ထိုေရာဂါေၾကာင့္ အသက္ရွည္ရွည္ မေနရဆိုသည္ကို မိသားစုဝင္ အားလံုး သိၾကသည္။ သုိ႔ေသာ္ ဤမွ် ျမန္ျမန္ ကြယ္လြန္သြားလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့။ ကြ်န္မအိမ္တြင္ ရွိေနစဥ္ အေဖသည္ ကြ်န္မကို လံုးဝ စကားမေျပာ။
ကြ်န္မ အိမ္မွေဝးကြာေနစဥ္ ၂ ႏွစ္တာကာလအတြင္း ညီမယြန္ုအုတ္သည္ ဧည့္လမ္းၫႊန္တစ္ေယာက္ႏွင့္ အိမ္ေထာင္က်သြားသည္။ မိသားစုအတြင္း ဝါစဥ္အရ ကြ်န္မက အရင္ အိမ္ေထာင္က်ရမည္ ျဖစ္ေသာ္လည္း ညီမက အရင္အိမ္ေထာင္က်သြားျခင္းကို အေဖႏွင့္ အေမတို႔က စိတ္မေကာင္းၾက။
ကြ်န္မသည္ မိသားစုမွ ေဝးရာသို႔ လြင့္ပါးသြားေနသည္ဟု ခံစားမိသည္။ သင္တန္းေက်ာင္း ႏိုင္ငံျခား အေတြ႕အႀကံဳတို႔ကို ေျပျပခြင့္မရွိသျဖင့္ ေျပာစရာစကာမရွိဘဲ ကြ်န္မေၾကာင့္ မိသားစုအတြင္း ေျခာက္ကပ္ကပ္ ျဖစ္ေနသည္။ သူတို႔ စိတ္ထဲတြင္ သို႔ေလာသို႔ေလာ ေသာကပြားစရာမ်ား ရွိေနမည္မွာ အမွန္ပင္ ျဖစ္သည္။ ပါတီသည္ ေခါင္းေဆာင္ႀကီးမွ လြဲ၍ အျခားမည္သူ႔ကိုမွ ေထာက္ထားေလ့မရွိ။ ထို႔ေၾကာင့္ ပါတီအတြင္း ကံ်ြန္မအား မေတာ္မတရား ခိုင္းေစေနသည္ေလာ ျပည္တန္ဆာကဲ့သို႔ အလုပ္မ်ဴ ိး လုပ္ေပးေနရသည္ဟု ထင္ေနသည္လား မသိ။ ထိပ္တန္းအရာရွိႀကီးမ်ား၏ ေပ်ာ္ေတာ္ဆက္ လုပ္ေနရသည္ဟု ယူဆေလသလား မသိ။ ေျမာက္ကိုရီးယားကဲ့သို႔ ႏိုင္ငံတြင္ ထိုအျဖစ္ပ်က္မ်ဴ ိး ရွိေနႏိုင္သည္။
အျခား ေျပာစရာစကားမ်ားလည္း ရွိေနလ်က္ ကြ်န္မတို႔ စကားမေျပာျဖစ္ၾက။ မိသားစုဝင္မ်ား ျဖစ္လ်က္ သူစိမ္းတစ္ရံမ်ားကဲ့သို႔ ျဖစ္ေနသည္။
ေအးဂ်င့္ေခ်ာင္ ကြ်န္မအား အိမ္လာေခၚသည့္ေန႔တြင္ အေဖကေပါက္ကြဲေတာ့သည္။ အေမက ေအးဂ်င့္ေခ်ာင္ကို တံခါးဖြင့္ေပးသည္။အေဖက အခန္းကို ျဖတ္ၿပီး သုတ္သုတ္ေလ်ွာက္လာကာ ေအးဂ်င့္ေခ်ာင္၏ လည္းပင္းမွကိုင္လ်က္ နံရံႏွင့္ ဖိကပ္ထားကာ "မင္း ငါ့သမီးကို ဘယ္ေတာ့ ျပန္လႊတ္ေပးမွာလဲ ေခြးမသားရဲ႕" အေဖ့မ်က္လံုးအိမ္မွ မ်က္ရည္မ်ား စီးက်လ်က္။
"ေဟ့ေကာင္ ေျပာစမ္း ဘယ္ေတာ့လဲကြ " အေဖသည္ ေၾကာက္မက္ဖြယ္ရာ ခက္ထန္ေနသည္။
ကြ်န္မ အလြန္ထိန္႔လန္႔သြားၿပီး "အေဖ မလုပ္နဲ႔။ သူ႕ကို လႊတ္လိုက္ပါ"
အေဖ့အျပဳအမူေၾကာင့္ ကြ်န္မတို႔ မိသားစုတစ္စုလံုး ပစ္သတ္ခံရႏိုင္သည္။ အေဖက ေအးဂ်င့္ေခ်ာင္ကို လႊတ္လိုက္သည္။ ေအးဂ်င့္ေခ်ာင္သည္ စိတ္အေႏွာင့္အယွက္ ျဖစ္သြားကာ ကြ်န္မအား ကားထဲတြင္ ေစာင့္ေနမည္ျဖစ္ေၾကာင္း ေျပာၿပီး ထြက္သြားသည္။
"အေဖ" ကြ်န္မက ေခၚလိုက္သည္။
"ေကာင္မ နင္အခုထြက္သြားစမ္း။ နင္ဟာ ငါ့သမီး မဟုတ္ဘူး။ ငါတို႔နဲ႔ ဘာမွမဆိုင္ဘူး။ နင့္ေကာင္ေတြဆီ ျပန္သြားေတာ့"
ကြ်န္မသည္ အျပစ္လုပ္ထားသူမဟုတ္။ ဘဝႀကံမၼာ ဖန္လာ၍သာ ဤဘဝကို ေရာက္ခဲ့ရျခင္း ျဖစ္သည္။ အေဖ ကြ်န္မအား ဆူပူသည္ကို မေက်နပ္။
ေနာက္တပတ္လံုးလံုး ေလ့က်င့္ေရး သင္ခန္းစာမ်ားတြင္ ကြ်န္မ အာရံုမစိုက္ႏိုင္။ စိတ္ႏွင့္ လူ မကပ္ေတာ့။ မည္သည့္လႈပ္ရွားမႈ လုပ္သည္ျဖစ္ေစ မိသားစုကိုသာ သတိရေနမိေတာ့သည္။ ဘန္ဆူး ကြယ္လြန္သြားသည္ကို ကြ်န္မ ခံစားေနရသည္။
ေအးဂ်င့္ေခ်ာင္ အေပၚ အေဖ ရိုင္းရိုင္းစိုင္းစုိင္း ျပဳမူလိုက္သည္ကို ကြ်န္မစိတ္ဆိုးမိေသာ္လည္း အေဖသည္ ဖခင္ပီသစြာ ျပဳမူလိုက္ျခင္း ျဖစ္သည္ကို နားလည္လိုက္ရသည္။ ဖခင္ေမတၱာ ေပါက္ကြဲ ထြက္လာျခင္း ျဖစ္သည္။ မိသားစု တကြဲတျပားစီ ျဖစ္ေနျခင္းသည္။ တစ္သက္တာအတြက္ ျဖစ္ဖို႔မ်ားသည္။
ကြ်န္မသည္ စေနေန႔တြင္ ဆံုးျဖတ္ခ်က္ ခ်လိုက္သည္။ တနဂၤေႏြသည္ ကြ်န္မတို႔အားလပ္ရက္ျဖစ္သျဖင့္ အလုပ္တာဝန္ မရွိ။စစ္ေရးျပမရွိ တန္းစီရျခင္း မရွိ သင္တန္းတက္ရျခင္း မရွိ။
ထမင္းခ်က္ ဝူခ်ီကို ကြ်န္မစည္းရံုးရမည္။ စေနညႏွင့္ တနဂၤေႏြ တစ္ေန႔လံုး ကြ်န္မ ေပ်ာက္ေနျခင္းကို သူမက မသိဟန္ေဆာင္ေပးရံုသာျဖစ္သည္။ ေသာၾကာေန႔ သင္ခန္းစာမ်ားအၿပီးတြင္ ကြ်န္မ မီးဖိုေခ်ာင္သို႔သြားသည္။ သူက ကြ်န္မအား ေႏြးေထြးစြာ ႏႈတ္ဆတ္သည္။ သင္တန္းေက်ာင္း ဝန္ထမ္းမ်ားအနက္ သူသည္ ႏွစ္လု္ိဖြယ္ အေကာင္းဆံုးျဖစ္သည္။
"အေဒၚ မနက္ျဖန္ ကြ်န္မ မိသားစုကို သြားေတြ႕မလို႔။ ဒီေန႔ည ေမွာင္တဲ့အခ်ိန္ ကြ်န္မ ထြက္သြားမယ္ မနက္ျဖန္ ညေနျပန္လာမယ္။ ကြ်န္မ ေပ်ာက္ေနတာ ဘယ္သူ႔ကိုမွ မေျပာပါနဲ႔"
ကြ်န္မကို သူက အလန္႔တၾကား ျပန္ၾကည့္ၿပီး "ငါက မေျပာပဲေနလို႔ရတယ္။ ဒါေပမယ့္ ႀကီးၾကပ္ေရးမွဴ း သိသြားႏိုင္တယ္ေနာ္။ သူတို႔ သိသြားရင္ ဘာျဖစ္မလဲဆိုတာ သိတယ္ေနာ္"
" ကြ်န္မ သိပါတယ္"
ကြ်န္မတို႔သည္ စခန္းမွ ထြက္ခြာခြင့္မရွိ။ ကြ်န္မ လစ္ထြက္သြားသည္ကို မိသြားပါက အလုပ္ၾကမ္းႏွင့္ အက်ဥ္းေထာင္သို႔ ပို႔ခံရမည္။ မိသားစုတစ္စုလံုးလည္း
ပို႔ခံရႏိုင္သည္။ ကြ်န္မတို႔ တစ္သက္လံုး အက်ဥ္းေထာင္မွ လြတ္ေတာ့မည္မဟုတ္။ မိသားစု တစ္စုလံုး ပစ္သတ္ခံရႏိုင္သည္။ သို႔ေသာ္ မိသားစု တစ္စုလံုး ဝမ္းနည္းပူေဆြးေနခ်ိန္တြင္ ကြ်န္မသည္ စခန္းတြင္ ငုတ္တုတ္ထိုင္မေနႏိုင္။ ကြ်န္မ ေနာက္တႀကိမ္ အိမ္ျပန္ခြင့္ဆိုသည္မွာ ႏွစ္ႏွင့္ခ်ီ ၾကာျမင့္ႏိုင္သည္။မိသားစုအား ထိုမွ်ၾကာၾကာ ရင္းတြင္း နာက်င္မႈမ်ားျဖင့္ ေစာင့္ဆုိင္းေနရမည္ကို ကြ်န္မမလု္္ိလား။ ယခုအခ်ိန္တြင္ မိသာစုသည္ ကြ်န္မအတြက္ ႏိုင္ငံေတာ္ႏွင့္ အစိုးရထက္ပင္ ပိုအေရးႀကီးသည္။ ကြ်န္မခ်စ္ေသာ မိသားစုကိုမူ မပစ္ပယ္ႏိုင္ေပ။
"မိသားစုအတြက္ ကြ်န္မ ဘာမွမလုပ္ေပးႏိုင္ခဲ့ဘူး။ ကြ်န္မ ေမာင္ေလးလည္း ဆံုးသြားၿပီ။ အေဖလည္း စိတ္ဒုကၡ ေရာက္ေနတယ္။ သူတို႔ကို ကြ်န္မ သြားေတြ႕မွျဖစ္မယ္"
သူမသည္ ဘာမွ ျပန္မေျပာေသာ္လည္း မ်က္ႏွာတြင္ စိုးရိမ္မႈတို႔ ယွက္သန္းေနသည္။
"ဒီလိုလုပ္မွ ျဖစ္မယ္ဆိုရင္လည္း လုပ္ေပါ့" သူက ကြ်န္မလက္ကို ဆြဲယူဆုပ္ကိုင္လ်က္ "သတိထားၿပီးေတာ့သာ သြားေပေတာ့။ မင္းကို ဘာမွ မျဖစ္ေစခ်င္ဘူး"
ကြ်န္မက သူမလက္ကို ခဏမွ် ဖ်စ္ညွစ္လိုက္ၿပီး ကြ်န္မအခန္းသို႔ သြားသည္။ ဆြတ္ေဟးအားလည္း ကြ်န္မ အျပင္ထြက္မည့္အေၾကာင္း ေျပာျပလိုက္သည္။ သူသည္လည္း ထမင္းခ်က္
အမ်ဴ ိးသမီးကဲ့သို႔ပင္ ကြ်န္မအတြက္ စိုးရိမ္ရွာသည္။
ကြ်န္မက"တနဂၤေႏြဆိုရင္ စခန္းမွဴ းက ငါတို႔ဆီကို လာခဲပါတယ္။ တကယ္လို႔ ေရာက္လာရင္လည္း နင္ အိပ္ရာက ႏိုးေတာ့ ငါ့ကို မေတြ႕ဘူးဆိုတာသာ ေျပာလိုက္ပါ"
ဆြတ္ေဟးက ေခါင္းၿငိမ့္ျပေသာ္လည္း သူမစိတ္ထဲတြင္ တင္းက်ပ္ေနသည္မွာ မ်က္ႏွာတြင္ ေပၚေနသည္။
ကြ်န္မကို မိသြားလွ်င္ သူပါ ဒုကၡေရာက္ႏိုင္သည္ကို ေတြးေနဟန္တူသည္။ အိပ္ရာေပၚတြင္ သူ႔ေဘး၌ ဝင္ထိုင္ သူ႔ဒူးေခါင္းကို ကိုင္လ်က္ "မင္း ဘာမွမျဖစ္ႏိုင္ပါဘူး။ ဘာမွ မသိဘူး ေျပာလိုက္ရံုပဲ။ ငါထြက္သြားတာကို မင္းမွ မသိပဲ"
သူက အေဝး တစ္ေနရာသို႔ၾကည့္ေနရာမွ သက္ျပင္းခ်လိုက္ၿပီး အားယူၿပံဳးကာ "မစိုးရိမ္နဲ႔ သူငယ္ခ်င္း။ ငါလံုးဝ ႏႈတ္ပိတ္ေနမယ္"
"ေက်းဇူးပဲ သူငယ္ခ်င္းရယ္" သူ႔ကို သိုင္းဖက္လိုက္ၿပီး ႏွစ္ေယာက္သား မတ္တပ္ရပ္သည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
January 6 2016
..................
မြောက်ကိုရီးယား စပိုင်မယ်ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၉
မောင်လေး ဘန်ဆူးဆုံးသွားကြောင်း အမေပြောသည့်အခါ သူ့အတွက်ပါလာသော ရေဒီယိုကို ကျွန်မ လွှတ်ချလိုက်မိသည်။ အမေ့ကို ပြေးဖက်ပြီး ကျွန်မ ငိုချလိုက်မိသည်။ ဘန်ဆူးသည် ချစ်စရာကောင်းသည့် ကလေးဖြစ်သည်။ အမြဲလိုလို ပြုံးရယ်နေတတ်သည်။ အသက် ၁၅ နှစ် အရွယ်တွင် အရေပြားကင်ဆာက သူ့ကို တမလွန်သို့ ခေါ်ဆောင်သွားသည်။
ထိုရောဂါကြောင့် အသက်ရှည်ရှည် မနေရဆိုသည်ကို မိသားစုဝင် အားလုံး သိကြသည်။ သို့သော် ဤမျှ မြန်မြန် ကွယ်လွန်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့။ ကျွန်မအိမ်တွင် ရှိနေစဉ် အဖေသည် ကျွန်မကို လုံးဝ စကားမပြော။
ကျွန်မ အိမ်မှဝေးကွာနေစဉ် ၂ နှစ်တာကာလအတွင်း ညီမယွန်ုအုတ်သည် ဧည့်လမ်းညွှန်တစ်ယောက်နှင့် အိမ်ထောင်ကျသွားသည်။ မိသားစုအတွင်း ဝါစဉ်အရ ကျွန်မက အရင် အိမ်ထောင်ကျရမည် ဖြစ်သော်လည်း ညီမက အရင်အိမ်ထောင်ကျသွားခြင်းကို အဖေနှင့် အမေတို့က စိတ်မကောင်းကြ။
ကျွန်မသည် မိသားစုမှ ဝေးရာသို့ လွင့်ပါးသွားနေသည်ဟု ခံစားမိသည်။ သင်တန်းကျောင်း နိုင်ငံခြား အတွေ့အကြံုတို့ကို ပြေပြခွင့်မရှိသဖြင့် ပြောစရာစကာမရှိဘဲ ကျွန်မကြောင့် မိသားစုအတွင်း ခြောက်ကပ်ကပ် ဖြစ်နေသည်။ သူတို့ စိတ်ထဲတွင် သို့လောသို့လော သောကပွားစရာများ ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ ပါတီသည် ခေါင်းဆောင်ကြီးမှ လွဲ၍ အခြားမည်သူ့ကိုမှ ထောက်ထားလေ့မရှိ။ ထို့ကြောင့် ပါတီအတွင်း ကျွံန်မအား မတော်မတရား ခိုင်းစေနေသည်လော ပြည်တန်ဆာကဲ့သို့ အလုပ်မျူ ိး လုပ်ပေးနေရသည်ဟု ထင်နေသည်လား မသိ။ ထိပ်တန်းအရာရှိကြီးများ၏ ပျော်တော်ဆက် လုပ်နေရသည်ဟု ယူဆလေသလား မသိ။ မြောက်ကိုရီးယားကဲ့သို့ နိုင်ငံတွင် ထိုအဖြစ်ပျက်မျူ ိး ရှိနေနိုင်သည်။
အခြား ပြောစရာစကားများလည်း ရှိနေလျက် ကျွန်မတို့ စကားမပြောဖြစ်ကြ။ မိသားစုဝင်များ ဖြစ်လျက် သူစိမ်းတစ်ရံများကဲ့သို့ ဖြစ်နေသည်။
အေးဂျင့်ချောင် ကျွန်မအား အိမ်လာခေါ်သည့်နေ့တွင် အဖေကပေါက်ကွဲတော့သည်။ အမေက အေးဂျင့်ချောင်ကို တံခါးဖွင့်ပေးသည်။အဖေက အခန်းကို ဖြတ်ပြီး သုတ်သုတ်လျှောက်လာကာ အေးဂျင့်ချောင်၏ လည်းပင်းမှကိုင်လျက် နံရံနှင့် ဖိကပ်ထားကာ "မင်း ငါ့သမီးကို ဘယ်တော့ ပြန်လွှတ်ပေးမှာလဲ ခွေးမသားရဲ့" အဖေ့မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလျက်။
"ဟေ့ကောင် ပြောစမ်း ဘယ်တော့လဲကွ " အဖေသည် ကြောက်မက်ဖွယ်ရာ ခက်ထန်နေသည်။
ကျွန်မ အလွန်ထိန့်လန့်သွားပြီး "အဖေ မလုပ်နဲ့။ သူ့ကို လွှတ်လိုက်ပါ"
အဖေ့အပြုအမူကြောင့် ကျွန်မတို့ မိသားစုတစ်စုလုံး ပစ်သတ်ခံရနိုင်သည်။ အဖေက အေးဂျင့်ချောင်ကို လွှတ်လိုက်သည်။ အေးဂျင့်ချောင်သည် စိတ်အနှောင့်အယှက် ဖြစ်သွားကာ ကျွန်မအား ကားထဲတွင် စောင့်နေမည်ဖြစ်ကြောင်း ပြောပြီး ထွက်သွားသည်။
"အဖေ" ကျွန်မက ခေါ်လိုက်သည်။
"ကောင်မ နင်အခုထွက်သွားစမ်း။ နင်ဟာ ငါ့သမီး မဟုတ်ဘူး။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ နင့်ကောင်တွေဆီ ပြန်သွားတော့"
ကျွန်မသည် အပြစ်လုပ်ထားသူမဟုတ်။ ဘဝကြံမ္မာ ဖန်လာ၍သာ ဤဘဝကို ရောက်ခဲ့ရခြင်း ဖြစ်သည်။ အဖေ ကျွန်မအား ဆူပူသည်ကို မကျေနပ်။
နောက်တပတ်လုံးလုံး လေ့ကျင့်ရေး သင်ခန်းစာများတွင် ကျွန်မ အာရုံမစိုက်နိုင်။ စိတ်နှင့် လူ မကပ်တော့။ မည်သည့်လှုပ်ရှားမှု လုပ်သည်ဖြစ်စေ မိသားစုကိုသာ သတိရနေမိတော့သည်။ ဘန်ဆူး ကွယ်လွန်သွားသည်ကို ကျွန်မ ခံစားနေရသည်။
အေးဂျင့်ချောင် အပေါ် အဖေ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူလိုက်သည်ကို ကျွန်မစိတ်ဆိုးမိသော်လည်း အဖေသည် ဖခင်ပီသစွာ ပြုမူလိုက်ခြင်း ဖြစ်သည်ကို နားလည်လိုက်ရသည်။ ဖခင်မေတ္တာ ပေါက်ကွဲ ထွက်လာခြင်း ဖြစ်သည်။ မိသားစု တကွဲတပြားစီ ဖြစ်နေခြင်းသည်။ တစ်သက်တာအတွက် ဖြစ်ဖို့များသည်။
ကျွန်မသည် စနေနေ့တွင် ဆုံးဖြတ်ချက် ချလိုက်သည်။ တနင်္ဂနွေသည် ကျွန်မတို့အားလပ်ရက်ဖြစ်သဖြင့် အလုပ်တာဝန် မရှိ။စစ်ရေးပြမရှိ တန်းစီရခြင်း မရှိ သင်တန်းတက်ရခြင်း မရှိ။
ထမင်းချက် ဝူချီကို ကျွန်မစည်းရုံးရမည်။ စနေညနှင့် တနင်္ဂနွေ တစ်နေ့လုံး ကျွန်မ ပျောက်နေခြင်းကို သူမက မသိဟန်ဆောင်ပေးရုံသာဖြစ်သည်။ သောကြာနေ့ သင်ခန်းစာများအပြီးတွင် ကျွန်မ မီးဖိုချောင်သို့သွားသည်။ သူက ကျွန်မအား နွေးထွေးစွာ နှုတ်ဆတ်သည်။ သင်တန်းကျောင်း ဝန်ထမ်းများအနက် သူသည် နှစ်လု်ိဖွယ် အကောင်းဆုံးဖြစ်သည်။
"အဒေါ် မနက်ဖြန် ကျွန်မ မိသားစုကို သွားတွေ့မလို့။ ဒီနေ့ည မှောင်တဲ့အချိန် ကျွန်မ ထွက်သွားမယ် မနက်ဖြန် ညနေပြန်လာမယ်။ ကျွန်မ ပျောက်နေတာ ဘယ်သူ့ကိုမှ မပြောပါနဲ့"
ကျွန်မကို သူက အလန့်တကြား ပြန်ကြည့်ပြီး "ငါက မပြောပဲနေလို့ရတယ်။ ဒါပေမယ့် ကြီးကြပ်ရေးမှူ း သိသွားနိုင်တယ်နော်။ သူတို့ သိသွားရင် ဘာဖြစ်မလဲဆိုတာ သိတယ်နော်"
" ကျွန်မ သိပါတယ်"
ကျွန်မတို့သည် စခန်းမှ ထွက်ခွာခွင့်မရှိ။ ကျွန်မ လစ်ထွက်သွားသည်ကို မိသွားပါက အလုပ်ကြမ်းနှင့် အကျဉ်းထောင်သို့ ပို့ခံရမည်။ မိသားစုတစ်စုလုံးလည်း
ပို့ခံရနိုင်သည်။ ကျွန်မတို့ တစ်သက်လုံး အကျဉ်းထောင်မှ လွတ်တော့မည်မဟုတ်။ မိသားစု တစ်စုလုံး ပစ်သတ်ခံရနိုင်သည်။ သို့သော် မိသားစု တစ်စုလုံး ဝမ်းနည်းပူဆွေးနေချိန်တွင် ကျွန်မသည် စခန်းတွင် ငုတ်တုတ်ထိုင်မနေနိုင်။ ကျွန်မ နောက်တကြိမ် အိမ်ပြန်ခွင့်ဆိုသည်မှာ နှစ်နှင့်ချီ ကြာမြင့်နိုင်သည်။မိသားစုအား ထိုမျှကြာကြာ ရင်းတွင်း နာကျင်မှုများဖြင့် စောင့်ဆိုင်းနေရမည်ကို ကျွန်မမလု််ိလား။ ယခုအချိန်တွင် မိသာစုသည် ကျွန်မအတွက် နိုင်ငံတော်နှင့် အစိုးရထက်ပင် ပိုအရေးကြီးသည်။ ကျွန်မချစ်သော မိသားစုကိုမူ မပစ်ပယ်နိုင်ပေ။
"မိသားစုအတွက် ကျွန်မ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်မ မောင်လေးလည်း ဆုံးသွားပြီ။ အဖေလည်း စိတ်ဒုက္ခ ရောက်နေတယ်။ သူတို့ကို ကျွန်မ သွားတွေ့မှဖြစ်မယ်"
သူမသည် ဘာမှ ပြန်မပြောသော်လည်း မျက်နှာတွင် စိုးရိမ်မှုတို့ ယှက်သန်းနေသည်။
"ဒီလိုလုပ်မှ ဖြစ်မယ်ဆိုရင်လည်း လုပ်ပေါ့" သူက ကျွန်မလက်ကို ဆွဲယူဆုပ်ကိုင်လျက် "သတိထားပြီးတော့သာ သွားပေတော့။ မင်းကို ဘာမှ မဖြစ်စေချင်ဘူး"
ကျွန်မက သူမလက်ကို ခဏမျှ ဖျစ်ညှစ်လိုက်ပြီး ကျွန်မအခန်းသို့ သွားသည်။ ဆွတ်ဟေးအားလည်း ကျွန်မ အပြင်ထွက်မည့်အကြောင်း ပြောပြလိုက်သည်။ သူသည်လည်း ထမင်းချက်
အမျူ ိးသမီးကဲ့သို့ပင် ကျွန်မအတွက် စိုးရိမ်ရှာသည်။
ကျွန်မက"တနင်္ဂနွေဆိုရင် စခန်းမှူ းက ငါတို့ဆီကို လာခဲပါတယ်။ တကယ်လို့ ရောက်လာရင်လည်း နင် အိပ်ရာက နိုးတော့ ငါ့ကို မတွေ့ဘူးဆိုတာသာ ပြောလိုက်ပါ"
ဆွတ်ဟေးက ခေါင်းငြိမ့်ပြသော်လည်း သူမစိတ်ထဲတွင် တင်းကျပ်နေသည်မှာ မျက်နှာတွင် ပေါ်နေသည်။
ကျွန်မကို မိသွားလျှင် သူပါ ဒုက္ခရောက်နိုင်သည်ကို တွေးနေဟန်တူသည်။ အိပ်ရာပေါ်တွင် သူ့ဘေး၌ ဝင်ထိုင် သူ့ဒူးခေါင်းကို ကိုင်လျက် "မင်း ဘာမှမဖြစ်နိုင်ပါဘူး။ ဘာမှ မသိဘူး ပြောလိုက်ရုံပဲ။ ငါထွက်သွားတာကို မင်းမှ မသိပဲ"
သူက အဝေး တစ်နေရာသို့ကြည့်နေရာမှ သက်ပြင်းချလိုက်ပြီး အားယူပြံုးကာ "မစိုးရိမ်နဲ့ သူငယ်ချင်း။ ငါလုံးဝ နှုတ်ပိတ်နေမယ်"
"ကျေးဇူးပဲ သူငယ်ချင်းရယ်" သူ့ကို သိုင်းဖက်လိုက်ပြီး နှစ်ယောက်သား မတ်တပ်ရပ်သည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
January 6 2016
No comments:
Post a Comment