..........................................................................
==============။===================
………………………………………………………………………………………….
……………………………….
ကျုံပျော်မှ အပြန်တွင် သား နှင့် အမျိုးသမီးအား ချောင်းသာသို့လိုက်ပို့ပေးမည်ဟုလည်းစိတ်ကူးထားခဲ့သည်
ထို့ကြောင့် ရန်ကုန် ဒဂုံဧရာ အဝေးပြေးတွင် ကျုံပျော်ကားလတ်မှတ်ဖြတ်အပြီး ချောင်းသာသွားရန်အတွက် ရန်ကုန်-ချောင်းသာကားလက်မှတ်လည်း တစ်ပါတည်းဖြတ်ခဲ့သည်
“ကျွန်တော်တို့က ရန်ကုန်က စီးမှာ မဟုတ်ဘူးဗျ လမ်းတ၀က် ကံကလေးလမ်းဆုံက နေ စောင့်စီးမှာ အဆင်ပြေပါ့မလား”
“ရတယ် အစ်ကို….ရန်ကုန်ကနေ မနက် ၆ နာရီ ထွက်မှာဆိုတော့ ကံကလေးလမ်းဆုံကို ၈ နာရီကျော်ကျော်လောက်တော့ရောက်မယ် အစ်ကိုတို့ကံကလေးလမ်းဆုံကို ၇း၃၀ လောက်သာရောက်အောင်လာခဲ့ ထိုင်ခုံလူနာမည်စာရင်းမှာ ကံကလေးလမ်းဆုံတက်မည်လို့ မှတ်ချက်ပါရေးထားတယ် ဘာမှ မပူနဲ့ အဆင်ပြေတယ်”
………………………………..
လဒလေး………..
ဘာမှမပူနဲ့ အဆင်ပြေတယ်သာပြောတယ် …….ဒီမှာ မနက် ၇း၀၀ နာရီထဲက ကံကလေးလမ်းဆုံကို ကျုံပျော်ကနေ အရောက်လာပြီး စောင့်နေရတာ အခု ၉း၀၀ နာရီထိုးတော့မယ်
ကို့ကို ထားခဲ့မည် ကျန်ခဲ့မည်စိုးသဖြင့် လက်ဖက်ရည်ဆိုင်ထဲတောင်မထိုင်ပဲ လမ်းဘေးမတ်တပ်ရပ် ကားတားဖို့အတွက် ကားတစ်စီးလာတိုင်း နာမည်တွေကို အဝေးထဲက လိုက်လိုက် ဖတ်ရတာအမော
“အင်း….ပုံမှန်ဆို ရန်ကုန်ကနေ ကံကလေးလမ်းဆုံကိုရောက်ဖို့ အမြန်မောင်းရင်၂ နာရီကျော် ၂ နာရီခွဲလောက်မောင်းရတယ် ငါတို့ရောက်တာ ၇ နာရီ သူတို့ရန်ကုန်ကထွက်တာ ၆ နာရီဆိုတော့ ငါတို့မရောက်ခင် ကားကများသွားနှင့်ပြီလား”
“အို…ကားတွေဆိုတာ ၆ နာရီထွက်မယ်သာပြောတာ ဖင်လှည့်ခေါင်းလှည့်နဲ့ ၆း၃၀ လောက်မှဂိတ်ကထွက်လို့နေမှာပေါ့ ဒါမှမဟုတ်လည်း လမ်းမှာ ထမင်းစားနားနေလို့ နောက်ကျနေတာလည်းဖြစ်မှာပေါ့”
ဟူး…တော်ပါသေးရဲ့ ချန်မထားခဲ့လို့
……………………………….
ကားကိုတားသည်
“ထက်အောင်လင်းမို့လား…..”
“ဟုတ်ပါတယ်”
“ဟာ…မကျော်ပါဘူးဗျာ ကျတော် မနက် ၇ နာရီ ထဲကစောင့်နေတာ လာတဲ့ကားတွေအကုန် ကြည့်နေတယ် ထက်အောင်လင်း ဆိုတဲ့နာမည် အခုမှ ပထမဆုံးတွေ့လို့တားလိုက်တာ…..”
“ခင်ဗျာ…..ဘယ်လို ဘယ်လို…..
“သာပေါင်း သာပေါင်း သားပေါင်းကိုနော်လိုက်ဦးမလား လိုက်ဦးမလား.............”
………………………….
အသဲကိုယားရော
အဲ့ဒါနဲ့ လက်မှတ်ထဲက ဂိတ်ဖုန်း..အပြင် အိမ်ဖုန်းလို့ရေးထားတဲ့ အိမ်ဖုန်းကိုဆက်ပြန်တော့လည်း........
“ဂိတ်ကိုဆက်လိုက်ပါနော် ဂိတ်မှာ ၀န်ထမ်းတွေခန့်ထားပါတယ် သူတို့ကိုမေးပါနော်….”တဲ့
အဲ့ဒါနဲ့ စိတ်ကိုတတ်နိုင်သမျှရှည်အောင်ထားပြီး ဂိတ်ကိုဖုန်းပြန်ဆက် ကားဒရိုင်ဘာဖုန်းနံပါတ်တောင်းတော့ ဒရိုင်ဘာဖုန်းနံပါတ်လေးရလာပါရော….
…………………………
………………….
……………………..
အစ်ကိုတို့က အချိန်မှီမရောက်တာလေ အစ်ကိုတို့ ဂိတ်ကို ဖုန်းဆက်တဲ့အချိန်ကိုပဲကြည့်ဦး ၁၁း၀၀ နာရီလောက်ဖြစ်နေပြီလေ….”
“ကျမတို့က ၇း၀၀ နာရီထဲကအဲ့လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာရောက်နေပြီ….ကားမလာတဲ့အဆုံး ကားကျော်သွားပြီလား မကျော်သွားဘူးလားသိဖို့ကို ဖုန်းဘယ်နှစ်လုံးလောက်ဆက်ရတယ်ထင်လဲ ….အခုကျတော့လဲ ပြေရာပြေကြောင်း မပြောပဲ….အစ်ကိုတို့ဖုန်းဆက်တဲ့အချိန်ကိုကြည့်ဦး ဆိုပြီးရန်ပြန်တွေ့ တာ ရှင်တို့မလွန်ဘူးလား….”
မိန်းမကတော့ တော်တ်ာတင်းတင်းကို ပြောနေတာ…ဒေါသလည်း အတော်ထွက်နေတဲ့ပုံပဲ….
“ကျွန်တော်တို့ကလည်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မခေါ်နိုင်ဘူး….”
……………………………
(ဘာပဲပြောပြောဗျာ……အခုကျွန်တော်ရေးတဲ့ ဖြစ်ရပ်မှန်လေးကတော့ ကျွန်တော့်မိန်းမနဲ့ ထက်အောင်လင်းဂိတ်က လူတွေ ခွန်းကြီးခွန်းငယ်အပြန်အလှန်ပြောနေတဲ့အချိန်မှာ အခုလိုလေးများ ဇာတ်ရည်လည်အောင် အစအဆုံးလေးများရှင်းပြလိုက်ရင် ဆိုပြီး ပွဲပြီးမှ ရင်ထဲမှာ ခဏခဏပေါ်လာတဲ့စကားလုံးတွေပါ….
................
ခရီးသည်များ၏ဒုက္ခကိုစာနာသောအားဖြင့် အများသိစေရန်ထပ်မံShare လိုက်ပါသည်။
မြန်မာပြည်တွင် စားသုံးသူကို အလေးထား၊လေးစားသော ယဉ်ကျေးမှု ထွန်းကားပါစေ။
..........................................................................
“ကျွန်တော်…ထက်အောင်လင်း ကားဂိတ် နှင့် ချောင်းသာ…….”
==============။===================
(ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်ရှိ သူငယ်ချင်း ၉၀၀ ကျော်မှနေ၍ှ ဤပို့စ်အား ထက်အောင်လင်း ဂိတ်မှ လူများဖတ်မိသည်အထိရောက်ရှိသွားရန် share ပေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။)
(စိတ်ထဲမှာ ယခုအချိန်အထိ အစော်ကားခံရသလို တနုံ့နုံ့ဖြစ်နေလို့ပါ။)
………………………………………………………………………………………….
ရောက်အောင် သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီးပြီပဲ….
ရောက်အောင်သွားရုံပေါ့….ဒီလိုမျိုး ကသိကအောင့်ဖြစ်ရရုံ အဆင်မပြေရုံနဲ့ ဒီခရီး မသွားပဲ လှည့်ပြန်မယ်ဆို စိတ်ကူးထားတဲ့ အိမ်မက်လေးတွေ အတွက် မတရားရာကျနေလိမ့်မယ်….
……………………………….
ဒီတစ်ခေါက် မြန်မာပြည်ပြန်တော့ ကို့မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်းများနှင့် တွေ့ဆုံနိုင်ဖို့ရန်အတွက် ဇာတိဒေသ ကျုံပျော်မြို့သို့ပြန်မည်စိတ်ကူးထားခဲ့သည်
ကျံုပျော်မှ အပြန်တွင် သား နှင့် အမျိုးသမီးအား ချောင်းသာသို့လိုက်ပို့ပေးမည်ဟုလည်းစိတ်ကူးထားခဲ့သည်
ထို့ကြောင့် ရန်ကုန် ဒဂုံဧရာ အဝေးပြေးတွင် ကျံုပျော်ကားလတ်မှတ်ဖြတ်အပြီး ချောင်းသာသွားရန်အတွက် ရန်ကုန်-ချောင်းသာကားလက်မှတ်လည်း တစ်ပါတည်းဖြတ်ခဲ့သည်
“ကျွန်တော်တို့က ရန်ကုန်က စိီးမှာ မဟုတ်ဘူးဗျ လမး်တဝက် ကံကလေးလမ်းဆုံက နေ စောင့်စီးမှာ အဆင်ပြေပါ့မလား”
“ရတယ် အစ်ကို….ရန်ကုန်ကနေ မနက် ၆ နာရီ ထွက်မှာဆိုတော့ ကံကလေးလမ်းဆုံကို ၈ နာရီကျော်ကျော်လောက်တော့ရောက်မယ် အစ်ကိုတို့ကံကလေးလမး်ဆုံကို ရး၃၀ လောက်သာရောက်အောင်လာခဲ့ ထိုင်ခုံလူနာမည်စာရင်းမှာ ကံကလေးလမ်းဆုံတက်မည်လို့ မှတ်ချက်ပါရေးထားတယ် ဘာမှ မပူနဲ့ အဆင်ပြေတယ်”
………………………………..
လဒလေး………..
ဘာမှမပူနဲ့ အဆင်ပြေတယ်သာပြောတယ် …….ဒီမှာ မနက် ရ းဝဝ နာရီထဲက ကံကလေးလမ်းဆုံကို ကျံုပျော်ကနေ အရောက်လာပြီး စောင့်နေရတာ အခု ၉းဝဝ နာရီထိုးတော့မယ်
“ထက်အောင်လင်း” နာမည် နဖူးစီးထိုးထားတဲ့ကားက ယောင်လို့တောင်ပေါ်မလာ
ကို့ကို ထားခဲ့မည် ကျန်ခဲ့မည်စိုးသဖြင့် လက်ဖက်ရည်ဆိုင်ထဲတောင်မထိုင်ပဲ လမ်းဘေးမတ်တပ်ရပ် ကားတားဖို့အတွက် ကားတစ်စိီးလာတိုင်း နာမည်တွေကို အဝေးထဲက လိုက်လိုက် ဖတ်ရတာအမော
“ပုသိမ်…ပုသိမ်….ထိုင်စီးရမယ်…အစ်ကို ပုသိမ်လား….”
“မြောင်းမြ….မြောင်းမြ…ငသိုင်းချောင်း….ငသိုင်းချောင်း….လိုက်မလား အစ်ကို….လိုက်ဦးမလားအစ်ကို…လိုက်ဦးမလားအစ်ကို……..”
စပယ်ယာလေးတွေကို အားနာပြီး ခေါင်းခါပြရသည်ပင် ခေါင်းညောင်းလှပြီ
“ထက်အောင်လင်း” လို့ရေးထားသည့် ကားက တော့ ယခုအချိန်အထိ ပေါ်၍မလာသေးပေ
“အင်း….ပုံမှန်ဆို ရန်ကုန်ကနေ ကံကလေးလမ်းဆုံကိုရောက်ဖို့ အမြန်မောင်းရင်၂ နာရီကျော် ၂ နာရီခွဲလောက်မောင်းရတယ် ငါတို့ရောက်တာ ရ နာရီ သူတို့ရန်ကုန်ကထွက်တာ ၆ နာရီဆိုတော့ ငါတို့မရောက်ခင် ကားကများသွားနှင့်ပြီလား”
“အို…ကားတွေဆိုတာ ၆ နာရီထွက်မယ်သာပြောတာ ဖင်လှည့်ခေါင်းလှည့့််နဲ့ ၆း၃၀ လောက်မှဂိတ်ကထွက်လို့နေမှာပေါ့ ဒါမှမဟုတ်လည်း လမ်းမှာ ထမင်းစားနားနေလို့ နောက်ကျနေတာလည်းဖြစ်မှာပေါ့”
“အင်း….အခု ၉း၃၀ ကျော်ပြီဆိုတော့ ရောက်ခါနီးနေပါပြီ ပူမနေပါနဲ့….ကားတိုင်းကလည်း ဖြတ်သွားရင် ပုသိမ်နော် ပုသိမ် မြောင်းမြနော် မြောင်းမြ လို့အော်အော်ခေါ်ပြီး ခဏတော့ရပ်တာပဲလေ ဒို့ဝယ်ထားတဲ့ “ထက်အောင်လင်း” ကလည်း ဒီလိုပဲအော်မှာပေါ့ စာရွက်ထဲလည်း ကံကလေးလမ်းဆုံတက်မည် မှတ်ချက်ရေးထားတာပဲ ပူမနေနဲ့ ပူမနေနဲ့…..”
“ဟော…၁၀းဝဝ နာရီတောင် ထိုးပါပြီကောလား….ဟုတ်တယ် ဟုတ်တယ် ထက်အောင်လင်းပဲ ထက်အောင်လင်းမှထက်အောင်လင်းပဲ ….အိုး အိုး အိုး အို …သူလာနေပြီ”
ဟူး…တေ်ာပါသေးရဲ့ ချန်မထားခဲ့လို့
“သားလေးရေ….ဖေဖေတို့လက်မှတ်ဝယ်ထားတဲ့ ထက်အောင်လင်းနာမည်ရေးထားတဲ့ ချောင်းသာကားလာပြီ”
……………………………….
ကားကိုတားသည်
အထုပ်ကို ဆွဲသည်….ပါးစပ်ကမေးသည်………
“ထက်အောင်လင်းမို့လား…..”
“ဟုတ်ပါတယ်”
“ရန်ကုန်ဂိတ်ထွက်နောက်ကျလို့လား လမ်းမှာထမင်းစားနားလို့လား တော်သေးတယ် မခေါ်ပဲထားခဲ့ပြီထင်နေတာ…..”
“အစ်ကိုတို့ ကဘယ်သွားမလို့လဲ….”
“ချောင်းသာလေ လက်မှတ်က ဒီမှာ..ရော့… ရန်ကုန်ကနေဖြတ်ထားတာ မနက် ၆ နာရီကားလေ”
ကျွန်တော်တို့ကားက ထက်အောင်လင်းတော့ ထက်အောင်လင်းပဲ တစ်ဂိတ်တည်းပဲ ဒါပေမဲ့ချောင်းသာ သွားမှာ မို့ဘူး…သားပေါင်းသွားမဲ့ကား…အစ်ကိုတို့ဖြတ်ထားတဲ့ ထက်အောင်လင်း ချောင်းသာ ၆ နာရီထွက်မဲ့ကားက ကျော်သွားပြီ အခုလောက်ဆို…”
“ဟာ…မကျော်ပါဘူးဗျာ ကျတော် မနက် ရ နာရီ ထဲကစောင့်နေတာ လာတဲ့ကားတွေအကုန် ကြည့်နေတယ် ထက်အောင်လင်း ဆိုတဲ့နာမည် အခုမှ ပထမဆုံးတွေ့လို့တားလိုက်တာ…..”
“မဟုတ်ဘူး အစ်ကိုရ….အဲ့ဒီ ချောင်းသာထွက်တဲ့ကားက ဘာနာမည်မှမရေးထားဘူး အဲ့ဒါကြောင့် အစ်ကိုတို့မတွေ့တာ…..”
“ခင်ဗျာ…..ဘယ်လို ဘယ်လို…..
နာမည်မရေးထားဘူး…အဲ့ဒါဆိုလည်း ကံကလေးလမ်းဆုံတက်လို့မှတ်ချက်ရေးထားတာ ခေါ်ရမယ်လေဗျာ….လာတဲ့ကားတိုင်း ခဏရပ် လူခေါ်နေတဲ့ဟာ….အခုက မခေါ်ပဲထားခဲ့တာတော့ လက်လွတ်စပါယ်နိုင်လွန်းပါတယ်ဗျာ….”
“ကျနော်လည်း မသိဘူးဗျာ လက်မှတ်ထဲမှာ ဂိတ်ဖုန်းနံပါတ်ရှိတယ် အဲ့ကိုသာ ဖုန်းဆက်မေးပေတော့”
“သာပေါင်း သာပေါင်း သားပေါငး်ကိုနော ်လိုက်ဦးမလား လိုက်ဦးမလား.............”
………………………….
နိဂုံးချုပ်ရရင်တော့ဗျာ….ဂိတ်ကိုဖုန်းဆက်မေးတော့ ဂိတ်ကလူက ကားကလာမှာပါ…. ကံကလေးလမ်းဆုံကိုမကျော်သေးဘူး ပြန်ဖြေတာ့…
“အော် …ကားသမားတွေ ကားသမားတွေ…..ကို့ကားလူရချင်တာနဲ့ ကျော်သွားပြီဆိုပြီးလိမ်ဖြေတယ်” ဆိုပြီး ဒေါသတောင် ပြန်ထွက်မိတယ်….
ဒီလိုနဲ့ထပ်စောင့်တာ နောက်ထပ် ၁ နာရီလောက်ရှိလာတော့ စိတ်က သိပ်မသင်ကာတော့တာနဲ့ ဂိတ်ကိုထပ်ဖုန်းဆက်ရပြန်ရော….
“ရန်ကုန်က ၆ နာရီ ထွက်ရင် ကံကလေးလမ်းဆုံကို လွန်ရောကျွံရော ၁၀းဝဝ နာရီပဲ ဘယ်လောက်နောက်ကျတယ်ပြောပြော အခုက ၁၁းဝဝ ထိုးပြီ ကားက ကျော်သွားပြီလား မကျော်သေးဘူးလား အဲ့ဒါဖြေပေးပါ အဲ့ဒါမှ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆုံးဖြတ်လို့ရမယ”် ဆိုတော့
အင်းလိုလို ….အဲလိုလိုနဲ့ဗျိုး..
အသဲကိုယားရော
အဲ့ဒါဆို အဲ့ကားမောင်းတဲ့သူရဲ့ဖုန်းနံပါတ်ပေးဆိုတော့….
“မသိဘူးဗျ….ကျွန်တော်က လူသစ်တဲ့….”
တောက်….စိတ်တိုလိုက်တာ…သူလူသစ်လား လူဟောင်းလား ကျွန်တော့်အလုပ်မှ မို့တာ
ကားက ကံကလေးလမ်းဆုံကို ဖြတ်သွားပြီလား မဖြတ်သွားသေးဘူးလားကိုမေးနေတာ….
အဲ့ဒါနဲ့ လက်မှတ်ထဲက ဂိ်တ်ဖုုန်း..အပြင် အိမ်ဖုန်းလို့ရေးထားတဲ့ အိမ်ဖုန်းကိုဆက်ပြန်တော့လည်း........
“ဂိ်တ်ကိုဆက်လိုက်ပါနော် ဂိတ်မှာ ၀န်ထမ်းတွေခန့်ထားပါတယ် သူတို့ကိုမေးပါနော်….”တဲ့
အမလေး….အမေရဲ့….သွားချင်ဦးဟဲ့ …ချောင်းသာလို့သာ အော်လိုက်ချင်ပါတော့တယ်
အဲ့ဒါနဲ့ စိတ်ကိုတတ်နို်င်သမျှရှည်အောင်ထားပြီး ဂိတ်ကိုဖုန်းပြန်ဆက် ကားဒရိုင်ဘာဖုန်းနံပါတ်တောင်းတော့ ဒရိုင်ဘာဖုန်းနံပါတ်လေးရလာပါရော….
ဒါနဲ့ အားပါးတရနဲ့ ဒရိုင်ဘာဆီကို ဖုန်းဆက်ပြန်တော့…..
“ဟုတ်ပါတယ်…ဟုတ်ပါတယ်….အရင်ကတော့ ကျနော် ထက်အောင်လင်း ကားကိုမောင်းခဲ့ပါတယ် အခုက အဲ့မှာ မမောင်းတော့ဘူးခင်ဗျ…..”
ဘဲဥ အစရှာမရဆိုတဲ့စကား အခုမှ နားလည်တော့တယ် အရပ်ကတို့ရေ
…………………………
ရန်ကုန်ဂိတ်က လူသစ်ဆိုတော့ ကဲ …ချောင်းသာဂိတ်ကိုဆက်ရင်တော့ တစ်ခုခု သိတန်ကောင်းရဲ့ဆိုပြီး ဆက်ပြန်တော့လည်း
“အဲ့ဒါလေ…ကားကလေ ကံကလေးလမ်းဆုံကိုဖြတ်သွားပြီလား မဖြတ်သွားသေးဘူးလား သိချင်လို့ …”
“ရန်ကုန်ဂိတ်ကိုမေးပါခင်ဗျ…”
“ရန်ကုန် ဂိတ်က လူက လူသစ် မို့ မေးတော့ ဘာမှမသိလို့ ဒီဖက်ကများ သိမလားလို့ခင်ဗျ…”
“ဟုတ်ကဲ့ခင်ဗျ….ကျနော်ကလည်း လူသစ် ခင်ဗျ….”
………………….
ဒီလိုနဲ့ မောင်စံရှားတစ်ယောက် ကျော်ပြီလား မကျော်သေးဘူးလား ခြေရာအထပ်ထပ်ကောက်လိုက်တာ နောက်ဆုံး ချောင်းသာ လူသစ်ဆိုတဲ့ လူဆီက ဂိတ်မှုးဖုန်းနံပါတ်လေးကိုရ…အဲ့ဒီကမှတစ်ဆင့် မနက် ၆းဝဝ နာရီ ထက်အောင်လင်းကားဒရိုင်ဘာဖုန်းဆီကို ဖုန်းဆက် လိုက်သော အခါမှာတော့
တူ့နယ် …တူနယ်…ဗြောင် ပါပဲ
“ကျွန်တော်တို့ကားက သဲဖြူကိုရောက်နေပြီတဲ့…………..”
……………………..
အော်..ချောင်းသာ…ချောင်းသာ
ဘယ်လိုဖြစ်ဖြစ်ရောက်အောင်သွားခဲ့ပါတယ်…..
ရောက်ပြီးပြန်ဖို့ လက်မှတ်ဖြတ်ဖို့ ကားဝန်းထဲသွားတော့ အဲ့ ထက်အောင်လင်း ဂိတ်ရော တစ်ခြားဂိတ်တွေရော
သူတို့ကားကို စီးဖို့ အလုအယက် လူလာခေါ်ကြပါတယ်….
ဖြစ်ပြီးတာ မေ့လိုက်ဖို့ ဘာမှမပြောတော့ဖို့ အတန်တန် တားထားခဲ့ပေမယ့် ကျွန်တော့်အမျိုးသမီးက အမျိုးသမီးပီပီ စတင် စကားခေါ်ပါတော့တယ်….
“ဒီမှာ..... ထက်အောင်လင်းဂိတ်က ကျွန်မတို့ကို ကံကလေးလမ်းဆုံမှာ မခေါ်ပဲထားခဲ့တာ အဲ့ဂိတ်က လူကော အခုဒီအထဲပါလား….”
“အော် မနက်က ဖုန်းဆက်တဲ့အစ်ကိုမို့လား…
အစ်ကိုတို့က အချိန်မှိီမရောက်တာလေ အစ်ကိုတို့ ဂိတ်ကို ဖုန်းဆက်တဲ့အချိန်ကိုပဲကြည့်ဦး ၁၁းဝဝ နာရီလောက်ဖြစ်နေပြီလေ….”
စကားမပြောချင်လောက်အောင်ကို စိတ်ပျက်သွားတယ်ဗျာ…တကယ်ပြောတာ
မိန်းမကတော့ ဒေါ နဲ့ မောနဲ့ ဆက်ကောနေတော့တာပဲ
“ကျမတို့က ရးဝဝ နာရီထဲကအဲ့လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာရောက်နေပြီ….ကားမလာတဲ့အဆုံး ကားကျော်သွားပြီလား မကျော်သွားဘူးလားသိဖို့ကို ဖုန်းဘယ်နှစ်လုံးလောက်ဆက်ရတယ်ထင်လဲ ….အခုကျတော့လဲ ပြေရာပြေကြောင်း မပြောပဲ….အစ်ကိုတို့ဖုန်းဆက်တဲ့အချိန်ကိုကြည့်ဦး ဆိုပြီးရန်ပြန်တွေ့ တာ ရှင်တို့မလွန်ဘူးလား….”
မိ်န်းမကတော့ တော်တာ်တင်းတင်းကို ပြောနေတာ…ဒေါသလည်း အတော်ထွက်နေတဲ့ပုံပဲ….
ဟိုကလည်း နှုတ်သီးခေါင်းလျှာပါး ပြန်ပြောပါလေရော
“ကျွန်တော်တို့ကလည်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဝင်တစ်ဆို်င်ထွက် လိုက်မခေါ်နိုင်ဘူး….”
“အင်တာနက်ခေတ်ရှင့်…အင်တာနက်ခေတ် ရှင်တို့ ထက်အောင်လင်း ဂိတ်အကြောင်းလူသိအောင်ပြောရမယ်”
“ခင်ဗျားဘာသာ ဘာနက်နက်ဖြစ်ဖြစ် အင်တာနက်တိုင်း ကျွန်တော်တို့ဂိတ်က ကြောက်ရမှာလား….”
……………………………
(ဘာပဲပြောပြောဗျာ……အခုကျွန်တော်ရေးတဲ့ ဖြစ်ရပ်မှန်လေးကတော့ ကျွန်တော့်မိ်န်းမနဲ့ ထက်အောင်လင်းဂိတ်က လူတွေ ခွန်းကြီးခွန်းငယ်အပြန်အလှန်ပြောနေတဲ့အချိန်မှာ အခုလိုလေးများ ဇာတ်ရည်လည်အောင် အစအဆုံးလေးများရှင်းပြလိုက်ရင် ဆိုပြီး ပွဲပြီးမှ ရင်ထဲမှာ ခဏခဏပေါ်လာတဲ့စကားလုံးတွေပါ….
မပြောပဲလည်း မနေနိုင်တဲ့အဆုံးမို့လို့ စာအဖြစ်ပြန်ပြောင်းရေးလိုက်တာပါ……….
ဒါပေမဲ့…သေချာတာကတော့ ဘယ်လိုပင် ဇာတ်ရည်လည်အောင်ရှင်းပြပေမဲ့လည်း ဒီလူတွေကတော့ ဘူးခံငြင်းနေဦးမှာအသေအချာပါပဲ…
စားသုံးသူအပေါ် အလေးထားဆက်ဆံမှု customer’s right စားသုံးသူအခွင့်အရေး ပြည့်ပြည့်ဝဝ ရဖို့ လေးလေးစားစားဆက်ဆံခံရဖို့ကတော့ ကြာလိမ့်ဦးမယ်ဆိုတာ အသေအချာပါပဲ……..)
(ဇာနည်မောင်မောင်ကျော်)
https://www.facebook.com/zarni.maung.547/posts/809772175818985 ............
Posted by The Melting Pot 4 U on Monday, 25 January 2016
No comments:
Post a Comment