ဆြတ္ေဟးက ကြ်န္မကုိ အားက်သည္။ ႏွစ္ေယာက္သား ျပန္ဆံုရသည့္အတြက္လည္း ဝမ္းသာၾကသည္။ စကားေတြ ေဖာင္ေလာက္ေအာင္ ေျပာၾကသည္။ သူႏွင့္အတူ ျပန္ေနရသည္ကို ကြ်န္မ မ်ားစြာေက်နပ္မိသည္။ ကြ်န္မတို႔သည္ တာဝန္ ထမ္းေဆာင္ၿပီး ျပန္လာသည့္အခါ လုပ္ကိုင္ ေဆာင္ရြက္ခဲ့မႈမ်ားကို မည္သူကိုမွ် ျပန္မေျပာရန္ ၫႊန္ၾကားထားသည္။ သို႔ေသာ္ ဆြတ္ေဟးအား ကြ်န္မ ဘယ္ႏိုင္ငံေတြ ေရာက္ခဲ့သည္ကိုေတာ့ ေျပာျပျဖစ္သည္။
ျပ႒ာန္းလာေသာ သတ္မွတ္ခ်က္အသစ္အရ ကြ်န္မႏွင့္ ဆြတ္ေဟးတို႔ တရုတ္ဘာသာ သင္ရသည္။ ေအးဂ်င့္တိုင္း ႏိုင္ငံျခားဘာသာ ၃ မ်ဴ ိး တတ္ေျမာက္ရန္ လိုသည္။ လအနည္းငယ္ တရုတ္ဘာသာ သင္ၿပီးသည့္အခါ ဘာသာစကားကို ေဒသခံတစ္ဦးကဲ့သို႔ တတ္ေျမာက္ေစရန္ ကြ်န္မတို႔ ႏွစ္ေယာက္အား ကြမ္က်ဴ ိးသို႔ သြားေရာက္ ေနထိုင္ေစမည္။ ထိုမွတစ္ဆင့္ မကာအိုတြက္ ၆လ သြားေနရမည္ဟု သိရသည္။
ႏွစ္ေယာက္သား ေပ်ာ္လိုက္သည့္ျဖစ္ျခင္း။
ကြမ္က်ဴ ိးတြင္ ကြ်န္မတို႔ ေအးဂ်င့္ေခ်ာင္ေနအိမ္တြင္ ေနရသည္။ ေဒသသံုး ကြမ္တံုဘာသာစကား အရပ္သံုးစကားႏွင့္ တရုတ္လူမ်ဴ ိးမ်ားႏွင့္ မည္သို႔ ေရာေႏွာေနထိုင္ရမည္ကို ေအးဂ်င့္ေခ်ာင္က ကြ်န္မတို႔အား ၫႊန္ျပေပးသည္။
ကြမ္က်ဴ ိးရာသီဥတုသည္ ကြ်န္မတို႔အဖို႔ ပူျပင္းလွသည္။ အစဥ္အၿမဲလို အပူခ်ိန္ တစ္ရာေက်ာ္ ရွိေနတတ္သည္။ ေနရာတိုင္းတြင္ လူအုပ္ႀကီးက လြန္းထိုး သြားလာေနၾကသည္။ စေနေန႔တိုင္း ေအးဂ်င့္ေခ်ာင္က ကြ်န္မတို႔ တပတ္အတြင္း ေလ့လာခဲ့သည္မ်ားကို ျပန္လည္ဆန္းစစ္သည္။ ေလ့လာေရး တိုးတက္မႈရွိမရွိကို ေစာင့္ၾကည့္သံုးသပ္ျခင္း ျဖစ္သည္။
ကြမ္က်ဴ ိးတြင္ ေနထိုင္ရသည္မွာ အေတာ္အသင့္ လြတ္လပ္သည္။ ေအးဂ်င့္ေခ်ာင္သည္ နားလည္မႈ ရွိသူ ျဖစ္သည္။ ကြ်န္မတို႔သည္ စိတ္ဝင္စားဖြယ္လူမ်ား ႏွင့္ ေတြ႕ႀကံဳခြင့္ရခဲ့သည္။ ကြ်န္မတို႔ႏွစ္ေယာက္ တပူးတြဲတြဲရွိေနၾကသျဖင့္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေျပာျဖစ္ၾကသည္။ ေထာက္လွမ္းေရးသမားမ်ားသည္ မိမိ၏ ကိုယ္ေရးကိုယ္တာမ်ားကို အျခား မည္သူ႔ကိုမွ ေျပာျပခြင့္မရွိေပ။
တစ္ေန႔က်လွ်င္ အိမ္ေထာင္ျပဳဖို႔ ရည္ရြယ္ထားေၾကာင္း ဆြတ္ေဟးက ကြ်န္မကို ေျပာျပသည္။ ကြ်န္မအဖို႔ ပါတီသည္သာ အဓိက ပါတီသည္သာ ပထမ ျဖစ္ေနသည့္အတြက္ အိမ္ေထာင္ေရးႏွင့္ ပတ္သတ္လွ်င္ ေရေရရာရာ မစဥ္းစားမိေသးေပ။ ထို႔ျပင္ ကြ်န္မအလုပ္အေျခအေနကလည္း ဆြတ္ေဟးေရွ႕မွ ေျပးေနသည္။ သူမသည္ ဆြဲေဆာင္မႈ ရွိေသာ ရုပ္ရည္ကို ပိုင္ဆိုင္ထားသူ ျဖစ္သည္။ ေထာက္လွမ္းေရးက သူမ၏ ရုပ္ရည္ကို အဓိကထား ေရြးခ်ယ္ခဲ့ဟန္တူသည္။ သူမသည္ လူေတာ္တစ္ဦး ျဖစ္ေသာ္လည္း ထူးခြ်န္သူေတာ့ မဟုတ္ေပ။ သူမ၏ ေတြးေခၚစဥ္းစားပံုသည္ အိမ္တြင္းမႈဘက္သို႔ အေလးသာသည္။
ေျမာက္ကိုရီးယား အစိုးရကိုလည္း သူက ေဝဖန္သည္။
"တရုတ္က ငါတို႔ထက္ အမ်ားႀကီးသာတယ္။"
ကြမ္က်ဴ ိး၏ အပူဒဏ္ကို အိမ္ရာထဲတြင္ ႏွစ္ေယာက္သား လူးလွိမ့္ေနရသည့္အခ်ိန္ ဆြတ္ေဟးက ေျပာလိုက္ျခင္းျဖစ္သည္။
"ဥေရာပတိုက္မွာေကာ ဘယ္လိုလဲ။ ငါ့ကို ေျပာျပစမ္းပါဟာ"
"နင္သိရဲ႕သားနဲ႔။ ငါေျပာလို႔ မျဖစ္ဘူးဆိုတာ"
"ဘယ္သူသိတာမွတ္လို႔။ေျပာစမ္းပါ"
သူ႔အေမးေၾကာင့္ ကြ်န္မ မြန္းက်ပ္ေသာ ခံစားမႈကို ရသည္။ "အေနာက္ႏိုင္ငံေတြဟာ ၿပီးျပည့္စံုတာေတာ့ မဟုတ္ဘူး။ ငါတို႔ ကိုးရီးယားမွာ မရွိတာေတြ ရွိတယ္။ ေလာကႀကီးမွာ ရွိလိမ့္မယ္ မထင္တာေတြေတာင္ ရွိတယ္။ ျပည့္တန္ဆာ သူခိုးဓားျပ လူသတ္သမား သူေတာင္းစား အကုန္ရွိတယ္။ ဒါေပမယ့္ ဥေရာပကို ငါ လြမ္းေနဆဲပဲ။ ဒါေတြ ေျပာေနလို႔လည္း ဘာမွမထူးပါဘူး"
"ငါ့ကို ဥေရာပကို လႊတ္ရင္ေတာ့ ငါထြက္ေျပးမွာပဲ"
ကြ်န္မ သူ႔စကားေၾကာင့္ တုန္လႈပ္သြားသည္။
"ဒီေကာင္မ ဘာေတြေျပာေနတာလဲ။ နင္ ဒုကၡေရာက္ေတာ့မွာပဲ"
"ငါတကယ္ေျပာေနတာ။ငါ အကုန္ၾကားၿပီးၿပီ။ ဥေရာပတိုက္မွာ လူတိုင္းကားစီးႏိုင္တယ္။ ကိုယ္ႀကိဳက္တဲ့ အလုပ္ကို ေရြးလုပ္ႏိုင္တယ္။"
ကြ်န္မ စိတ္ရႈပ္သြားၿပီး သူ႔ကို ေဒါသထြက္သြားသည္။ ဘာေျပာရမွန္းလဲ မသိ။ သူေျပာေနသည္မွာ အမွန္ေတြျဖစ္သည္။ အားေပး၍ေတာ့ မျဖစ္။ သူကပင္ ဆက္၍ "ေရႊေရာင္ဆံပင္နဲ႔ ေကာင္ေလးကို ငါ လက္ထပ္ခ်င္တယ္။ ကိုယ္ပိုင္အိမ္နဲ႔ေနခ်င္တယ္။ ငါခ်မ္းသားခ်င္တာမဟုတ္ဘူး လြတ္လပ္ခ်င္တာ။"
သူက အားပါးတရ ေျပာေနသည့္အတြက္ သူ႔အတြက္ ကြ်န္မ စိုးရိမ္မိသည္။
"ဆြတ္ေဟး အခု ငါတို႔ေနတဲ့ တိုင္းျပည္က ဖြံ႕ၿဖိဳးဆဲ တိုင္းျပည္ တစ္ေန႔က်ရင္ ငါတို႔ေျမာက္ကိုရီးယားဟာ အဲ့ဒီ ဇိမ္ခံပစၥည္းေတြကို သံုးလာႏိုင္မွာ။ လူတုိင္း အခြင့္အေရးတန္းတူရွိလာမွာ။ ခ်မ္းသာတဲ့ လူတစ္စု အတြက္ သက္သက္မဟုတ္ဘူး။ မင္းစကားေျပာရင္ ၾကည့္ေျပာ။ ပါတီဝင္တစ္ေယာက္ မင္းေျပာတာ ၾကားသြားရင္ မင္း ေခါင္းျပတ္လိမ့္မယ္။"
မကာအိုသည္ တရုတ္ျပည္ႏွင့္ လံုးဝျခားနားသည္။ ကြ်န္မတို႔ ႏွစ္ေယာက္ တြဲေနရသည္။ ကြ်န္မတို႔တြင္ တိုက္ခန္းရွိသည္။ ဘဏ္စာရင္း ရွိသည္။ မီတာခ အခန္းငွားခ ေရခြန္ စသည္တို႔ကို ကိုယ့္ဘာသာ ေပးရသည္။ ဟင္းခ်က္စရာ ကိုယ္တိုင္ဝယ္ရသည္။ ေဒသခံမ်ားႏွင့္ ေရာေႏွာရန္ ညတိုင္းကလပ္မ်ားသို႔ သြားရသည္။
မကာအုိတြင္ အရာရာတိုင္းသည္ ေတာက္ပ လင္းလက္ေနသည္။ ေပ်ာ္စရာေကာင္းသည္။ ပထမ တစ္ေခါက္ေရာက္စဥ္က မကာအိုကို ေသခ်ာ မေလ့လာခဲ့မိ။ ယခုအခါ မကာအိုသားတို႔၏ ေန႔စဥ္ဘဝကို ထဲထဲဝင္ဝင္ သိလာသည္။
ေန႔စဥ္ လႈပ္ရွားသြားလာေနရေသာ္လည္း ကြ်န္မတို႔တြင္ မိတ္ေဆြဟူ၍ မရွိ။ မိတ္ေဆြ မထားရန္လည္း ကြ်န္မတို႔အား ၫႊန္ၾကားထားသည္။ ကြ်န္မတို႔ တသီးတသန္႔ေနရသည္။ တရုတ္ ဘာသာစကား တစ္ခုျဖစ္သည့္ ကြမ္တုန္ ဘာသာစကားကို ကြ်မ္းက်င္ေစရန္ ကြမ္တုန္နယ္သား တရုတ္အျဖစ္ ပိပိရိရိ ဟန္ေဆာင္ႏိုင္ေစရန္ ကြ်န္မတို႔အား ေစလႊတ္ထားျခင္းျဖစ္သည္။
ေျမာက္ကိုရီးယား ေအးဂ်င့္မ်ားသည္ ကြ်န္မတို႔အား ေစာင့္ၾကည့္ေနႏိုင္သည္။ ထို႔ေၾကာင့္ ကြ်န္မတို႔ သတိထားေနရသည္။ မည္မွ်ပင္ သတိထားသည္ ျဖစ္ေစ တစ္ခါတစ္ရံ ကြ်န္မတို႔ သတိလစ္သြားသည့္ အခါမ်ဴ ိးလည္း ရွိသည္။
ကလပ္တြင္ ဆြတ္ေဟးသည္ တစ္ခ်ိန္လံုး ကပြဲၾကမ္းျပင္တြင္ ရွိေနၿပီး လုပ္ငန္းရွင္မ်ားႏွင့္ တြဲကသည္။ သူ႔ကို ကြ်န္မက အတင္းဆြဲေခၚၿပီး အိမ္ျပန္ရသည့္ အႀကိမ္ေပါင္းလည္း မနည္းေတာ့။ ကြ်န္မကို ခ်စ္ေရးဆိုလာသည္မ်ားလည္း ရွိသည္။ ကြ်န္မသည္ အလြန္အမင္း ရွက္တတ္သူျဖစ္သျဖင့္ မည္သုိ႔ ျပန္ေျပာရမွန္းမသိ။ ေယာက်ာ္းသားမ်ားႏွင့္ မၾကာခဏ ထိေတြ႕ဆက္ဆံေနရျခင္းသည္ ကြ်န္မတို႔ ေလ့က်င့္ေနျခင္းသာျဖစ္သည္။ ေဒသခံမ်ားကဲ့သို႔ ဆက္ဆံေနထိုင္ႏိုင္ရန္ ေလ့လာေနျခင္း ျဖစ္သည္။ သို႔ေသာ္ အရင္းရွင္ယဥ္ေက်းမႈ ဝဲဂယက္ အတြင္းသို႔ ကြ်န္မ စုပ္ယူခံေနရသည္ဟု ခံစားမိသည္။
ကံေကာင္းေထာက္မစြာ ကြ်န္မတို႔အား ၿပံဳးယမ္းက ျပန္ေခၚလိုက္သည္။ ကြ်န္မကို အိမ္ျပန္ခြင့္ေပးသည္။ ေမာင္ေလး ဘန္ဆူးအတြက္ အိတ္ေဆာင္ေရဒီယိုႏွင့္ အျခားမိသားစုဝင္မ်ားအတြက္ လက္ေဆာင္ပစၥည္းႏွင့္ ကြ်န္မ အိမ္ျပန္လာခဲ့သည္။ ကြ်န္မ အိမ္ျပန္ေရာက္ေသာအခါ မိသားစုအားလံုး ဝမ္းနည္းပူေဆြး ငိုေနၾကသည္ကို ေတြ႕ရသည္။
ေမာင္ေလးဘန္ဆူး ဆံုးသြားၿပီဆိုေသာ သတင္းက အိမ္ဝင္ဝင္ခ်င္းမွာပင္ ဆီးႀကိဳလိုက္သည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
January 3 2016
..............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၈
နိုင်ငံခြားမှ ပြန်လာသော အေးဂျင့်တိုင်းသည် သဘောတရားရေးသင်တန်း ၃ လပြန်တက်ရသည်။ ဆိုရှယ်လစ်ခံယူချက်များ ခိုင်မာစေရန်ဟု ဆိုသည်။ အနောက်ဥရောပအပေါ် ကျွန်မ ပစ်ပစ်ခါခါ အပြစ်မတင်ရက်သလို သူတို့၏ ချမ်းသာြ ကွယ်ဝမှု ကိုလည်း အမှတ်ထင်ထင် ရှိခဲ့သည်။ လူသုံးကုန် ပစ္စည်းများ ပြည့်လျှံနေသည့် စတိုးဆိုင်များနှင့် ဝတ်ကောင်းစားလှဖြင့် သွားလာနေကြသော ဥရောပသားတို့သည် ကျွန်မ အတွေးရေယဉ်ကြော ထဲသို့ မကြာခဏဝင်ရောက်လာတတ်သည်။
ဆွတ်ဟေးက ကျွန်မကို အားကျသည်။ နှစ်ယောက်သား ပြန်ဆုံရသည့်အတွက်လည်း ဝမ်းသာကြသည်။ စကားတွေ ဖောင်လောက်အောင် ပြောကြသည်။ သူနှင့်အတူ ပြန်နေရသည်ကို ကျွန်မ များစွာကျေနပ်မိသည်။ ကျွန်မတို့သည် တာဝန် ထမ်းဆောင်ပြီး ပြန်လာသည့်အခါ လုပ်ကိုင် ဆောင်ရွက်ခဲ့မှုများကို မည်သူကိုမျှ ပြန်မပြောရန် ညွှန်ကြားထားသည်။ သို့သော် ဆွတ်ဟေးအား ကျွန်မ ဘယ်နိုင်ငံတွေ ရောက်ခဲ့သည်ကိုတော့ ပြောပြဖြစ်သည်။
ပြဋ္ဌာန်းလာသော သတ်မှတ်ချက်အသစ်အရ ကျွန်မနှင့် ဆွတ်ဟေးတို့ တရုတ်ဘာသာ သင်ရသည်။ အေးဂျင့်တိုင်း နိုင်ငံခြားဘာသာ ၃ မျူ ိး တတ်မြောက်ရန် လိုသည်။ လအနည်းငယ် တရုတ်ဘာသာ သင်ပြီးသည့်အခါ ဘာသာစကားကို ဒေသခံတစ်ဦးကဲ့သို့ တတ်မြောက်စေရန် ကျွန်မတို့ နှစ်ယောက်အား ကွမ်ကျူ ိးသို့ သွားရောက် နေထိုင်စေမည်။ ထိုမှတစ်ဆင့် မကာအိုတွက် ၆လ သွားနေရမည်ဟု သိရသည်။
နှစ်ယောက်သား ပျော်လိုက်သည့်ဖြစ်ခြင်း။
ကွမ်ကျူ ိးတွင် ကျွန်မတို့ အေးဂျင့်ချောင်နေအိမ်တွင် နေရသည်။ ဒေသသုံး ကွမ်တုံဘာသာစကား အရပ်သုံးစကားနှင့် တရုတ်လူမျူ ိးများနှင့် မည်သို့ ရောနှောနေထိုင်ရမည်ကို အေးဂျင့်ချောင်က ကျွန်မတို့အား ညွှန်ပြပေးသည်။
ကွမ်ကျူ ိးရာသီဥတုသည် ကျွန်မတို့အဖို့ ပူပြင်းလှသည်။ အစဉ်အမြဲလို အပူချိန် တစ်ရာကျော် ရှိနေတတ်သည်။ နေရာတိုင်းတွင် လူအုပ်ကြီးက လွန်းထိုး သွားလာနေကြသည်။ စနေနေ့တိုင်း အေးဂျင့်ချောင်က ကျွန်မတို့ တပတ်အတွင်း လေ့လာခဲ့သည်များကို ပြန်လည်ဆန်းစစ်သည်။ လေ့လာရေး တိုးတက်မှုရှိမရှိကို စောင့်ကြည့်သုံးသပ်ခြင်း ဖြစ်သည်။
ကွမ်ကျူ ိးတွင် နေထိုင်ရသည်မှာ အတော်အသင့် လွတ်လပ်သည်။ အေးဂျင့်ချောင်သည် နားလည်မှု ရှိသူ ဖြစ်သည်။ ကျွန်မတို့သည် စိတ်ဝင်စားဖွယ်လူများ နှင့် တွေ့ကြုံခွင့်ရခဲ့သည်။ ကျွန်မတို့နှစ်ယောက် တပူးတွဲတွဲရှိနေကြသဖြင့် တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်ကြသည်။ ထောက်လှမ်းရေးသမားများသည် မိမိ၏ ကိုယ်ရေးကိုယ်တာများကို အခြား မည်သူ့ကိုမှ ပြောပြခွင့်မရှိပေ။
တစ်နေ့ကျလျှင် အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားကြောင်း ဆွတ်ဟေးက ကျွန်မကို ပြောပြသည်။ ကျွန်မအဖို့ ပါတီသည်သာ အဓိက ပါတီသည်သာ ပထမ ဖြစ်နေသည့်အတွက် အိမ်ထောင်ရေးနှင့် ပတ်သတ်လျှင် ရေရေရာရာ မစဉ်းစားမိသေးပေ။ ထို့ပြင် ကျွန်မအလုပ်အခြေအနေကလည်း ဆွတ်ဟေးရှေ့မှ ပြေးနေသည်။ သူမသည် ဆွဲဆောင်မှု ရှိသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထောက်လှမ်းရေးက သူမ၏ ရုပ်ရည်ကို အဓိကထား ရွေးချယ်ခဲ့ဟန်တူသည်။ သူမသည် လူတော်တစ်ဦး ဖြစ်သော်လည်း ထူးချွန်သူတော့ မဟုတ်ပေ။ သူမ၏ တွေးခေါ်စဉ်းစားပုံသည် အိမ်တွင်းမှုဘက်သို့ အလေးသာသည်။
မြောက်ကိုရီးယား အစိုးရကိုလည်း သူက ဝေဖန်သည်။
"တရုတ်က ငါတို့ထက် အများကြီးသာတယ်။"
ကွမ်ကျူ ိး၏ အပူဒဏ်ကို အိမ်ရာထဲတွင် နှစ်ယောက်သား လူးလှိမ့်နေရသည့်အချိန် ဆွတ်ဟေးက ပြောလိုက်ခြင်းဖြစ်သည်။
"ဥရောပတိုက်မှာကော ဘယ်လိုလဲ။ ငါ့ကို ပြောပြစမ်းပါဟာ"
"နင်သိရဲ့သားနဲ့။ ငါပြောလို့ မဖြစ်ဘူးဆိုတာ"
"ဘယ်သူသိတာမှတ်လို့။ပြောစမ်းပါ"
သူ့အမေးကြောင့် ကျွန်မ မွန်းကျပ်သော ခံစားမှုကို ရသည်။ "အနောက်နိုင်ငံတွေဟာ ပြီးပြည့်စုံတာတော့ မဟုတ်ဘူး။ ငါတို့ ကိုးရီးယားမှာ မရှိတာတွေ ရှိတယ်။ လောကကြီးမှာ ရှိလိမ့်မယ် မထင်တာတွေတောင် ရှိတယ်။ ပြည့်တန်ဆာ သူခိုးဓားပြ လူသတ်သမား သူတောင်းစား အကုန်ရှိတယ်။ ဒါပေမယ့် ဥရောပကို ငါ လွမ်းနေဆဲပဲ။ ဒါတွေ ပြောနေလို့လည်း ဘာမှမထူးပါဘူး"
"ငါ့ကို ဥရောပကို လွှတ်ရင်တော့ ငါထွက်ပြေးမှာပဲ"
ကျွန်မ သူ့စကားကြောင့် တုန်လှုပ်သွားသည်။
"ဒီကောင်မ ဘာတွေပြောနေတာလဲ။ နင် ဒုက္ခရောက်တော့မှာပဲ"
"ငါတကယ်ပြောနေတာ။ငါ အကုန်ကြားပြီးပြီ။ ဥရောပတိုက်မှာ လူတိုင်းကားစီးနိုင်တယ်။ ကိုယ်ကြိုက်တဲ့ အလုပ်ကို ရွေးလုပ်နိုင်တယ်။"
ကျွန်မ စိတ်ရှုပ်သွားပြီး သူ့ကို ဒေါသထွက်သွားသည်။ ဘာပြောရမှန်းလဲ မသိ။ သူပြောနေသည်မှာ အမှန်တွေဖြစ်သည်။ အားပေး၍တော့ မဖြစ်။ သူကပင် ဆက်၍ "ရွှေရောင်ဆံပင်နဲ့ ကောင်လေးကို ငါ လက်ထပ်ချင်တယ်။ ကိုယ်ပိုင်အိမ်နဲ့နေချင်တယ်။ ငါချမ်းသားချင်တာမဟုတ်ဘူး လွတ်လပ်ချင်တာ။"
သူက အားပါးတရ ပြောနေသည့်အတွက် သူ့အတွက် ကျွန်မ စိုးရိမ်မိသည်။
"ဆွတ်ဟေး အခု ငါတို့နေတဲ့ တိုင်းပြည်က ဖွံ့ဖြိုးဆဲ တိုင်းပြည် တစ်နေ့ကျရင် ငါတို့မြောက်ကိုရီးယားဟာ အဲ့ဒီ ဇိမ်ခံပစ္စည်းတွေကို သုံးလာနိုင်မှာ။ လူတိုင်း အခွင့်အရေးတန်းတူရှိလာမှာ။ ချမ်းသာတဲ့ လူတစ်စု အတွက် သက်သက်မဟုတ်ဘူး။ မင်းစကားပြောရင် ကြည့်ပြော။ ပါတီဝင်တစ်ယောက် မင်းပြောတာ ကြားသွားရင် မင်း ခေါင်းပြတ်လိမ့်မယ်။"
မကာအိုသည် တရုတ်ပြည်နှင့် လုံးဝခြားနားသည်။ ကျွန်မတို့ နှစ်ယောက် တွဲနေရသည်။ ကျွန်မတို့တွင် တိုက်ခန်းရှိသည်။ ဘဏ်စာရင်း ရှိသည်။ မီတာခ အခန်းငှားခ ရေခွန် စသည်တို့ကို ကိုယ့်ဘာသာ ပေးရသည်။ ဟင်းချက်စရာ ကိုယ်တိုင်ဝယ်ရသည်။ ဒေသခံများနှင့် ရောနှောရန် ညတိုင်းကလပ်များသို့ သွားရသည်။
မကာအိုတွင် အရာရာတိုင်းသည် တောက်ပ လင်းလက်နေသည်။ ပျော်စရာကောင်းသည်။ ပထမ တစ်ခေါက်ရောက်စဉ်က မကာအိုကို သေချာ မလေ့လာခဲ့မိ။ ယခုအခါ မကာအိုသားတို့၏ နေ့စဉ်ဘဝကို ထဲထဲဝင်ဝင် သိလာသည်။
နေ့စဉ် လှုပ်ရှားသွားလာနေရသော်လည်း ကျွန်မတို့တွင် မိတ်ဆွေဟူ၍ မရှိ။ မိတ်ဆွေ မထားရန်လည်း ကျွန်မတို့အား ညွှန်ကြားထားသည်။ ကျွန်မတို့ တသီးတသန့်နေရသည်။ တရုတ် ဘာသာစကား တစ်ခုဖြစ်သည့် ကွမ်တုန် ဘာသာစကားကို ကျွမ်းကျင်စေရန် ကွမ်တုန်နယ်သား တရုတ်အဖြစ် ပိပိရိရိ ဟန်ဆောင်နိုင်စေရန် ကျွန်မတို့အား စေလွှတ်ထားခြင်းဖြစ်သည်။
မြောက်ကိုရီးယား အေးဂျင့်များသည် ကျွန်မတို့အား စောင့်ကြည့်နေနိုင်သည်။ ထို့ကြောင့် ကျွန်မတို့ သတိထားနေရသည်။ မည်မျှပင် သတိထားသည် ဖြစ်စေ တစ်ခါတစ်ရံ ကျွန်မတို့ သတိလစ်သွားသည့် အခါမျူ ိးလည်း ရှိသည်။
ကလပ်တွင် ဆွတ်ဟေးသည် တစ်ချိန်လုံး ကပွဲကြမ်းပြင်တွင် ရှိနေပြီး လုပ်ငန်းရှင်များနှင့် တွဲကသည်။ သူ့ကို ကျွန်မက အတင်းဆွဲခေါ်ပြီး အိမ်ပြန်ရသည့် အကြိမ်ပေါင်းလည်း မနည်းတော့။ ကျွန်မကို ချစ်ရေးဆိုလာသည်များလည်း ရှိသည်။ ကျွန်မသည် အလွန်အမင်း ရှက်တတ်သူဖြစ်သဖြင့် မည်သို့ ပြန်ပြောရမှန်းမသိ။ ယောကျာ်းသားများနှင့် မကြာခဏ ထိတွေ့ဆက်ဆံနေရခြင်းသည် ကျွန်မတို့ လေ့ကျင့်နေခြင်းသာဖြစ်သည်။ ဒေသခံများကဲ့သို့ ဆက်ဆံနေထိုင်နိုင်ရန် လေ့လာနေခြင်း ဖြစ်သည်။ သို့သော် အရင်းရှင်ယဉ်ကျေးမှု ဝဲဂယက် အတွင်းသို့ ကျွန်မ စုပ်ယူခံနေရသည်ဟု ခံစားမိသည်။
ကံကောင်းထောက်မစွာ ကျွန်မတို့အား ပြံုးယမ်းက ပြန်ခေါ်လိုက်သည်။ ကျွန်မကို အိမ်ပြန်ခွင့်ပေးသည်။ မောင်လေး ဘန်ဆူးအတွက် အိတ်ဆောင်ရေဒီယိုနှင့် အခြားမိသားစုဝင်များအတွက် လက်ဆောင်ပစ္စည်းနှင့် ကျွန်မ အိမ်ပြန်လာခဲ့သည်။ ကျွန်မ အိမ်ပြန်ရောက်သောအခါ မိသားစုအားလုံး ဝမ်းနည်းပူဆွေး ငိုနေကြသည်ကို တွေ့ရသည်။
မောင်လေးဘန်ဆူး ဆုံးသွားပြီဆိုသော သတင်းက အိမ်ဝင်ဝင်ချင်းမှာပင် ဆီးကြိုလိုက်သည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
January 3 2016
No comments:
Post a Comment