လယ္သမားတစ္ဦး လယ္ထြန္ေနစဥ္။ Photo: RFA |
ဧက ၅၀၀ ေက်ာ္အတြက္ တစ္ဧက ကို ေငြက်ပ္ ၃သိန္းႏႈန္းနဲ႔ တြက္ေပးတာျဖစ္ၿပီး က်န္တဲ့ ဧက ၁၈၀၀ေက်ာ္ကို ပိုင္ဆုိင္မႈအေထာက္အထားျပႏုိင္တဲ့ ေတာင္သူေတြကို ေပးအပ္တာျဖစ္တယ္လို႔ သိမ္းယူခံထားရတဲ့ ယာေျမေတြ ျပန္လည္ရရွိေရးအတြက္ ေဆာင္ရြက္ေပးတဲ့ ေတာင္ငူၿမိဳ႕နယ္ ျမန္မာႏုိင္ငံ ေတာင္သူလယ္သမား ဖံ႔ြၿဖိဳးတုိးတက္ေရးပါတီ ဥကၠဌ ဦးေက်ာ္စိုးမိုးက ေျပာပါတယ္။
"ကုမၸဏီကေနၿပီးေတာ့ စိုက္ပ်ဳိးထားတဲ့ေျမေတြေပါ့၊ ကုမၸဏီက ကြ်န္းစိုက္ခင္းစိုက္တယ္၊ အားလံုးေပါင္းက ဧက ၂၄ဝဝ ေလ၊ စြန္႔လႊတ္ေျမ ျပန္လည္ေပးအပ္ပြဲနဲ႔ နစ္နာေၾကးထပ္ေပးတယ္ဆိုၿပီး ႏွစ္ခုလုပ္တာေပါ့"
အဲဒီယာေျမဧက ၂၅၀၀နီးပါး ကို လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္က ေကာင္းျမန္မာေအာင္ကုမၸဏီထံ ေျမလြတ္ေျမရိုင္း စီမံခန္႔ခဲြမႈေကာ္မတီက လုပ္ပိုင္ခြင့္ခ်ေပးခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္ကလည္း တစ္ဧကကို ေငြက်ပ္ ၅ေသာင္း၊ က်ပ္တစ္သိန္းခဲြ စတဲ့ႏႈန္းထားေတြနဲ႔ ေတာင္သူေတြထံ ကုမၸဏီက နစ္နာေၾကးေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။
အဲ့ဒီယာေျမေတြမွာ ေဒသခံေတာင္သူေတြက ရာသီအလိုက္ ပဲ၊ နွမ္းနဲ႔ နွစ္ရွည္သီးနွံေတြျဖစ္တဲ့ ငွက္ေပ်ာနဲ႔ ကြမ္းသီး စတဲ့သီးနွံေတြကို စိုက္ပ်ိဳးတာျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
....................................................
သိမ်းဆည်းယာမြေတွေ အတွက် တောင်သူတွေ ကို လျော်ကြေးပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုမှာ ကောင်းမြန်မာအောင်ကုမ္ပဏီက ကျွန်းစိုက်ဖို့အတွက် သိမ်းထားတဲ့ ယာမြေဧက ၂၅၀၀ နီးပါးထဲက ဧက ၅၀၀ ကျော်အတွက် နစ်နာကြေး ပေးအပ်ပြီး ကျန်တဲ့ဧက ၁၈၀၀ ကျော်ကို တောင်သူတွေထံ ပြန်လည်အပ်နှံလိုက်ပါတယ်။
ဧက ၅၀၀ ကျော်အတွက် တစ်ဧက ကို ငွေကျပ် ၃သိန်းနှုန်းနဲ့ တွက်ပေးတာဖြစ်ပြီး ကျန်တဲ့ ဧက ၁၈၀၀ကျော်ကို ပိုင်ဆိုင်မှုအထောက်အထားပြနိုင်တဲ့ တောင်သူတွေကို ပေးအပ်တာဖြစ်တယ်လို့ သိမ်းယူခံထားရတဲ့ ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးတဲ့ တောင်ငူမြို့နယ် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စိုးမိုးက ပြောပါတယ်။
"ကုမ္ပဏီကနေပြီးတော့ စိုက်ပျိုးထားတဲ့မြေတွေပေါ့၊ ကုမ္ပဏီက ကျွန်းစိုက်ခင်းစိုက်တယ်၊ အားလုံးပေါင်းက ဧက ၂၄ဝဝ လေ၊ စွန့်လွှတ်မြေ ပြန်လည်ပေးအပ်ပွဲနဲ့ နစ်နာကြေးထပ်ပေးတယ်ဆိုပြီး နှစ်ခုလုပ်တာပေါ့"
အဲဒီယာမြေဧက ၂၅၀၀နီးပါး ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ကောင်းမြန်မာအောင်ကုမ္ပဏီထံ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုကော်မတီက လုပ်ပိုင်ခွင့်ချပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း တစ်ဧကကို ငွေကျပ် ၅သောင်း၊ ကျပ်တစ်သိန်းခွဲ စတဲ့နှုန်းထားတွေနဲ့ တောင်သူတွေထံ ကုမ္ပဏီက နစ်နာကြေးပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီယာမြေတွေမှာ ဒေသခံတောင်သူတွေက ရာသီအလိုက် ပဲ၊ နှမ်းနဲ့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ငှက်ပျောနဲ့ ကွမ်းသီး စတဲ့သီးနှံတွေကို စိုက်ပျိုးတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment