Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

သစ္ပင္ကေနထုတ္လုပ္ၿပီး ကယ္လိုရီ အလြန္နည္းတဲ့ ဆဲလ္အာဟာရ ေခါက္ဆြဲတစ္မ်ိဳးကို ဂ်ပန္မွာ ထုတ္လုပ္



ဂ်ပန္ႏိုင္ငံ အေျခစိုက္ အဝတ္အထည္ ကုမၼဏီျဖစ္တဲ့ Omikenshi ကုမၼဏီဟာ ဖိုက္ဘာမွ်င္ ေရယြန္ ပိုးထည္ေတြကို ဆယ္စုႏွစ္ တစ္ခုနီးပါး ထုတ္လုပ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အ၀တ္အထည္ေလာကမွာ ၿပိဳင္ဘက္ေတြ မ်ားျပားလာတဲ့အခါမွာ Omikenshi ကုမၼဏီဟာ အစားအေသာက္ ဘက္ကို ေျပာင္းၿပီး အာရံုစိုက္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ အစားအေသာက္ထုတ္လုပ္ဖို႔အတြက္လည္း အ၀တ္အထည္ ထုတ္လုပ္ေရး မွာတုန္းကသံုးခဲ့တဲ့ တူညီေသာ ကုန္ၾကမ္းကိုသာ ျပန္လည္ အသံုးျပဳခဲ့တယ္လို႔သိရပါတယ္။

Omikenshi ကုမၼဏီက ထုတ္လုပ္ေရာင္းခ်တဲ့ ေရယြန္ပိုးထည္ေတြနဲ႔ အသစ္ထုတ္လုပ္ထားတဲ့ "ဆဲလ္အာဟာရေခါက္ဆြဲ" ေတြ အားလံုးကို သစ္ပင္ကေန ကုန္ၾကမ္းယူထုတ္လုပ္တယ္လို႔ သိရပါတယ္။

ဆဲလ္အာဟာရ အစားအစာ ဆိုတာဟာ ဂ်ပန္ႏိုင္ငံ အစိုးရက စားေသာက္ကုန္ နဲ႔ က်န္းမာေရး အေပၚ သတ္မွတ္မႈေတြျပဳလုပ္ခဲ့ၿပီးေနာက္မွာ ႏိုင္ငံအတြင္း မိတ္ဆက္ခဲ့တဲ့ အစားအစာ အသစ္တစ္မ်ိဳးျဖစ္ပါတယ္။ ဆဲလ္ အာဟာရ အစားအစာေတြရဲ ႔ အဓိက အားသာခ်က္ကေတာ့ အဆီမပါ၀င္တာ ၊ ကာဗြန္ဟိုက္ၿဒိတ္ မပါ၀င္တာ ၊ ဂလူတန္ မပါ၀င္တာ တို႔ပဲျဖစ္ၿပီး ဆဲအာဟာရ အစားအစာ ၁ ကီလိုဂရမ္မွာ ကယ္လိုရီ ၆၀ သာပါရွိတယ္လို႔သိရပါတယ္။ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဂ်ံဳ ၁ ကီလိုဂရမ္မွာ ကယ္လိုရီ ၃၆၈၀ ပါ၀င္ေနပါတယ္။

အဓိက ကုန္ၾကမ္းကေတာ့ သစ္ပင္ ပဲျဖစ္ပါတယ္။ အတိအက်ဆိုရမယ္ဆိုရင္ေတာ့ စကၠဴေပ်ာ့ဖတ္သစ္သား ပဲျဖစ္ပါတယ္။ Omikenshi ကုမၼဏီဟာ ေရယြန္ပိုးထည္ထုတ္လုပ္စဥ္တုန္းက နည္းပညာအတိုင္းပဲ သစ္ပင္ကရတဲ့ ဆယ္လူလို႔စ္ ေတြကို ေခါက္ဆြဲအျဖစ္ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ ဆယ္လူလို႔စ္ ဆိုတာကေတာ့ သစ္ပင္ေတြမွာေတြ႔ရတဲ့ ပိုလီဆက္ခရိုက္ ဆိုတဲ့ ကာဗြန္ဟိုက္ၿဒိတ္ သၾကားဓါတ္ တစ္မ်ိဳးပဲျဖစ္ၿပီး ဆယ္လူလို႔စ္ကို လူသားေတြဟာ အစာေခ်ဖ်က္ႏိုင္စြမ္းမရွိပါဘူး။

ဆယ္လူလို႔စ္ ေခါက္ဆြဲေတြဟာ ဂ်ပန္မွာေပါက္ေရာက္တဲ့ ဗီတာမင္ၾကြယ္၀ေသာ Konjac နဲ႔ ေပါင္းစပ္လိုက္ပါတယ္။ အဲဒါမွာသာ စကၠဴေပ်ာ့ဖတ္သစ္သား ကထုတ္လုပ္တဲ့ ေခါက္ဆြဲရဲ ႔ အရသာနဲ႔ အသြင္အျပင္ကို ေျပာင္းလဲႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Geek

..................................................

သစ်ပင်ကနေထုတ်လုပ်ပြီး ကယ်လိုရီ အလွန်နည်းတဲ့ ဆဲလ်အာဟာရ ခေါက်ဆွဲတစ်မျိုးကို ဂျပန်မှာ ထုတ်လုပ်


ဂျပန်နိုင်ငံ အခြေစိုက် အဝတ်အထည် ကုမ္မဏီဖြစ်တဲ့ Omikenshi ကုမ္မဏီဟာ ဖိုက်ဘာမျှင် ရေယွန် ပိုးထည်တွေကို ဆယ်စုနှစ် တစ်ခုနီးပါး ထုတ်လုပ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဝတ်အထည်လောကမှာ ပြိုင်ဘက်တွေ များပြားလာတဲ့အခါမှာ Omikenshi ကုမ္မဏီဟာ အစားအသောက် ဘက်ကို ပြောင်းပြီး အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အစားအသောက်ထုတ်လုပ်ဖို့အတွက်လည်း အဝတ်အထည် ထုတ်လုပ်ရေး မှာတုန်းကသုံးခဲ့တဲ့ တူညီသော ကုန်ကြမ်းကိုသာ ပြန်လည် အသုံးပြုခဲ့တယ်လို့သိရပါတယ်။

Omikenshi ကုမ္မဏီက ထုတ်လုပ်ရောင်းချတဲ့ ရေယွန်ပိုးထည်တွေနဲ့ အသစ်ထုတ်လုပ်ထားတဲ့ "ဆဲလ်အာဟာရခေါက်ဆွဲ" တွေ အားလုံးကို သစ်ပင်ကနေ ကုန်ကြမ်းယူထုတ်လုပ်တယ်လို့ သိရပါတယ်။

ဆဲလ်အာဟာရ အစားအစာ ဆိုတာဟာ ဂျပန်နိုင်ငံ အစိုးရက စားသောက်ကုန် နဲ့ ကျန်းမာရေး အပေါ် သတ်မှတ်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ နိုင်ငံအတွင်း မိတ်ဆက်ခဲ့တဲ့ အစားအစာ အသစ်တစ်မျိုးဖြစ်ပါတယ်။ ဆဲလ် အာဟာရ အစားအစာတွေရဲ ့ အဓိက အားသာချက်ကတော့ အဆီမပါ၀င်တာ ၊ ကာဗွန်ဟိုက်ဒြိတ် မပါ၀င်တာ ၊ ဂလူတန် မပါ၀င်တာ တို့ပဲဖြစ်ပြီး ဆဲအာဟာရ အစားအစာ ၁ ကီလိုဂရမ်မှာ ကယ်လိုရီ ၆၀ သာပါရှိတယ်လို့သိရပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဂျုံ ၁ ကီလိုဂရမ်မှာ ကယ်လိုရီ ၃၆၈၀ ပါ၀င်နေပါတယ်။

အဓိက ကုန်ကြမ်းကတော့ သစ်ပင် ပဲဖြစ်ပါတယ်။ အတိအကျဆိုရမယ်ဆိုရင်တော့ စက္ကူပျော့ဖတ်သစ်သား ပဲဖြစ်ပါတယ်။ Omikenshi ကုမ္မဏီဟာ ရေယွန်ပိုးထည်ထုတ်လုပ်စဉ်တုန်းက နည်းပညာအတိုင်းပဲ သစ်ပင်ကရတဲ့ ဆယ်လူလို့စ် တွေကို ခေါက်ဆွဲအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဆယ်လူလို့စ် ဆိုတာကတော့ သစ်ပင်တွေမှာတွေ့ရတဲ့ ပိုလီဆက်ခရိုက် ဆိုတဲ့ ကာဗွန်ဟိုက်ဒြိတ် သကြားဓါတ် တစ်မျိုးပဲဖြစ်ပြီး ဆယ်လူလို့စ်ကို လူသားတွေဟာ အစာချေဖျက်နိုင်စွမ်းမရှိပါဘူး။

ဆယ်လူလို့စ် ခေါက်ဆွဲတွေဟာ ဂျပန်မှာပေါက်ရောက်တဲ့ ဗီတာမင်ကြွယ်ဝသော Konjac နဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒါမှာသာ စက္ကူပျော့ဖတ်သစ်သား ကထုတ်လုပ်တဲ့ ခေါက်ဆွဲရဲ ့ အရသာနဲ့ အသွင်အပြင်ကို ပြောင်းလဲနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Geek

No comments:

Post a Comment