ေနျပည္ေတာ္မွာ မၾကာခင္ ျပန္စတင္ေတာ့မယ့္ ဒုတိယအႀကိမ္ လႊတ္ေတာ္ ၂ ရပ္ အစည္းအေ၀းေတြအတြက္ အသစ္ခန္႔အပ္လုိက္တဲ့ တမတ္သား ကိုယ္စားလွယ္ေတြ ထဲမွာ ဗိုလ္ခ်ဳပ္ေတြ ပိုမို ထည့္သြင္းလာတာဟာ ျမန္မာ့ႏုိင္ငံေရးမွာ တပ္မေတာ္က ဦးေဆာင္မႈ အခန္းက႑ကို တိုးျမႇင့္ဖို႔ ရည္ရြယ္တာ ျဖစ္ႏုိင္တယ္လို႔ သံုးသပ္မႈေတြ ရွိပါတယ္။ ျပည္တြင္းစစ္ျဖစ္ပြားေနဆဲ ျမန္မာႏုိင္ငံမွာ အစိုးရသစ္အေနနဲ႔လည္း တုိင္းျပည္ လံုၿခံဳေရးနဲ႔ ကာကြယ္ေရးကိစၥရပ္ေတြမွာ တပ္မေတာ္နဲ႔ လက္တြဲလုပ္ေဆာင္ရ မွာ ျဖစ္တယ္လို႔ စစ္ေထာက္လွမ္းေရး အရာရွိေဟာင္း ဦးေအာင္လင္းထြဋ္ က ေျပာဆုိခဲ့ပါတယ္။ အျပည့္အစံုကိုေတာ့ မနႏၵာခ်မ္း က တင္ျပထားပါတယ္။
ေနျပည္ေတာ္မွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ ျပန္လည္စတင္မယ့္ ဒုတိယအႀကိမ္ လႊတ္ေတာ္အစည္းအေ၀းေတြအတြက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က တမတ္သား စစ္တပ္ကိုယ္စားလွယ္ေတြကုိ အသစ္ေရြးခ်ယ္ခန္႔အပ္လုိက္ပါတယ္။ ဒီအထဲမွာ ျပည္သူ႔လႊတ္ေတာ္အတြက္ ဗိုလ္ခ်ဳပ္ ေတာက္ထြန္းနဲ႔ ဗိုလ္ခ်ဳပ္သန္းထြတ္သိန္း အပါအ၀င္ ကိုယ္စားလွယ္ ၁၁၀ ေယာက္ကို ေရြးခ်ယ္ခဲ့ၿပီး၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ဗိုလ္ခ်ဳပ္ သန္းစိုး အပါအ၀င္ ၅၆ ဦးကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ လႊတ္ေတာ္ ၂ ရပ္စလံုးရဲ႕ စစ္တပ္ကိုယ္စားလွယ္ေတြစာရင္းကိုေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေန ဇန္န၀ါရီလ ၁၈ ရက္ေန႔က အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အခု ခန္႔အပ္ခဲ့တဲ့ စစ္တပ္ကိုယ္စားလွယ္ေတြထဲမွာ ဗိုလ္ခ်ဳပ္ေတြရဲ႕ သေဘာထားနဲ႔ ပတ္သက္ၿပီး ဦးေအာင္လင္းထြဋ္ က အခုလို ေျပာျပပါတယ္။
“ဗိုလ္ခ်ဳပ္သန္းစိုးတုိ႔ ဗိုလ္ခ်ဳပ္ သန္းထြတ္သိန္းတုိ႔က ၂ ေယာက္ကေတာ့ က်ေနာ္နဲ႔ ေထာက္လွမ္းေရး သင္တန္းေက်ာင္းမွာ သင္တန္းမႉးဘ၀နဲ႔ လုပ္စဥ္မွာေတာ့ က်ေနာ္ သူတို႔ကို ေထာက္လွမ္းေရးနဲ႔ ပတ္သက္တဲ့ တန္ျပန္ေထာက္လွမ္းေရးသင္တန္းတုိ႔ ဘာတို႔ က်ေနာ္ ပို႔ခ်ခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္ကေတာ့ သူတုိ႔ ၂ ေယာက္စလံုးရဲ႕ စိတ္ဓာတ္က ေကာင္းပါတယ္ခင္ဗ်။ က်ေနာ့္အျမင္ ေျပာရရင္ေတာ့ လူေကာင္းေတြပါခင္ဗ်။ တိုင္းျပည္အတြက္ကုိ ေကာင္းရာေကာင္းက်ိဳးကို လုပ္မယ့္ ပုဂၢိဳလ္မ်ိဳးေတြ ျဖစ္ပါတယ္။ ဟိုဘက္က ဗိုလ္ခ်ဳပ္ေတာက္ထြန္းေတာ့ က်ေနာ္နဲ႔ မဆက္ဆံခဲ့ဖူးပါဘူး။ ဒီ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒထဲမွာကိုက တပ္မေတာ္ရဲ႕ ဦးေဆာင္မႈ အခန္းက႑ ပါရမယ္ဆိုတဲ့ ေပၚလစီအရေပါ့ေလ အခုအခ်ိန္ခါမွာေတာ့ ဗိုလ္ခ်ဳပ္အဆင့္ရွိတဲ့သူေတြကို အမ်ိဳးသားလႊတ္ေတာ္ေရာ၊ ျပည္သူ႔လႊတ္ေတာ္မွာပါ ထည့္တဲ့သေဘာပါပဲ။”
ဒါ့အျပင္ ျမန္မာႏုိင္ငံကို သြားေရာက္ေနတဲ့ အေမရိကန္ လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စုိး၀င္းတုိ႔ ေနျပည္ေတာ္မွာ ေတြ႔ဆံုစဥ္ - အနာဂတ္ ျမန္မာ့ႏုိင္ငံေရးမွာ တပ္မေတာ္ရဲ႕ ဦးေဆာင္မႈအခန္းက႑နဲ႔ အသစ္တက္လာမယ့္ NLD အစိုးရနဲ႔ တပ္မေတာ္ လက္တြဲ လုပ္ေဆာင္သြားရမယ့္ အစီအစဥ္ေတြကို ခ်ျပ ေျပာဆုိခဲ့ၾကပါတယ္။ စစ္ေထာက္လွမ္းေရး အရာရွိေဟာင္း ဦးေအာင္လင္းထြဋ္ ကေတာ့ - အစိုးရသစ္အေနနဲ႔ တုိင္းျပည္လံုၿခံဳေရးအတြက္ တပ္မေတာ္နဲ႔ ဆက္လက္ လက္တြဲရမွာပဲျဖစ္တယ္လုိ႔ သူ႔အျမင္ကို အခုလို ေျပာခဲ့ပါတယ္။
“ႏုိင္ငံေတာ္ ကာကြယ္ေရးနဲ႔ လံုၿခံဳေရးကိစၥေတြမွာေတာ့ တပ္မေတာ္အေနနဲ႔ NLD နဲ႔ ညိႇႏိႈင္းၿပီး လုပ္ရပါလိမ့္မယ္ခင္ဗ်။ NLD ကလည္း ႏုိင္ငံေတာ္ကာကြယ္ေရးနဲ႔ လံုၿခံဳေရးကိစၥေတြမွာကို တပ္မေတာ္ မပါဘဲနဲ႔ ပစ္ပယ္ၿပီးေတာ့မွ လုပ္လို႔မရပါဘူး။ ဒါေၾကာင့္မို႔လို႔ ညိႇညိႇႏိႈင္းႏိႈင္းလုပ္ရတဲ့အခါမွာ အဆင့္ျမင့္တဲ့ ဗိုလ္ခ်ဳပ္ေတြ ပါ၀င္ျခင္းအားျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စားေပါ့ေလ သူတုိ႔နဲ႔ တုိက္႐ိုက္ ညိႇႏိႈင္းၿပီးေတာ့မွ ေဆြးေႏြးသြားႏုိင္မယ့္ အေျခအေနျဖစ္ေအာင္အတြက္ကို ဗိုလ္ခ်ဳပ္အဆင့္ ရွိတဲ့ ပုဂၢိဳလ္မ်ားကို ခန္႔အပ္ထားတယ္လို႔ က်ေနာ္ သိရပါတယ္ခင္ဗ်။”
ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပြဲမွာ အတိုက္အခံ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က မဲအျပတ္အသတ္နဲ႔ အႏုိင္ရရွိခဲ့တာ ျဖစ္ၿပီး၊ ျပည္သူ႔လႊတ္ေတာ္မွာ NLD ကုိယ္စားလွယ္ ၂၃၅ ဦး၊ အမ်ိဳးသားလႊတ္ေတာ္မွာ ၁၃၅ ဦးနဲ႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ၈၆ ရာခိုင္ႏႈန္း အႏုိင္ရရွိခဲ့တာျဖစ္တာေၾကာင့္ - မၾကာခင္ ျပန္စတင္ေတာ့မယ့္ လႊတ္ေတာ္အစည္းအေ၀းေတြမွာ NLD ကိုယ္စားလွယ္ေတြ အမ်ားစု တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ျပင္ဆင္ဖု႔ိကေတာ့ ထင္သေလာက္ မလြယ္လွဘူးလို႔ ဦးေအာင္လင္းထြဋ္ က ယူဆပါတယ္။
“က်ေနာ့္အျမင္ေျပာရရင္ေတာ့ သူတို႔မွာေတာ့ လုပ္ပိုင္ခြင့္ အခြင့္အာဏာ မရွိပါဘူးခင္ဗ်။ သူတို႔ဟာ ဆံုးျဖတ္ႏုိင္ခြင့္ ပုဂၢိဳလ္ေတြလည္း မဟုတ္ပါဘူး။ အားလံုးဟာ အေပၚကပဲ ကကန ဆိုတဲ့ ကာကြယ္ေရးေကာင္စီ ဆုိတာ က်ေနာ္တုိ႔ရွိပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွာေလ။ အဲဒီရဲ႕ အဆံုးအျဖတ္အတုိင္းပဲ လႊတ္ေတာ္မွာေရာက္ေနတဲ့ ဗိုလ္ခ်ဳပ္ေတြက အမိန္႔နာခံရမယ့္ အေနအထားမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတု႔ိက ဒီ သေဘာထားေတြ၊ ဘာညာ ဆုိတာထက္ သူတို႔က အေပၚက လူႀကီးေတြ သူတို႔ဆက္ဆံေရး မေကာင္းဘူး၊ မႀကိဳက္ဘူး ဆုိလို႔ရွိရင္ေတာ့ ခ်က္ျခင္းလဲပစ္မယ့္ အေနအထားမ်ိဳး ရွိပါတယ္ခင္ဗ်။”
ဒါ့အျပင္ ရန္ကုန္တုိင္း ေဒသႀကီး လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္စာရင္းမွာေတာ့ - အရင္ စစ္ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေရႊရဲ႕ သားမက္ ဗိုလ္မႉးခ်ဳပ္ သိန္းႏုိင္ လည္း ပါ၀င္တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ဦးေအာင္လင္းထြဋ္က အခုလို သံုးသပ္ခဲ့ပါတယ္။
“လက္ရွိေပါ့ေလ မဂၤလာဒံု ေလတပ္စခန္းမႉး ဗိုလ္မႉးခ်ဳပ္သိန္းႏုိင္ေပါ့ေလ အသက္အားျဖင့္ေတာ့ က်ေနာ္ထင္တယ္ ၅၈၊ ၅၉ ေလာက္ရွိၿပီ။ သူ႔ကို ေရွ႕ဆက္ၿပီးေတာ့မွေပါ့ေလ ဗိုလ္ခ်ဳပ္ေပးစရာ အေၾကာင္းမရွိေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ အသက္အရြယ္အားျဖင့္ ပင္စင္နားနီးတဲ့အခါက်ေတာ့ ေလတပ္ကေနၿပီးေတာ့မွ တေနရာကို ေရႊ႕တဲ့အေနအထားမ်ိဳးလို႔ က်ေနာ္ျမင္ပါတယ္။”
မၾကာခင္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD ပါတီက အစိုးရသစ္ တက္လာေတာ့မယ္ဆုိေပမဲ့ - တုိင္းျပည္ရဲ႕ အဓိကက်တဲ့ ကာကြယ္ေရး၊ ျပည္ထဲေရး နဲ႔ နယ္စပ္ေရးရာ ၀န္ႀကီးဌာန ၃ ခု ကေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ လက္ေအာက္မွာ ဆက္လက္ ရွိေနမွာျဖစ္ပါတယ္။ NLD ဦးေဆာင္မယ့္ အစိုးရသစ္ ကေတာ့ မတ္လမွာ တာ၀န္စယူမွာ ျဖစ္ပါတယ္။
မနႏၵာခ်မ္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
နေပြည်တော်မှာ မကြာခင် ပြန်စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော် ၂ ရပ် အစည်းအဝေးတွေအတွက် အသစ်ခန့်အပ်လိုက်တဲ့ တမတ်သား ကိုယ်စားလှယ်တွေ ထဲမှာ ဗိုလ်ချုပ်တွေ ပိုမို ထည့်သွင်းလာတာဟာ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံမှာ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေမှာ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရ မှာ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြန်လည်စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေကို အသစ်ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ဒီအထဲမှာ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ် တောက်ထွန်းနဲ့ ဗိုလ်ချုပ်သန်းထွတ်သိန်း အပါအဝင် ကိုယ်စားလှယ် ၁၁၀ ယောက်ကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်ချုပ် သန်းစိုး အပါအဝင် ၅၆ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးရဲ့ စစ်တပ်ကိုယ်စားလှယ်တွေစာရင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု ခန့်အပ်ခဲ့တဲ့ စစ်တပ်ကိုယ်စားလှယ်တွေထဲမှာ ဗိုလ်ချုပ်တွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဦးအောင်လင်းထွဋ် က အခုလို ပြောပြပါတယ်။
“ဗိုလ်ချုပ်သန်းစိုးတို့ ဗိုလ်ချုပ် သန်းထွတ်သိန်းတို့က ၂ ယောက်ကတော့ ကျနော်နဲ့ ထောက်လှမ်းရေး သင်တန်းကျောင်းမှာ သင်တန်းမှူးဘဝနဲ့ လုပ်စဉ်မှာတော့ ကျနော် သူတို့ကို ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ တန်ပြန်ထောက်လှမ်းရေးသင်တန်းတို့ ဘာတို့ ကျနော် ပို့ချခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတော့ သူတို့ ၂ ယောက်စလုံးရဲ့ စိတ်ဓာတ်က ကောင်းပါတယ်ခင်ဗျ။ ကျနော့်အမြင် ပြောရရင်တော့ လူကောင်းတွေပါခင်ဗျ။ တိုင်းပြည်အတွက်ကို ကောင်းရာကောင်းကျိုးကို လုပ်မယ့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါတယ်။ ဟိုဘက်က ဗိုလ်ချုပ်တောက်ထွန်းတော့ ကျနော်နဲ့ မဆက်ဆံခဲ့ဖူးပါဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကိုက တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပါရမယ်ဆိုတဲ့ ပေါ်လစီအရပေါ့လေ အခုအချိန်ခါမှာတော့ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေကို အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်မှာပါ ထည့်တဲ့သဘောပါပဲ။”
ဒါ့အပြင် မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် - အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍနဲ့ အသစ်တက်လာမယ့် NLD အစိုးရနဲ့ တပ်မတော် လက်တွဲ လုပ်ဆောင်သွားရမယ့် အစီအစဉ်တွေကို ချပြ ပြောဆိုခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကတော့ - အစိုးရသစ်အနေနဲ့ တိုင်းပြည်လုံခြံုရေးအတွက် တပ်မတော်နဲ့ ဆက်လက် လက်တွဲရမှာပဲဖြစ်တယ်လို့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။
“နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြံုရေးကိစ္စတွေမှာတော့ တပ်မတော်အနေနဲ့ NLD နဲ့ ညှိနှိုင်းပြီး လုပ်ရပါလိမ့်မယ်ခင်ဗျ။ NLD ကလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြံုရေးကိစ္စတွေမှာကို တပ်မတော် မပါဘဲနဲ့ ပစ်ပယ်ပြီးတော့မှ လုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ညှိညှိနှိုင်းနှိုင်းလုပ်ရတဲ့အခါမှာ အဆင့်မြင့်တဲ့ ဗိုလ်ချုပ်တွေ ပါ၀င်ခြင်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားပေါ့လေ သူတို့နဲ့ တိုက်ရိုက် ညှိနှိုင်းပြီးတော့မှ ဆွေးနွေးသွားနိုင်မယ့် အခြေအနေဖြစ်အောင်အတွက်ကို ဗိုလ်ချုပ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်များကို ခန့်အပ်ထားတယ်လို့ ကျနော် သိရပါတယ်ခင်ဗျ။”
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ NLD ကိုယ်စားလှယ် ၂၃၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၈၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာဖြစ်တာကြောင့် - မကြာခင် ပြန်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးတွေမှာ NLD ကိုယ်စားလှယ်တွေ အများစု တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကတော့ ထင်သလောက် မလွယ်လှဘူးလို့ ဦးအောင်လင်းထွဋ် က ယူဆပါတယ်။
“ကျနော့်အမြင်ပြောရရင်တော့ သူတို့မှာတော့ လုပ်ပိုင်ခွင့် အခွင့်အာဏာ မရှိပါဘူးခင်ဗျ။ သူတို့ဟာ ဆုံးဖြတ်နိုင်ခွင့် ပုဂ္ဂိုလ်တွေလည်း မဟုတ်ပါဘူး။ အားလုံးဟာ အပေါ်ကပဲ ကကန ဆိုတဲ့ ကာကွယ်ရေးကောင်စီ ဆိုတာ ကျနော်တို့ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာလေ။ အဲဒီရဲ့ အဆုံးအဖြတ်အတိုင်းပဲ လွှတ်တော်မှာရောက်နေတဲ့ ဗိုလ်ချုပ်တွေက အမိန့်နာခံရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဒီ သဘောထားတွေ၊ ဘာညာ ဆိုတာထက် သူတို့က အပေါ်က လူကြီးတွေ သူတို့ဆက်ဆံရေး မကောင်းဘူး၊ မကြိုက်ဘူး ဆိုလို့ရှိရင်တော့ ချက်ခြင်းလဲပစ်မယ့် အနေအထားမျိုး ရှိပါတယ်ခင်ဗျ။”
ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်စာရင်းမှာတော့ - အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင် လည်း ပါ၀င်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ခဲ့ပါတယ်။
“လက်ရှိပေါ့လေ မင်္ဂလာဒုံ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်သိန်းနိုင်ပေါ့လေ အသက်အားဖြင့်တော့ ကျနော်ထင်တယ် ၅၈၊ ၅၉ လောက်ရှိပြီ။ သူ့ကို ရှေ့ဆက်ပြီးတော့မှပေါ့လေ ဗိုလ်ချုပ်ပေးစရာ အကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်အားဖြင့် ပင်စင်နားနီးတဲ့အခါကျတော့ လေတပ်ကနေပြီးတော့မှ တနေရာကို ရွှေ့တဲ့အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။”
မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အစိုးရသစ် တက်လာတော့မယ်ဆိုပေမဲ့ - တိုင်းပြည်ရဲ့ အဓိကကျတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၃ ခု ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာ ဆက်လက် ရှိနေမှာဖြစ်ပါတယ်။ NLD ဦးဆောင်မယ့် အစိုးရသစ် ကတော့ မတ်လမှာ တာဝန်စယူမှာ ဖြစ်ပါတယ်။
မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment