29 January 2016
Transparency International - Corruption Index |
ဒါေပမဲ့ ျပည္တြင္းသတင္းေတြကိုၾကည့္ရင္ နာမည္အပ်က္ဆံုး အစိုးရဌာနေတြထဲမွာ တရားစီရင္ေရးဌာန ပါဝင္ေနတာ ေတြ႔ႏိုင္ပါတယ္။ အႏွစ္ (၅၀) ေက်ာ္ အက်င့္ပ်က္လာခဲ့တဲ့ တရားေရးမ႑ိဳင္ကို တႏွစ္ေလာက္ ျပဳျပင္ရံုနဲ႔ အရာမထင္တာ သိသာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒လုပ္တဲ့ တရားဥပေဒ စိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီကိုပို႔တဲ့ တိုင္ၾကားစာ (၇၀၀၀) ေက်ာ္မွာ တဝက္ေက်ာ္ဟာ တရားစီရင္ေရးနဲ႔ သက္ဆိုင္ေၾကာင္း သိရွိရပါတယ္။ လြန္ခဲ့တဲ့ စက္တင္ဘာလက ျပည္သူ႔လႊတ္ေတာ္ကို တင္သြင္းတဲ့ တရားဥပေဒ စိုးမိုးေရးေကာ္မတီရဲ ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
သူရဦးေအာင္ကို ဥကၠ႒လုပ္တဲ့ တရားစီရင္ေရး၊ ဥပေဒေရးရာ နဲ႔ တိုင္ၾကားစာမ်ား၊ အသနာခံစာမ်ား၊ စီရင္ေရးေကာ္မတီ က ျပည္သူ႔လႊတ္ေတာ္ကို ဒီဇင္ဘာလ (၈) ရက္ေန႔က တင္သြင္းတဲ့ အစီရင္ခံစာမွာလည္း တရားရံုးေတြရဲ ႔ လုပ္ကိုင္ပံုကို မေက်နပ္လို႔ တိုင္ၾကားတာက အမ်ားဆံုး ျဖစ္ေနပါတယ္။ လက္ခံရရွိတဲ့ တိုင္ၾကားစာ (၁) ေသာင္းေက်ာ္မွာ အမ်ားစုဟာ တရားရံုးအဆင့္ဆင့္ရဲ ႔ ေဆာင္ရြက္ခ်က္ကို မေက်နပ္လို႔ တိုင္ၾကားတာျဖစ္ေၾကာင္း သိရပါတယ္။ တရားမွ်တဖို႔နဲ႔ ျပည္သူ႔ဘဝလံုၿခံဳဖို႔ ေဆာင္ရြက္ေပးမယ့္ အုပ္ခ်ဳပ္ေရးပိုင္းက ပံ့ပိုးကူညီမႈ အားနည္းတဲ့အတြက္ မေအာင္မျမင္ ျဖစ္ခဲ့ရတယ္လို႔ ဆုိပါတယ္။ အစီရင္ခံစာကို ကန္႔ကြက္သူမရွိ၊ ျပည္သူ႔လႊတ္ေတာ္က အတည္ျပဳလုိက္ပါတယ္။ လႊတ္ေတာ္မွာ မွတ္တမ္းတင္ထားတဲ့၊ တရားေရးဌာန အဂတိလိုက္စားမႈေတြကို NLD အမတ္ေတြက ဆက္လက္ေဆာင္ရြက္ရပါလိမ့္မယ္။
တရားစီရင္ေရးဌာနမွာလည္း ဦးသိန္းစိန္အစိုးရလက္ထက္မွာ ေခတ္စားတဲ့ ကြန္ျပဴတာ အင္တာနက္စာမ်က္ႏွာ (website) ရွိပါတယ္။ တရားေရးဂ်ာနယ္ ဆိုတဲ့အမည္နဲ႔ ျမန္မာ-အဂၤလိပ္ ႏွစ္ဘာသာနဲ႔ စာေစာင္ထုတ္ေဝပါတယ္။ ဒါေပမဲ့ ၾကည့္လိုက္တာနဲ႔ တရားေရးဌာနေကာင္းေၾကာင္း ေၾကာ္ျငာတဲ့စာေစာင္လို႔ ျဖစ္ေနပါတယ္။ ၂၀၁၃ ဒီဇင္ဘာလထုတ္ ဂ်ာနယ္မွာ ျမန္မာလို (၅၄) မ်က္ႏွာ ရွိပါတယ္။ တရားေရးဌာနရဲ ႔ ကထိန္ပြဲ၊ ဝါဆိုသကၤန္းကပ္ပြဲ၊ ဆြမ္းဆန္စိမ္းေလာင္ပြဲ၊ သႀကၤန္ပြဲ၊ အားကစားပြဲ၊ သင္တန္းဆင္းပြဲ နဲ႔ အစည္းအေဝးပြဲကို ေဖာ္ျပတဲ့ ဓါတ္ပံုေတြက (၂၂) မ်က္ႏွာ ရွိပါတယ္။ တရားစီရင္ေရးေဆာင္ပုဒ္ထဲမွာ လာဘ္ေပးလာဘ္ယူ ကင္းရွင္းဖို႔နဲ႔ ေျဖာင့္မတ္တည္ၾကည္မႈျဖင့္ တရားရံုးရဲ ႔ ဂုဏ္သိကၡာ ထိန္းသိမ္းဖို႔ ေဖာ္ျပထားပါတယ္။ အက်င့္ပ်က္တရားစီရင္ေရးကို ဘယ္လို ျပဳျပင္မယ္ဆိုတာကိုေတာ့ ေဖာ္ျပဖို႔ ပ်က္ကြက္ေနပါတယ္။
သူရဦးေအာင္ကို ဥကၠ႒လုပ္တဲ့ ေကာ္မတီကို ေပးပို႔တဲ့ တိုင္စာ (၁) ေသာင္းေက်ာ္ထဲမွာ (၁) ေထာင္ေက်ာ္ကို ေျဖရွင္းဖို႔ သက္ဆိုင္ရာ တရားရံုးေတြကို ပို႔ေပးလိုက္တဲ့အခါ ဥပေဒနဲ႔အညီ ေဆာင္ရြက္တယ္လို႔ ျပန္ၾကားေၾကာင္း သိရွိရပါတယ္။ တရားစီရင္ေရး သပြတ္အူႀကီးထဲမွာ တရားသူႀကီး၊ ဥပေဒအရာရွိ၊ ေရွ ႔ေန၊ တရားရံုးဝန္ထမ္း၊ ရဲတပ္ဖြဲ႔ဝင္နဲ႔ တရားစြဲသူေတြ ပါဝင္တာမို႔ အလြန္ရႈပ္ေထြးပါတယ္။ ဒီလူေတြအားလံုး အဂတိလိုက္စားမႈမွာ ပါဝင္ပတ္သက္ေနၿပီး တဦးနဲ႔တဦး အေပးအယူ၊ အခ်ိတ္အဆက္လုပ္ၿပီး ရပ္တည္ေနၾကတာ အႏွစ္ (၅၀) ေက်ာ္ ေနပါၿပီ။ လႊတ္ေတာ္ေကာ္မတီက အေရးယူဖို႔ အေၾကာင္းၾကားရံုနဲ႔ တရားစီရင္ေရး သပြတ္အူႀကီးဟာ ရွင္းလင္းသြားမွာ မဟုတ္ပါဘူး။ ျပည္သူလူထု ေရြးေကာက္တင္ေျမွာက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မလုပ္ႏိုင္တာေတြ အမ်ားႀကီးရွိေနတာ သိသာထင္ရွားလွပါတယ္။
တရားလႊတ္ေတာ္ခ်ဳပ္ရဲ ႔ (၂၀၁၅) ကေန (၂၀၁၇) အထိျဖစ္တဲ့ (၃) ႏွစ္တာ မဟာဗ်ဴဟာ ဘယ္ေလာက္ ထိေရာက္မႈ ရွိတယ္ဆိုတာကို NLD ႀကီးစိုးတဲ့ လႊတ္ေတာ္က အေသးစိတ္ ေစာင့္ၾကည့္ေလ့လာဖို႔ လိုပါတယ္။ တရားစီရင္ေရးဌာနဟာ အစိုးရရဲ ႔ ဖိႏိွပ္ေရးကိရိယာအျဖစ္ အသံုးေတာ္ခံလာတာ အဂၤလိပ္ ကိုလိုနီေခတ္ကတည္းကျဖစ္လို႔ (၃) ႏွစ္ေလာက္ သင္တန္းေပးရံုနဲ႔ အရိုးစြဲေနတဲ့ အက်င့္ဆိုးကို ပယ္ဖ်က္ႏိုင္ဖို႔ မလြယ္ပါဘူး။ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့အမႈမွာ ဥပေဒပုဒ္မအမ်ဳိးမ်ဳိးရွာႀကံၿပီး တရားခံကို စြဲခ်က္တင္တာဟာ လုပ္ရိုးလုပ္စဥ္လို ျဖစ္ေနပါတယ္။ အမႈတမႈနဲ႔ မၿငိစြန္းလွ်င္ အျခားတမႈနဲ႔ ၿငိစြန္းေအာင္ အကြက္ဆင္တာ ျဖစ္ပါတယ္။
အဂတိလိုက္စားမႈ ထုတ္ေဖာ္ေရးသားသူကို အသေရဖ်က္မႈနဲ႔ အေရးယူတာဟာ အစိုးရရဲ ႔ လုပ္နည္းလုပ္ထံုးတခု ျဖစ္လာႏိုင္ပါတယ္။ ရာဇဝတ္မကင္းေသာ ေခ်ာက္လွန္႔မႈ၊ ေစာ္ကားမႈ နဲ႔ စိတ္ၿငိျငင္မႈကို ေဖာ္ျပတဲ့ ရာဇသတ္ႀကီးအခန္း (၂၂) နဲ႔ ႏိုင္ငံေတာ္ၿငိမ္ဝပ္ေရးကို ပ်က္ေစတဲ့ ျပစ္မႈကို ေဖာ္ျပတဲ့ အခန္း (၈) ဟာ ျပည္သူ႔ဘက္က ကူညီေဆာင္ရြက္သူကို ဒုကၡေပးႏိုင္တဲ့ ဥပေဒပုဒ္မေတြ ျဖစ္ပါတယ္။ ကိုလိုနီေခတ္က ဥပေဒေတြကိုသံုးၿပီး ကိုယ္က်ဳိးကာကြယ္တဲ့ အစိုးရလက္ထက္မွာ ျပည္သူအမ်ား ယံုၾကည္ကိုးစားတဲ့ ျပည္သူ႔အက်ဳိးျပဳ တရားစီရင္ေရးစနစ္ ေပၚထြန္းေရးဟာ လက္ေတြ႔အေကာင္အထည္ေပၚဖို႔ အလြန္ခက္ခဲေနပံုရေၾကာင္း တင္ျပလုိက္ရပါတယ္။
ဦးေအာင္ခင္, ေက်ာ္ေက်ာ္သိန္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................................................
အကျင့်ပျက်တရား စီရင်ရေး
29 January 2016
Transparency International - Corruption Index
တရားမျှတရေး အတူတကွ မြှင့်တင်ပေးဆိုတဲ့ တရားစီရင်ရေး မဟာဗျူဟာ (၃) နှစ် စီမံကိန်း အကောင်အထည်ဖော်နေတာ (၁) နှစ် ရှိသွားပါပြီ။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ အမေရိကန် အေဂျင်စီရဲ ့ ကူညီပံ့ပိုးမှုနဲ့ (၂၀၁၅-၂၀၁၇) အထိ (၃) နှစ် စီမံကိန်း အကောင်အထည် ဖော်နေတယ်လို့ (၂၀၁၄) နိုဝင်ဘာလထုတ် တရားလွှတ်တော်ချုပ် စာတမ်းမှာ ရေးထားပါတယ်။ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူအများ ယုံကြည်ကိုးစားတဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေးနဲ့ တရားရုံးများရဲ ့ ဂုဏ်သိက္ခာ မြှင့်တင်ရေး ပါဝင်ပါတယ်။ တရားရေးဝန်ထမ်း အရည်အသွေး တိုးတက်အောင် လုပ်ဖို့လည်း ရည်ရွယ်ပါတယ်တဲ့။
ဒါပေမဲ့ ပြည်တွင်းသတင်းတွေကိုကြည့်ရင် နာမည်အပျက်ဆုံး အစိုးရဌာနတွေထဲမှာ တရားစီရင်ရေးဌာန ပါဝင်နေတာ တွေ့နိုင်ပါတယ်။ အနှစ် (၅၀) ကျော် အကျင့်ပျက်လာခဲ့တဲ့ တရားရေးမဏ္ဍိုင်ကို တနှစ်လောက် ပြုပြင်ရုံနဲ့ အရာမထင်တာ သိသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌလုပ်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကိုပို့တဲ့ တိုင်ကြားစာ (၇၀၀၀) ကျော်မှာ တဝက်ကျော်ဟာ တရားစီရင်ရေးနဲ့ သက်ဆိုင်ကြောင်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလက ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီရဲ ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သူရဦးအောင်ကို ဥက္ကဋ္ဌလုပ်တဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာ နဲ့ တိုင်ကြားစာများ၊ အသနာခံစာများ၊ စီရင်ရေးကော်မတီ က ပြည်သူ့လွှတ်တော်ကို ဒီဇင်ဘာလ (၈) ရက်နေ့က တင်သွင်းတဲ့ အစီရင်ခံစာမှာလည်း တရားရုံးတွေရဲ ့ လုပ်ကိုင်ပုံကို မကျေနပ်လို့ တိုင်ကြားတာက အများဆုံး ဖြစ်နေပါတယ်။ လက်ခံရရှိတဲ့ တိုင်ကြားစာ (၁) သောင်းကျော်မှာ အများစုဟာ တရားရုံးအဆင့်ဆင့်ရဲ ့ ဆောင်ရွက်ချက်ကို မကျေနပ်လို့ တိုင်ကြားတာဖြစ်ကြောင်း သိရပါတယ်။ တရားမျှတဖို့နဲ့ ပြည်သူ့ဘဝလုံခြုံဖို့ ဆောင်ရွက်ပေးမယ့် အုပ်ချုပ်ရေးပိုင်းက ပံ့ပိုးကူညီမှု အားနည်းတဲ့အတွက် မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာကို ကန့်ကွက်သူမရှိ၊ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ လွှတ်တော်မှာ မှတ်တမ်းတင်ထားတဲ့၊ တရားရေးဌာန အဂတိလိုက်စားမှုတွေကို NLD အမတ်တွေက ဆက်လက်ဆောင်ရွက်ရပါလိမ့်မယ်။
တရားစီရင်ရေးဌာနမှာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ်စားတဲ့ ကွန်ပြူတာ အင်တာနက်စာမျက်နှာ (website) ရှိပါတယ်။ တရားရေးဂျာနယ် ဆိုတဲ့အမည်နဲ့ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ စာစောင်ထုတ်ဝေပါတယ်။ ဒါပေမဲ့ ကြည့်လိုက်တာနဲ့ တရားရေးဌာနကောင်းကြောင်း ကြော်ငြာတဲ့စာစောင်လို့ ဖြစ်နေပါတယ်။ ၂၀၁၃ ဒီဇင်ဘာလထုတ် ဂျာနယ်မှာ မြန်မာလို (၅၄) မျက်နှာ ရှိပါတယ်။ တရားရေးဌာနရဲ ့ ကထိန်ပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်ပွဲ၊ သင်္ကြန်ပွဲ၊ အားကစားပွဲ၊ သင်တန်းဆင်းပွဲ နဲ့ အစည်းအဝေးပွဲကို ဖော်ပြတဲ့ ဓါတ်ပုံတွေက (၂၂) မျက်နှာ ရှိပါတယ်။ တရားစီရင်ရေးဆောင်ပုဒ်ထဲမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းဖို့နဲ့ ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံးရဲ ့ ဂုဏ်သိက္ခာ ထိန်းသိမ်းဖို့ ဖော်ပြထားပါတယ်။ အကျင့်ပျက်တရားစီရင်ရေးကို ဘယ်လို ပြုပြင်မယ်ဆိုတာကိုတော့ ဖော်ပြဖို့ ပျက်ကွက်နေပါတယ်။
သူရဦးအောင်ကို ဥက္ကဋ္ဌလုပ်တဲ့ ကော်မတီကို ပေးပို့တဲ့ တိုင်စာ (၁) သောင်းကျော်ထဲမှာ (၁) ထောင်ကျော်ကို ဖြေရှင်းဖို့ သက်ဆိုင်ရာ တရားရုံးတွေကို ပို့ပေးလိုက်တဲ့အခါ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ ပြန်ကြားကြောင်း သိရှိရပါတယ်။ တရားစီရင်ရေး သပွတ်အူကြီးထဲမှာ တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ ့နေ၊ တရားရုံးဝန်ထမ်း၊ ရဲတပ်ဖွဲ့ဝင်နဲ့ တရားစွဲသူတွေ ပါဝင်တာမို့ အလွန်ရှုပ်ထွေးပါတယ်။ ဒီလူတွေအားလုံး အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေပြီး တဦးနဲ့တဦး အပေးအယူ၊ အချိတ်အဆက်လုပ်ပြီး ရပ်တည်နေကြတာ အနှစ် (၅၀) ကျော် နေပါပြီ။ လွှတ်တော်ကော်မတီက အရေးယူဖို့ အကြောင်းကြားရုံနဲ့ တရားစီရင်ရေး သပွတ်အူကြီးဟာ ရှင်းလင်းသွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင်တာတွေ အများကြီးရှိနေတာ သိသာထင်ရှားလှပါတယ်။
တရားလွှတ်တော်ချုပ်ရဲ ့ (၂၀၁၅) ကနေ (၂၀၁၇) အထိဖြစ်တဲ့ (၃) နှစ်တာ မဟာဗျူဟာ ဘယ်လောက် ထိရောက်မှု ရှိတယ်ဆိုတာကို NLD ကြီးစိုးတဲ့ လွှတ်တော်က အသေးစိတ် စောင့်ကြည့်လေ့လာဖို့ လိုပါတယ်။ တရားစီရင်ရေးဌာနဟာ အစိုးရရဲ ့ ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးတော်ခံလာတာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းကဖြစ်လို့ (၃) နှစ်လောက် သင်တန်းပေးရုံနဲ့ အရိုးစွဲနေတဲ့ အကျင့်ဆိုးကို ပယ်ဖျက်နိုင်ဖို့ မလွယ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှုမှာ ဥပဒေပုဒ်မအမျိုးမျိုးရှာကြံပြီး တရားခံကို စွဲချက်တင်တာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ အမှုတမှုနဲ့ မငြိစွန်းလျှင် အခြားတမှုနဲ့ ငြိစွန်းအောင် အကွက်ဆင်တာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု ထုတ်ဖော်ရေးသားသူကို အသရေဖျက်မှုနဲ့ အရေးယူတာဟာ အစိုးရရဲ ့ လုပ်နည်းလုပ်ထုံးတခု ဖြစ်လာနိုင်ပါတယ်။ ရာဇဝတ်မကင်းသော ချောက်လှန့်မှု၊ စော်ကားမှု နဲ့ စိတ်ငြိငြင်မှုကို ဖော်ပြတဲ့ ရာဇသတ်ကြီးအခန်း (၂၂) နဲ့ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေတဲ့ ပြစ်မှုကို ဖော်ပြတဲ့ အခန်း (၈) ဟာ ပြည်သူ့ဘက်က ကူညီဆောင်ရွက်သူကို ဒုက္ခပေးနိုင်တဲ့ ဥပဒေပုဒ်မတွေ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က ဥပဒေတွေကိုသုံးပြီး ကိုယ်ကျိုးကာကွယ်တဲ့ အစိုးရလက်ထက်မှာ ပြည်သူအများ ယုံကြည်ကိုးစားတဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေးဟာ လက်တွေ့အကောင်အထည်ပေါ်ဖို့ အလွန်ခက်ခဲနေပုံရကြောင်း တင်ပြလိုက်ရပါတယ်။
ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..........................................................
No comments:
Post a Comment