CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, January 12, 2016
ဂီတနဲ႔ပတ္သက္ရင္ေတာ့ ပါရမီမပါဘူး၊ အႏုပညာနဲ႔ပတ္သက္ၿပီး ဝါသနာပါတယ္ ဟု ေမဘရဏီေသာ္ ေျပာၾကား
ဂ်ပန္ႏုိင္ငံ တိုက်ဳိၿမိဳ႕တြင္ ႏိုဝင္ဘာ ၁၁ ရက္က က်င္းပ ခဲ့သည့္ Miss International Beauty Pageant ၿပိဳင္ပြဲ တြင္ ျမန္မာႏုိင္ငံ ကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ အလွမယ္ေမဘရဏီေသာ္က ဂီတနဲ႔ပတ္သက္ရင္ ပါရမီ မပါဘဲ အႏုပညာနဲ႔ပတ္သက္ၿပီး ဝါသနာပါသည္ဟု ေျပာၾကားခဲ့သည္။ ''အႏုပညာနဲ႔ပတ္သက္ၿပီး ဝါ သနာပါတယ္။ ဂီတနဲ႔ပတ္သက္ရင္ ေတာ့ ပါရမီမပါဘူး။သ႐ုပ္ေဆာင္ ပိုင္းကေတာ့ ညီမအေနနဲ႔ မလုပ္ ဘူးလို႔ မေျပာဘူး။ စဥ္းစားေန တယ္။ ဘာလို႔လဲဆိုေတာ့ ညီမရဲ႕ အက်င့္က အလုပ္တစ္ခု ကိုလုပ္ေတာ့ မယ္ဆို အရမ္းစဥ္းစားတတ္တာ၊ သ႐ုပ္ေဆာင္အလုပ္ ဆိုတာ ေမာ္ဒယ္ အလုပ္နဲ႔ အမ်ားႀကီးျခားနားတယ္။ ပင္ပန္းတယ္။ ဒီထက္လဲ ဇြဲရွိရ တယ္။ ကိုယ့္လုပ္ငန္းအေပၚကို သစၥာရွိမႈ၊ လုပ္ငန္းကလဲ ကိုယ့္ အေပၚ သစၥာရွိမယ္။အဲေတာ့ သ႐ုပ္ ေဆာင္ဘက္ကေတာ့ စဥ္းစားဆဲ ပါ။ ေမာ္ဒယ္ပိုင္း ကေတာ့ အခုလုပ္ ေနတဲ့အတိုင္း ဆက္ လုပ္သြားမယ္'' ဟု ေမဘရဏီေသာ္ ကေျပာ သည္။ ေရွ႕ဆက္ၿပီး MDF တစ္ႏွစ္ လက္တြဲသြားဖို႔ရွိေၾကာင္း၊ ျပည္ပ ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ရ သည့္အတြက္ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေၾကာင္းကို....''MDF နဲ႔တစ္ႏွစ္လက္တြဲဖို႕ ရွိမယ္။အဲလိုအခ်ိန္ တြင္းမွာ ျမန္မာ ႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ပြဲေတြ တက္ရမယ္။ အခု The Visit Japan Ambassador အျဖစ္ ခန္႔အပ္ ျခင္းခံထားရတဲ့ အတြက္ ေရွ႕ဆက္ လုပ္ေဆာင္စရာေတြကေတာ့ အမ်ား ႀကီးရွိတယ္။ ၿပီးေတာ့ ကိုယ့္ႏုိင္ငံ ဟာ ဘယ္လိုႏုိင္ငံ၊ ဘယ္လိုလုပ္ တယ္၊ တိုးရစ္ဆိုက္ေတြရွိတယ္။ ယဥ္ေက်းမႈေတြ၊ ေရွးေဟာင္းက် တဲ့ အေဆာက္အအုံေတြရွိတယ္ ဆိုတာေျပာျပမယ္။ ျပည္ပႏုိင္ငံက ကိုယ့္ႏုိင္ငံကို လာေရာက္ႏိုင္ေအာင္ ၊ ေလ့လာႏုိင္ေအာင္ အစြမ္းကုန္ ႀကိဳးစားသြားမယ္။ ညီမ ျပည္ပ ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ ၿပိဳင္ခဲ့တဲ့အခါမွာ Miss ေတြအားလံုးရဲ႕ အရည္ အခ်င္းကို ေလ့လာခြင့္ရ ခဲ့တယ္။ ဒီႏွစ္နဲ႔ မႏွစ္က လိုပဲ မတူဘူး။ ေျပာင္းလဲ လာတယ္။ အသိပညာေတြ၊ အေတြ႕အၾကံဳေတြ အမ်ားႀကီး ေျပာင္းလဲလာတယ္။ တုိးတက္ လာတယ္။ ပထမအႀကိမ္တုန္းက ညီမနဲ႔အေနနဲ႔ အေတြ႕အၾကံဳသိပ္ မရွိေတာ့ စမ္းတဝါးဝါးနဲ႔ ေလွ်ာက္ ခဲ့ရတယ္။ အဲဒီတုန္းက ညီမလူ ေၾကာက္ေသးတယ္။ ဒီပြဲမွာေတာ့ လူမေၾကာက္ေတာ့ဘူး။ ယံုၾကည္ မႈရွိလာတယ္။ အေကာင္းဆံုးႀကိဳး စားရမယ္ဆုိတာကို သိလာတယ္။ တစ္ႏွစ္ထက္တစ္ႏွစ္ပိုၿပီး ရင့္က်က္ လာတယ္''ဟုဆိုသည္။
စုမြန္ေထြး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
..................................................................................
ဂီတနဲ့ပတ်သက်ရင်တော့ ပါရမီမပါဘူး၊ အနုပညာနဲ့ပတ်သက်ပြီး ဝါသနာပါတယ် ဟု မေဘရဏီသော် ပြောကြား
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နိုဝင်ဘာ ၁၁ ရက်က ကျင်းပ ခဲ့သည့် Miss International Beauty Pageant ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ်မေဘရဏီသော်က ဂီတနဲ့ပတ်သက်ရင် ပါရမီ မပါဘဲ အနုပညာနဲ့ပတ်သက်ပြီး ဝါသနာပါသည်ဟု ပြောကြားခဲ့သည်။ ''အနုပညာနဲ့ပတ်သက်ပြီး ဝါ သနာပါတယ်။ ဂီတနဲ့ပတ်သက်ရင် တော့ ပါရမီမပါဘူး။သရုပ်ဆောင် ပိုင်းကတော့ ညီမအနေနဲ့ မလုပ် ဘူးလို့ မပြောဘူး။ စဉ်းစားနေ တယ်။ ဘာလို့လဲဆိုတော့ ညီမရဲ့ အကျင့်က အလုပ်တစ်ခု ကိုလုပ်တော့ မယ်ဆို အရမ်းစဉ်းစားတတ်တာ၊ သရုပ်ဆောင်အလုပ် ဆိုတာ မော်ဒယ် အလုပ်နဲ့ အများကြီးခြားနားတယ်။ ပင်ပန်းတယ်။ ဒီထက်လဲ ဇွဲရှိရ တယ်။ ကိုယ့်လုပ်ငန်းအပေါ်ကို သစ္စာရှိမှု၊ လုပ်ငန်းကလဲ ကိုယ့် အပေါ် သစ္စာရှိမယ်။အဲတော့ သရုပ် ဆောင်ဘက်ကတော့ စဉ်းစားဆဲ ပါ။ မော်ဒယ်ပိုင်း ကတော့ အခုလုပ် နေတဲ့အတိုင်း ဆက် လုပ်သွားမယ်'' ဟု မေဘရဏီသော် ကပြော သည်။ ရှေ့ဆက်ပြီး MDF တစ်နှစ် လက်တွဲသွားဖို့ရှိကြောင်း၊ ပြည်ပ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရ သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်းကို....''MDF နဲ့တစ်နှစ်လက်တွဲဖို့ ရှိမယ်။အဲလိုအချိန် တွင်းမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပွဲတွေ တက်ရမယ်။ အခု The Visit Japan Ambassador အဖြစ် ခန့်အပ် ခြင်းခံထားရတဲ့ အတွက် ရှေ့ဆက် လုပ်ဆောင်စရာတွေကတော့ အများ ကြီးရှိတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ ဟာ ဘယ်လိုနိုင်ငံ၊ ဘယ်လိုလုပ် တယ်၊ တိုးရစ်ဆိုက်တွေရှိတယ်။ ယဉ်ကျေးမှုတွေ၊ ရှေးဟောင်းကျ တဲ့ အဆောက်အအုံတွေရှိတယ် ဆိုတာပြောပြမယ်။ ပြည်ပနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်နိုင်အောင် ၊ လေ့လာနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်။ ညီမ ပြည်ပ ပြိုင်ပွဲကို သွားရောက်ယှဉ် ပြိုင်ခဲ့တဲ့အခါမှာ Miss တွေအားလုံးရဲ့ အရည် အချင်းကို လေ့လာခွင့်ရ ခဲ့တယ်။ ဒီနှစ်နဲ့ မနှစ်က လိုပဲ မတူဘူး။ ပြောင်းလဲ လာတယ်။ အသိပညာတွေ၊ အတွေ့အကြုံတွေ အများကြီး ပြောင်းလဲလာတယ်။ တိုးတက် လာတယ်။ ပထမအကြိမ်တုန်းက ညီမနဲ့အနေနဲ့ အတွေ့အကြံုသိပ် မရှိတော့ စမ်းတဝါးဝါးနဲ့ လျှောက် ခဲ့ရတယ်။ အဲဒီတုန်းက ညီမလူ ကြောက်သေးတယ်။ ဒီပွဲမှာတော့ လူမကြောက်တော့ဘူး။ ယုံကြည် မှုရှိလာတယ်။ အကောင်းဆုံးကြိုး စားရမယ်ဆိုတာကို သိလာတယ်။ တစ်နှစ်ထက်တစ်နှစ်ပိုပြီး ရင့်ကျက် လာတယ်''ဟုဆိုသည်။
စုမွန်ထွေး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
ဂီတနဲ႔ပတ္သက္ရင္ေတာ့ ပါရမီမပါဘူး၊ အႏုပညာနဲ႔ပတ္သက္ၿပီး ဝါသနာပါတယ္ ဟု ေမဘရဏီေသာ္ ေျပာၾကား
Reviewed by MP4 YoU
on
January 12, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment