Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား ယခုလ ၂၀ ရက္ေန ့ေနာက္ဆုံးထားျပီး ထြက္ခြာသြားၾကရန္ ေျမာက္ဦး ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ညြန္ၾကား

            


နိရဥၥရာ၊ ဇန္န၀ါရီ ၁၇

ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ားကို ယခုလ၂၀ ရက္ေန႕ ေနာက္ဆံုးထားျပီး စခန္းခ်ထားရာ ေနရာမွ ထြက္ခြာသြားၾကရန္ ေျမာက္ဦးခရိုင္ အုပ္ခ်ဳပ္ေရးမွဴ းမွ ညႊန္ႀကားထားေၾကာင္း ေမတၱာမွ်ေဝမွ နာယက ဆရာေတာ္အရွင္ဇာဂရမွ နိရဥၥရာ သတင္းဌာနသို ့ ေျပာသည္။

ယခုကဲသို ့ညြန္ၾကားခ်က္ကို ယမန္ ေန ့ေန ့လယ္ပိုင္းက ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ကိုယ္တိုင္လာျပီး ထုတ္ျပန္ထားသည္ဟု သိရသည္။


ေျမာက္ဦးျမိဳ႕နယ္ ေစတီေတာင္ေက်းရြာႏွင္က်ီးရာျပင္ေက်းရြာတြင္ေနထိုင္
ေနၾကေသာ ဒုကၡသည္ ဦးေရ မွာ ၁၉၆ ဦးရွိသည္ဟု သိရသည္။

“ သူတို႕ကုိ ဒီ လ ၂၀ ရက္ေန႕ ေနာက္ဆံုးထားျပီး ေဆြမ်ိဳးမ်ားအိမ္ေတြမွာ သြားေရာက္ ေနထိုင္ၾကဖို႕ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ညႊန္ၾကားတယ္” ဟု ဆရာေတာ္က မိန္႕ၾကားသည္။

ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဆက္အသြယ္ မရရွိေသးသျဖင့္ ယခုညႊန္ၾကားခ်က္ထုတ္ရသည့္ အေၾကာင္းအရင္းကို မသိရေသးပါ။

ဝဏၰခြာညိဳ
Arakan State
https://www.facebook.com/NarinjaraNews/

.......................................

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ ယခုလ ၂၀ ရက်နေ ့နောက်ဆုံးထားပြီး ထွက်ခွာသွားကြရန် မြောက်ဦး ခရိုင် အုပ်ချုပ်ရေးမှူး ညွန်ကြား


နိရဥ္စရာ၊ ဇန်နဝါရီ ၁၇

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များကို ယခုလ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စခန်းချထားရာ နေရာမှ ထွက်ခွာသွားကြရန် မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူ းမှ ညွှန်ကြားထားကြောင်း မေတ္တာမျှဝေမှ နာယက ဆရာတော်အရှင်ဇာဂရမှ နိရဥ္စရာ သတင်းဌာနသို ့ ပြောသည်။

ယခုကဲသို ့ညွန်ကြားချက်ကို ယမန် နေ ့နေ ့လယ်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာပြီး ထုတ်ပြန်ထားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ် စေတီတောင်ကျေးရွာနှင်ကျီးရာပြင်ကျေးရွာတွင်နေထိုင်
နေကြသော ဒုက္ခသည် ဦးရေ မှာ ၁၉၆ ဦးရှိသည်ဟု သိရသည်။

“ သူတို့ကို ဒီ လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆွေမျိုးများအိမ်တွေမှာ သွားရောက် နေထိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဆက်အသွယ် မရရှိသေးသဖြင့် ယခုညွှန်ကြားချက်ထုတ်ရသည့် အကြောင်းအရင်းကို မသိရသေးပါ။

ဝဏ္ဏခွာညို
Arakan State
https://www.facebook.com/NarinjaraNews/

No comments:

Post a Comment