CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, January 26, 2016
မိန္းမ ၂ ေယာက္မယူလွ်င္ ေထာင္ဒဏ္တသက္ က်ခံရမည္ဟု အီရီထရီးယား အစိုးရ ေၾကညာ
ဓာတ္ပုံ - Punch Newspaper
မိန္းမ ၂ ေယာက္ မယူပါက ေထာင္ဒဏ္က်ခံရမယ္လို႔ အာဖရိကတုိက္က အီရီထရီးယားႏိုင္ငံ အစိုးရက ေၾကညာလိုက္ပါတယ္။
ဘုရားရဲ႕ ဥပေဒကို အေျခခံၿပီး တုိင္းျပည္မွာ အမ်ိဳးသား ျပတ္လပ္မႈအတြက္ အီရီထရီးယန္း သာသာနာေရး ၀န္ႀကီးဌာနက အခုလို ဆုံးျဖတ္လိုက္တာလို႔ ဆိုပါတယ္။
အမ်ိဳးသားတုိင္းက အမ်ိဳးသမီး ၂ ဦးကို လက္ထပ္ရမွာျဖစ္ၿပီး ျငင္းဆန္တဲ့သူက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္တသက္ က်ခံရမယ္လို႔ ထုတ္ျပန္ခ်က္က ေရးပါတယ္။
အမ်ိဳးသားေတြ ေနာက္မိန္းမ မယူဖို႔ တားျမစ္တဲ့ အမ်ိဳးသမီးေတြကိုလည္း ေထာင္ဒဏ္တသက္ က်ခံရမွာျဖစ္တယ္လို႔ ဆိုပါတယ္။
၁၉၉၈-၂၀၀၀ ခုႏွစ္အထိ အီသီယိုးပီးယားနဲ႔ ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေၾကာင့္ ေလ်ာ့နည္းသြားတဲ့ လူဦးေရကို ျဖည့္တင္းဖို႔ အမ်ိဳးသားေတြက မိန္းမမ်ားမ်ားယူၿပီး ကေလးမ်ားမ်ားေမြးဖို႔ အစိုးရက တုိက္တြန္းေနတာ ျဖစ္ပါတယ္။
စစ္ပြဲေၾကာင့္ လူဦးေရ ၄ သန္းသာရွိတဲ့ တုိင္းျပည္မွာ စစ္သား ၁ သိန္းခြဲနီးပါး ေသဆုံးခဲ့ၿပီး လက္ရွိေတာ့ ႏုိင္ငံလူဦးေရ ၆ သန္းနီးပါး ရွိေနပါတယ္။
ဒီေၾကညာခ်က္ကို လူမႈကြန္ရက္ေတြေပၚမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖန္႔ေ၀ေနတာလည္း ျဖစ္ပါတယ္။
ေၾကညာခ်က္အေပၚ အမ်ိဳးသားအမ်ားစုက စိတ္လႈပ္ရွားေနေပမယ့္ တခ်ိဳ႕က လူ႔အခြင့္အေရးနဲ႔ မညီသလို လြတ္လပ္စြာ ေရြးခ်ယ္ခြင့္ကို စြက္ဖက္တယ္လို႔ ဆုိပါတယ္။
အမ်ိဳးသမီး အမ်ားစုကေတာ့ ဒီေၾကညာခ်က္ကို ဆန္႔က်င္တယ္လို႔ ဆုိပါတယ္။
DVB
.....................
မိန်းမ ၂ ယောက်မယူလျှင် ထောင်ဒဏ်တသက် ကျခံရမည်ဟု အီရီထရီးယား အစိုးရ ကြေညာ
ဓာတ်ပုံ - Punch Newspaper
မိန်းမ ၂ ယောက် မယူပါက ထောင်ဒဏ်ကျခံရမယ်လို့ အာဖရိကတိုက်က အီရီထရီးယားနိုင်ငံ အစိုးရက ကြေညာလိုက်ပါတယ်။
ဘုရားရဲ့ ဥပဒေကို အခြေခံပြီး တိုင်းပြည်မှာ အမျိုးသား ပြတ်လပ်မှုအတွက် အီရီထရီးယန်း သာသာနာရေး ၀န်ကြီးဌာနက အခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
အမျိုးသားတိုင်းက အမျိုးသမီး ၂ ဦးကို လက်ထပ်ရမှာဖြစ်ပြီး ငြင်းဆန်တဲ့သူက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တသက် ကျခံရမယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။
အမျိုးသားတွေ နောက်မိန်းမ မယူဖို့ တားမြစ်တဲ့ အမျိုးသမီးတွေကိုလည်း ထောင်ဒဏ်တသက် ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉၈-၂၀၀၀ ခုနှစ်အထိ အီသီယိုးပီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လျော့နည်းသွားတဲ့ လူဦးရေကို ဖြည့်တင်းဖို့ အမျိုးသားတွေက မိန်းမများများယူပြီး ကလေးများများမွေးဖို့ အစိုးရက တိုက်တွန်းနေတာ ဖြစ်ပါတယ်။
စစ်ပွဲကြောင့် လူဦးရေ ၄ သန်းသာရှိတဲ့ တိုင်းပြည်မှာ စစ်သား ၁ သိန်းခွဲနီးပါး သေဆုံးခဲ့ပြီး လက်ရှိတော့ နိုင်ငံလူဦးရေ ၆ သန်းနီးပါး ရှိနေပါတယ်။
ဒီကြေညာချက်ကို လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။
ကြေညာချက်အပေါ် အမျိုးသားအများစုက စိတ်လှုပ်ရှားနေပေမယ့် တချို့က လူ့အခွင့်အရေးနဲ့ မညီသလို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို စွက်ဖက်တယ်လို့ ဆိုပါတယ်။
အမျိုးသမီး အများစုကတော့ ဒီကြေညာချက်ကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
DVB
မိန္းမ ၂ ေယာက္မယူလွ်င္ ေထာင္ဒဏ္တသက္ က်ခံရမည္ဟု အီရီထရီးယား အစိုးရ ေၾကညာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 26, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment