CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 2, 2016
ေတာင္တက္လမ္းေဖာက္လုပ္ရာမွ ေရွးေဟာင္းေက်ာက္ထြင္းဂူမ်ား နံရံေဆးေရးပန္းခ်ီႏွင့္ ဗုဒၶဆင္းတုအမ်ားအျပားေပၚထြက္လာ
Sunday, January 3, 2016
စၾကေတာင္ (ေရွးအ ေခၚ ၾကက္က်ေတာင္)ေဒသတြင္ ေတာင္တက္လမ္းေဖာက္လုပ္ရာ မွ ေရွးေဟာင္းေက်ာက္ထြင္း လိုဏ္ဂူမ်ား၊ နံရံေဆးေရးပန္းခ်ီ မ်ားႏွင့္ ဗုဒၶဆင္းတုေတာ္အမ်ား အျပား ထြက္ေပၚလာခဲ့ေၾကာင္း ယဥ္ေက်းမႈ၀န္ႀကီးဌာနမွ သတင္း ရရွိသည္။
အဆိုပါေက်ာက္ထြင္းလုိဏ္ ဂူမ်ားႏွင့္ ဗုဒၶဆင္းတုေတာ္မ်ား သည္ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံခ႐ိုင္၊ ျမင္းၿခံၿမိဳ႕နယ္၊ ဘူး ကိုင္းေက်းရြာအုပ္စု၊ ခံစပ္ကုန္း အေရွ႕ကုန္း၏ အေနာက္ေျမာက္ ဘက္တြင္တည္ရွိကာ ယခုမွ ေပၚ ထြန္းလာျခင္းမဟုတ္ဘဲ ယခင္က ပင္ တစ္၀က္တစ္ပ်က္ေျမေပၚသို႔ ေပၚထြက္ခဲ့ၿပီး ေတာင္တက္လမ္း ေဖာက္လုပ္ခ်ိန္တြင္ ဖံုးအုပ္ေန ေသာ ေျမမ်ားရွင္းလင္းရာမွ ျပည့္ စံုစြာေပၚထြန္းလာျခင္းျဖစ္ေၾကာင္းယဥ္ေက်းမႈ၀န္ႀကီးဌာနမွ ၂၀၁၆ ဇန္န၀ါရီ ၁ ရက္က သတင္းထုတ္ ျပန္သည္။
စၾကေတာင္အနီးတစ္၀ိုက္ တြင္ ေက်ာက္ထြင္းလုိဏ္ဂူမ်ားစြာ ရွိၿပီး သစ္ပင္ခ်ဳံႏြယ္မ်ားဖံုးအုပ္ေန သျဖင့္ ေလ့လာရန္ မလြယ္ကူ ေၾကာင္း ၀န္ႀကီးဌာနက ထုတ္ျပန္ သည္။
ေတြ႕ရွိၿပီးေနာက္ အေနာက္ ဘက္အစြန္းရွိ ေက်ာက္တံုးႀကီး မ်ားကို ေက်ာက္ထြင္းလုိဏ္ဂူမ်ား ေနရာအမွတ္ (၁) ဟု သတ္မွတ္ ကာ လမ္းေဖာက္လုပ္ရန္ ရွင္းလင္းေဖာ္ထုတ္ရာမွ ထြက္ေပၚ လာေသာ လုိဏ္ဂူမ်ားေနရာကို ေက်ာက္ထြင္းလုိဏ္ဂူမ်ားေနရာ အမွတ္ (၂) ဟု သတ္မွတ္ထားသည္။
ေနရာအမွတ္ (၁) တြင္ ေက်ာက္တံုးႀကီးမ်ား၏ ပတ္လည္ လုိဏ္ဂူေပါင္း ၁၁ ဂူႏွင့္ မုခ္တံကဲ မ်ား၊ ႐ုပ္တုမ်ားထြင္းထုထား သည့္ ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္ (၉၆) ဆူ၊ ရဟႏၲာ ရွစ္ပါး၊ သုေမ ဓာရွင္ရေသ့ပံု တစ္ပါးႏွင့္ နံရံေဆးေရးပန္းခ်ီမ်ားကို ေတြ႕ရၿပီး လုိဏ္ ဂူေနရာအမွတ္ (၂) တြင္ လုိဏ္ဂူ (၁၆) ဂူရွိၿပီး ဗုဒၶဆင္းတုေတာ္ (၇၁)ဆူ၊ ဆင္းတုအက်ဳိးအပဲ့ ခုနစ္ဆူရွိၿပီး သိမ္းဆည္းထားသည့္ ဆင္းတုေတာ္ ေလးဆူ၊ ဦးေခါင္း ေတာ္ ရွစ္ဆူ၊ ၀သုေႁႏၵနတ္သမီး ႐ုပ္တု ႏွစ္႐ုပ္တို႔ကို ေတြ႕ရွိရ ေၾကာင္း၊ စၾကေတာင္ေဒသရွိ ေက်ာက္ထြင္းလုိဏ္ဂူမ်ား၊ ဗုဒၶ ဆင္းတုေတာ္မ်ားႏွင့္ နံရံေဆး ေရး၊ ေရႊေရးပန္ခ်ီလက္ရာမ်ား သည္ ေညာင္ရမ္းေခတ္ေႏွာင္းမွ ကုန္းေဘာင္ေခတ္လက္ရာမ်ား ဟု ယူဆရေၾကာင္း ၀န္ႀကီးဌာနက ထုတ္ျပန္သည္။
‘‘အဲဒီေနရာကို ပထမဦးဆံုး အဆင့္အေနနဲ႔ ေရွးေဟာင္းယဥ္ ေက်းမႈအေမြအႏွစ္အေဆာက္အ အံုတည္ရွိရာေနရာျဖစ္သြားၿပီ။ အဲဒီအတြက္ေၾကာင့္ အဲဒီေနရာကိုမက်ဴးေက်ာ္ဖို႔ အဖ်က္အဆီးမ လုပ္ဖို႔ ေဆးသုတ္တာတို႔၊ ထံုး သုတ္တာတို႔ အဖ်က္အဆီးလုပ္ ငန္းေတြမလုပ္ဖို႔ သတိေပးဆိုင္း ဘုတ္ေထာင္ၿပီးသြားၿပီ။ ဗုဒၶ႐ုပ္ပြားေတာ္ေတြကို ဓာတုေဗဒနည္းနဲ႔ ထိန္းသိမ္းဖို႔ စီစဥ္ ေဆာင္ရြက္ေနတယ္’’ဟု ေရွးေဟာင္းသုေတ သနႏွင့္ အမ်ဳိးသားျပတိုက္ဦးစီး ဌာန (မႏၲေလးဌာနခြဲ)မွ ၫႊန္ၾကား ေရးမွဴး ဦးညိဳျမင့္ထြန္းက ေျပာ ၾကားသည္။
စၾကေတာင္ေဒသ ေရွး ေဟာင္းအေဆာက္အအံု ဂူအမွတ္(၂) ရွိ နံရံေဆးေရးပန္းခ်ီမ်ားတြင္ ၁၁၃၉ ခုႏွစ္သကၠရာဇ္ေရးထိုးပါ ရွိသျဖင့္ ကုန္းေဘာင္ေခတ္ျဖစ္ ေၾကာင္း၊ အႏုပညာတန္ဖိုး၊ ဗိသု ကာတန္ဖိုးအနည္းငယ္သာရွိ ေသာ္လည္း သမိုင္းတန္ဖိုးႀကီးမား ေၾကာင္း ယဥ္ေက်းမႈ၀န္ႀကီးဌာနမွ သတင္းရရွိသည္။
ထြက္ေပၚလာသည့္ လုိဏ္ဂူႏွင္႔ ဗုဒၶ႐ုပ္ပြားေတာ္မ်ား (ဓာတ္ပုံ-ယဥ္ေက်းမႈ၀န္ႀကီးဌာန)
7Day Daily
..............
တောင်တက်လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းကျောက်ထွင်းဂူများ နံရံဆေးရေးပန်းချီနှင့် ဗုဒ္ဓဆင်းတုအများအပြားပေါ်ထွက်လာ
Sunday, January 3, 2016
စကြတောင် (ရှေးအ ခေါ် ကြက်ကျတောင်)ဒေသတွင် တောင်တက်လမ်းဖောက်လုပ်ရာ မှ ရှေးဟောင်းကျောက်ထွင်း လိုဏ်ဂူများ၊ နံရံဆေးရေးပန်းချီ များနှင့် ဗုဒ္ဓဆင်းတုတော်အများ အပြား ထွက်ပေါ်လာခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်း ရရှိသည်။
အဆိုပါကျောက်ထွင်းလိုဏ် ဂူများနှင့် ဗုဒ္ဓဆင်းတုတော်များ သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဘူး ကိုင်းကျေးရွာအုပ်စု၊ ခံစပ်ကုန်း အရှေ့ကုန်း၏ အနောက်မြောက် ဘက်တွင်တည်ရှိကာ ယခုမှ ပေါ် ထွန်းလာခြင်းမဟုတ်ဘဲ ယခင်က ပင် တစ်ဝက်တစ်ပျက်မြေပေါ်သို့ ပေါ်ထွက်ခဲ့ပြီး တောင်တက်လမ်း ဖောက်လုပ်ချိန်တွင် ဖုံးအုပ်နေ သော မြေများရှင်းလင်းရာမှ ပြည့် စုံစွာပေါ်ထွန်းလာခြင်းဖြစ်ကြောင်းယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၁၆ ဇန်နဝါရီ ၁ ရက်က သတင်းထုတ် ပြန်သည်။
စကြတောင်အနီးတစ်ဝိုက် တွင် ကျောက်ထွင်းလိုဏ်ဂူများစွာ ရှိပြီး သစ်ပင်ချုံနွယ်များဖုံးအုပ်နေ သဖြင့် လေ့လာရန် မလွယ်ကူ ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန် သည်။
တွေ့ရှိပြီးနောက် အနောက် ဘက်အစွန်းရှိ ကျောက်တုံးကြီး များကို ကျောက်ထွင်းလိုဏ်ဂူများ နေရာအမှတ် (၁) ဟု သတ်မှတ် ကာ လမ်းဖောက်လုပ်ရန် ရှင်းလင်းဖော်ထုတ်ရာမှ ထွက်ပေါ် လာသော လိုဏ်ဂူများနေရာကို ကျောက်ထွင်းလိုဏ်ဂူများနေရာ အမှတ် (၂) ဟု သတ်မှတ်ထားသည်။
နေရာအမှတ် (၁) တွင် ကျောက်တုံးကြီးများ၏ ပတ်လည် လိုဏ်ဂူပေါင်း ၁၁ ဂူနှင့် မုခ်တံကဲ များ၊ ရုပ်တုများထွင်းထုထား သည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၉၆) ဆူ၊ ရဟန္တာ ရှစ်ပါး၊ သုမေ ဓာရှင်ရသေ့ပုံ တစ်ပါးနှင့် နံရံဆေးရေးပန်းချီများကို တွေ့ရပြီး လိုဏ် ဂူနေရာအမှတ် (၂) တွင် လိုဏ်ဂူ (၁၆) ဂူရှိပြီး ဗုဒ္ဓဆင်းတုတော် (၇၁)ဆူ၊ ဆင်းတုအကျိုးအပဲ့ ခုနစ်ဆူရှိပြီး သိမ်းဆည်းထားသည့် ဆင်းတုတော် လေးဆူ၊ ဦးခေါင်း တော် ရှစ်ဆူ၊ ၀သုန္ဒြေနတ်သမီး ရုပ်တု နှစ်ရုပ်တို့ကို တွေ့ရှိရ ကြောင်း၊ စကြတောင်ဒေသရှိ ကျောက်ထွင်းလိုဏ်ဂူများ၊ ဗုဒ္ဓ ဆင်းတုတော်များနှင့် နံရံဆေး ရေး၊ ရွှေရေးပန်ချီလက်ရာများ သည် ညောင်ရမ်းခေတ်နှောင်းမှ ကုန်းဘောင်ခေတ်လက်ရာများ ဟု ယူဆရကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။
‘‘အဲဒီနေရာကို ပထမဦးဆုံး အဆင့်အနေနဲ့ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်အဆောက်အ အုံတည်ရှိရာနေရာဖြစ်သွားပြီ။ အဲဒီအတွက်ကြောင့် အဲဒီနေရာကိုမကျူးကျော်ဖို့ အဖျက်အဆီးမ လုပ်ဖို့ ဆေးသုတ်တာတို့၊ ထုံး သုတ်တာတို့ အဖျက်အဆီးလုပ် ငန်းတွေမလုပ်ဖို့ သတိပေးဆိုင်း ဘုတ်ထောင်ပြီးသွားပြီ။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဓာတုဗေဒနည်းနဲ့ ထိန်းသိမ်းဖို့ စီစဉ် ဆောင်ရွက်နေတယ်’’ဟု ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြား ရေးမှူး ဦးညိုမြင့်ထွန်းက ပြော ကြားသည်။
စကြတောင်ဒေသ ရှေး ဟောင်းအဆောက်အအုံ ဂူအမှတ်(၂) ရှိ နံရံဆေးရေးပန်းချီများတွင် ၁၁၃၉ ခုနှစ်သက္ကရာဇ်ရေးထိုးပါ ရှိသဖြင့် ကုန်းဘောင်ခေတ်ဖြစ် ကြောင်း၊ အနုပညာတန်ဖိုး၊ ဗိသု ကာတန်ဖိုးအနည်းငယ်သာရှိ သော်လည်း သမိုင်းတန်ဖိုးကြီးမား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းရရှိသည်။
ထွက်ပေါ်လာသည့် လိုဏ်ဂူနှင့် ဗုဒ္ဓရုပ်ပွားတော်များ (ဓာတ်ပုံ-ယဉ်ကျေးမှုဝန်ကြီးဌာန)
7Day Daily
ေတာင္တက္လမ္းေဖာက္လုပ္ရာမွ ေရွးေဟာင္းေက်ာက္ထြင္းဂူမ်ား နံရံေဆးေရးပန္းခ်ီႏွင့္ ဗုဒၶဆင္းတုအမ်ားအျပားေပၚထြက္လာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment