ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူ ေနာ္အုန္းလွကို ဇြန္လ ၂၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္တရားရုံးမွာ ေတြ႔ရစဥ္။ Photo: Kyaw Lwin Oo/RFA |
လက္ရွိအခ်ိန္ထိ က်န္းမာေရးဆိုးဆိုးဝါးဝါးမရွိေသးဘူးလို႔ ဒီဇင္ဘာလ ၈ ရက္ေန႔ မေန႔က ေထာင္ဝင္စာသြားေတြ႔ ခဲ့တဲ့ ဒီမိုကေရစီနဲ႔ၿငိမ္းခ်မ္းေရးအမ်ိဳးသမီးကြန္ရက္အဖြဲ႔က ျပန္ၾကားေရးတာဝန္ခံ ကိုမင္းေနထူးက ေျပာပါတယ္။
"က်န္းမာေရးအေျခအေနကေတာ့ မေန႔ကအထိေတာ့ ေကာင္းေနတယ္ခင္ဗ်၊ အဓိကေတာ့ ဘာမွမျဖစ္ေသးဘူး၊ မ်က္တြင္းေတြက်ေနာတာေတာ့ ရွိေနတယ္ခင္ဗ်ေနာ္၊ ဆရာဝန္ေတြ လာၾကည္ေနတာေတာ့ လာၾကည့္ေနတယ္ ဒါေပမဲ့ သူက ဆရာဝန္ေတြရဲ႕ စမ္းသပ္တာေတြကိုေတာ့ လံုးဝမခံခ်င္ဘူး၊ ကုသမႈကိုလည္း မခံယူဘူးေပါ့ေနာ္၊ ေရေတာင္မေသာက္ေတာ့ဘူး"
ေထာင္အာဏာပိုင္ေတြက အစာငတ္ခံဆႏၵျပေနတာကို ရုတ္သိမ္းေပးဖို႔ ေတာင္းဆိုတာေတြရွိေပ မယ့္ ေဒၚေနာ္အုန္းလွက ဆက္လက္ဆႏၵျပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ႏုိင္ငံေတာ္သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူရဲ႕လံုၿခံဳေရးဆုိင္ရာဥပေဒၾကမ္းမွာ ႏုိင္ငံေတာ္သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူက တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ဥပေဒအရ ေဆာင္ရြက္ခဲ့တာေတြ ကုိ ေနာက္ေၾကာင္းျပန္ တရားစြဲဆုိခြင့္မရွိေစရဆုိတဲ့ အခ်က္ထည့္သြင္းထားတာျဖစ္ပါတယ္။
အဲ့ဒီဥပေဒၾကမ္းကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃၁ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳလိုက္ၿပီး အမ်ဳိးသားလႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးအတည္ျပဳဖို႔ က်န္ေနပါတယ္။
ေဒၚေနာ္အုန္းလွဟာ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးအမိ်ဳးသမီးကြန္ရက္ အဖြဲ႔ဝင္ျဖစ္ၿပီး စစ္ကိုင္းတုိင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕နယ္က လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း ပဋိပကၡမွာေသနတ္ထိမွန္ ေသဆံုးခဲ့ တဲ့ ေတာင္သူေဒၚခင္ဝင္းအတြက္ အမႈမွန္ေဖာ္ထုတ္ေပးဖုိ႔ ရန္ကုန္ၿမိဳ႕ တရုတ္သံရံုးေရွ႕ထိ လမ္းေလွ်ာက္ဆႏၵျပခဲ့တာေၾကာင့္ ေထာင္ဒဏ္ ၆ ႏွစ္နဲ႔ ၄ လခ်မွတ္ ခံထားရတာ ျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
..................
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးမှာ တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဒေါ်နော်အုန်းလှဟာ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတာ ၅ ရက်မြောက်ရှိနေပြီဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစစ်ဆေးမှုကို လက်မခံဘူးလို့ သိရပါတယ်။
လက်ရှိအချိန်ထိ ကျန်းမာရေးဆိုးဆိုးဝါးဝါးမရှိသေးဘူးလို့ ဒီဇင်ဘာလ ၈ ရက်နေ့ မနေ့က ထောင်ဝင်စာသွားတွေ့ ခဲ့တဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုမင်းနေထူးက ပြောပါတယ်။
"ကျန်းမာရေးအခြေအနေကတော့ မနေ့ကအထိတော့ ကောင်းနေတယ်ခင်ဗျ၊ အဓိကတော့ ဘာမှမဖြစ်သေးဘူး၊ မျက်တွင်းတွေကျနောတာတော့ ရှိနေတယ်ခင်ဗျနော်၊ ဆရာဝန်တွေ လာကြည်နေတာတော့ လာကြည့်နေတယ် ဒါပေမဲ့ သူက ဆရာဝန်တွေရဲ့ စမ်းသပ်တာတွေကိုတော့ လုံးဝမခံချင်ဘူး၊ ကုသမှုကိုလည်း မခံယူဘူးပေါ့နော်၊ ရေတောင်မသောက်တော့ဘူး"
ထောင်အာဏာပိုင်တွေက အစာငတ်ခံဆန္ဒပြနေတာကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတာတွေရှိပေ မယ့် ဒေါ်နော်အုန်းလှက ဆက်လက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့လုံခြံုရေးဆိုင်ရာဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေအရ ဆောင်ရွက်ခဲ့တာတွေ ကို နောက်ကြောင်းပြန် တရားစွဲဆိုခွင့်မရှိစေရဆိုတဲ့ အချက်ထည့်သွင်းထားတာဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးအတည်ပြုဖို့ ကျန်နေပါတယ်။
ဒေါ်နော်အုန်းလှဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက် အဖွဲ့ဝင်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခမှာသေနတ်ထိမှန် သေဆုံးခဲ့ တဲ့ တောင်သူဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၆ နှစ်နဲ့ ၄ လချမှတ် ခံထားရတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment