31-12-2015 ေန႔ထုတ္ The First Weekly News Journal မွာေဖာ္ျပထားတဲ့ဗ်ဴးသတင္း
..........................................
ေဒၚေအာင္ဆန္းစုၾကည္ကို ကဲ့ရဲ႕မယ္၊ ခ်ီးမြမ္းမယ္ဆိုရင္ စာမ်ားမ်ားဖတ္ဖို႔လိုတယ္။ ကဲ့ရဲ႕မယ္ဆိုရင္လည္း သဂၤဇာဆရာေတာ္နဲ႔ေတြ႕ပါမယ္။
ခ်ီးမြမ္းမယ္ဆိုလည္း ေယာအတြင္း၀န္ ဦးဘုိးလႈိင္နဲ႔ေတြ႕သြားမယ္ဟု အမ်ဳိးသားစာေပဆုရ ကဗ်ာဆရာႀကီး ကိုေလး(အင္း၀ဂုဏ္ရည္)မွဆို
...........................................................
လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္ၿပီး ေ၀ဖန္ထုိးႏွက္ အပုတ္ခ်လိုသူမ်ား၊ ကဲ့ရဲ႕သၿဂႋဳဟ္ အတင္းဆိုလိုသူမ်ား အေနနဲ႔ ေ၀ဖန္ကဲ့ရဲ႕ေတာ့မယ္ဆိုရင္ မိမိအေနနဲ႔ စာဘယ္ေလာက္ဖတ္ထားၿပီး ၿပီလည္း၊ မိမိအသိၪာဏ္ ဘယ္ ေလာက္အဆင့္အတန္းရွိေနၿပီလည္း၊ မိမိအေတြးအေခၚဟာဘယ္ေလာက္ အဆင့္အတန္းမီတဲ့ အေတြးအေခၚ မ်ဳိးကို ေတြးတတ္ေနၿပီလဲဆိုတာ သိဖို႔အျပင္ စာမ်ားမ်ားဖတ္ထားဖို႔ လိုေၾကာင္း၊ ကဲ့ရဲ႕မယ္ဆိုရင္လည္း သဂၤဇာဆရာေတာ္နဲ႔ေတြ႕သြားမယ္။ ခ်ီးမြမ္းမယ္ဆိုရင္လည္း ေယာ အတြင္း၀န္ဦးဖိုးလႈိင္နဲ႔ ေတြ႕သြား မယ္လို႔အမ်ဳိးသားစာေပဆုရ ကဗ်ာ ဆရာႀကီး ကိုေလး (အင္း၀ဂုဏ္ ရည္)က အခုလို ထုတ္ေဖာ္ေျပာ ၾကားလိုက္တာလည္းျဖစ္ပါတယ္။
““လူတစ္ေယာက္က ျမတ္စြာဘုရားကို ခ်ီးမြမ္းေျခ ေက်ာက္ကပ္သီးကတ္သတ္ေမးခြန္း နဲ႔သဂၤဇာဆရာေတာ္ႀကီးကိုေလွ်ာက္ ထားတယ္။“
“အရွင္ဘုရား ျမတ္စြာ ဘုရားရွင္ကို အမိုက္ဆုံးလို႔ ေခၚလို႔ မရေပဘူးလားဘုရား။ အ၀ိဇ္ၨာ တည္းဟူေသာ အမိုက္တိုက္ႀကီး ဆုံးသြားၿပီဘုရား။ အဲဒီေတာ့အမိုက္ ဆုံးလို႔ေခၚလို႔ရႏိုင္တာေပါ့ဘုရား””
လို႔ေလွ်ာက္ေတာ့ ဆရာေတာ္က
““အား ...ရတယ္၊ ရတယ္၊ ဒါနဲ႔ ဒကာႀကီးေမးစမ္းပါရေစဦး။ ဒကာ ႀကီးကေရာ ဘာစားသလဲ””
လို႔ ေမး လိုက္တယ္။ ဒကာက
““ထမင္း စားပါတယ္ ဘုရား””လို႔ ေလွ်ာက္ တယ္။ ဆရာေတာ္က
““ဒကာႀကီး ခ်ီးေကာ စားသလား””လို႔ေမး တယ္။ ““မစားပါဘူးဘုရား””လို႔ ဒကာကျပန္ေလွ်ာက္တယ္။ ဆရာ ေတာ္က
““အဲဒီေတာ့ ဒီဒကာႀကီးက'ခ်ီးမစားဘူး ခ်ီးမစားဘူးဆိုတာမွန္တယ္၊ ဒါ့ေၾကာင့္က်ဳပ္က ခ်ီးမစားတဲ့ဒကာႀကီးလို႔ ေခၚရင္ေကာ””
လို႔ ဆရာ ေတာ္က မိန္႔လိုက္ေတာ့မွ
““တပည့္ ေတာ္ နားလည္ပါၿပီဘုရား””ဆိုၿပီး ရွိခိုးၿပီး ထြက္သြားတယ္ဆိုတဲ့ အေၾကာင္းကို သိၾကမွာေပါ့။ ဒါ ေဒၚစုကိုကဲ့ရဲ႕ခ်င္တဲ့သူေတြ၊အတင္း ဆိုခ်င္တဲ့သူေတြ၊ အပုတ္ခ်ခ်င္တဲ့သူ ေတြ ရင္ဆိုင္ရမဲ့ သဂၤဇာဆရာေတာ္ ဘုရားမိန္႔ၾကားတဲ့အျဖစ္အပ်က္ပဲ””လို႔ ကဗ်ာဆရာႀကီး ကို ေလး(အင္း၀ဂုဏ္ရည္)ကေျပာပါတယ္။
““ေဒၚစုကို ခ်ီးမြမ္းခ်င္ တဲ့သူေတြကိုလည္း ေယာအတြင္း ၀န္ ဦးဖိုးလႈိင္နဲ႔ ေတြ႕မယ္ဆိုတဲ့ စကားက အားလုံးသိၿပီးသားပဲ။ ေယာအတြင္း၀န္ ဦးဖိုးလႈိင္၊ ျမင္း ထိန္းငတာ အျဖစ္အပ်က္ေလ။ ေယာအတြင္း၀န္ေရးတဲ့ ၀ိမုတ္ၱိရသ က်မ္းကို ျမင္းထိန္းငတာက လိုက္ ခ်ီးမြမ္းေနတာေျပာသံၾကားေတာ့ ေယာအတြင္း၀န္က ““ငတာေရ မင္း ငါ့က်မ္းကို ခ်ီးမြမ္းေနတယ္ ၾကားတယ္””
““ဟုတ္ပါတယ္ ၀န္ မင္းဘုရား””
““ေနာက္ မခ်ီးမြမ္းပါနဲ႔ ကြာ၊ ေရာ့ ေဒါင္းဒဂၤါးဆယ္ျပား””
စာမတတ္တဲ့သူ ခ်ီးမြမ္း တာလည္း အေတာ္ေၾကာက္စရာ ေကာင္းတယ္မဟုတ္လား။ ဒါ ေၾကာင့္ ကၽြန္ေတာ္ ထပ္ေျပာပါ မယ္ေဒၚေအာင္ဆန္းစုၾကည္ကို ကဲ့ ရဲ႕ခ်င္လို႔ပဲျဖစ္ျဖစ္၊ ခ်ီးမြမ္းခ်င္လို႔ပဲ ျဖစ္ျဖစ္ အဲဒီသူဟာ စာေတာ္ေတာ္ မ်ားမ်ားဖတ္ထားပါ။ဖတ္သေလာက္လည္းသိနားလည္
ေအာင္ႀကိဳးစားပါ။တတ္ေယာင္ကားအသိေလးနဲ႔
လူစြာလုပ္ ေဝဖန္မယ္ဆုိရင္ေတာ့၊မလြယ္ေလာက္ဘူး ဆုိတာသိဖုိ႔လုိတယ္"လို႔အမ်ိဳးသားစာေပဆုရ ကဗ်ာဆရာႀကီး
ကိုေလး (အင္း၀ဂုဏ္ရည္)ကေျပာပါတယ္။ ဆက္လက္ၿပီး ကဗ်ာဆရာႀကီး ကိုေလး(အင္း၀ဂုဏ္ရည္)က-
““အဲဒီေတာ့ ေဒၚစုက ဘာလဲဆိုရင္ ေဒၚစုကို Professional ဆုိတဲ့စကား ထည့္ေျပာ၀ံ့ တယ္ဗ်ာ။ Professional ဆိုတာ ကၽြန္ေတာ္ငယ္ငယ္က ေၾကးစားလို လို ဘာလိုလိုသင္ခဲ့ရတာ။ ေနာက္ ႀကီးတဲ့အခါက်ေတာ့ အတတ္ ပညာနဲ႔ဆိုင္တဲ့လုပ္ငန္းကို။ အဲဒီ ေတာ့ ထပ္ေျပာဦးမယ္။ ငါးဆယ့္ သုံးႏွစ္လုံးလုံး Professional ႏိုင္ငံ ေရးသမားေတြ မရွိမဟုတ္ဘူး ရွိပါ တယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ေခတ္တုန္းက နယ္ခ်ဲ႕နဲ႔ ဖက္ဆစ္ ကို ဆန္႔က်င္ရတာကိုး။ အဲဒီေတာ့ Professional Politician ေတြ အ မ်ားႀကီးထြက္တာေပ့ါ။ သိပ္လည္း အႏွိပ္စက္မခံရဘူး။ သခင္ေပါက္စ ေထာင္ေျခာက္လေလာက္ ရွိတာ။ ဒီငါးဆယ့္ သုံးႏွစ္တာႀကီးက ေၾကာက္စရာေကာင္းတယ္။ ထြက္ လာတဲ့ အေညႇာင့္ေလးေတြ၊ အညြန္႔ ေလးေတြကို ဆြဲဆြဲဆိတ္ပစ္တယ္။ အပင္လည္း နာေအာင္လုပ္တယ္။ ဖမ္းတယ္၊ ဆီးတယ္၊ ေထာင္ခ် တယ္။ ႏွိပ္စက္တယ္။ ေနာက္ဆုံး အသက္ေတာင္ ဆုံး႐ႈံးေအာင္လုပ္ တယ္ဆိုတယ္။ ကၽြန္ေတာ္ NLD ကိုလည္း ျပန္ၾကည့္လိုက္တဲ့အခါ ရပ္ေက်းရြာ ဆိုင္းဘုတ္လည္း မရွိ ဘူး။ အလံလည္း မရွိဘူး။ ရဲေလး ႏွစ္ေယာက္က လက္ထိပ္ေလးႏွစ္ခု ေလာက္ဆီနဲ႔ ႏွစ္ေယာက္ဆိုေတာ့ ေလးခု။ လက္ထိပ္ေလး “ခ်လပ္ ခ်လပ္”နဲ႔ ရြာထဲပတ္လိုက္ေတာ့ လူ ေတြေၾကာက္ေနၿပီ။ ထိုနည္းလည္း ေကာင္းပဲ ၿမိဳ႕နယ္မွာ အလံလည္း မရွိဘူး။ ဆိုင္းဘုတ္လည္း မရွိဘူး။ အာဇာနည္ေန႔ ဆြမ္းေကၽြးတာ ေတာင္ “ဒီမွာေနာ္ လက္ထိပ္ေနာ္၊ လူေလးဆယ္ထက္မပိုနဲ႔ေနာ္၊ အမိုး အကာေအာက္ေနာ္”ဆိုၿပီး အေတာ့္ ကို ဖိႏွိပ္မႈေတြလုပ္ထားတယ္။ ထုိ နည္းလည္းေကာင္း တိုင္းျပည္နယ္ ရဲ႕ဆိုင္းဘုတ္ေတြ ဆြဲခ်ထားတယ္။ ဌာနခ်ဳပ္တစ္ခုတည္းသာ အလံ ေလးလႊင့္လႊင့္နဲ႔ရွိတာ။ အဲဒီေတာ့ ေႁမြကို ခါးကျဖတ္႐ိုက္ထားၿပီး ေတာ့ Professional ႏိုင္ငံေရး သမား မေပၚေအာင္ စီမံခ်က္ႀကီးနဲ႔ လုပ္ေနတယ္လို႔ ကၽြန္ေတာ္က စြပ္ စြဲခ်င္တယ္။ မရွိမဟုတ္ဘူး၊ ရွိ တယ္။ ဒီၾကားထဲက ထြက္လာပါ တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔လို ခ်င္သေလာက္ မရဘူးေပါ့ေလ။ ေဒၚစုကေတာ့ ေျပာမေနနဲ႔ေလ။ သူ က ေအာက္စ္ဖို႔ဒ္ထြက္၊ ယူလာတဲ့ ဘြဲ႕ကလည္း Political Science နဲ႔ Economy။ သူက မလိုေအာင္ ေတာ္ေတာ္လုပ္ထားတဲ့ မိန္းမ။ ကၽြန္ေတာ္ Professional ကိုေတာ့ ျမန္မာလို မျပန္ပါရေစနဲ႔။ ဒီ ေလာက္နဲ႔သာ နားလည္လိုက္ပါ ေတာ့။ ကၽြန္ေတာ္ျပန္ရင္ နည္း နည္းလုိေနမလားလို႔။ အဲဒီေတာ့ ေဒၚစုဟာ ႏိုင္ငံေရးသမားစစ္စစ္ပါ။
ႏုိင္ငံနဲ႔လူမ်ိဳးကုိဖ်က္လုိဖ်က္ဆီးလုပ္မယ့္ႏုိင္ငံေရးသမားမ်ိဳးမဟုတ္ဘူးဆုိတာယုံၾကည္တယ္" လို႔ ကဗ်ာဆရာႀကီး
ကိုေလး(အင္း ၀ဂုဏ္ရည္)ကေျပာပါတယ္။
““ဦး ေန၀င္း တက္လာေတာ့ တကယ့္ ႏိုင္ငံေရးသမားႀကီးေတြ ေဘး ေရာက္ကုန္တယ္။ ေတာ္ေတာ္ကို လုပ္ပစ္တာ။ တစ္ခုေတာ့ ရွိတယ္ ေလ။ ကိုယ့္အတြက္ကိုယ္ လုပ္ ေတာ့ လုပ္တတ္တာေပ့ါ။ ဒီကိစ္ၥ ႀကီးက နံပါတ္တစ္ ရက္စက္ရ မယ္ေပါ့။ နံပါတ္ႏွစ္ ေကာက္က်စ္ ရမယ္ေပါ့။ သိပ္မစဥ္းစားနဲ႔၊ စဥ္း စားရင္ ဒီကိစ္ၥ မေအာင္ျမင္ဘူး။ သူတို႔လုပ္သြားတဲ့ အာဏာရွင္စနစ္ က ဒါနဲ႔သြားတာ။ ကၽြန္ေတာ္တို႔ တိုင္းျပည္ကို ၀ိဇ္ၨာေတြေစာင္မေန တာ၊ ျပဒါး၀ိဇ္ၨာ၊ အင္း၀ိဇ္ၨာ၊ ေဆး ၀ိဇ္ၨာ၊ သံ၀ိဇ္ၨာ ရွိတဲ့အနက္ ငါး ဆယ့္သုံးႏွစ္က ျပဒါး၀ိဇ္ၨာေစာင့္ တာ။ “ျပဒါးေသရင္ တစ္ေဆြ ၀”သူတို႔ေဆြမ်ဳိးေတြ ၀ကုန္တာေပါ့ ဗ်ာ။ ခု အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ႏုိင္လိုက္တဲ့အတြက္ ေၾသာ္ သံ၀ိဇ္ၨာေတာ့ လာၿပီ။ “သံ ေသေတာ့ တစ္ျပည္၀”တဲ့။ ကၽြန္ ေတာ္က ကဗ်ာသမားဆိုေတာ့ ျပဒါး၀ိဇ္ၨာ၊ သံ၀ိဇ္ၨာဆိုတာ ႈာေါန အေနနဲ႔ေျပာတာ။ ကြက္တိ ၀င္ တယ္။ အခုလို လူထုက တစ္ခဲ နက္ မဲေပးလိုက္ၿပီဆိုေတာ့ သံ၀ိဇ္ၨာ ေတြလာၿပီ။ တစ္ျပည္လုံး၀မယ့္၊ ေရႊေရာင္ေတာက္ပတဲ့ အနာဂတ္အ တြက္ သံေသတဲ့ ၀ိဇ္ၨာလာၿပီဆိုတာ ကၽြန္ေတာ္ အႂကြင္းမဲ့ယုံၾကည္ထား ပါတယ္””
လို႔ အမ်ိဳးသားစာေပဆုရအမ်ိဳးသားကဗ်ာစာဆုိႀကီး
ကဗ်ာဆရာႀကီး ကိုေလး(အင္း၀ဂုဏ္ရည္)က အခု လို ျပတ္ျပတ္သားသား ေျပာၾကား လိုက္ေၾကာင္းလည္း သိရွိရပါ တယ္။ ။
Credit: Aung Soe Thu
...................
31-12-2015 နေ့ထုတ် The First Weekly News Journal မှာဖော်ပြထားတဲ့ဗျူးသတင်း
..........................................
ဒေါ်အောင်ဆန်းစုကြည်ကို ကဲ့ရဲ့မယ်၊ ချီးမွမ်းမယ်ဆိုရင် စာများများဖတ်ဖို့လိုတယ်။ ကဲ့ရဲ့မယ်ဆိုရင်လည်း သင်္ဂဇာဆရာတော်နဲ့တွေ့ပါမယ်။
ချီးမွမ်းမယ်ဆိုလည်း ယောအတွင်းဝန် ဦးဘိုးလှိုင်နဲ့တွေ့သွားမယ်ဟု အမျိုးသားစာပေဆုရ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)မှဆို
...........................................................
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဝေဖန်ထိုးနှက် အပုတ်ချလိုသူများ၊ ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုလိုသူများ အနေနဲ့ ဝေဖန်ကဲ့ရဲ့တော့မယ်ဆိုရင် မိမိအနေနဲ့ စာဘယ်လောက်ဖတ်ထားပြီး ပြီလည်း၊ မိမိအသိ ဉာဏ် ဘယ် လောက်အဆင့်အတန်းရှိနေပြီလည်း၊ မိမိအတွေးအခေါ်ဟာဘယ်လောက် အဆင့်အတန်းမီတဲ့ အတွေးအခေါ် မျိုးကို တွေးတတ်နေပြီလဲဆိုတာ သိဖို့အပြင် စာများများဖတ်ထားဖို့ လိုကြောင်း၊ ကဲ့ရဲ့မယ်ဆိုရင်လည်း သင်္ဂဇာဆရာတော်နဲ့တွေ့သွားမယ်။ ချီးမွမ်းမယ်ဆိုရင်လည်း ယော အတွင်းဝန်ဦးဖိုးလှိုင်နဲ့ တွေ့သွား မယ်လို့အမျိုးသားစာပေဆုရ ကဗျာ ဆရာကြီး ကိုလေး (အင်းဝဂုဏ် ရည်)က အခုလို ထုတ်ဖော်ပြော ကြားလိုက်တာလည်းဖြစ်ပါတယ်။
““လူတစ်ယောက်က မြတ်စွာဘုရားကို ချီးမွမ်းခြေ ကျောက်ကပ်သီးကတ်သတ်မေးခွန်း နဲ့သင်္ဂဇာဆရာတော်ကြီးကိုလျှောက် ထားတယ်။“
“အရှင်ဘုရား မြတ်စွာ ဘုရားရှင်ကို အမိုက်ဆုံးလို့ ခေါ်လို့ မရပေဘူးလားဘုရား။ အဝိဇ်္ဇာ တည်းဟူသော အမိုက်တိုက်ကြီး ဆုံးသွားပြီဘုရား။ အဲဒီတော့အမိုက် ဆုံးလို့ခေါ်လို့ရနိုင်တာပေါ့ဘုရား””
လို့လျှောက်တော့ ဆရာတော်က
““အား ...ရတယ်၊ ရတယ်၊ ဒါနဲ့ ဒကာကြီးမေးစမ်းပါရစေဦး။ ဒကာ ကြီးကရော ဘာစားသလဲ””
လို့ မေး လိုက်တယ်။ ဒကာက
““ထမင်း စားပါတယ် ဘုရား””လို့ လျှောက် တယ်။ ဆရာတော်က
““ဒကာကြီး ချီးကော စားသလား””လို့မေး တယ်။ ““မစားပါဘူးဘုရား””လို့ ဒကာကပြန်လျှောက်တယ်။ ဆရာ တော်က
““အဲဒီတော့ ဒီဒကာကြီးက'ချီးမစားဘူး ချီးမစားဘူးဆိုတာမှန်တယ်၊ ဒါ့ကြောင့်ကျုပ်က ချီးမစားတဲ့ဒကာကြီးလို့ ခေါ်ရင်ကော””
လို့ ဆရာ တော်က မိန့်လိုက်တော့မှ
““တပည့် တော် နားလည်ပါပြီဘုရား””ဆိုပြီး ရှိခိုးပြီး ထွက်သွားတယ်ဆိုတဲ့ အကြောင်းကို သိကြမှာပေါ့။ ဒါ ဒေါ်စုကိုကဲ့ရဲ့ချင်တဲ့သူတွေ၊အတင်း ဆိုချင်တဲ့သူတွေ၊ အပုတ်ချချင်တဲ့သူ တွေ ရင်ဆိုင်ရမဲ့ သင်္ဂဇာဆရာတော် ဘုရားမိန့်ကြားတဲ့အဖြစ်အပျက်ပဲ””လို့ ကဗျာဆရာကြီး ကို လေး(အင်းဝဂုဏ်ရည်)ကပြောပါတယ်။
““ဒေါ်စုကို ချီးမွမ်းချင် တဲ့သူတွေကိုလည်း ယောအတွင်း ၀န် ဦးဖိုးလှိုင်နဲ့ တွေ့မယ်ဆိုတဲ့ စကားက အားလုံးသိပြီးသားပဲ။ ယောအတွင်းဝန် ဦးဖိုးလှိုင်၊ မြင်း ထိန်းငတာ အဖြစ်အပျက်လေ။ ယောအတွင်းဝန်ရေးတဲ့ ၀ိမုတ်္တိရသ ကျမ်းကို မြင်းထိန်းငတာက လိုက် ချီးမွမ်းနေတာပြောသံကြားတော့ ယောအတွင်းဝန်က ““ငတာရေ မင်း ငါ့ကျမ်းကို ချီးမွမ်းနေတယ် ကြားတယ်””
““ဟုတ်ပါတယ် ၀န် မင်းဘုရား””
““နောက် မချီးမွမ်းပါနဲ့ ကွာ၊ ရော့ ဒေါင်းဒင်္ဂါးဆယ်ပြား””
စာမတတ်တဲ့သူ ချီးမွမ်း တာလည်း အတော်ကြောက်စရာ ကောင်းတယ်မဟုတ်လား။ ဒါ ကြောင့် ကျွန်တော် ထပ်ပြောပါ မယ်ဒေါ်အောင်ဆန်းစုကြည်ကို ကဲ့ ရဲ့ချင်လို့ပဲဖြစ်ဖြစ်၊ ချီးမွမ်းချင်လို့ပဲ ဖြစ်ဖြစ် အဲဒီသူဟာ စာတော်တော် များများဖတ်ထားပါ။ဖတ်သလောက်လည်းသိနားလည်
အောင်ကြိုးစားပါ။တတ်ယောင်ကားအသိလေးနဲ့
လူစွာလုပ် ဝေဖန်မယ်ဆိုရင်တော့၊မလွယ်လောက်ဘူး ဆိုတာသိဖို့လိုတယ်"လို့အမျိုးသားစာပေဆုရ ကဗျာဆရာကြီး
ကိုလေး (အင်းဝဂုဏ်ရည်)ကပြောပါတယ်။ ဆက်လက်ပြီး ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က-
““အဲဒီတော့ ဒေါ်စုက ဘာလဲဆိုရင် ဒေါ်စုကို Professional ဆိုတဲ့စကား ထည့်ပြောဝံ့ တယ်ဗျာ။ Professional ဆိုတာ ကျွန်တော်ငယ်ငယ်က ကြေးစားလို လို ဘာလိုလိုသင်ခဲ့ရတာ။ နောက် ကြီးတဲ့အခါကျတော့ အတတ် ပညာနဲ့ဆိုင်တဲ့လုပ်ငန်းကို။ အဲဒီ တော့ ထပ်ပြောဦးမယ်။ ငါးဆယ့် သုံးနှစ်လုံးလုံး Professional နိုင်ငံ ရေးသမားတွေ မရှိမဟုတ်ဘူး ရှိပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ် ကို ဆန့်ကျင်ရတာကိုး။ အဲဒီတော့ Professional Politician တွေ အ များကြီးထွက်တာပေ့ါ။ သိပ်လည်း အနှိပ်စက်မခံရဘူး။ သခင်ပေါက်စ ထောင်ခြောက်လလောက် ရှိတာ။ ဒီငါးဆယ့် သုံးနှစ်တာကြီးက ကြောက်စရာကောင်းတယ်။ ထွက် လာတဲ့ အညှောင့်လေးတွေ၊ အညွန့် လေးတွေကို ဆွဲဆွဲဆိတ်ပစ်တယ်။ အပင်လည်း နာအောင်လုပ်တယ်။ ဖမ်းတယ်၊ ဆီးတယ်၊ ထောင်ချ တယ်။ နှိပ်စက်တယ်။ နောက်ဆုံး အသက်တောင် ဆုံးရှုံးအောင်လုပ် တယ်ဆိုတယ်။ ကျွန်တော် NLD ကိုလည်း ပြန်ကြည့်လိုက်တဲ့အခါ ရပ်ကျေးရွာ ဆိုင်းဘုတ်လည်း မရှိ ဘူး။ အလံလည်း မရှိဘူး။ ရဲလေး နှစ်ယောက်က လက်ထိပ်လေးနှစ်ခု လောက်ဆီနဲ့ နှစ်ယောက်ဆိုတော့ လေးခု။ လက်ထိပ်လေး “ချလပ် ချလပ်”နဲ့ ရွာထဲပတ်လိုက်တော့ လူ တွေကြောက်နေပြီ။ ထိုနည်းလည်း ကောင်းပဲ မြို့နယ်မှာ အလံလည်း မရှိဘူး။ ဆိုင်းဘုတ်လည်း မရှိဘူး။ အာဇာနည်နေ့ ဆွမ်းကျွေးတာ တောင် “ဒီမှာနော် လက်ထိပ်နော်၊ လူလေးဆယ်ထက်မပိုနဲ့နော်၊ အမိုး အကာအောက်နော်”ဆိုပြီး အတော့် ကို ဖိနှိပ်မှုတွေလုပ်ထားတယ်။ ထို နည်းလည်းကောင်း တိုင်းပြည်နယ် ရဲ့ဆိုင်းဘုတ်တွေ ဆွဲချထားတယ်။ ဌာနချုပ်တစ်ခုတည်းသာ အလံ လေးလွှင့်လွှင့်နဲ့ရှိတာ။ အဲဒီတော့ မြွေကို ခါးကဖြတ်ရိုက်ထားပြီး တော့ Professional နိုင်ငံရေး သမား မပေါ်အောင် စီမံချက်ကြီးနဲ့ လုပ်နေတယ်လို့ ကျွန်တော်က စွပ် စွဲချင်တယ်။ မရှိမဟုတ်ဘူး၊ ရှိ တယ်။ ဒီကြားထဲက ထွက်လာပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့လို ချင်သလောက် မရဘူးပေါ့လေ။ ဒေါ်စုကတော့ ပြောမနေနဲ့လေ။ သူ က အောက်စ်ဖို့ဒ်ထွက်၊ ယူလာတဲ့ ဘွဲ့ကလည်း Political Science နဲ့ Economy။ သူက မလိုအောင် တော်တော်လုပ်ထားတဲ့ မိန်းမ။ ကျွန်တော် Professional ကိုတော့ မြန်မာလို မပြန်ပါရစေနဲ့။ ဒီ လောက်နဲ့သာ နားလည်လိုက်ပါ တော့။ ကျွန်တော်ပြန်ရင် နည်း နည်းလိုနေမလားလို့။ အဲဒီတော့ ဒေါ်စုဟာ နိုင်ငံရေးသမားစစ်စစ်ပါ။
နိုင်ငံနဲ့လူမျိုးကိုဖျက်လိုဖျက်ဆီးလုပ်မယ့်နိုင်ငံရေးသမားမျိုးမဟုတ်ဘူးဆိုတာယုံကြည်တယ်" လို့ ကဗျာဆရာကြီး
ကိုလေး(အင်း ၀ဂုဏ်ရည်)ကပြောပါတယ်။
““ဦး နေဝင်း တက်လာတော့ တကယ့် နိုင်ငံရေးသမားကြီးတွေ ဘေး ရောက်ကုန်တယ်။ တော်တော်ကို လုပ်ပစ်တာ။ တစ်ခုတော့ ရှိတယ် လေ။ ကိုယ့်အတွက်ကိုယ် လုပ် တော့ လုပ်တတ်တာပေ့ါ။ ဒီကိစ်္စ ကြီးက နံပါတ်တစ် ရက်စက်ရ မယ်ပေါ့။ နံပါတ်နှစ် ကောက်ကျစ် ရမယ်ပေါ့။ သိပ်မစဉ်းစားနဲ့၊ စဉ်း စားရင် ဒီကိစ်္စ မအောင်မြင်ဘူး။ သူတို့လုပ်သွားတဲ့ အာဏာရှင်စနစ် က ဒါနဲ့သွားတာ။ ကျွန်တော်တို့ တိုင်းပြည်ကို ၀ိဇ်္ဇာတွေစောင်မနေ တာ၊ ပြဒါးဝိဇ်္ဇာ၊ အင်းဝိဇ်္ဇာ၊ ဆေး ၀ိဇ်္ဇာ၊ သံဝိဇ်္ဇာ ရှိတဲ့အနက် ငါး ဆယ့်သုံးနှစ်က ပြဒါးဝိဇ်္ဇာစောင့် တာ။ “ပြဒါးသေရင် တစ်ဆွေ ၀”သူတို့ဆွေမျိုးတွေ ၀ကုန်တာပေါ့ ဗျာ။ ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်လိုက်တဲ့အတွက် သြော် သံဝိဇ်္ဇာတော့ လာပြီ။ “သံ သေတော့ တစ်ပြည်ဝ”တဲ့။ ကျွန် တော်က ကဗျာသမားဆိုတော့ ပြဒါးဝိဇ်္ဇာ၊ သံဝိဇ်္ဇာဆိုတာ ှုာေါန အနေနဲ့ပြောတာ။ ကွက်တိ ၀င် တယ်။ အခုလို လူထုက တစ်ခဲ နက် မဲပေးလိုက်ပြီဆိုတော့ သံဝိဇ်္ဇာ တွေလာပြီ။ တစ်ပြည်လုံးဝမယ့်၊ ရွှေရောင်တောက်ပတဲ့ အနာဂတ်အ တွက် သံသေတဲ့ ၀ိဇ်္ဇာလာပြီဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံကြည်ထား ပါတယ်””
လို့ အမျိုးသားစာပေဆုရအမျိုးသားကဗျာစာဆိုကြီး
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က အခု လို ပြတ်ပြတ်သားသား ပြောကြား လိုက်ကြောင်းလည်း သိရှိရပါ တယ်။ ။
Credit: Aung Soe Thu
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment