Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း ( အပိုင္း ၂၀ )

တစ္ညလံုး ခရီးသြားရမည္ ျဖစ္သျဖင့္ အဝတ္အစား အပိုယူရန္မလိုေပ။ ေငြတခ်ဴ ိ႕ႏွင့္ မွတ္ပံုတင္ကတ္ျပား ကို ယူသည္။ ရွိသမွ် အဝတ္အစားထဲမွ အေမွာင္မည္းဆံုးဝတ္စံုကို ေရြးဝတ္သည္။ ဆံပင္ကို အေနာက္တြင္ စုထံုး၍ အမည္းေရာင္ စစ္သံုး ကက္ဦးထုပ္ေဆာင္းၿပီး ဦးထုပ္ကို ျဖစ္ႏိုင္သမွ် ေအာက္သို႔ဆြဲခ်သည္။

အျပင္ဘက္တြင္ လံုးဝ ေမွာင္သြားၿပီ ျဖစ္သည္။ အခ်ိန္မွီရန္ အျမန္ ထြက္ခြာေရေတာ့မည္။ ဆြတ္ေဟးႏွင့္ ကြ်န္မတို႔ ဖတ္လွဲတကင္း ႏႈတ္ဆတ္ၾကသည္။

"ေဘးမသီ ရန္မခပါေစနဲ႔ကြာ။ သူငယ္ခ်င္း သတိထားသြားေနာ္"

"စိတ္ခ်ပါကြာ"

ကြ်န္မ အျပင္အေမွာင္ထုထဲသို႔ ထြက္လာသည္။ စခန္း အဝင္ဂိတ္တြင္ အေစာင့္ရွိသည္။ ထို႔ေၾကာင့္ သစ္ပင္အုပ္မ်ားအၾကားမွ ျဖတ္သန္းလ်က္ လမ္းနွင့္ နီးသည့္ တစ္ေနရာမွ အျပင္သို႔ ေက်ာ္ထြက္ရန္ စဥ္းစားထားသည္။ စခန္းကို ေစာင့္ၾကပ္ေနသည့္ လွည့္ကင္းမ်ားကို သတိထား ေရွာင္ရွားရမည္။ လွည့္ကင္းမ်ားသည္ စက္ေသနတ္ ကိုင္ေဆာင္ထားၿပီး ယင္းတို႔အတူ ေခြးနက္ႀကီးမ်ားလည္း ပါသည္။

ကြ်န္မသည္ စိတ္လႈပ္ရွားစြာျဖင့္ ထင္းရွဴ းပင္မ်ားသို႔ ခ်ဥ္းကပ္သြားသည္။ ထင္းရွဴ းပင္မ်ားသည္ ေတာင္ၾကားကို ဝုိင္းပတ္ ေပါက္ေရာက္ေနၾကသည္။ ခ်ဴ ံပုတ္ အနည္းငယ္သာရွိၿပီး ေႂ ကြက်ထားေသာ ထင္းရွဴ းရြက္ ခြ်န္ခြ်န္ေလးမ်ားက ေျမျပင္ကို ဖံုးအုပ္ထားသည္။ ပူေႏြးၿပီး ေကာင္းကင္က ၾကည္လင္ေနသည္။ လဆန္းရက္မို႔ လေရာင္က သစ္ရြက္မ်ားအၾကားတြင္ မႈန္ရီဝိုးတဝါး အလင္းေရာင္ ေပးလ်က္။ ပင္စည္ကို အကာအကြယ္ယူလ်က္ ပင္စည္တစ္ခုမွ တစ္ခုသို႔ ကြ်န္မ လ်င္ျမန္စြာ ကူးသြားသည္။ ညတိုက္ပြဲလႈပ္ရွားမႈ ေလ့က်င့္ခန္းသည္ ယခုအခ်ိန္တြင္ အသံုးဝင္လ်က္ ရွိသည္။

ဝင္းထရံ ၿခံစည္းရိုးမွ ကိုက္တစ္ရာအကြာသို႔ ကြ်န္မ ေရာက္လာသည္။ စည္းရိုး၏ထိပ္တြင္ သံဆူးႀကိဳးမ်ား ရစ္ေခြသြယ္တန္းထားသည္။မ်က္လံုးမ်ားသည္ အေမွာင္ထုတြင္ က်င့္သားရလာသည္။ အေပၚကို ေမာ့ၾကည့္သည့္အခါ ကြ်န္မႏွင့္ အနီးဆံုးရွိေနသည့္ ထင္းရွဴ းပင္တြင္ အကိုင္း န္ိမ့္နိမ့္ေလး ေတြ႕ရသျဖင့္ ကြ်န္မတြယ္တက္လာသည္။ ၿခံစည္းရိုးႏွင့္ အျမင့္ထက္ အနည္းငယ္ျမင့္ေနသည့္ အကိုင္းသို႔ ေရာက္သည့္အခါ အကိုင္းဖ်ားသို႔ တြားသြားလ်က္ ခ်ဥ္းကပ္သည္။ အကိုင္းသည္ သံဆူးႀကိဳးမွ သံုးေပခန္႔ အျမင့္တြင္ရွိၿပီး ေျမျပင္မွ ၁၅ေပခန္႔ အျမင့္တြင္ ရွိသည္။ ကြ်န္မသည္ အသက္တစ္ဝရွဴ ကာ ေျမျပင္ေပၚသို႔ ခုန္ခ်သည္။

ေအာက္သို႔ေရာက္သည္ႏွင့္ ကိုယ္ခႏၶာကို က်ံဴ ကာ ေဘးပတ္ဝန္းက်င္အား ေလ့လာသည္။ ထိုစဥ္ ေျခသံမ်ား ၾကားရသျဖင့္ ခ်ံဴ ပုတ္တစ္ခုအတြင္း ဝင္ပုန္းကာ နားစြင့္သည္။ လူတစ္ေယာက္ ေရာက္လာၿပီး ကြ်န္မ ခုန္ခ်ခဲ့ေသာ ေနရာ တစ္ဝိုက္ လက္ႏွိပ္ဓာတ္မီးထိုးကာ လိုက္လံရွာေဖြသည္။ သူ႔နံေဘးတြင္ ေခြးနက္ႀကီးတစ္ေကာင္ ရွိေနသည္။ ကြ်န္မ ခုန္ခ်လိုကိေသာ အသံကို သူက ၾကားသြားဟန္တူသည္။ သူသည္ ကြ်န္မႏွင့္ မလွမ္းမကမ္း ေနရာမွေနလ်က္ လက္ႏွိပ္ဓာတ္မီးကို ဟိုထိုးဒီထိုးျဖင့္ ၾကည့္ေနသည္။ ကြ်န္မသည္ ေျမျပင္ႏွင့္ ျပားကပ္ေအာင္ဝပ္ေနၿပီး သူ႔လႈပ္ရွားမႈကို ၾကည့္ေနသည္။

ကြ်န္မ ရင္ထဲတြင္ ရထားတစ္စင္း ခုတ္ေမာင္းေနသကဲ့သို႔ ဂ်ဴ ံဂ်ဴ ံးျမည္ေနသည္။ ေခြးသည္ ကြ်န္မအနံကို ရမသြားပါေစႏွင့္ ဆုေတာင္းမိသည္။ အကယ္၍ အေစာင့္သည္ ကြ်န္မအား ေတြ႕သြားပါက သူ႔အား ကြ်န္မ အေသသတ္ရေတာ့မည္။

ယင္းသို႔ ျဖစ္ခဲ့မည္ဆိုပါက စခန္းသို႔ဝင္ၿပီး ဟန္မပ်က္ေနရံုသာ ရွိေတာ့သည္။ သူ႔ကို သတ္ၿပီးသည့္တိုင္ ေခြးကို ေျဖရွင္းရန္ လိုိေသးသည္။

ကံေကာင္းေထာင္မစြာ အေစာင့္သည္ ဂိတ္မႀကီးဆီသို႔ ေလွ်ာက္ထြက္သြားသည္။ သူ ျမင္ကြင္းမွ ေပ်ာက္သြားသည္အထိ ေစာင့္ဆိုင္းသည္။ ကြင္းျပင္မ်ားကို ျဖတ္လ်က္ ကြ်န္မ ခရီးျပင္းႏွင္ရသည္။ ဦးတည္ရာအရပ္သည္ အေရွ႕ေျမာက္သို႔ ျဖစ္ၿပီး ၿခံစည္းရုိးမွ 45° ျဖစ္သည္။

အျမန္ေလွ်ာက္ေနရေသာ္လည္း အသံအထြက္ေစရန္ အထူးဂရုထားရသည္။ ေျခသံလံုလံုျဖင့္ ေလွ်ာက္ႏိုင္သည့္ အတြက္ ကြ်န္မ၏စစ္သင္တန္းကို ေက်းဇူးတင္ရသည္။ ၁၅ မိနစ္ခန္႔အၾကာတြင္ လမ္းမ သို႔ေရာက္သည္။ လမ္းမဦးတည္ရာ တစ္ဖက္တခ်က္တြင္ မည္သည့္ သက္ရွိ ယာဥ္ရထားကိုမွ် မေတြ႕ရ။ လမ္းမအတိုင္း ၿပံဳးယမ္းလမ္းႀကီးသို႔ ဦးတည္လ်က္ ကြ်န္မေလွ်ာက္သည္။ လမ္းမႀကီးသည္ ဆယ္မိုင္ခန္႔ ေဝးေသးသည္။နာရီ အေတာ္ၾကာ ေလွ်ာက္ၿပီးသည့္တိုင္ ကြ်န္မသည္ ေျခလွမ္းမွန္မွန္ျဖင့္ ဆက္ေလွ်ာက္ေနသည္။ တစ္ေနရာအေရာက္တြင္ ေနာက္ဘက္မွ ကားသံၾကားသျဖင့္ ကပ်ာကယာ ပုန္းလိုက္ရသည္။ မာစီဒီးကားတစ္စင္း ေမာင္းခ်သြားသည္။ ကားေနာက္မီးနီ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္အထိ ေစာင့္ဆိုင္းၿပီး ခရီးဆက္သည္။

ႏွစ္နာရီခန္႔အၾကာတြင္ ၿမိဳ႕တစ္ၿမိဳ႕၏ ဆင္ေျဖဖံုးသို႔ ေရာက္သည္။ ေနထြက္လာၿပီ ျဖစ္သျဖင့္ ၿမိဳ႕ငယ္ေလးမွာလည္း စတင္အသက္ဝင္လာသည္။ ကြ်န္မသည္ ေနကာမ်က္မွန္ကို ထုတ္ကာ တပ္သည္။ယခုအခါ လူသူမ်ားႏွင့္ ေရာေႏွာသြားလာမည္ ျဖစ္သျဖင့္ ပိုမိုသတိထားရန္ လိုအပ္လာသည္။ ၿမိဳ႕လယ္ေခါင္တြင္ ဘက္စ္ကားဂိတ္ ရွိသည္။ ထိုဂိတ္မွ တစ္စင္းတည္းေသာ ဘတ္စ္ကားသည္ ၿပံဳးယမ္းသို႔ ေန႔စဥ္သြားသည္။ မြန္းမတည့္မီ ၿပံဳးယမ္းသို႔ ေရာက္သည္။

ကားဂိတ္တြင္ ကြ်န္မ ေခတၱနားခြင့္ ရလိုက္သည္။ ခရီးသည္မ်ားလည္း ဘတ္စ္ကားအလာ ေစာင့္ေနၾကသည္။ ဘတ္စ္ကား ေရာက္လာသည့္အခါ ကြ်န္မတို႔ တက္လိုက္လာသည္။ ေျမာက္ကိုရီးယား၏ သမာရိုးက် ျမင္ကြင္းမ်ားျဖစ္သည့္ လယ္ေတာ
ထင္းရွဴ းေတာႏွင့္ ေတာင္တန္းမ်ားကို လမ္းတစ္ေလွ်ာက္ ျမင္ေတြ႕ရသည္။ ကြ်န္မအိမ္ႏွင့္ အနည္းငယ္လွမ္းေသာ ကားဂိတ္တြင္ ဆင္းကာ အိမ္သို႔ လမ္းေလွ်ာက္သြားသည္။

နံနက္ ၁၀ နာရီသာ ရွိေသးေသာ္လည္း ကြ်န္မအတြက္ အခ်ိန္ ေလးနာရီသာ က်န္ေတာ့သည္။ လမ္းမေပၚတြင္ လူအနည္းငယ္သာ ေတြ႕ရသည္။ အိမ္တံခါးေခါက္ၿပီး ေစာင့္ေနသည္။ အေမက တံခါးကိုလာဖြင့္သည္။ ကြ်န္မကို ျမင္သည့္အခါ အေမ ရုတ္တရတ္ လန္႔သြားပံုရသည္။ ခ်က္ခ်င္းပင္ သတိရကာ ကြ်န္မအား ဖတ္ၿပီး "ယြန္ေဟး သမီး ဘာလာလုပ္တာလဲ။ ေအးဂ်င့္ေခ်ာင္ မပါဘူးလား"
ကြ်န္မအေျဖကို မေစာင့္ေတာ့ဘဲ အေမ အိမ္ထဲဝင္သြားသျဖင့္ ကြ်န္မေနာက္မွ လိုက္ဝင္သြားသည္။ အေမက အေဖႏွင့္ညီမေလးကို လွမ္းေခၚသည္။ "လာၾကေဟ့ ယြန္ေဟး ေရာက္လာတယ္"

အေဖက အိပ္ခန္းထဲမွ ထြက္လာသည္။ သူသည္ ပင္ပန္းႏြမ္းနယ္ပံု ေပၚေသာ္လည္း ကြ်န္မကို ျမင္လိုက္သည္ႏွင့္ ရႊင္ပ်လာသည္။ ယခင္ ေတြ႕ခဲ့ၾကစဥ္ႏွင့္ ယခုတစ္ႀကိမ္ ေတြ႕သည့္ၾကား အခ်ိန္ျခားနားမႈမရွိဘဲ တစ္ဆက္တည္း ျဖစ္ေနသကဲ့သို႔ ကြ်န္မက

"အေဖ သမီး ဘာအမွားလုပ္မိလို႔လဲ"

ကြ်န္မ၏ ေဒါသထြက္ေနေသာ အသံေၾကာင့္ သူ ရုတ္တရတ္ ေနာက္သို႔ တြန္႔သြားသည္။ သူက ကုလားထိုင္ဆီသို႔ သြားကာ ထိုင္ခ်လိုက္ၿပီး

"သမီး အမွားမလုပ္ပါဘူး။ အေဖ့အေနနဲ႔ သမီးရဲ႕ အေနအထားသစ္ကို ရုတ္တရတ္ လက္ခံဖို႔ ခက္ခဲတာရယ္ သမီးကို သံေယာဇဥ္ မျပတ္တာေၾကာင့္ပါ"

အေဖအသံတြင္ ဝမ္းနည္းေၾကကြဲမႈ အျပည့္ပါေနသျဖင့္ ကြ်န္မ၏ ေဒါသ အရည္ေပ်ာ္သြားသည္။

"အေဖဘာကို ဆိုလိုတာလဲ "

"သမီးကို ပါတီက ပိုင္သြားၿပီေလ။ ဇီဝေဗဒအရဆိုရင္ မင္းဟာ ငါ့တို႔ရဲ႕ သမီးပဲ။ ငါတို႔ရဲ႕ ႏွလံုးသားထဲမွာလည္း တစ္သက္လံုး သမီးပဲ။ ဒါေပမယ့္ လက္ေတြ႕က်က် ေျပာရရင္ မင္းဟာ အခုခ်ိန္မွာ ပါတီရဲ႕ သမီးပဲ။ ငါတို႔ရဲ႕ သမီးမဟုတ္ေတာ့ဘူး"

အေဖက ယဲ့ယဲ့ၿပံဳးလ်က္

"ပါတီက သမီးကို ေရြးခ်ယ္ တာဝန္ေပးခဲ့တဲ့ အတြက္ အေဖနဲ႔ အေမတို႔က ဂုဏ္ယူရမွာေပါ့။ ဒါေပမယ့္ သံေယာဇဥ္အေနနဲ႔ ဒါကို လက္ခံဖို႔ခက္တယ္။ အေဖတို႔ အေမတို႔ ငယ္ငယ္တုန္းက စိတ္ကူးယဥ္ခဲ့ဖူးတယ္။ သမီး အခ်ိန္တန္ အရြယ္ေရာက္လို႔ အိမ္ေထာင္ရက္သားက်ရင္ အေဖတို႔နဲ႔ နီးနီးနားနားမွာပဲ ေနခိုင္းမယ္။ ေျမးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေနႏိုင္မယ္လို႔ စိတ္ကူးခဲ့တယ္ ဒါေတြက မျဖစ္ႏိုင္ေတာ့ပါဘူး"

ပူေႏြးေသာ မ်က္ရည္မ်ားသည္ ကြ်န္မပါးျပင္တစ္ေလွ်ာက္ စီးက်လာသည္။ ကြ်န္မ ဖခင္အေပၚ ေဒါသထြက္ခဲ့သည္ကို ရွက္မိသည္။ ကြ်န္မ ပါတီဝင္ျဖစ္ျခင္းသည္ မိသားစုကို သစၥာေဖာက္ျခင္းဟု ခံစားမိသည္။ ယခုအခ်ိန္တြင္ ထိုအျဖစ္အပ်က္ကို ကြ်န္မ ျပန္လည္စဥ္းစားမိသည့္ အခါ ထိုစဥ္ကတည္းက ေျမာက္ကိုရီးယားအစိုးရကို မုန္းတီးေသာ ခံစားခ်က္ ကြ်န္မထံတြင္ သေႏၶတည္ခဲ့ၿပီဟု ဆင္ျခင္မိသည္။

အသက္ရွင္ျခင္းကို တြယ္တာေသာ သံေယာဇဥ္ ျဖစ္ေစေသာ လူသားအျဖစ္ ေျမာက္ကိုရီးယား အစိုးရသည္ ကြ်န္မတို႔အား အသိအမွတ္မျပဳ ။ လက္ဆုပ္လက္ကိုင္ မျပႏိုင္ေသာ ဆုိရွယ္လစ္စနစ္ ပါတီ အမ်ားေကာင္းက်ဴ ိးအတြက္ဆိုကာ မိသားစုေပါင္းမ်ားစြာ သံေယာဇဥ္ေပါင္းမ်ားစြာ အသက္ေပါင္းမ်ားစြာကို ပါတီက စေတးပစ္ေနသည္။

ကြန္ျမဴ နစ္စနစ္ေအာက္တြင္ မိဘ သားသမီး
ေဆြမ်ဴ ိးမရွိ။ အေဖ အေမ သားသမီး ညီအကိုေမာင္ႏွမ မရွိ။ ထိုသံေယာဇဥ္မ်ားကို ျဖတ္ရသည္။ ထို႔ေၾကာင့္ပင္ ပါတီဝင္ တစ္ေယာက္ကို တစ္ေယာက္ ရဲေဘာ္ဟု ေခၚဆိုခိုင္းျခင္း ျဖစ္သည္။ ရဲေဘာ္မွ လြဲ၍ အျခားသူ မရွိရ။ ထိုအယူအဆအတြက္ ကြ်န္မ ေပးဆပ္ေနရျခင္း ျဖစ္သည္။

ကြ်န္မသည္ ေျမာက္ကိုရီးယား အလုပ္သမာပါတီ၏ အခြင္းထူးခံ တင္းျပည့္ပါတီဝင္ျဖစ္သည္။ ေျမာက္ကိုရီးယားလူမ်ဴ ိးတိုင္း တပ္မက္ေသာ ဂုဏ္ျဒပ္ျဖစ္သည္။ယင္းဂုဏ္ျဒပ္အတြက္ ေပးဆပ္ရသည္က မတန္တဆ။

ရတုန္းရခိုက္ အခ်ိန္ေလးတြင္ ဓာတ္ပံုေဟာင္းမ်ားကို ၾကည့္ကာ ေရွးေဟာင္းေႏွာင္းျဖစ္မ်ားကို ေျပာၾကသည္။ သို႔ေသာ္ ေရွ႕ျဖစ္ကိုမႈ မေျပာႏိုင္ၾက။ ကြ်န္မ မည္သို႔ျဖစ္လာမည္ကို မည္သူမွ် မသိ။ ကြ်န္မ ပါတီဝင္အျဖစ္မွ ႏႈတ္ထြက္လွ်င္ မိသားစု တစ္စုလံုး ေခါင္းမေဖာ္ႏိုင္ေသာအျဖစ္ႏွင့္ ႀကံဳရမည္။

ယခုပံုစံတိုင္း ဆက္သြားမည္ဆိုလွ်င္လည္း ကြ်န္မသည္ လံုးပါးပါးမည့္ အေျခအေန။ ေလ့က်င့္ေရး စခန္းတြင္ တစ္သက္လံုး ေနသြားရမည့္သေဘာ ျဖစ္သည္။ အေရးႀကီးေသာ တာဝန္ကို ထမ္းေဆာင္ၿပီးေနာက္ အနားယူခြင့္ေပးလိုက္ေသာ ေအးဂ်င့္မ်ား မရွိမဟုတ္ ရွိၾကပါသည္။ အနားယူၿပီး မိသားစုႏွင့္ အတူ ျပန္ေနခြင့္ရေသာ ေအးဂ်င့္ဆိုသည္မွာ အေတာ္ပင္ ရွားပါးသည္။

အေမက ကြ်န္မအတြက္ ျပည့္စံုဖြယ္ရာေသာ ညစာကို ခ်က္ျပဳတ္ေပးသည္။ အိမ္တြင္းအေျခအေနသည္ ျပန္လည္ေကာင္းမြန္လာသည္။ အေဖလည္း ပံုမွန္ျဖစ္လာသည္။ သုိ႔ေသာ္ အေမ့မ်က္ႏွာက ၿပဳိေတာ့မည့္ မိုးကဲ့သို႔ ညိဳ႕ေနသည္။ အေမက ကြ်န္မ ျပန္သြားမည္ကို မၾကည့္ရက္။

ကြ်န္မတို႔ ငိုယိုႏႈတ္ဆက္ၾကၿပီးေနာက္ အိမ္မွ ထြက္လာခဲ့သည္။ လမ္းတစ္ေလွ်ာက္ ေခါင္းငိုက္စိုက္လ်က္ ေလွ်ာက္လာမိသည္။ ကြ်န္မ ဝမ္းနည္းေနေသာ္လည္း အိမ္ျပန္လာခဲ့ရသည့္ အတြက္ ေက်နပ္ေနမိသည္။

အျမန္ဘတ္စ္ကားေပၚတြက္ ကြ်န္မ အိပ္လ်က္ လိုက္ပါလာသည္။ ညက မအိပ္ခဲ့ရသည့္ ပင္ပန္းႏြမ္းနယ္မႈကို စတင္ခံစားရသည္။ ဘတ္စ္ကား ခရီးဆံုးေရာက္ေတာ့မွ အိပ္ရာမွ ႏိုးသည္။

ေျခလက္တို႔ ပင္ပန္းေနေသာ္လည္း အျပန္ခရီးကို စတင္ရသည္။ ကြ်န္မ လစ္ထြက္လာသည္ကို သိသြားၾကၿပီလားဟူေသာ အေတြးက ေခါင္းထဲသို႔ ဝင္လာသည္။ ကြ်န္မ ေပ်ာက္ဆံုးသည္ကို သိလွ်င္ ခ်က္ခ်င္္း လိုက္လာၾကမည္ ျဖစ္သည္။ ကြ်န္မ ျပန္အလာကို ေစာင့္ဖမ္းရန္ ေစာင့္ဆိုင္းေနၾကသည္လည္း ျဖစ္ႏိုင္သည္။

ၾကည္လင္ေသာ ေကာင္းကင္တြင္ တိမ္ညိဳ တိမ္မည္းတို႔က ရုတ္တရတ္ ေနရာယူလာသည္။ မၾကာမီ မိုးရြာခ်ေတာ့သည္။ ခဏတြင္းခ်င္းပင္ ကြ်န္မ တစ္ကိုယ္လံုး ရႊဲနစ္ေနေတာ့သည္။ လမ္းတြင္ ကားလာေနသည္ႏွင့္ နွစ္ႀကိမ္ႀကံဳသျဖင့္ လမ္းေဘးတြင္ ဆင္းပုန္းရသည္။

ညာဘက္ေျခေထာက္တြင္ အရည္ၾကည္ဖု ေပါက္သြားသျဖင့္ အေရျပား ေပါက္ၿပဲသြားသည္။ ေျခလွမ္းတိုင္းကို နာက်င္ခက္ခဲစြာ ေလွ်ာက္ေနရသည္။ သဲသဲမဲမဲရြာေသာ မိုးသည္ အနည္းငယ္ စဲသြားေသာ္လည္း လံုးဝရပ္တန္႔သြားမည့္ အရိပ္အေယာင္မေတြ႕ရ။

ဂိတ္တံခါးမွ အေစာင့္တဲကို ျမင္ရသည့္ခ်ိန္တြင္ ကြ်န္မ လမ္းေဘးခ်ဴ ံေတာထဲဝင္ၿပီး အေျခအေနကို အကဲခတ္သည္။ ည ၈ နာရီခန္႔ရွိၿပီ ျဖစ္သည္။ ေျမျပင္ႏွင့္ တြားသြားေနရသည္။ ရြာထားသည့္ မိုးေၾကာင့္ ဗြက္ထေနသည့္အတြက္ ကြ်န္မ တစ္ကိုယ္လံုး ညစ္ေပေနသည္။ ပင္ပန္းႏြမ္းနယ္ လြန္းသျဖင့္ လူသည္ စက္ရုပ္ကဲ့သို႔ တေရြ႕ေရြ႕ လႈပ္ရွားေနရသည္။ အခန္းသို႔ ျပန္ေရာက္လွ်င္ ေရေႏြးျဖင့္ တစ္ဝေရခ်ဴ ိးရန္သာ စိတ္ေစာမိသည္။

ၿခံစည္းရိုးနားသို႔ ကြ်န္မ ဝမ္းလ်ား ထိုးကပ္သြားသည္။ အရပ္ရွစ္မ်က္ႏွာကို အကဲခတ္သည္။ မည္သူမွ် အနီးပတ္ဝန္းက်င္တြင္ မရွိဟု ေသခ်ာသည့္အခါမွ မတ္တပ္ထကာ ၿခံစည္းရိုးကို တြယ္တက္သည္။ သစ္ပင္ မရွိသျဖင့္ ၿခံစည္းရိုး တြယ္တက္ရျခင္း ျဖစ္သည္။ အေပၚေရာက္မွသာ သံဆူးႀကိဳးကို ၾကည့္ရင္ဆိုင္ရန္ စိတ္ကူးထားသည္။အေပၚဆံုးသို႔ ေရာက္သည့္အခါ ထိပ္ဖ်ားအတြင္းသို႔ ေကာက္ေနေသာ သတၱဳ ၿခံစည္းရိုးတိုင္ေပၚသို႔ လႊဲတက္သည္။ တိုင္ေပၚတြင္ ေျခစံုရပ္မိသည့္ အခါတြင္ အသစ္တဝရွဴ ၿပီး ကြ်မ္းပစ္ကာ ခုန္သည္။ ရြံ႕ဗြက္ထဲသို႔ ကြ်န္မ ေလးဖက္ေထာက္ က်သြားသည္။ အခ်ိန္အတန္ၾကာ အနားယူၿပီးမွ ထင္းရွဴ းပင္မ်ားၾကား အလင္းေရာင္မ်ား ျမင္ေနရာသို႔ ဦးတည္လ်က္ တြားသြားသည္။ သစ္ပင္အုပ္ အစပ္သို႔ ေရာက္ေသာအခါ လူသူကင္းရွင္းျခင္း ရွိမရွိ အကဲခတ္ရသည္။ ထို႔ေနာက္ ကြ်န္မတို႔ အေဆာင္ဆီသို႔ ေျပးသြားၿပီး တံခါးအျမန္ဖြင့္ကာ အတြင္းသို႔ ဝင္သည္။

ကြ်န္မ အတိုင္းမသိ ဝမ္းသာသည့္အတြက္ ေအာ္ဟစ္ခ်င္စိတ္ ေပါက္သြားသည္။ အိပ္ခန္းတြင္း၌ ဆြတ္ေဟးက စာဖတ္ေနသည္။ သူမက အားပါးတရ ရယ္ေမာကာ လက္ခုပ္ဖြဖြေလး တီးသည္။

"နင္က ဘာရီတာလဲ" ကြ်န္မက ေမးသည္။

" နင့္ရုပ္ပဲ ျပန္ၾကည့္ပါဦး" သူက ေျပာသည္။

သူ႔စကားေၾကာင့္ နံရံကပ္မွန္ဆီသို႔ ကြ်န္မသြားသည္။ မွန္ထဲတြင္ ျမင္ရေသာ ကိုယ့္ရုပ္ကိုယ္ ၾကည့္ကာ ကြ်န္မ ရယ္မိသည္။ မ်က္ႏွာတြင္ ရြံ႕မ်ား ေပက်ံလ်က္ ဆံပင္ကလည္း ဖို႔ရို႕ဖါးရား။

အဝတ္အစားမ်ား ခြ်တ္ပစ္ကာ မ်က္ႏွာသုတ္ပဝါကို ကိုယ္၌ပတ္ၿပီး "ငါေပ်ာက္ေနတာ ဘယ္သူမွ မသိပါဘူးေနာ္"

"ဘာမွ မပူနဲ႔။ တစ္ေန႔လံုး ဘယ္သူမွ ဒီကို မလာဘူး။ ဒါနဲ႔ နင့္ အိမ္မွာ အေျခအေနက ဘယ္လိုလဲ"

"ငါ ဘယ္လိုေျပာရမွန္းေတာင္ မသိဘူး။ အေဖ အေမကို ထားခဲ့ၿပီး ငါ ဒီမွာ ဘာလာလုပ္ေနတာလဲလို႔ ကိုယ့္ကိုကိုယ္ ျပန္ေမးမိတယ္"

အခ်ိန္ၾကာျမင့္စြာ ကြ်န္မ ေရစိမ္ခ်ဴ ိးေနမိသည္။ ပင္ပန္းလြန္းသျဖင့္ ေရခ်ဴ ိးဇလံုထဲတြင္ ခဏမွ် အိပ္ေပ်ာ္သြားေသးသည္။

ေရခ်ဴ ိးၿပီး ကြ်န္မအျပင္ ျပန္ထြက္လာေသာအခါ ဆြတ္ေဟးက ပ်ာယာခတ္ေနေသာ အမူအရာျဖင့္
"နင္ျပန္လာတာ အခ်ိန္မွီေလးပဲ။ အျပင္မွာ ေအးဂ်င့္ေခ်ာင္ ေစာင့္ေနတယ္။ နင့္ကို ဧည့္ခန္းထဲမွာ ေစာင့္ေနတယ္"

ကမာၻေျမႀကီး နိမ့္ေစာင္းသြားသည္ဟု ခံစားရသည္။

"ငါ လစ္ထြက္သြားတာကို သိသြားတာေတာ့ မဟုတ္ပါဘူးေနာ္" စိုးရိမ္တႀကီး ဆြတ္ေဟးအား ေမးလိုက္သည္။

"အဲ့လိုေတာ့မဟုတ္ေလာက္ဘူး။ သူ႔ၾကည့္ရတာ ေအးေဆးပဲ။ မင္းကို တာဝန္အသစ္ ေပးမလို႔နဲ႔တူတယ္။ ကင္ဆံုအီဆိုတဲ့ အဘိုးႀကီးလဲ သူနဲ႔ပါလာတယ္။ ကဲ ၾကာမေနနဲ႔။ နင္ အခုပဲ ထြက္လာမယ္လို႔ ငါေျပာထားတယ္ ။ အဝတ္အျမန္လဲ"

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
January 7 2016
...............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၀

တစ်ညလုံး ခရီးသွားရမည် ဖြစ်သဖြင့် အဝတ်အစား အပိုယူရန်မလိုပေ။ ငွေတချူ ိ့နှင့် မှတ်ပုံတင်ကတ်ပြား ကို ယူသည်။ ရှိသမျှ အဝတ်အစားထဲမှ အမှောင်မည်းဆုံးဝတ်စုံကို ရွေးဝတ်သည်။ ဆံပင်ကို အနောက်တွင် စုထုံး၍ အမည်းရောင် စစ်သုံး ကက်ဦးထုပ်ဆောင်းပြီး ဦးထုပ်ကို ဖြစ်နိုင်သမျှ အောက်သို့ဆွဲချသည်။

အပြင်ဘက်တွင် လုံးဝ မှောင်သွားပြီ ဖြစ်သည်။ အချိန်မှီရန် အမြန် ထွက်ခွာရေတော့မည်။ ဆွတ်ဟေးနှင့် ကျွန်မတို့ ဖတ်လှဲတကင်း နှုတ်ဆတ်ကြသည်။

"ဘေးမသီ ရန်မခပါစေနဲ့ကွာ။ သူငယ်ချင်း သတိထားသွားနော်"

"စိတ်ချပါကွာ"

ကျွန်မ အပြင်အမှောင်ထုထဲသို့ ထွက်လာသည်။ စခန်း အဝင်ဂိတ်တွင် အစောင့်ရှိသည်။ ထို့ကြောင့် သစ်ပင်အုပ်များအကြားမှ ဖြတ်သန်းလျက် လမ်းနှင့် နီးသည့် တစ်နေရာမှ အပြင်သို့ ကျော်ထွက်ရန် စဉ်းစားထားသည်။ စခန်းကို စောင့်ကြပ်နေသည့် လှည့်ကင်းများကို သတိထား ရှောင်ရှားရမည်။ လှည့်ကင်းများသည် စက်သေနတ် ကိုင်ဆောင်ထားပြီး ယင်းတို့အတူ ခွေးနက်ကြီးများလည်း ပါသည်။

ကျွန်မသည် စိတ်လှုပ်ရှားစွာဖြင့် ထင်းရှူ းပင်များသို့ ချဉ်းကပ်သွားသည်။ ထင်းရှူ းပင်များသည် တောင်ကြားကို ဝိုင်းပတ် ပေါက်ရောက်နေကြသည်။ ချူ ံပုတ် အနည်းငယ်သာရှိပြီး ေြ ကွကျထားသော ထင်းရှူ းရွက် ချွန်ချွန်လေးများက မြေပြင်ကို ဖုံးအုပ်ထားသည်။ ပူနွေးပြီး ကောင်းကင်က ကြည်လင်နေသည်။ လဆန်းရက်မို့ လရောင်က သစ်ရွက်များအကြားတွင် မှုန်ရီဝိုးတဝါး အလင်းရောင် ပေးလျက်။ ပင်စည်ကို အကာအကွယ်ယူလျက် ပင်စည်တစ်ခုမှ တစ်ခုသို့ ကျွန်မ လျင်မြန်စွာ ကူးသွားသည်။ ညတိုက်ပွဲလှုပ်ရှားမှု လေ့ကျင့်ခန်းသည် ယခုအချိန်တွင် အသုံးဝင်လျက် ရှိသည်။

ဝင်းထရံ ခြံစည်းရိုးမှ ကိုက်တစ်ရာအကွာသို့ ကျွန်မ ရောက်လာသည်။ စည်းရိုး၏ထိပ်တွင် သံဆူးကြိုးများ ရစ်ခွေသွယ်တန်းထားသည်။မျက်လုံးများသည် အမှောင်ထုတွင် ကျင့်သားရလာသည်။ အပေါ်ကို မော့ကြည့်သည့်အခါ ကျွန်မနှင့် အနီးဆုံးရှိနေသည့် ထင်းရှူ းပင်တွင် အကိုင်း န်ိမ့်နိမ့်လေး တွေ့ရသဖြင့် ကျွန်မတွယ်တက်လာသည်။ ခြံစည်းရိုးနှင့် အမြင့်ထက် အနည်းငယ်မြင့်နေသည့် အကိုင်းသို့ ရောက်သည့်အခါ အကိုင်းဖျားသို့ တွားသွားလျက် ချဉ်းကပ်သည်။ အကိုင်းသည် သံဆူးကြိုးမှ သုံးပေခန့် အမြင့်တွင်ရှိပြီး မြေပြင်မှ ၁၅ပေခန့် အမြင့်တွင် ရှိသည်။ ကျွန်မသည် အသက်တစ်ဝရှူ ကာ မြေပြင်ပေါ်သို့ ခုန်ချသည်။

အောက်သို့ရောက်သည်နှင့် ကိုယ်ခန္ဓာကို ကျံူ ကာ ဘေးပတ်ဝန်းကျင်အား လေ့လာသည်။ ထိုစဉ် ခြေသံများ ကြားရသဖြင့် ချံူ ပုတ်တစ်ခုအတွင်း ဝင်ပုန်းကာ နားစွင့်သည်။ လူတစ်ယောက် ရောက်လာပြီး ကျွန်မ ခုန်ချခဲ့သော နေရာ တစ်ဝိုက် လက်နှိပ်ဓာတ်မီးထိုးကာ လိုက်လံရှာဖွေသည်။ သူ့နံဘေးတွင် ခွေးနက်ကြီးတစ်ကောင် ရှိနေသည်။ ကျွန်မ ခုန်ချလိုကိသော အသံကို သူက ကြားသွားဟန်တူသည်။ သူသည် ကျွန်မနှင့် မလှမ်းမကမ်း နေရာမှနေလျက် လက်နှိပ်ဓာတ်မီးကို ဟိုထိုးဒီထိုးဖြင့် ကြည့်နေသည်။ ကျွန်မသည် မြေပြင်နှင့် ပြားကပ်အောင်ဝပ်နေပြီး သူ့လှုပ်ရှားမှုကို ကြည့်နေသည်။

ကျွန်မ ရင်ထဲတွင် ရထားတစ်စင်း ခုတ်မောင်းနေသကဲ့သို့ ဂျူ ံဂျူ ံးမြည်နေသည်။ ခွေးသည် ကျွန်မအနံကို ရမသွားပါစေနှင့် ဆုတောင်းမိသည်။ အကယ်၍ အစောင့်သည် ကျွန်မအား တွေ့သွားပါက သူ့အား ကျွန်မ အသေသတ်ရတော့မည်။

ယင်းသို့ ဖြစ်ခဲ့မည်ဆိုပါက စခန်းသို့ဝင်ပြီး ဟန်မပျက်နေရုံသာ ရှိတော့သည်။ သူ့ကို သတ်ပြီးသည့်တိုင် ခွေးကို ဖြေရှင်းရန် လိိုသေးသည်။

ကံကောင်းထောင်မစွာ အစောင့်သည် ဂိတ်မကြီးဆီသို့ လျှောက်ထွက်သွားသည်။ သူ မြင်ကွင်းမှ ပျောက်သွားသည်အထိ စောင့်ဆိုင်းသည်။ ကွင်းပြင်များကို ဖြတ်လျက် ကျွန်မ ခရီးပြင်းနှင်ရသည်။ ဦးတည်ရာအရပ်သည် အရှေ့မြောက်သို့ ဖြစ်ပြီး ခြံစည်းရိုးမှ 45° ဖြစ်သည်။

အမြန်လျှောက်နေရသော်လည်း အသံအထွက်စေရန် အထူးဂရုထားရသည်။ ခြေသံလုံလုံဖြင့် လျှောက်နိုင်သည့် အတွက် ကျွန်မ၏စစ်သင်တန်းကို ကျေးဇူးတင်ရသည်။ ၁၅ မိနစ်ခန့်အကြာတွင် လမ်းမ သို့ရောက်သည်။ လမ်းမဦးတည်ရာ တစ်ဖက်တချက်တွင် မည်သည့် သက်ရှိ ယာဉ်ရထားကိုမျှ မတွေ့ရ။ လမ်းမအတိုင်း ပြုံးယမ်းလမ်းကြီးသို့ ဦးတည်လျက် ကျွန်မလျှောက်သည်။ လမ်းမကြီးသည် ဆယ်မိုင်ခန့် ဝေးသေးသည်။နာရီ အတော်ကြာ လျှောက်ပြီးသည့်တိုင် ကျွန်မသည် ခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်နေသည်။ တစ်နေရာအရောက်တွင် နောက်ဘက်မှ ကားသံကြားသဖြင့် ကပျာကယာ ပုန်းလိုက်ရသည်။ မာစီဒီးကားတစ်စင်း မောင်းချသွားသည်။ ကားနောက်မီးနီ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီး ခရီးဆက်သည်။

နှစ်နာရီခန့်အကြာတွင် မြို့တစ်မြို့၏ ဆင်ဖြေဖုံးသို့ ရောက်သည်။ နေထွက်လာပြီ ဖြစ်သဖြင့် မြို့ငယ်လေးမှာလည်း စတင်အသက်ဝင်လာသည်။ ကျွန်မသည် နေကာမျက်မှန်ကို ထုတ်ကာ တပ်သည်။ယခုအခါ လူသူများနှင့် ရောနှောသွားလာမည် ဖြစ်သဖြင့် ပိုမိုသတိထားရန် လိုအပ်လာသည်။ မြို့လယ်ခေါင်တွင် ဘက်စ်ကားဂိတ် ရှိသည်။ ထိုဂိတ်မှ တစ်စင်းတည်းသော ဘတ်စ်ကားသည် ပြံုးယမ်းသို့ နေ့စဉ်သွားသည်။ မွန်းမတည့်မီ ပြံုးယမ်းသို့ ရောက်သည်။

ကားဂိတ်တွင် ကျွန်မ ခေတ္တနားခွင့် ရလိုက်သည်။ ခရီးသည်များလည်း ဘတ်စ်ကားအလာ စောင့်နေကြသည်။ ဘတ်စ်ကား ရောက်လာသည့်အခါ ကျွန်မတို့ တက်လိုက်လာသည်။ မြောက်ကိုရီးယား၏ သမာရိုးကျ မြင်ကွင်းများဖြစ်သည့် လယ်တော
ထင်းရှူ းတောနှင့် တောင်တန်းများကို လမ်းတစ်လျှောက် မြင်တွေ့ရသည်။ ကျွန်မအိမ်နှင့် အနည်းငယ်လှမ်းသော ကားဂိတ်တွင် ဆင်းကာ အိမ်သို့ လမ်းလျှောက်သွားသည်။

နံနက် ၁၀ နာရီသာ ရှိသေးသော်လည်း ကျွန်မအတွက် အချိန် လေးနာရီသာ ကျန်တော့သည်။ လမ်းမပေါ်တွင် လူအနည်းငယ်သာ တွေ့ရသည်။ အိမ်တံခါးခေါက်ပြီး စောင့်နေသည်။ အမေက တံခါးကိုလာဖွင့်သည်။ ကျွန်မကို မြင်သည့်အခါ အမေ ရုတ်တရတ် လန့်သွားပုံရသည်။ ချက်ချင်းပင် သတိရကာ ကျွန်မအား ဖတ်ပြီး "ယွန်ဟေး သမီး ဘာလာလုပ်တာလဲ။ အေးဂျင့်ချောင် မပါဘူးလား"
ကျွန်မအဖြေကို မစောင့်တော့ဘဲ အမေ အိမ်ထဲဝင်သွားသဖြင့် ကျွန်မနောက်မှ လိုက်ဝင်သွားသည်။ အမေက အဖေနှင့်ညီမလေးကို လှမ်းခေါ်သည်။ "လာကြဟေ့ ယွန်ဟေး ရောက်လာတယ်"

အဖေက အိပ်ခန်းထဲမှ ထွက်လာသည်။ သူသည် ပင်ပန်းနွမ်းနယ်ပုံ ပေါ်သော်လည်း ကျွန်မကို မြင်လိုက်သည်နှင့် ရွှင်ပျလာသည်။ ယခင် တွေ့ခဲ့ကြစဉ်နှင့် ယခုတစ်ကြိမ် တွေ့သည့်ကြား အချိန်ခြားနားမှုမရှိဘဲ တစ်ဆက်တည်း ဖြစ်နေသကဲ့သို့ ကျွန်မက

"အဖေ သမီး ဘာအမှားလုပ်မိလို့လဲ"

ကျွန်မ၏ ဒေါသထွက်နေသော အသံကြောင့် သူ ရုတ်တရတ် နောက်သို့ တွန့်သွားသည်။ သူက ကုလားထိုင်ဆီသို့ သွားကာ ထိုင်ချလိုက်ပြီး

"သမီး အမှားမလုပ်ပါဘူး။ အဖေ့အနေနဲ့ သမီးရဲ့ အနေအထားသစ်ကို ရုတ်တရတ် လက်ခံဖို့ ခက်ခဲတာရယ် သမီးကို သံယောဇဉ် မပြတ်တာကြောင့်ပါ"

အဖေအသံတွင် ဝမ်းနည်းကြေကွဲမှု အပြည့်ပါနေသဖြင့် ကျွန်မ၏ ဒေါသ အရည်ပျော်သွားသည်။

"အဖေဘာကို ဆိုလိုတာလဲ "

"သမီးကို ပါတီက ပိုင်သွားပြီလေ။ ဇီဝဗေဒအရဆိုရင် မင်းဟာ ငါ့တို့ရဲ့ သမီးပဲ။ ငါတို့ရဲ့ နှလုံးသားထဲမှာလည်း တစ်သက်လုံး သမီးပဲ။ ဒါပေမယ့် လက်တွေ့ကျကျ ပြောရရင် မင်းဟာ အခုချိန်မှာ ပါတီရဲ့ သမီးပဲ။ ငါတို့ရဲ့ သမီးမဟုတ်တော့ဘူး"

အဖေက ယဲ့ယဲ့ပြံုးလျက်

"ပါတီက သမီးကို ရွေးချယ် တာဝန်ပေးခဲ့တဲ့ အတွက် အဖေနဲ့ အမေတို့က ဂုဏ်ယူရမှာပေါ့။ ဒါပေမယ့် သံယောဇဉ်အနေနဲ့ ဒါကို လက်ခံဖို့ခက်တယ်။ အဖေတို့ အမေတို့ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်။ သမီး အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျရင် အဖေတို့နဲ့ နီးနီးနားနားမှာပဲ နေခိုင်းမယ်။ မြေးတွေနဲ့ ပျော်ပျော်ပါးပါး နေနိုင်မယ်လို့ စိတ်ကူးခဲ့တယ် ဒါတွေက မဖြစ်နိုင်တော့ပါဘူး"

ပူနွေးသော မျက်ရည်များသည် ကျွန်မပါးပြင်တစ်လျှောက် စီးကျလာသည်။ ကျွန်မ ဖခင်အပေါ် ဒေါသထွက်ခဲ့သည်ကို ရှက်မိသည်။ ကျွန်မ ပါတီဝင်ဖြစ်ခြင်းသည် မိသားစုကို သစ္စာဖောက်ခြင်းဟု ခံစားမိသည်။ ယခုအချိန်တွင် ထိုအဖြစ်အပျက်ကို ကျွန်မ ပြန်လည်စဉ်းစားမိသည့် အခါ ထိုစဉ်ကတည်းက မြောက်ကိုရီးယားအစိုးရကို မုန်းတီးသော ခံစားချက် ကျွန်မထံတွင် သန္ဓေတည်ခဲ့ပြီဟု ဆင်ခြင်မိသည်။

အသက်ရှင်ခြင်းကို တွယ်တာသော သံယောဇဉ် ဖြစ်စေသော လူသားအဖြစ် မြောက်ကိုရီးယား အစိုးရသည် ကျွန်မတို့အား အသိအမှတ်မပြု ။ လက်ဆုပ်လက်ကိုင် မပြနိုင်သော ဆိုရှယ်လစ်စနစ် ပါတီ အများကောင်းကျူ ိးအတွက်ဆိုကာ မိသားစုပေါင်းများစွာ သံယောဇဉ်ပေါင်းများစွာ အသက်ပေါင်းများစွာကို ပါတီက စတေးပစ်နေသည်။

ကွန်မြူ နစ်စနစ်အောက်တွင် မိဘ သားသမီး
ဆွေမျူ ိးမရှိ။ အဖေ အမေ သားသမီး ညီအကိုမောင်နှမ မရှိ။ ထိုသံယောဇဉ်များကို ဖြတ်ရသည်။ ထို့ကြောင့်ပင် ပါတီဝင် တစ်ယောက်ကို တစ်ယောက် ရဲဘော်ဟု ခေါ်ဆိုခိုင်းခြင်း ဖြစ်သည်။ ရဲဘော်မှ လွဲ၍ အခြားသူ မရှိရ။ ထိုအယူအဆအတွက် ကျွန်မ ပေးဆပ်နေရခြင်း ဖြစ်သည်။

ကျွန်မသည် မြောက်ကိုရီးယား အလုပ်သမာပါတီ၏ အခွင်းထူးခံ တင်းပြည့်ပါတီဝင်ဖြစ်သည်။ မြောက်ကိုရီးယားလူမျူ ိးတိုင်း တပ်မက်သော ဂုဏ်ဒြပ်ဖြစ်သည်။ယင်းဂုဏ်ဒြပ်အတွက် ပေးဆပ်ရသည်က မတန်တဆ။

ရတုန်းရခိုက် အချိန်လေးတွင် ဓာတ်ပုံဟောင်းများကို ကြည့်ကာ ရှေးဟောင်းနှောင်းဖြစ်များကို ပြောကြသည်။ သို့သော် ရှေ့ဖြစ်ကိုမှု မပြောနိုင်ကြ။ ကျွန်မ မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိ။ ကျွန်မ ပါတီဝင်အဖြစ်မှ နှုတ်ထွက်လျှင် မိသားစု တစ်စုလုံး ခေါင်းမဖော်နိုင်သောအဖြစ်နှင့် ကြံုရမည်။

ယခုပုံစံတိုင်း ဆက်သွားမည်ဆိုလျှင်လည်း ကျွန်မသည် လုံးပါးပါးမည့် အခြေအနေ။ လေ့ကျင့်ရေး စခန်းတွင် တစ်သက်လုံး နေသွားရမည့်သဘော ဖြစ်သည်။ အရေးကြီးသော တာဝန်ကို ထမ်းဆောင်ပြီးနောက် အနားယူခွင့်ပေးလိုက်သော အေးဂျင့်များ မရှိမဟုတ် ရှိကြပါသည်။ အနားယူပြီး မိသားစုနှင့် အတူ ပြန်နေခွင့်ရသော အေးဂျင့်ဆိုသည်မှာ အတော်ပင် ရှားပါးသည်။

အမေက ကျွန်မအတွက် ပြည့်စုံဖွယ်ရာသော ညစာကို ချက်ပြုတ်ပေးသည်။ အိမ်တွင်းအခြေအနေသည် ပြန်လည်ကောင်းမွန်လာသည်။ အဖေလည်း ပုံမှန်ဖြစ်လာသည်။ သို့သော် အမေ့မျက်နှာက ပြိုတော့မည့် မိုးကဲ့သို့ ညို့နေသည်။ အမေက ကျွန်မ ပြန်သွားမည်ကို မကြည့်ရက်။

ကျွန်မတို့ ငိုယိုနှုတ်ဆက်ကြပြီးနောက် အိမ်မှ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် ခေါင်းငိုက်စိုက်လျက် လျှောက်လာမိသည်။ ကျွန်မ ဝမ်းနည်းနေသော်လည်း အိမ်ပြန်လာခဲ့ရသည့် အတွက် ကျေနပ်နေမိသည်။

အမြန်ဘတ်စ်ကားပေါ်တွက် ကျွန်မ အိပ်လျက် လိုက်ပါလာသည်။ ညက မအိပ်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုကို စတင်ခံစားရသည်။ ဘတ်စ်ကား ခရီးဆုံးရောက်တော့မှ အိပ်ရာမှ နိုးသည်။

ခြေလက်တို့ ပင်ပန်းနေသော်လည်း အပြန်ခရီးကို စတင်ရသည်။ ကျွန်မ လစ်ထွက်လာသည်ကို သိသွားကြပြီလားဟူသော အတွေးက ခေါင်းထဲသို့ ဝင်လာသည်။ ကျွန်မ ပျောက်ဆုံးသည်ကို သိလျှင် ချက်ချင််း လိုက်လာကြမည် ဖြစ်သည်။ ကျွန်မ ပြန်အလာကို စောင့်ဖမ်းရန် စောင့်ဆိုင်းနေကြသည်လည်း ဖြစ်နိုင်သည်။

ကြည်လင်သော ကောင်းကင်တွင် တိမ်ညို တိမ်မည်းတို့က ရုတ်တရတ် နေရာယူလာသည်။ မကြာမီ မိုးရွာချတော့သည်။ ခဏတွင်းချင်းပင် ကျွန်မ တစ်ကိုယ်လုံး ရွှဲနစ်နေတော့သည်။ လမ်းတွင် ကားလာနေသည်နှင့် နှစ်ကြိမ်ကြံုသဖြင့် လမ်းဘေးတွင် ဆင်းပုန်းရသည်။

ညာဘက်ခြေထောက်တွင် အရည်ကြည်ဖု ပေါက်သွားသဖြင့် အရေပြား ပေါက်ပြဲသွားသည်။ ခြေလှမ်းတိုင်းကို နာကျင်ခက်ခဲစွာ လျှောက်နေရသည်။ သဲသဲမဲမဲရွာသော မိုးသည် အနည်းငယ် စဲသွားသော်လည်း လုံးဝရပ်တန့်သွားမည့် အရိပ်အယောင်မတွေ့ရ။

ဂိတ်တံခါးမှ အစောင့်တဲကို မြင်ရသည့်ချိန်တွင် ကျွန်မ လမ်းဘေးချူ ံတောထဲဝင်ပြီး အခြေအနေကို အကဲခတ်သည်။ ည ၈ နာရီခန့်ရှိပြီ ဖြစ်သည်။ မြေပြင်နှင့် တွားသွားနေရသည်။ ရွာထားသည့် မိုးကြောင့် ဗွက်ထနေသည့်အတွက် ကျွန်မ တစ်ကိုယ်လုံး ညစ်ပေနေသည်။ ပင်ပန်းနွမ်းနယ် လွန်းသဖြင့် လူသည် စက်ရုပ်ကဲ့သို့ တရွေ့ရွေ့ လှုပ်ရှားနေရသည်။ အခန်းသို့ ပြန်ရောက်လျှင် ရေနွေးဖြင့် တစ်ဝရေချူ ိးရန်သာ စိတ်စောမိသည်။

ခြံစည်းရိုးနားသို့ ကျွန်မ ဝမ်းလျား ထိုးကပ်သွားသည်။ အရပ်ရှစ်မျက်နှာကို အကဲခတ်သည်။ မည်သူမျှ အနီးပတ်ဝန်းကျင်တွင် မရှိဟု သေချာသည့်အခါမှ မတ်တပ်ထကာ ခြံစည်းရိုးကို တွယ်တက်သည်။ သစ်ပင် မရှိသဖြင့် ခြံစည်းရိုး တွယ်တက်ရခြင်း ဖြစ်သည်။ အပေါ်ရောက်မှသာ သံဆူးကြိုးကို ကြည့်ရင်ဆိုင်ရန် စိတ်ကူးထားသည်။အပေါ်ဆုံးသို့ ရောက်သည့်အခါ ထိပ်ဖျားအတွင်းသို့ ကောက်နေသော သတ္တု ခြံစည်းရိုးတိုင်ပေါ်သို့ လွှဲတက်သည်။ တိုင်ပေါ်တွင် ခြေစုံရပ်မိသည့် အခါတွင် အသစ်တဝရှူ ပြီး ကျွမ်းပစ်ကာ ခုန်သည်။ ရွံ့ဗွက်ထဲသို့ ကျွန်မ လေးဖက်ထောက် ကျသွားသည်။ အချိန်အတန်ကြာ အနားယူပြီးမှ ထင်းရှူ းပင်များကြား အလင်းရောင်များ မြင်နေရာသို့ ဦးတည်လျက် တွားသွားသည်။ သစ်ပင်အုပ် အစပ်သို့ ရောက်သောအခါ လူသူကင်းရှင်းခြင်း ရှိမရှိ အကဲခတ်ရသည်။ ထို့နောက် ကျွန်မတို့ အဆောင်ဆီသို့ ပြေးသွားပြီး တံခါးအမြန်ဖွင့်ကာ အတွင်းသို့ ဝင်သည်။

ကျွန်မ အတိုင်းမသိ ဝမ်းသာသည့်အတွက် အော်ဟစ်ချင်စိတ် ပေါက်သွားသည်။ အိပ်ခန်းတွင်း၌ ဆွတ်ဟေးက စာဖတ်နေသည်။ သူမက အားပါးတရ ရယ်မောကာ လက်ခုပ်ဖွဖွလေး တီးသည်။

"နင်က ဘာရီတာလဲ" ကျွန်မက မေးသည်။

" နင့်ရုပ်ပဲ ပြန်ကြည့်ပါဦး" သူက ပြောသည်။

သူ့စကားကြောင့် နံရံကပ်မှန်ဆီသို့ ကျွန်မသွားသည်။ မှန်ထဲတွင် မြင်ရသော ကိုယ့်ရုပ်ကိုယ် ကြည့်ကာ ကျွန်မ ရယ်မိသည်။ မျက်နှာတွင် ရွံ့များ ပေကျံလျက် ဆံပင်ကလည်း ဖို့ရို့ဖါးရား။

အဝတ်အစားများ ချွတ်ပစ်ကာ မျက်နှာသုတ်ပဝါကို ကိုယ်၌ပတ်ပြီး "ငါပျောက်နေတာ ဘယ်သူမှ မသိပါဘူးနော်"

"ဘာမှ မပူနဲ့။ တစ်နေ့လုံး ဘယ်သူမှ ဒီကို မလာဘူး။ ဒါနဲ့ နင့် အိမ်မှာ အခြေအနေက ဘယ်လိုလဲ"

"ငါ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ အဖေ အမေကို ထားခဲ့ပြီး ငါ ဒီမှာ ဘာလာလုပ်နေတာလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်"

အချိန်ကြာမြင့်စွာ ကျွန်မ ရေစိမ်ချူ ိးနေမိသည်။ ပင်ပန်းလွန်းသဖြင့် ရေချူ ိးဇလုံထဲတွင် ခဏမျှ အိပ်ပျော်သွားသေးသည်။

ရေချူ ိးပြီး ကျွန်မအပြင် ပြန်ထွက်လာသောအခါ ဆွတ်ဟေးက ပျာယာခတ်နေသော အမူအရာဖြင့်
"နင်ပြန်လာတာ အချိန်မှီလေးပဲ။ အပြင်မှာ အေးဂျင့်ချောင် စောင့်နေတယ်။ နင့်ကို ဧည့်ခန်းထဲမှာ စောင့်နေတယ်"

ကမ္ဘာမြေကြီး နိမ့်စောင်းသွားသည်ဟု ခံစားရသည်။

"ငါ လစ်ထွက်သွားတာကို သိသွားတာတော့ မဟုတ်ပါဘူးနော်" စိုးရိမ်တကြီး ဆွတ်ဟေးအား မေးလိုက်သည်။

"အဲ့လိုတော့မဟုတ်လောက်ဘူး။ သူ့ကြည့်ရတာ အေးဆေးပဲ။ မင်းကို တာဝန်အသစ် ပေးမလို့နဲ့တူတယ်။ ကင်ဆုံအီဆိုတဲ့ အဘိုးကြီးလဲ သူနဲ့ပါလာတယ်။ ကဲ ကြာမနေနဲ့။ နင် အခုပဲ ထွက်လာမယ်လို့ ငါပြောထားတယ် ။ အဝတ်အမြန်လဲ"

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
January 7 2016




No comments:

Post a Comment