Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

လွည့္ျဖားလိမ္ညာ ကံစမ္းမဲကမၻာ


“ဦးေက်ာ္ျမင့္ က ဘာေျပာသလဲဆိုေတာ့ အဲဒီမွာရိွတဲ့ စခန္းမွဴးတေယာက္ကို မဲေပါက္ေစခ်င္တယ္ ေျပာတယ္၊ စီစဥ္ေပးပါဆိုလို႔ စီစဥ္ေပးရတာ။ စီစဥ္ေပးရတာလည္း မဲလာႏိႈက္သူကို လက္ဆဲြႏႈတ္ဆက္ခိ်န္ မဲလိပ္ကို ႏိႈက္မယ့္သူလက္ထဲ ထည့္ေပးလိုက္တယ္။ Park Royal မွာ ကားမဲေပါက္တဲ့သူေတြ၊ ကံစမ္းမဲၾကီးေတြေပါက္တဲ့သူ ေတြကလည္း သူ႔အမ်ဳိးေတြထဲကပဲ။”
------ ------ ------ ------ ------

''ကိုတင့္ Thank You တခြက္''ဟု ေန႔လယ္ခင္း ထမင္းစားၿပီးခိ်န္ ေကာ္ဖီတခြက္ေသာက္ေလ့ရိွသျဖင့္ မိမိရံုးနွင့္ မလွမ္းမကမ္းတြင္ ဖြင့္သည့္ ကိုတင့္လက္ဖက္ရည္ဆိုင္သို႔ေရာက္တိုင္း မွာေနက်စကားပင္ ျဖစ္သည္။ ခါတိုင္း ဆိုလွ်င္ နက္(စ)ေကာ္ဖီသာ ေသာက္ေလ့ရိွေသာ္လည္း လတ္တေလာ၌ ကံစမ္းမဲပါသည္ဟုဆိုေသာေကာ္ဖီကို ေျပာင္းလဲေသာက္လာခဲ့ရာ ရက္သတၱပတ္ အတန္ပင္ၾကာခဲ့ေသာ္လည္း မည္သည့္ကံစမ္းမဲမွ်မေပါက္ဘဲ Thank You သာပါေသာေၾကာင့္ ထိုသို႔မွာရျခင္းပင္ ျဖစ္သည္။
ထိုကံစမ္းမဲပါသည္ဆိုသည့္ ေကာ္ဖီအား မိမိက Thank You ဟု အမည္ေပးထားျခင္းမဟုတ္ဘဲ ဆိုင္ရွင္ ကိုတင့္ကိုယ္တိုင္ Thank You ေကာ္ဖီဟု အမည္ေပးထားေသာေၾကာင့္ပင္ ျဖစ္သည္။ ကိုတင့္၏ အဆိုကား ''က်ဳပ္ အဲဒီေကာ္ဖီကို အထုပ္ၾကီး ၁၅ ထုပ္ေလာက္ေဖာက္တာမွာ ေပါက္မဲက တထုပ္ပါတယ္။ အထုပ္ ၂၀ ေက်ာ္မွ ေနာက္တထုပ္ ထပ္ေပါက္တယ္။ ေပါက္မဲကလည္း ေကာ္ဖီတခြက္ပဲေလ။ ဒီေကာ္ဖီကိုမွ Thank You နာမည္မေပးရင္ ဘယ္ေကာ္ဖီကို အမည္ေပးရမလဲ''ဟု ဆိုေလ၏။ ထိုသို႔ အထုပ္ ၂၀ ေက်ာ္ေရာင္းခ်ျပီးခိ်န္မွ ေကာ္ဖီနွစ္ခြက္သာေပါက္ေသာေၾကာင့္ ကိုတင့္ကိုယ္တိုင္ လက္ကီးမေကာင္းသည္ပင္ျဖစ္မည္ဟု ေျပာမိ၏။ ထိုသို႔မဟုတ္ေၾကာင္း ၎တို႔လကၠား၀ယ္သည့္ ဆိုင္ရွင္ကိုယ္တိုင္ပင္ ေပါက္မဲလာေရာက္လဲသူ လြန္စြာနည္းပါး သည္ဟု သတင္းစကားပါးလိုက္သည္ဆိုေသာေၾကာင့္ ကံစမ္းမဲမ်ားအား သံသယ၀င္ မိေခ်ေတာ့၏။

လက္ရိွ ျမန္မာႏိုင္ငံတြင္လည္း ကံစမ္းမဲေသာင္းက်န္းေနမႈအား အေသအခ်ာေစ့ငုလွ်င္ တီဗီြအစီအစဥ္မ်ားမွာပင္ ယမကာအထိ ကံစမ္းမဲ လႊမ္းမိုးေနေလသည္။ ကံစမ္းမဲမ်ားတြင္ အရက္၊ ဘီယာ၊ ေကာ္ဖီမစ္၊ ဆပ္ျပာမႈန္႔၊ ဟင္း ခတ္မႈန္႔မွစတင္ၿပီး မိုဘိုင္းလ္ေအာ္ပေရတာအထိ အျပိဳင္အဆိုင္ ကံစမ္းမဲမ်ားျဖင့္ စားသံုးသူမ်ားအား ဆဲြေဆာင္ ေနရာ ကံစမ္းမဲေပးသည့္ကုမၸဏီမ်ား၏ ရိုးသားမႈရိွမရိွ မည္သည့္စံနႈန္းမ်ားျဖင့္ အကဲျဖတ္ၾကကုန္အံ့နည္း။
တခါက Father Land ကုမၸဏီမွ တိုက္ခန္းမ်ား ၀ယ္ယူသူမ်ားအား ကံစမ္းမဲေဖာက္၍ ဆုမဲမ်ားစြာေပးေလသည္။ ဗလာမပါကံစမ္းမဲျဖစ္သည့္အေလ်ာက္ အျမင့္ဆံုးဆု ေမာ္ေတာ္ကားအပါအ၀င္ အနိမ့္ဆံုး အီတလီနိုင္ငံလုပ္ ဟုဆိုေသာ ေၾကြပန္းအိုးမ်ားပါ ပါ၀င္သည္။ ကံစမ္းမဲ မဲနိႈက္ပဲြကိုလည္း Park Royal ဟိုတယ္၌ ညစာစားပဲြျဖင့္ ခမ္းနားစြာ က်င္းပသည္။ နာမည္ေက်ာ္အစီအစဥ္တင္ဆက္သူမ်ားျဖင့္ စနစ္တက် က်င္းပမည္ဟု ထင္ရသည္။ သို႔ေသာ္ ေနာက္ကြယ္ကကိစၥမ်ားသည္ ထင္သေလာက္မရိုးေျဖာင့္ေၾကာင္းကိုကား အခိ်န္မ်ားစြာၾကာျမင့္မွ သိရ သည္။
Father Land ကုမၸဏီေဈးကြက္ အေရာင္းျမွင့္တင္ေရးေၾကာ္ျငာအားေကာင္းခဲ့သလို ကံစမ္းမဲလည္း တတပ္ တအားပင္။ ယင္းအေၾကာင္း အေသးစိတ္သိရိွသ Father Land ကုမၸဏီတြင္ သံုးနွစ္ေက်ာ္ အလုပ္လုပ္ခဲ့ဖူးသူက ယခုကဲ့သို႔ ရွင္းျပသည္။
''ေတာင္ၾကီးမွာ တိုက္ခန္းအေရာင္းျမွင့္တင္ရင္း ဆိုင္ကယ္ကံစမ္းမဲေတြ ေဖာက္ေပးတယ္။ အဲဒီမွာ ဦးေက်ာ္ျမင့္ က ဘာေျပာသလဲဆိုေတာ့ အဲဒီမွာရိွတဲ့ စခန္းမွဴးတေယာက္ကို မဲေပါက္ေစခ်င္တယ္ ေျပာတယ္၊ စီစဥ္ေပးပါဆို လို႔ စီစဥ္ေပးရတာ။ စီစဥ္ေပးရတာလည္း မဲလာႏိႈက္သူကို လက္ဆဲြႏႈတ္ဆက္ခိ်န္ မဲလိပ္ကို ႏိႈက္မယ့္သူလက္ထဲ ထည့္ေပးလိုက္တယ္။ Park Royal မွာ ကားမဲေပါက္တဲ့သူေတြ၊ ကံစမ္းမဲၾကီးေတြေပါက္တဲ့သူ ေတြကလည္း သူ႔အမ်ဳိးေတြထဲကပဲ။ ဘယ္သူက စနစ္တက်လိုက္စိစစ္နိုင္မွာမို႔လဲ''ဟု သူ၏အေတြ႕အၾကံဳကို ေျပာျပသည္။

သို႔ေသာ္ လက္ရိွကံစမ္းမဲေပးေနသည့္ ကုန္ပစၥည္းကုမၸဏီမ်ားမွာေတာ့ ထိုကဲ့သို႔လုပ္မည္မထင္။ ဒါေပမဲ့ အတိအက် အာမခံေပးနိုင္မႈအတြက္လည္း မယံုရဲေပ။ ကံစမ္းမဲကုမၸဏီမ်ား ေၾကြးေၾကာ္သကဲ့သို႔ စားသံုးသူ မ်ားအတြက္ ေက်းဇူးတံု႔ျပန္ေသာအားျဖင့္ဆိုေသာအဆိုသည္ကား အမွန္တကယ္ ေက်းဇူးတံု႔ျပန္ရာေရာက္ မေရာက္ ေမးခြန္းထုတ္ရမည္ ျဖစ္သည္။
ေဈးကြက္စီးပြားေရးျပိဳင္ဆိုင္မႈ ျပင္းထန္လာသည္နွင့္အမွ် ျမန္မာ ျပည္တြင္းေရာင္းခ်သည့္ကုန္ပစၥည္း အမ်ားစု သည္ ကံစမ္းမဲမပါမျဖစ္ပါရမည္ဆိုသကဲ့သို႔ ျဖစ္ေန၏။ စားသံုးသူကို ေက်းဇူးတံု႔ျပန္သည္ဟုဆိုကာ ေဈးကြက္ အေရာင္းျမွင့္တင္လိုမႈျဖင့္ ကံစမ္းမဲမ်ား အျပိဳင္ေပးၾကသည္။
အမွန္တကယ္ စားသံုးသူအား ေက်းဇူးတံု႔ျပန္လိုပါက မိမိေရာင္းခ်ေသာ ကုန္ပစၥည္းအရည္အေသြး ပိုမိုေကာင္း မြန္ေအာင္ အစားအေသာက္ဆိုပါက က်န္းမာေရးႏွင့္ညီညြတ္ေစရန္၊ မိုဘိုင္းလ္ေအာ္ပေရတာမ်ား ဆိုလွ်င္ ေခၚဆိုခမ်ား ေလွ်ာ့ခ်ရန္၊ အင္တာနက္သံုးစဲြခမ်ား ေလွ်ာ့ခ်ရန္နွင့္ ဆက္သြယ္မႈကြန္ရက္က်ယ္ျပန္႔ရန္ လုပ္ေဆာင္သင့္ေပသည္။

လြန္ခဲ့သည့္နွစ္အနည္းငယ္က ေအာင္ဘာေလထီဆုဖြင့္ပဲြနွင့္ ပတ္သက္၍ အျမင့္ဆံုးဆုျဖစ္သည့္ က်ပ္သိန္း တေထာင္ေပါက္လွ်င္ ဆုေၾကးေငြ က်ပ္သိန္း ၁၅၀၀ ေပးမည္ဟု ထီေရာင္းခ်သည့္ကုမၸဏီမ်ား အျပိဳင္အဆိုင္ ေၾကာ္ျငာၾကေလသည္။ ယင္းကဲ့သို႔ အစိုးရေအာင္ဘာေလထီအား ကံစမ္းမဲျဖင့္ ဆဲြေဆာင္ေနေသာေၾကာင့္ ထီလက္မွတ္မ်ားေဈးနႈန္း ႀကီးျမင့္ေနရျခင္းအား လႊတ္ေတာ္တင္ျပီး ေဆြးေႏြးခဲ့ရာ ထီလက္မွတ္မ်ားအား ကံစမ္း၍ ေရာင္းခ်ခြင့္ပိတ္သိမ္းခဲ့သည္။
ယခုကဲ့သို႔ ျမန္မာျပည္တြင္ ကုန္ပစၥည္းတိုင္း သဲသဲလႈပ္ ကံစမ္းမဲမ်ားျဖင့္ ဆဲြေဆာင္ေရာင္းခ်ေနျခင္းသည္ တရား ၀င္ျခင္းရိွမရိွ ေလ့လာၾကည့္ရာ ၁၉၈၇ ခုနွစ္ ဇြန္ ၂၃ ရက္ အမိန္႔ေၾကာ္ျငာစာအမွတ္ ၁/၈၇ ျပည္ထဲေရးႏွင့္ သာသနာေရး၀န္ၾကီးဌာနမွ ထုတ္ျပန္ခဲ့သည့္ ေလာင္းကစား ဥပေဒဆိုင္ရာ လုပ္ထံုးလုပ္နည္းျဖင့္ ျငိစြန္းေန သည္ကိုေတြ႕ရသည္။ ထိုဥပေဒ၌ ေလာင္းကစားအား အဓိပၸာယ္ဖြင့္ဆိုရာတြင္ အခန္း(၁) ပုဒ္မ ၂-က ၌ ''ေလာင္းကစားျခင္းဆိုသည္မွာ ကံစမ္းကစားျခင္း၊ ကြ်မ္းက်င္မႈကစားျခင္းတခုခုတြင္ပါ၀င္ၿပီး ေငြေၾကးအတြက္ လည္းေကာင္း၊ ေငြေၾကးတန္ဖိုးရိွေသာ သို႔မဟုတ္ ေငြေၾကးတန္ဖိုးအျဖစ္ လဲႊေျပာင္းသတ္မွတ္ရန္ သေဘာ တူျပီးျဖစ္ေသာ ပစၥည္းတစံုတရာအတြက္လည္းေကာင္း၊ အေကာက္အစား ယူသည္ျဖစ္ေစ၊ မယူသည္ျဖစ္ေစ ေလာင္းကစားျခင္းကို ဆိုသည္''ဟု ဖြင့္ဆိုထားသည္။

ထိုကဲ့သို႔ ကံစမ္းျခင္းအမႈသည္ ဥပေဒႏွင့္မလြတ္ကင္းေသာ္လည္း ကြ်န္ေတာ္တို႔၏ ေန႔စဥ္လူမႈဘ၀ထဲတြင္ ကံစမ္းျခင္းျဖင့္ ဆဲြေဆာင္ခံရသည့္ကိစၥမ်ား အလြန္အက်ဴးၾကံဳေတြ႕ေနရ၏။ အေရးယူမည့္သူ မရိွသကဲ့သို႔ ေကာင္းက်ဳိးဆိုးက်ဳိး ေ၀ဖန္ဆန္းစစ္သူလည္းမရိွေပ။ ယင္းကိစၥႏွင့္ပတ္သက္၍လည္း ျမန္မာႏိုင္ငံစားသံုးသူမ်ား သမဂၢတာ၀န္ရိွသူတဦးကလည္း ''ကြ်န္ေတာ္တို႔နိုင္ငံက ကံစမ္းမဲက လြန္ကိုလြန္ေနၿပီ။ ႏိုင္ငံတကာမွာဆို အထိမ္းအမွတ္ပဲြတခုခုအတြက္ ေပ်ာ္ရႊင္စရာလက္ေဆာင္ေလာက္ပဲေပးတာ။ ကြ်န္ေတာ္တို႔ကေတာ့ ကံစမ္းမဲေပးတဲ့ပစၥည္းဆို မ၀ယ္ဘူး။ စားသံုးသူဆီက ေငြေၾကးနဲ႔ ျပန္ေပးတာျဖစ္လို႔ တကယ္စားသံုးသူကို အက်ဳိးျပဳခ်င္ရင္ ကိုယ့္ပစၥည္းကို အရည္အေသြးျပည့္မီေအာင္လုပ္ၿပီး ေဈးသက္သာေအာင္ လုပ္သင့္တယ္''ဟု ဆိုသည္။

လက္ရိွစီးပြားေရးလုပ္ငန္းၾကီးမ်ား ဆြဲေဆာင္ေနေသာ ကံစမ္းမဲသည္ စားသံုးသူအက်ဳိးအတြက္ အမွန္တကယ္ ျပဳလုပ္ျခင္းလား၊ တရားဥပေဒအေပၚ လက္တလံုးျခား လုပ္ေဆာင္ေနျခင္းလား စိစစ္သင့္ေပသည္။
သို႔မဟုတ္ပါက ကံစမ္းမဲသည္ ကုမၸဏီၾကီးမ်ား၏ အျမတ္ခြန္ကို ေရွာင္ရွားသည့္လမ္းေၾကာင္းအျဖစ္ တိုင္းျပည္ႏွင့္လူမ်ဳိးအေပၚ လွည့္ျဖားေနျခင္းသေဘာထက္ ပိုမည္မဟုတ္ေပ။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...................


“ဦးကျော်မြင့် က ဘာပြောသလဲဆိုတော့ အဲဒီမှာရှိတဲ့ စခန်းမှူးတယောက်ကို မဲပေါက်စေချင်တယ် ပြောတယ်၊ စီစဉ်ပေးပါဆိုလို့ စီစဉ်ပေးရတာ။ စီစဉ်ပေးရတာလည်း မဲလာနှိုက်သူကို လက်ဆွဲနှုတ်ဆက်ချိန် မဲလိပ်ကို နှိုက်မယ့်သူလက်ထဲ ထည့်ပေးလိုက်တယ်။ Park Royal မှာ ကားမဲပေါက်တဲ့သူတွေ၊ ကံစမ်းမဲကြီးတွေပေါက်တဲ့သူ တွေကလည်း သူ့အမျိုးတွေထဲကပဲ။”
------ ------ ------ ------ ------

''ကိုတင့် Thank You တခွက်''ဟု နေ့လယ်ခင်း ထမင်းစားပြီးချိန် ကော်ဖီတခွက်သောက်လေ့ရှိသဖြင့် မိမိရုံးနှင့် မလှမ်းမကမ်းတွင် ဖွင့်သည့် ကိုတင့်လက်ဖက်ရည်ဆိုင်သို့ရောက်တိုင်း မှာနေကျစကားပင် ဖြစ်သည်။ ခါတိုင်း ဆိုလျှင် နက်(စ)ကော်ဖီသာ သောက်လေ့ရှိသော်လည်း လတ်တလော၌ ကံစမ်းမဲပါသည်ဟုဆိုသောကော်ဖီကို ပြောင်းလဲသောက်လာခဲ့ရာ ရက်သတ္တပတ် အတန်ပင်ကြာခဲ့သော်လည်း မည်သည့်ကံစမ်းမဲမျှမပေါက်ဘဲ Thank You သာပါသောကြောင့် ထိုသို့မှာရခြင်းပင် ဖြစ်သည်။
ထိုကံစမ်းမဲပါသည်ဆိုသည့် ကော်ဖီအား မိမိက Thank You ဟု အမည်ပေးထားခြင်းမဟုတ်ဘဲ ဆိုင်ရှင် ကိုတင့်ကိုယ်တိုင် Thank You ကော်ဖီဟု အမည်ပေးထားသောကြောင့်ပင် ဖြစ်သည်။ ကိုတင့်၏ အဆိုကား ''ကျုပ် အဲဒီကော်ဖီကို အထုပ်ကြီး ၁၅ ထုပ်လောက်ဖောက်တာမှာ ပေါက်မဲက တထုပ်ပါတယ်။ အထုပ် ၂၀ ကျော်မှ နောက်တထုပ် ထပ်ပေါက်တယ်။ ပေါက်မဲကလည်း ကော်ဖီတခွက်ပဲလေ။ ဒီကော်ဖီကိုမှ Thank You နာမည်မပေးရင် ဘယ်ကော်ဖီကို အမည်ပေးရမလဲ''ဟု ဆိုလေ၏။ ထိုသို့ အထုပ် ၂၀ ကျော်ရောင်းချပြီးချိန်မှ ကော်ဖီနှစ်ခွက်သာပေါက်သောကြောင့် ကိုတင့်ကိုယ်တိုင် လက်ကီးမကောင်းသည်ပင်ဖြစ်မည်ဟု ပြောမိ၏။ ထိုသို့မဟုတ်ကြောင်း ၎င်းတို့လက္ကားဝယ်သည့် ဆိုင်ရှင်ကိုယ်တိုင်ပင် ပေါက်မဲလာရောက်လဲသူ လွန်စွာနည်းပါး သည်ဟု သတင်းစကားပါးလိုက်သည်ဆိုသောကြောင့် ကံစမ်းမဲများအား သံသယဝင် မိချေတော့၏။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း ကံစမ်းမဲသောင်းကျန်းနေမှုအား အသေအချာစေ့ငုလျှင် တီဗွီအစီအစဉ်များမှာပင် ယမကာအထိ ကံစမ်းမဲ လွှမ်းမိုးနေလေသည်။ ကံစမ်းမဲများတွင် အရက်၊ ဘီယာ၊ ကော်ဖီမစ်၊ ဆပ်ပြာမှုန့်၊ ဟင်း ခတ်မှုန့်မှစတင်ပြီး မိုဘိုင်းလ်အော်ပရေတာအထိ အပြိုင်အဆိုင် ကံစမ်းမဲများဖြင့် စားသုံးသူများအား ဆွဲဆောင် နေရာ ကံစမ်းမဲပေးသည့်ကုမ္ပဏီများ၏ ရိုးသားမှုရှိမရှိ မည်သည့်စံနှုန်းများဖြင့် အကဲဖြတ်ကြကုန်အံ့နည်း။
တခါက Father Land ကုမ္ပဏီမှ တိုက်ခန်းများ ၀ယ်ယူသူများအား ကံစမ်းမဲဖောက်၍ ဆုမဲများစွာပေးလေသည်။ ဗလာမပါကံစမ်းမဲဖြစ်သည့်အလျောက် အမြင့်ဆုံးဆု မော်တော်ကားအပါအဝင် အနိမ့်ဆုံး အီတလီနိုင်ငံလုပ် ဟုဆိုသော ကြွေပန်းအိုးများပါ ပါ၀င်သည်။ ကံစမ်းမဲ မဲနှိုက်ပွဲကိုလည်း Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် ခမ်းနားစွာ ကျင်းပသည်။ နာမည်ကျော်အစီအစဉ်တင်ဆက်သူများဖြင့် စနစ်တကျ ကျင်းပမည်ဟု ထင်ရသည်။ သို့သော် နောက်ကွယ်ကကိစ္စများသည် ထင်သလောက်မရိုးဖြောင့်ကြောင်းကိုကား အချိန်များစွာကြာမြင့်မှ သိရ သည်။
Father Land ကုမ္ပဏီဈေးကွက် အရောင်းမြှင့်တင်ရေးကြော်ငြာအားကောင်းခဲ့သလို ကံစမ်းမဲလည်း တတပ် တအားပင်။ ယင်းအကြောင်း အသေးစိတ်သိရှိသ Father Land ကုမ္ပဏီတွင် သုံးနှစ်ကျော် အလုပ်လုပ်ခဲ့ဖူးသူက ယခုကဲ့သို့ ရှင်းပြသည်။
''တောင်ကြီးမှာ တိုက်ခန်းအရောင်းမြှင့်တင်ရင်း ဆိုင်ကယ်ကံစမ်းမဲတွေ ဖောက်ပေးတယ်။ အဲဒီမှာ ဦးကျော်မြင့် က ဘာပြောသလဲဆိုတော့ အဲဒီမှာရှိတဲ့ စခန်းမှူးတယောက်ကို မဲပေါက်စေချင်တယ် ပြောတယ်၊ စီစဉ်ပေးပါဆို လို့ စီစဉ်ပေးရတာ။ စီစဉ်ပေးရတာလည်း မဲလာနှိုက်သူကို လက်ဆွဲနှုတ်ဆက်ချိန် မဲလိပ်ကို နှိုက်မယ့်သူလက်ထဲ ထည့်ပေးလိုက်တယ်။ Park Royal မှာ ကားမဲပေါက်တဲ့သူတွေ၊ ကံစမ်းမဲကြီးတွေပေါက်တဲ့သူ တွေကလည်း သူ့အမျိုးတွေထဲကပဲ။ ဘယ်သူက စနစ်တကျလိုက်စိစစ်နိုင်မှာမို့လဲ''ဟု သူ၏အတွေ့အကြုံကို ပြောပြသည်။

သို့သော် လက်ရှိကံစမ်းမဲပေးနေသည့် ကုန်ပစ္စည်းကုမ္ပဏီများမှာတော့ ထိုကဲ့သို့လုပ်မည်မထင်။ ဒါပေမဲ့ အတိအကျ အာမခံပေးနိုင်မှုအတွက်လည်း မယုံရဲပေ။ ကံစမ်းမဲကုမ္ပဏီများ ကြွေးကြော်သကဲ့သို့ စားသုံးသူ များအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့်ဆိုသောအဆိုသည်ကား အမှန်တကယ် ကျေးဇူးတုံ့ပြန်ရာရောက် မရောက် မေးခွန်းထုတ်ရမည် ဖြစ်သည်။
ဈေးကွက်စီးပွားရေးပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ မြန်မာ ပြည်တွင်းရောင်းချသည့်ကုန်ပစ္စည်း အများစု သည် ကံစမ်းမဲမပါမဖြစ်ပါရမည်ဆိုသကဲ့သို့ ဖြစ်နေ၏။ စားသုံးသူကို ကျေးဇူးတုံ့ပြန်သည်ဟုဆိုကာ ဈေးကွက် အရောင်းမြှင့်တင်လိုမှုဖြင့် ကံစမ်းမဲများ အပြိုင်ပေးကြသည်။
အမှန်တကယ် စားသုံးသူအား ကျေးဇူးတုံ့ပြန်လိုပါက မိမိရောင်းချသော ကုန်ပစ္စည်းအရည်အသွေး ပိုမိုကောင်း မွန်အောင် အစားအသောက်ဆိုပါက ကျန်းမာရေးနှင့်ညီညွတ်စေရန်၊ မိုဘိုင်းလ်အော်ပရေတာများ ဆိုလျှင် ခေါ်ဆိုခများ လျှော့ချရန်၊ အင်တာနက်သုံးစွဲခများ လျှော့ချရန်နှင့် ဆက်သွယ်မှုကွန်ရက်ကျယ်ပြန့်ရန် လုပ်ဆောင်သင့်ပေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က အောင်ဘာလေထီဆုဖွင့်ပွဲနှင့် ပတ်သက်၍ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်း တထောင်ပေါက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ ပေးမည်ဟု ထီရောင်းချသည့်ကုမ္ပဏီများ အပြိုင်အဆိုင် ကြော်ငြာကြလေသည်။ ယင်းကဲ့သို့ အစိုးရအောင်ဘာလေထီအား ကံစမ်းမဲဖြင့် ဆွဲဆောင်နေသောကြောင့် ထီလက်မှတ်များဈေးနှုန်း ကြီးမြင့်နေရခြင်းအား လွှတ်တော်တင်ပြီး ဆွေးနွေးခဲ့ရာ ထီလက်မှတ်များအား ကံစမ်း၍ ရောင်းချခွင့်ပိတ်သိမ်းခဲ့သည်။
ယခုကဲ့သို့ မြန်မာပြည်တွင် ကုန်ပစ္စည်းတိုင်း သဲသဲလှုပ် ကံစမ်းမဲများဖြင့် ဆွဲဆောင်ရောင်းချနေခြင်းသည် တရား ၀င်ခြင်းရှိမရှိ လေ့လာကြည့်ရာ ၁၉၈၇ ခုနှစ် ဇွန် ၂၃ ရက် အမိန့်ကြော်ငြာစာအမှတ် ၁/၈၇ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် လောင်းကစား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြင့် ငြိစွန်းနေ သည်ကိုတွေ့ရသည်။ ထိုဥပဒေ၌ လောင်းကစားအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အခန်း(၁) ပုဒ်မ ၂-က ၌ ''လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းတခုခုတွင်ပါ၀င်ပြီး ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘော တူပြီးဖြစ်သော ပစ္စည်းတစုံတရာအတွက်လည်းကောင်း၊ အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုသည်''ဟု ဖွင့်ဆိုထားသည်။

ထိုကဲ့သို့ ကံစမ်းခြင်းအမှုသည် ဥပဒေနှင့်မလွတ်ကင်းသော်လည်း ကျွန်တော်တို့၏ နေ့စဉ်လူမှုဘဝထဲတွင် ကံစမ်းခြင်းဖြင့် ဆွဲဆောင်ခံရသည့်ကိစ္စများ အလွန်အကျူးကြံုတွေ့နေရ၏။ အရေးယူမည့်သူ မရှိသကဲ့သို့ ကောင်းကျိုးဆိုးကျိုး ဝေဖန်ဆန်းစစ်သူလည်းမရှိပေ။ ယင်းကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂတာဝန်ရှိသူတဦးကလည်း ''ကျွန်တော်တို့နိုင်ငံက ကံစမ်းမဲက လွန်ကိုလွန်နေပြီ။ နိုင်ငံတကာမှာဆို အထိမ်းအမှတ်ပွဲတခုခုအတွက် ပျော်ရွှင်စရာလက်ဆောင်လောက်ပဲပေးတာ။ ကျွန်တော်တို့ကတော့ ကံစမ်းမဲပေးတဲ့ပစ္စည်းဆို မဝယ်ဘူး။ စားသုံးသူဆီက ငွေကြေးနဲ့ ပြန်ပေးတာဖြစ်လို့ တကယ်စားသုံးသူကို အကျိုးပြုချင်ရင် ကိုယ့်ပစ္စည်းကို အရည်အသွေးပြည့်မီအောင်လုပ်ပြီး ဈေးသက်သာအောင် လုပ်သင့်တယ်''ဟု ဆိုသည်။

လက်ရှိစီးပွားရေးလုပ်ငန်းကြီးများ ဆွဲဆောင်နေသော ကံစမ်းမဲသည် စားသုံးသူအကျိုးအတွက် အမှန်တကယ် ပြုလုပ်ခြင်းလား၊ တရားဥပဒေအပေါ် လက်တလုံးခြား လုပ်ဆောင်နေခြင်းလား စိစစ်သင့်ပေသည်။
သို့မဟုတ်ပါက ကံစမ်းမဲသည် ကုမ္ပဏီကြီးများ၏ အမြတ်ခွန်ကို ရှောင်ရှားသည့်လမ်းကြောင်းအဖြစ် တိုင်းပြည်နှင့်လူမျိုးအပေါ် လှည့်ဖြားနေခြင်းသဘောထက် ပိုမည်မဟုတ်ပေ။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment