Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

ကမၻာအျပင္ဘက္တြင္ စိုက္ပ်ဳိးသည့္ ေဒါင္းဖန္ဝါပန္း ေအာင္ျမင္စြာပြင့္ဖူး

ႏုိင္ငံတကာအာကာသစခန္း ISS တြင္ပြင့္သည့္ ေဒါင္းဖန္၀ါပန္း ကုိေတြ႕ရစဥ္

ဝါရွင္တန္ ၊ ၂ဝ-၁-၂ဝ၁၆

ႏုိင္ငံတကာ အာကာသစခန္း ISS မွ အာကာသယာဥ္မွဴး မ်ား၏ ကမၻာ အျပင္ဘက္တြင္ ပထမဆံုးစိုက္ပ်ဳိးသည့္ ပန္းပင္သည္ ေအာင္ျမင္စြာပြင့္ဖူး ခဲ့ေၾကာင္း သိရသည္။

ကမၻာပတ္လမ္း အတြင္းရွိ ဓာတ္ခဲြခန္းမွ ဆဲြငင္အားမဲ့ ပတ္ဝန္းက်င္တြင္ ေဒါင္းဖန္ဝါပန္း ကို ေအာင္ျမင္စြာ စိုက္ပ်ဳိးႏုိင္ခဲ့ၿပီး ယခုအခါ ပန္းပြင့္ေနၿပီျဖစ္ေၾကာင္း အေမရိကန္ အာကာသယာဥ္မွဴး စေကာ့တ္ကယ္လီ က ပြင့္ခ်ပ္ ၁၃ ခ်ပ္ပါ ပန္း၏ဓာတ္ပံုႏွင့္ အတူ ၄င္း၏ တြစ္တာစာမ်က္ႏွာ တြင္ ေဖာ္ျပထားသည္။

ေဒါင္းဖန္ဝါပန္း မ်ားကို အာကာသ၌ ေရြးခ်ယ္စိုက္ပ်ဳိး ျခင္းသည္ ယင္း၏ အလွေၾကာင့္ သာမဟုတ္ဘဲ သိပၸံပညာရွင္မ်ား အေနျဖင့္ ဆဲြငင္အားမဲ့ အာကာသအတြင္း၌ ပန္းပင္ကို မည္ကဲ့သုိ႔ ေအာင္ျမင္စြာ စိုက္ပ်ဳိးရမည္ကို သိရွိ ေစလိုျခင္းေၾကာင့္ ျဖစ္ေၾကာင္း အေမရိကန္ အာကာသ ေအဂ်င္စီ NASA ကထုတ္ျပန္သည့္ ေဆာင္းပါးတစ္ပုဒ္တြင္ ေဖာ္ျပထားသည္။

အာကာသယာဥ္မွဴး မ်ားသည္ ယခင္က ISS ၌ ဂ်ဳံပင္ႏွင့္ ဆလတ္ပင္တို႔ကို ေအာင္ျမင္စြာ စိုက္ပ်ဳိးႏုိင္ခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္ ၾသဂုတ္လတြင္ ဆလတ္ပင္မ်ားကို ခူးဆြတ္ကာ NASA က အာကာသယာဥ္မွဴး မ်ားကို ပထမဆံုး အႀကိမ္ စားသံုးခြင့္ ေပးခဲ့ၿပီး ျဖစ္သည္။

''ေဒါင္းဖန္ဝါပန္း စိုက္ပ်ဳိးျခင္းနဲ႔ ဆလတ္ပင္မ်ားကို စိုက္ပ်ဳိးျခင္းက လြန္စြာကြာျခား ပါတယ္။ ေဒါင္းဖန္ဝါပန္းပင္ ဟာဆုိရင္ ပတ္ဝန္းက်င္ သတ္မွတ္ခ်က္ ေဘာင္မ်ားနဲ႕ အလင္းေရာင္ရရွိမႈ အေျခအေနေတြ အေပၚ မူတည္ၿပီး စိုက္ပ်ဳိးရတဲ့အျပင္ ပန္းပြင့္လာဖို႔ အတြက္ ရက္ေပါင္း ၆ဝ မွ ၈ဝ အၾကားျပဳစု ေပးရတဲ့အတြက္ စိုက္ပ်ဳိးရန္ ခက္ခဲေသာ အပင္တစ္ပင္ ျဖစ္ပါတယ္'' ဟု NASA ၏ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးေရးဆိုင္ရာ စီမံကိန္းမန္ေနဂ်ာ ထရန္႔စမစ္သ္ က ေျပာၾကားသည္။

ထို႔ျပင္ NASA သည္ ယခုႏွစ္အတြင္း တ႐ုတ္ေဂၚဖီထုပ္ႏွင့္ Romaine ဆလတ္ပင္ တို႔အပါအဝင္ အျခားအပင္မ်ားကို အာကာသ အတြင္းသို႔ပို႔ေဆာင္ စိုက္ပ်ဳိးေစမည္ ျဖစ္ၿပီး ယင္းတို႔မွတစ္ဆင့္ သုေတသနျပဳ ရလဒ္ မ်ားအေပၚ မူတည္၍ ၂ဝ၁၈ ခုႏွစ္တြင္ အာကာသအတြင္း အာလူးစိုက္ပ်ဳိး ႏုိင္သည္အထိ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကမ္ဘာအပြင်ဘက်တွင် စိုက်ပျိုးသည့် ဒေါင်းဖန်ဝါပန်း အောင်မြင်စွာပွင့်ဖူး

 
နိုင်ငံတကာအာကာသစခန်း ISS တွင်ပွင့်သည့် ဒေါင်းဖန်ဝါပန်း ကိုတွေ့ရစဉ်

ဝါရှင်တန် ၊ ၂ဝ-၁-၂ဝ၁၆

နိုင်ငံတကာ အာကာသစခန်း ISS မှ အာကာသယာဉ်မှူး များ၏ ကမ္ဘာ အပြင်ဘက်တွင် ပထမဆုံးစိုက်ပျိုးသည့် ပန်းပင်သည် အောင်မြင်စွာပွင့်ဖူး ခဲ့ကြောင်း သိရသည်။

ကမ္ဘာပတ်လမ်း အတွင်းရှိ ဓာတ်ခွဲခန်းမှ ဆွဲငင်အားမဲ့ ပတ်ဝန်းကျင်တွင် ဒေါင်းဖန်ဝါပန်း ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ပန်းပွင့်နေပြီဖြစ်ကြောင်း အမေရိကန် အာကာသယာဉ်မှူး စကော့တ်ကယ်လီ က ပွင့်ချပ် ၁၃ ချပ်ပါ ပန်း၏ဓာတ်ပုံနှင့် အတူ ၄င်း၏ တွစ်တာစာမျက်နှာ တွင် ဖော်ပြထားသည်။

ဒေါင်းဖန်ဝါပန်း များကို အာကာသ၌ ရွေးချယ်စိုက်ပျိုး ခြင်းသည် ယင်း၏ အလှကြောင့် သာမဟုတ်ဘဲ သိပ္ပံပညာရှင်များ အနေဖြင့် ဆွဲငင်အားမဲ့ အာကာသအတွင်း၌ ပန်းပင်ကို မည်ကဲ့သို့ အောင်မြင်စွာ စိုက်ပျိုးရမည်ကို သိရှိ စေလိုခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန် အာကာသ အေဂျင်စီ NASA ကထုတ်ပြန်သည့် ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

အာကာသယာဉ်မှူး များသည် ယခင်က ISS ၌ ဂျုံပင်နှင့် ဆလတ်ပင်တို့ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် ဆလတ်ပင်များကို ခူးဆွတ်ကာ NASA က အာကာသယာဉ်မှူး များကို ပထမဆုံး အကြိမ် စားသုံးခွင့် ပေးခဲ့ပြီး ဖြစ်သည်။

''ဒေါင်းဖန်ဝါပန်း စိုက်ပျိုးခြင်းနဲ့ ဆလတ်ပင်များကို စိုက်ပျိုးခြင်းက လွန်စွာကွာခြား ပါတယ်။ ဒေါင်းဖန်ဝါပန်းပင် ဟာဆိုရင် ပတ်ဝန်းကျင် သတ်မှတ်ချက် ဘောင်များနဲ့ အလင်းရောင်ရရှိမှု အခြေအနေတွေ အပေါ် မူတည်ပြီး စိုက်ပျိုးရတဲ့အပြင် ပန်းပွင့်လာဖို့ အတွက် ရက်ပေါင်း ၆ဝ မှ ၈ဝ အကြားပြုစု ပေးရတဲ့အတွက် စိုက်ပျိုးရန် ခက်ခဲသော အပင်တစ်ပင် ဖြစ်ပါတယ်'' ဟု NASA ၏ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းမန်နေဂျာ ထရန့်စမစ်သ် က ပြောကြားသည်။

ထို့ပြင် NASA သည် ယခုနှစ်အတွင်း တရုတ်ဂေါ်ဖီထုပ်နှင့် Romaine ဆလတ်ပင် တို့အပါအဝင် အခြားအပင်များကို အာကာသ အတွင်းသို့ပို့ဆောင် စိုက်ပျိုးစေမည် ဖြစ်ပြီး ယင်းတို့မှတစ်ဆင့် သုတေသနပြု ရလဒ် များအပေါ် မူတည်၍ ၂ဝ၁၈ ခုနှစ်တွင် အာကာသအတွင်း အာလူးစိုက်ပျိုး နိုင်သည်အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment