CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, January 10, 2016
ပစ္ကပ္ကားကုိမၿပီး ကားေအာက္ပိေနတဲ့ဖခင္ကုိ ကယ္တင္ခဲ့တဲ့ မိန္းမပ်ဳိ
အသက္(၁၉)ႏွစ္အရြယ္ မိန္းမပ်ဳိတစ္ဦးဟာ ေပါင္ ၅၀၀၀ ေက်ာ္ ေလးတဲ့ ပစ္ကပ္ကားကုိမၿပီး ကားေအာက္ပိေနတဲ့ ဖခင္ကုိ ကယ္တင္ႏုိင္ခဲ့တဲ့အတြက္ ကယ္တင္ရွင္ဆု ရခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလ ၂၈ ရက္က ၾသစႀတီးယား ႏုိင္ငံ ဗီယင္နာၿမိဳ႕မွာ အခုလုိ ျဖစ္ပ်က္ခဲ့တာပါ။
ဂုိေဒါင္ထဲမွာ GMC ပစ္ကပ္ကားေအာက္၀င္ၿပီး ကားျပင္ေနတဲ့ အဲရစ္ဟာ ကားခ်ဳိင့္ေခ်ာ္ထြက္သြားခ်ိန္မွာ ကားေအာက္ပိေနခဲ့ပါတယ္။ သူ႔အေပၚ ကားပိေနခ်ိန္မွာ ဓာတ္ဆီေတြ ဖိတ္က်ၿပီး ကားမီးေလာင္ခဲ့သလုိ အနီးနားမွာ ရွိေနတဲ့ ဂတ္စ္အုိးေတြလည္း ေပါက္ကြဲခဲ့ပါတယ္။ '' ကားေအာက္မွာ ပက္လက္လန္ၿပီး သံေခ်းတတ္ေနတဲ့ ဘရိတ္ႀကိဳးတခ်ဳိ႕ကုိ ျဖဳတ္ဖုိ႔ လုပ္ေနတုန္း ကားခ်ဳိင့္ေခ်ာ္ထြက္ၿပီး ကၽြန္ေတာ့္အေပၚ ကားပိခဲ့ပါတယ္။ အဲဒီနားမွာ ထမင္းဟင္းခ်က္ဖုိ႔ သုံးတဲ့ ဂတ္စ္အုိးေတြ ေပါက္ကြဲၿပီး မီးထေတာက္ခဲ့တယ္''လုိ႔ အဲရစ္က ေျပာပါတယ္။
အိမ္ေပၚမွာရွိေနတဲ့ သမီးျဖစ္သူ ရွားေလာ့ က ေပါက္ကြဲသံေတြ ၾကားလုိ႔ ေအာက္ဆင္းၾကည့္ခ်ိန္မွာ သူ႔အေဖရဲ႕ အျဖစ္အပ်က္ကုိ ျမင္ေတြ႕ခဲ့ပါတယ္။ ရွားေလာ့ က '' ကားကုိ စၿပီးမခ်ိန္မွာ အေဖက ရခါနီးၿပီလုိ႔ အားေပးခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ကားေအာက္ကေန အေဖ ထြက္လာႏုိင္ခဲ့ပါတယ္။ အေဖ့ကုိ မယုံႏုိင္စရာေကာင္းတဲ့ ခြန္အားနဲ႔ ကားေအာက္ကေန ဆြဲထုတ္ႏုိင္ခဲ့တာပါ''လုိ႔ ေျပာပါတယ္။ ရွားေလာ့ဟာ ဖခင္ကုိ ကယ္တင္ႏုိင္ခဲ့ၿပီးတဲ့ေနာက္ မီးေလာင္ေနတဲ့ကားေၾကာင့္ တစ္အိမ္လုံး မေပါက္ကြဲသြားေအာင္ ႀကဳိးပမ္းခဲ့ပါတယ္။ ဘီးတစ္လုံး လုိေနတဲ့ကားကုိ အိမ္နဲ႔ေ၀းရာဆီ ေမာင္းႏွင္ခဲ့ပါတယ္။ ရွားေလာ့ဟာ အိမ္ကုိ ျပန္ေရာက္လာခ်ိန္မွာ အစ္မျဖစ္သူရဲ႕ ကေလးငယ္ကုိ ခ်ီၿပီး အိမ္သူအိမ္သားေတြကုိ ေဘးလြတ္ရာ ေရွာင္ေနဖုိ႔ လုပ္ေဆာင္ေပးခဲ့ပါတယ္။
အရပ္ ငါးေပေျခာက္လက္မရွိၿပီး ခႏၶာကုိယ္အေလးခ်ိန္ ေပါင္ ၁၂၀ ရွိတဲ့ ရွားေလာ့ ဟာ ေလတပ္အကယ္ဒမီမွာ ပညာသင္ၾကားေနသူျဖစ္ၿပီး ေက်းဇူးေတာ္ခ်ီးမြမ္းပြဲ အားလပ္ရက္ခြင့္ရလုိ႔ အိမ္ျပန္လာတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္အတြက္ သူရဲေကာင္းတစ္ေယာက္လုိ မခံစားရဘဲ ကုိယ္လုပ္ရမယ့္ကိစၥကုိ လုပ္ခဲ့တာလုိ႔ပဲ ခံစားတယ္လုိ႔ ရွားေလာ့က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက ရွားေလာ့ကုိ Fairfax စီရင္စု မီးသတ္နဲ႔ ကယ္ဆယ္ေရးအဖြဲ႕က ကယ္တင္ရွင္ဆု ေပးအပ္ခဲ့တာပါ။
Ref: UPI
Nz (႐ုိးရာေလး)
www.yoyarlay.com
...............
ပစ်ကပ်ကားကိုမပြီး ကားအောက်ပိနေတဲ့ဖခင်ကို ကယ်တင်ခဲ့တဲ့ မိန်းမပျို
အသက်(၁၉)နှစ်အရွယ် မိန်းမပျိုတစ်ဦးဟာ ပေါင် ၅၀၀၀ ကျော် လေးတဲ့ ပစ်ကပ်ကားကိုမပြီး ကားအောက်ပိနေတဲ့ ဖခင်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် ကယ်တင်ရှင်ဆု ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၈ ရက်က သြစတြီးယား နိုင်ငံ ဗီယင်နာမြို့မှာ အခုလို ဖြစ်ပျက်ခဲ့တာပါ။
ဂိုဒေါင်ထဲမှာ GMC ပစ်ကပ်ကားအောက်ဝင်ပြီး ကားပြင်နေတဲ့ အဲရစ်ဟာ ကားချိုင့်ချော်ထွက်သွားချိန်မှာ ကားအောက်ပိနေခဲ့ပါတယ်။ သူ့အပေါ် ကားပိနေချိန်မှာ ဓာတ်ဆီတွေ ဖိတ်ကျပြီး ကားမီးလောင်ခဲ့သလို အနီးနားမှာ ရှိနေတဲ့ ဂတ်စ်အိုးတွေလည်း ပေါက်ကွဲခဲ့ပါတယ်။ '' ကားအောက်မှာ ပက်လက်လန်ပြီး သံချေးတတ်နေတဲ့ ဘရိတ်ကြိုးတချို့ကို ဖြုတ်ဖို့ လုပ်နေတုန်း ကားချိုင့်ချော်ထွက်ပြီး ကျွန်တော့်အပေါ် ကားပိခဲ့ပါတယ်။ အဲဒီနားမှာ ထမင်းဟင်းချက်ဖို့ သုံးတဲ့ ဂတ်စ်အိုးတွေ ပေါက်ကွဲပြီး မီးထတောက်ခဲ့တယ်''လို့ အဲရစ်က ပြောပါတယ်။
အိမ်ပေါ်မှာရှိနေတဲ့ သမီးဖြစ်သူ ရှားလော့ က ပေါက်ကွဲသံတွေ ကြားလို့ အောက်ဆင်းကြည့်ချိန်မှာ သူ့အဖေရဲ့ အဖြစ်အပျက်ကို မြင်တွေ့ခဲ့ပါတယ်။ ရှားလော့ က '' ကားကို စပြီးမချိန်မှာ အဖေက ရခါနီးပြီလို့ အားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကားအောက်ကနေ အဖေ ထွက်လာနိုင်ခဲ့ပါတယ်။ အဖေ့ကို မယုံနိုင်စရာကောင်းတဲ့ ခွန်အားနဲ့ ကားအောက်ကနေ ဆွဲထုတ်နိုင်ခဲ့တာပါ''လို့ ပြောပါတယ်။ ရှားလော့ဟာ ဖခင်ကို ကယ်တင်နိုင်ခဲ့ပြီးတဲ့နောက် မီးလောင်နေတဲ့ကားကြောင့် တစ်အိမ်လုံး မပေါက်ကွဲသွားအောင် ကြိုးပမ်းခဲ့ပါတယ်။ ဘီးတစ်လုံး လိုနေတဲ့ကားကို အိမ်နဲ့ဝေးရာဆီ မောင်းနှင်ခဲ့ပါတယ်။ ရှားလော့ဟာ အိမ်ကို ပြန်ရောက်လာချိန်မှာ အစ်မဖြစ်သူရဲ့ ကလေးငယ်ကို ချီပြီး အိမ်သူအိမ်သားတွေကို ဘေးလွတ်ရာ ရှောင်နေဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။
အရပ် ငါးပေခြောက်လက်မရှိပြီး ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၂၀ ရှိတဲ့ ရှားလော့ ဟာ လေတပ်အကယ်ဒမီမှာ ပညာသင်ကြားနေသူဖြစ်ပြီး ကျေးဇူးတော်ချီးမွမ်းပွဲ အားလပ်ရက်ခွင့်ရလို့ အိမ်ပြန်လာတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် သူရဲကောင်းတစ်ယောက်လို မခံစားရဘဲ ကိုယ်လုပ်ရမယ့်ကိစ္စကို လုပ်ခဲ့တာလို့ပဲ ခံစားတယ်လို့ ရှားလော့က ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ရှားလော့ကို Fairfax စီရင်စု မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ရှင်ဆု ပေးအပ်ခဲ့တာပါ။
Ref: UPI
Nz (ရိုးရာလေး)
www.yoyarlay.com
ပစ္ကပ္ကားကုိမၿပီး ကားေအာက္ပိေနတဲ့ဖခင္ကုိ ကယ္တင္ခဲ့တဲ့ မိန္းမပ်ဳိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 10, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment