Byရန္မ်ိဳးႏိုင္On Sat, 2016-01-02 06:30Location ရန္ကုန္Issue No.No.966 Saturday, January 2, 2016
လႊတ္ေတာ္အသစ္ကို လာမည့္ ေဖေဖာ္၀ါရီ ၁ ရက္တြင္ စတင္ က်င္းပႏိုင္ရန္ စီစဥ္ေနေၾကာင္း လႊတ္ေတာ္ ကိုယ္စား လွယ္ အခ်ဳိ႕ထံမွ သတင္းရရွိသည္။
၂၀၁၆ ေဖေဖာ္၀ါရီ ၁ ရက္ သည္ တနလၤာေန႔ျဖစ္ကာ ယင္း ေန႔တြင္ ဒုတိယ အႀကိမ္ေျမာက္ လႊတ္ေတာ္ အစည္းအေ၀းကို စတင္ေခၚယူရန္ စီစဥ္ေနေၾကာင္း ၾကားသိရသည္ဟု အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းသူက ဆိုသည္။
‘‘ဇန္န၀ါရီ ၃၁ ရက္မွာ သက္ တမ္းကုန္ေပမယ့္ ၂၉ ရက္အထိပဲ က်င္းပမယ္ ထင္တယ္။ ၃၀၊ ၃၁ ရက္က စေနနဲ႔ တနဂၤေႏြ႐ုံုးပိတ္ ရက္ေတြျဖစ္ေနတယ္။ အဲဒီေတာ့ လႊတ္ေတာ္အသစ္ကို ေဖေဖာ္၀ါရီ ၁ ရက္ တနလၤာေန႔မွာစလိမ့္မယ္’’ ဟု အမ်ဳိးသားဒီမိုကေရစီအင္အား စုပါတီ (NDF) မွ ျပည္သူ႕လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးခိုင္ေမာင္ ရည္က ဆိုသည္။
၂၀၁၀ အေထြေထြ ေရြး ေကာက္ပြဲ ရလဒ္ေၾကာင့္ ေပၚ ထြက္လာေသာ လက္ရွိက်င္းပေန ဆဲျဖစ္သည့္ ျပည္နယ္လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္၊ ျပည္ သူ႕လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ ေတာ္ႏွင့္ ျပည္ေထာင္စု လႊတ္ ေတာ္တို႔၏ ငါးႏွစ္တာသက္တမ္း သည္ ၂၀၁၆ ဇန္န၀ါရီ ၃၁ ရက္ တြင္ ကုန္ဆံုးမည္ ျဖစ္သည္။
လက္ရွိ လႊတ္ေတာ္သက္ တမ္းကုန္ဆံုးခ်ိန္တြင္ လာမည့္ လႊတ္ေတာ္အသစ္ေခၚယူႏုိင္ေရး ညႇိႏိႈင္းအစည္းအေ၀းတစ္ရပ္ကို ျပည္ေထာင္စုလႊတ္ေတာ္နာယက သူရဦးေရႊမန္း ဦးစီး၍ ေနျပည္ေတာ္လႊတ္ေတာ္အေဆာက္အအံု၀င္းအတြင္း၌ ဒီဇင္ ဘာ ၁၀ ရက္က ျပဳလုပ္ခဲ့သည္။
အစိုးရသစ္ ဖြဲ႕ႏိုင္ေရး အ တြက္ လႊတ္ေတာ္သစ္ကို ၂၀၁၆ ေဖေဖာ္၀ါရီ မတိုင္မီ ေခၚယူက်င္းပေပးမည္ျဖစ္ေၾကာင္း ျပည္ ေထာင္စုလႊတ္ေတာ္နာယက သူရဦးေရႊမန္းက ဒီဇင္ဘာ ၁၁ ရက္တြင္သတင္းမီဒီယာမ်ားအား ေျပာၾကားထားသည္။
7Daydaily
..........
လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်နိုင်ရန် စီစဉ်
Byရန်မျိုးနိုင်On Sat, 2016-01-02 06:30Location ရန်ကုန်Issue No.No.966 Saturday, January 2, 2016
လွှတ်တော်အသစ်ကို လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း လွှတ်တော် ကိုယ်စား လှယ် အချို့ထံမှ သတင်းရရှိသည်။
၂၀၁၆ ဖေဖော်ဝါရီ ၁ ရက် သည် တနင်္လာနေ့ဖြစ်ကာ ယင်း နေ့တွင် ဒုတိယ အကြိမ်မြောက် လွှတ်တော် အစည်းအဝေးကို စတင်ခေါ်ယူရန် စီစဉ်နေကြောင်း ကြားသိရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
‘‘ဇန်နဝါရီ ၃၁ ရက်မှာ သက် တမ်းကုန်ပေမယ့် ၂၉ ရက်အထိပဲ ကျင်းပမယ် ထင်တယ်။ ၃၀၊ ၃၁ ရက်က စနေနဲ့ တနင်္ဂနွေရုုံးပိတ် ရက်တွေဖြစ်နေတယ်။ အဲဒီတော့ လွှတ်တော်အသစ်ကို ဖေဖော်ဝါရီ ၁ ရက် တနင်္လာနေ့မှာစလိမ့်မယ်’’ ဟု အမျိုးသားဒီမိုကရေစီအင်အား စုပါတီ (NDF) မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က ဆိုသည်။
၂၀၁၀ အထွေထွေ ရွေး ကောက်ပွဲ ရလဒ်ကြောင့် ပေါ် ထွက်လာသော လက်ရှိကျင်းပနေ ဆဲဖြစ်သည့် ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် ပြည်ထောင်စု လွှတ် တော်တို့၏ ငါးနှစ်တာသက်တမ်း သည် ၂၀၁၆ ဇန်နဝါရီ ၃၁ ရက် တွင် ကုန်ဆုံးမည် ဖြစ်သည်။
လက်ရှိ လွှတ်တော်သက် တမ်းကုန်ဆုံးချိန်တွင် လာမည့် လွှတ်တော်အသစ်ခေါ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးစီး၍ နေပြည်တော်လွှတ်တော်အဆောက်အအုံဝင်းအတွင်း၌ ဒီဇင် ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည်။
အစိုးရသစ် ဖွဲ့နိုင်ရေး အ တွက် လွှတ်တော်သစ်ကို ၂၀၁၆ ဖေဖော်ဝါရီ မတိုင်မီ ခေါ်ယူကျင်းပပေးမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၁ ရက်တွင်သတင်းမီဒီယာများအား ပြောကြားထားသည်။
7Daydaily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 1, 2016
လႊတ္ေတာ္သစ္ကို ေဖေဖာ္၀ါရီ ၁ ရက္တြင္ စတင္ႏိုင္ရန္ စီစဥ္
လႊတ္ေတာ္သစ္ကို ေဖေဖာ္၀ါရီ ၁ ရက္တြင္ စတင္ႏိုင္ရန္ စီစဥ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment