြင့် အဘူဒါပတ်စ်အကြောင်း ကောင်းကောင်းမသိ။ ဟိုမောင်းဒီမောင်းဖြင့် လျှောက်ရှာသော်လည်း မတွေ့။ နောက်ဆုံးမှ Safe House ကို တွေ့သည်။

အဘူဒါပတ်စ်တွင် ကျွန်မတို့နေသော နေ့ရက်များသည် ပျင်းရိဖွယ် ကောင်းလှသည်။ Safe House ကို ပြုပြင်ထိန်းသိမ်းသော အေးဂျင့်နာမည်မှာ ချန်း ဖြစ်သည်။ သူ၏ ချောမောလှပသော ဇနီးက အနောက်တိုင်း အစားစာများကို ချက်ကျွေးသည်။ ကျွန်မနှင့် သူ အတော်ကြာ စကား ပြောဖြစ်သော်လည်း တိတိကျကျ စကားမျူ ိးကိုမူ မပြောဖြစ်။ ယင်းသို့မပြောရန် တားမြစ်ထားသည်။

အဘူဒါပက်စ်မှ သြစတြီးယားသို့ နိုင်ငံကူးလတ်မှတ် မသုံးပဲဝင်ရန် အခက်အခဲရှိသည်။ နိုင်ငံကူး လတ်မှတ်တွင် ပြည်ဝင်တံဆိပ်တုံး ထုမထားမှသာလျှင် ကျွန်မတို့ ခြေရာပျောက်နေမည် ဖြစ်သည်။ ဟန်ဂေရီမှ ဗီဇာဖြင့် သြစကြီးယားသို့ ဝင်လျှင် ကျွန်မတို့အား ဟန်ဂေရီအတွင်းသို့ လိုက်လံခြေရာခံနိုင်မည် ဖြစ်သည်။ သြစကြီးယားတွင် ရုတ်တရတ်ပေါ်လာသော အနေအထားကို ကျွန်မတို့ ဖန်တီးလိုခြင်း ဖြစ်သည်။ သြစတြီးယားမှ စလျက် နောက်ကြောင်းကို ပြန်မလိုက်နိုင်ရန် ခြေရာဖျောက်ခြင်း ဖြစ်သည်။ သြစတြီးယားသို့ ဗီဇာမပါပဲ မည်သို့ ဝင်ရမည်ကို ပြံုးယမ်းမှ ညွှန်ကြားထားခြင်းမရှိ။ ထိုအခါ တာဝန်သည် အေးဂျင့်ချန်းပေါ်သို့ ကျလာသည်။ ယင်းက သင့်တော်သည် ထင်သော် နည်းလမ်းဖြင့် ဆောင်ရွက်ရန် ဖြစ်လာသည်။

ကျွန်မတို့ သြစတြီးယားမှ မထွက်ခွာမီ တစ်ရက်အလို အေးဂျင့်ချန်း အိမ်မှ အစောကြီး ထွက်သွားသည်။ အခြေအနေကို စနည်းနာရန်ဟု ဆိိုသည်။ ကင်ဆံအီ အခြေအနေလည်း ကောင်းလာပြီ ဖြစ်သဖြင့် အပြင်ထွက်ရန် ပြင်ဆင်ကြသည်။ ချန်း၏ ဇနီးလည်း အဖော်အဖြစ်လိုက်လာသည်။ သို့သော် ကင်ဆုံအီသည် ဝေးဝေးလမ်းမလျှောက်နိုင်သဖြင့် ကျွန်မတို့ ပြန်လာကြသည်။ အေးဂျင့်ချန်းလည်း ပြန်ရောက်လာသည်။ သြစတြီးယားအတွင်းသို့ ဗီဇာမပါဘဲ ဝင်နိုင်မည့် နည်းလမ်းကို တွေ့လာပြီဟု ဆိုသည်။

"ဒါကို မနက်ဖြန်ကျမှ ဆက်စဉ်းစားကြတာပေါ့။ ဒီညတော့ တို့ ဟီလ်တန်ဟိုတယ်မှာ ညစာ သွားစားကြမယ်" ဟု သူက ခပ်မြူ းမြူ း ပြောသည်။

ညစာစားရန် သွားသည့်အခါ ဘူဒါပတ်စ်မြို့ကို ကျွန်မ မြင်ခွင့်ရသည်။ ဟန်ဂေရီသည် ကွန်မြူ နစ်နိုင်ငံ ဖြစ်ခဲ့သော်လည်း ရုရှားခေါင်းဆောင်ကြီး ဂေါ့ဘားချော့၏ ပြုပြင်ပြောင်းလဲရေး မူဝါဒအရ အရင်းရှင် လမ်းကြောင်းပေါ်သို့ ရောက်စပြုနေသည်ကို တွေ့ရသည်။ အစားအသောက် အဝတ်အထည် လူသုံးကုန်ပစ္စည်း စသည်တို့သည် မြောက်ကိုရီးယားထက် များစွာ ပေါများသည်ကို တွေ့ရသည်။

တစ်ပတ်ရစ်ရောင်းသော စျေးတန်းသို့ ဝင်ကြည့်သောအခါ ကျွန်မ တအံ့တသြ ဖြစ်ရသည်။ ရောင်းချနေသော ပစ္စည်းများကို ကိုင်ကြည့်ရတာ အရသာတစ်မျူ ိးဖြစ်သည်။ ကျွန်မ၏ အရိပ်အကဲကို သိသော အဘကင်ဆုံအီက ကျွန်မအား ဝတ်စုံတစ်စုံ ဝယ်ပေးသည်။

"အမေနဲ့ ညီမလေးဆီ ပို့ပေးလို့ရရင် ကောင်းမှာပဲ" ဟု ကျွန်မက ပြောမိသည်။

အေးဂျင့်ချန်း၏ ဇနီးကလည်း ကျွန်မအား တစ်ထည်ဝယ်ပေးသည်။ အဝတ်နှစ်စုံကို ပြံုးယမ်းသို့ ပို့ဆောင်ပေးမည်ဟု ပြောသည်။ ကျွန်မ ကျေးဇူးတင်လွန်းသဖြင့် သူမကို ဖက်ထားမိသည်။

ညစာသည် အထူးပင် သိုက်မြိုက်လှသည်။ မြောက်ကိုရီးယား၏ အဆင်းအတန်းထက်ပင် ကျော်လွန်ကောင်းမွန်သော ညစာဖြစ်သည်။ ကျွန်မသည် ဥရောပတွင်အသားကျလာသည်ဟု ပထမဆုံးအကြိမ် ခံစားမိသည်။

ကျွန်မတို့ အဘူဒါပတ်စ်မှ ထွက်ရမည့်နေ့ဖြစ်ပြီး ချမ်းအေးစိုစွတ်နေသည်။ ချန်းက သံတမန် လိုင်စင်နှင့် ကားကို မောင်းယူလာသည်။ သံတမန်ကားဖြစ်သည့် အတွက် ကျွန်မတို့ အခက်အခဲမရှိ။ သြစတြီးယား အတွင်းသို့ ပြည်ဝင်တံဆိပ်တုံး အထုမခံရပဲ ဝင်ရောက်နိုင်မည်ဟု ထင်ကြောင်း သူက ရှင်းပြသည်။

ယာခင်းများကို ဖြတ်လျက် ကားက အသော့နှင်လာသည်။ ဟန်ဂေရီ နယ်ခြားစောင့် ဂိတ်တွင် ကားရပ်သည်။ ချန်းက သူ့ သံတမန် နိုင်ငံကူူး လတ်မှတ်ကို အပေါ်ဆုံးတွင် ထားလျက် ကျွန်မတို့ နိုင်ငံကူးလတ်မှတ်များကို အောက်တွင်ထားကာ အစောင့်အား လှမ်းပေးလိုက်သည်။ အစောင့်က မကြည့်ဘဲ ကျွန်မတို့အား သွားခွင့်ပေသည်။ ထိုနည်းဖြင့်ပင် သြစတီးယား နယ်ခြားစောင့်ဂိတ်ကို ချောမောစွာ ဖြတ်သန်းနိုင်သည်။ ထိုအခါမှ ကျွန်မတို့ သက်ပြင်းချနိုင်တော့သည်။ ထိုအချိန်မှ စတင်လျက် အေးဂျင့်ချန်းက ကျွန်မတို့အား ဂျပန်နိုင်ငံကူး လတ်မှတ်စာအုပ် ၂ အုပ်ထုတ်ပေးသည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
January 13,2016




No comments:

Post a Comment