ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးက်င္းပေနစဥ္ Photo: RFA |
ဒီကေန႔ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ေရးရာေကာ္မတီက ၁၂ ခုက ေနာက္ဆံုးအစီရင္ ခံစာေတြ တင္သြင္းခဲ့တာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ဥကၠဌ အျဖစ္ ေဆာင္ရြက္ေနတဲ့ တရားဥပေဒစုိးမုိးေရးနဲ႔ တည္ၿငိမ္ ေအးခ်မ္းေရးေကာ္မတီရဲ့ ့အစီရင္ခံစာကို ေကာ္မတီ အဖြဲ႔ဝင္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚဒြဲဘူက အခုလိုတင္သြင္းခဲ့တာျဖစ္ပါတယ္။
"တရားဥပေဒစိုးမိုးေရးရွိရန္နွင့္ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး က႑အသီးသီးမွ တာဝန္ရွိပုဂိၢဳလ္မ်ား အဓိကဝိုင္းဝန္းႀကိဳးပမ္း အေကာင္အထည္ေဖာ္ရန္လိုအပ္ပါသည္၊ အထူးသျဖင့္ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး ပိုင္းက ပူးေပါင္းေဆာင္ရြက္ျခင္းမရွိပါက တရားဥပေဒစိုးမိုးေရး လုပ္ငန္း သည္ မေအာင္ျမင္ႏိုင္ပါ၊ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ကာလတြင္ ဗဟိုကျပဳျပင္မႈမ်ား၊ ေျဖေလွ်ာ႔မႈမ်ား လမ္းညႊန္ေျပာၾကားေနေသာ္လည္း အဆင့္ဆင့္ေသာ အုပ္ခ်ဳပ္ေရးပိုင္း အဖြဲ႔အစည္းမ်ားတြင္ ရာစုထက္ဝက္ေက်ာ္စြဲကပ္ေနေသာ အေလ့အက်င့္၊ စရိုက္ လကၡဏာမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ား မေပ်ာက္မပ်က္ တည္ရွိေနျခင္းတို႔ကို သံုးသပ္ေတြ႔ရွိရပါသည္"
ဒါ့အျပင္ နယ္ျခားေစာင့္တပ္ဖြဲ႔ေတြ စား၀တ္ေနေရးေျပလည္ေစေရးအတြက္ ႏိုင္ငံေတာ္အစိုးရက တာ၀န္ယူ ေျဖရွင္းေပးဖို႔ လိုအပ္ေၾကာင္း တုိက္တြန္းထား ပါတယ္။
ျပည္သူ႔လႊတ္ေတာ္မွာ ေငြစာရင္းေကာ္မတီ၊ ဥပေဒၾကမ္းေကာ္မတီ၊ လႊတ္ေတာ္အခြင့္ အေရးေကာ္မတီ စတဲ့ ေကာ္မတီေပါင္း ၂၄ ခု ရွိပါတယ္။ အဲဒီထဲက က်န္းမာေရး ျမွင့္တင္မႈေကာ္မတီ၊ ပညာေရးျမွင့္တင္မႈေကာ္မတီ၊ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ စက္မႈလက္မႈ ဖြံ႕ၿဖိဳးတုိးတက္ေရးေကာ္မတီ၊ သယံဇာတ နဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေရးဆုိင္ရာေကာ္မတီ စတဲ့ ေကာ္မတီ ၁၂ ခုက အစီရင္ခံစာ တင္သြင္းၾကတာ ျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
.............................................
အုပ်ချုပ်ရေးနဲ့ တရားရေးကဏ္ဍတွေ မှာ ခြစားမှုတွေ ရှိ
ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: RFA
တရားဥပဒေစိုးမိုးရေးရှိဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာကို တွေ့ရကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိ်မ်အေးချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီက ၁၂ ခုက နောက်ဆုံးအစီရင် ခံစာတွေ တင်သွင်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရဲ့ ့အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အခုလိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
"တရားဥပဒေစိုးမိုးရေးရှိရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အဓိကဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ရန်လိုအပ်ပါသည်၊ အထူးသဖြင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး လုပ်ငန်း သည် မအောင်မြင်နိုင်ပါ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန်ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော်စွဲကပ်နေသော အလေ့အကျင့်၊ စရိုက် လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် တည်ရှိနေခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်"
ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့တွေ စားဝတ်နေရေးပြေလည်စေရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းထား ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ငွေစာရင်းကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီ စတဲ့ ကော်မတီပေါင်း ၂၄ ခု ရှိပါတယ်။ အဲဒီထဲက ကျန်းမာရေး မြှင့်တင်မှုကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာကော်မတီ စတဲ့ ကော်မတီ ၁၂ ခုက အစီရင်ခံစာ တင်သွင်းကြတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment