Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 14, 2016

ခဲြထြက္ခြင့္မေတာင္းဆိုသည့္ ဖက္ဒရယ္စနစ္ တပ္မေတာ္အစုအဖဲြ႕တင္ျပ

ဗဟိုအစိုးရ အားေကာင္း ၿပီး ခဲြထြက္ခြင့္ မေတာင္းဆုိသည့္ ဒီမို ကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံ ေသာ ျပည္ေထာင္စုစနစ္ တည္ေဆာက္ မည္ျဖစ္ေၾကာင္း တပ္မေတာ္အစုအဖဲြ႕က ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ၌ သေဘာထားတင္သြင္းခဲ့သည္။

ဇန္န၀ါရီ ၁၄ ရက္ ညီလာခံ တတိယ ေန႔တြင္ ႏုိင္ငံေရးေခါင္းစဥ္ရွိ ဖက္ဒရယ္ စနစ္၌ အေျခခံသင့္သည့္မူမ်ားႏွင့္ ပတ္ သက္၍ အစုအဖဲြ႕ခုနစ္ဖဲြ႕က သေဘာ ထားမ်ားတင္သြင္းခဲ့သည္။

တပ္မေတာ္အစုအဖဲြ႕က သေဘာ ထားတင္ျပရာတြင္ ‘‘ဒီမုိကေရစီစနစ္ ေအာင္ျမင္ရန္ ႏိုင္ငံတုိင္းကို ဖက္ဒရယ္ စနစ္တည္ေဆာက္ရမည္ဟု မဆုိလိုေသာ္ လည္း ဒီမိုကေရစီမထြန္းကားဘဲ ဖက္ဒ ရယ္ျပည္ေထာင္စုတည္ေဆာက္၍ ရႏုိင္ မည္္မဟုတ္သည္ကို ေတြ႕ရွိရေၾကာင္း’’ပါရွိသည္။

ထို႔ေၾကာင့္ ျပည္ေထာင္စုမၿပိဳကဲြေရး၊ တုိင္း ရင္းသားစည္းလံုးညီၫြတ္မႈ မၿပိဳ ကဲြေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးတုိ႔ကို ေရွး႐ႈ၍ လက္ရွိေနထိုင္မႈအရ ပထ၀ီအ ပိုင္းအျခားကို အေျခခံၿပီး သမိုင္း ေၾကာင္းအရ ျပည္မကုိ၀န္းရံေသာ ျပည္ေထာင္စုတုိင္းေဒသႀကီးႏွင့္ ျပည္နယ္အားလံုးတန္းတူညီမွ်ရွိ မႈ၊ တိုင္းရင္းသားအခြင့္အေရးရရွိ မႈ၊ ႏုိင္ငံသားအားလံုးတန္းတူညီမွ် ရရွိမႈ၊ တရားမွ်တမႈရွိမႈႏွင့္ အေျခ ခံလူ႔အခြင့္အေရးရရွိမႈ စသည့္ အဂၤါရပ္မ်ားႏွင့္ ျပည့္စံုကာ ဗဟို အစိုးရအားေကာင္းၿပီး ခဲြထြက္ခြင့္ ကို မေတာင္းဆုိသည့္ ဒီမိုကေရစီ ႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံ ေသာ ျပည္ေထာင္စုစနစ္တည္ ေဆာက္မည္ျဖစ္ေၾကာင္း တပ္မ ေတာ္အစုအဖဲြ႕က သေဘာထား တင္သြင္းထားသည္။

တုိင္းရင္းသား လက္နက္ ကိုင္အစုအဖဲြ႕ကတင္ျပေသာ သ ေဘာထား စာတမ္းတြင္လည္း ယခင္ပင္လံုညီလာခံကတည္းက ပင္ တိုင္းရင္းသားမ်ားလိုလားၾက သည္မွာ ဖက္ဒရယ္ျပည္ေထာင္စု စနစ္ျဖစ္ၿပီး ဖက္ဒရယ္မူအရ ခဲြ ထြက္ခြင့္ဆုိသည္မွာ မပါ၀င္ ေၾကာင္း ထည့္သြင္းေဖာ္ျပထား သည္။

ထို႔အျပင္ ျပည္နယ္ဖဲြ႕စည္း ပံုအေျခခံဥပေဒမ်ားကို ျပည္ ေထာင္စုဖဲြ႕စည္းပံုအေျခခံဥပေဒ ႏွင့္ မဆန္႔က်င္ဘဲ လြတ္လပ္စြာ ေရးသားျပ႒ာန္းခြင့္ရွိေစရမည္ဆုိ သည့္အခ်က္ကိုလည္း တုိင္းရင္း သားလက္နက္ကုိင္မ်ား အစုအဖဲြ႕ က ထည့္သြင္းတင္ျပခဲ့သည္။ ခဲြ ထြက္ခြင့္မဟုတ္ဘဲ ျပည္ေထာင္စု အတြင္းသာ က်င့္သံုးရမည့္ ကိုယ္ ပိုင္ျပ႒ာန္းခြင့္ကိုလည္း တိုင္းရင္း သားလက္နက္ကိုုင္ အစုအဖြဲ႕က တင္ျပခဲ့သည္။

တုိင္းရင္းသား လက္နက္ ကိုင္အစုအဖဲြ႕မွ ဗုိလ္မွဴးႀကီးစိုင္း လွက ‘‘တူညီတာက အမ်ားအား ျဖင့္ ေျပာၾကတာက ဖက္ဒရယ္ စနစ္ပါပဲ။ ဒါေပမဲ့ ဖက္ဒရယ္စနစ္ မွာ အာဏာခဲြေ၀တဲ့ လက္ေတြ႕ က်က်က်င့္သံုးရမယ့္ လက္ေတြ႕ က်က် ကိစၥေတြမွာ အျမင္မတူ တာေတြရွိပါေသးတယ္။ ဒါေတြ ကေတာ့ ညိႇရမွာေပါ့’’ဟု ေျပာၾကားသည္။

ညီလာခံစတုတၳေန႔ ဇန္န၀ါ ရီ ၁၅ ရက္တြင္ အစုအဖဲြ႕မ်ားက သေဘာထားမ်ား ဆက္လက္တင္ ျပမည္ျဖစ္သည္။

7Day Daily
..........
ခွဲထွက်ခွင့်မတောင်းဆိုသည့် ဖက်ဒရယ်စနစ် တပ်မတော်အစုအဖွဲ့တင်ပြ

ဗဟိုအစိုးရ အားကောင်း ပြီး ခွဲထွက်ခွင့် မတောင်းဆိုသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုစနစ် တည်ဆောက် မည်ဖြစ်ကြောင်း တပ်မတော်အစုအဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၌ သဘောထားတင်သွင်းခဲ့သည်။

ဇန်နဝါရီ ၁၄ ရက် ညီလာခံ တတိယ နေ့တွင် နိုင်ငံရေးခေါင်းစဉ်ရှိ ဖက်ဒရယ် စနစ်၌ အခြေခံသင့်သည့်မူများနှင့် ပတ် သက်၍ အစုအဖွဲ့ခုနစ်ဖွဲ့က သဘော ထားများတင်သွင်းခဲ့သည်။

တပ်မတော်အစုအဖွဲ့က သဘော ထားတင်ပြရာတွင် ‘‘ဒီမိုကရေစီစနစ် အောင်မြင်ရန် နိုင်ငံတိုင်းကို ဖက်ဒရယ် စနစ်တည်ဆောက်ရမည်ဟု မဆိုလိုသော် လည်း ဒီမိုကရေစီမထွန်းကားဘဲ ဖက်ဒ ရယ်ပြည်ထောင်စုတည်ဆောက်၍ ရနိုင် မည််မဟုတ်သည်ကို တွေ့ရှိရကြောင်း’’ပါရှိသည်။

ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လက်ရှိနေထိုင်မှုအရ ပထဝီအ ပိုင်းအခြားကို အခြေခံပြီး သမိုင်း ကြောင်းအရ ပြည်မကို၀န်းရံသော ပြည်ထောင်စုတိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတန်းတူညီမျှရှိ မှု၊ တိုင်းရင်းသားအခွင့်အရေးရရှိ မှု၊ နိုင်ငံသားအားလုံးတန်းတူညီမျှ ရရှိမှု၊ တရားမျှတမှုရှိမှုနှင့် အခြေ ခံလူ့အခွင့်အရေးရရှိမှု စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံကာ ဗဟို အစိုးရအားကောင်းပြီး ခွဲထွက်ခွင့် ကို မတောင်းဆိုသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုစနစ်တည် ဆောက်မည်ဖြစ်ကြောင်း တပ်မ တော်အစုအဖွဲ့က သဘောထား တင်သွင်းထားသည်။

တိုင်းရင်းသား လက်နက် ကိုင်အစုအဖွဲ့ကတင်ပြသော သ ဘောထား စာတမ်းတွင်လည်း ယခင်ပင်လုံညီလာခံကတည်းက ပင် တိုင်းရင်းသားများလိုလားကြ သည်မှာ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြစ်ပြီး ဖက်ဒရယ်မူအရ ခွဲ ထွက်ခွင့်ဆိုသည်မှာ မပါ၀င် ကြောင်း ထည့်သွင်းဖော်ပြထား သည်။

ထို့အပြင် ပြည်နယ်ဖွဲ့စည်း ပုံအခြေခံဥပဒေများကို ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မဆန့်ကျင်ဘဲ လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းခွင့်ရှိစေရမည်ဆို သည့်အချက်ကိုလည်း တိုင်းရင်း သားလက်နက်ကိုင်များ အစုအဖွဲ့ က ထည့်သွင်းတင်ပြခဲ့သည်။ ခွဲ ထွက်ခွင့်မဟုတ်ဘဲ ပြည်ထောင်စု အတွင်းသာ ကျင့်သုံးရမည့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း တိုင်းရင်း သားလက်နက်ကိုုင် အစုအဖွဲ့က တင်ပြခဲ့သည်။

တိုင်းရင်းသား လက်နက် ကိုင်အစုအဖွဲ့မှ ဗိုလ်မှူးကြီးစိုင်း လှက ‘‘တူညီတာက အများအား ဖြင့် ပြောကြတာက ဖက်ဒရယ် စနစ်ပါပဲ။ ဒါပေမဲ့ ဖက်ဒရယ်စနစ် မှာ အာဏာခွဲဝေတဲ့ လက်တွေ့ ကျကျကျင့်သုံးရမယ့် လက်တွေ့ ကျကျ ကိစ္စတွေမှာ အမြင်မတူ တာတွေရှိပါသေးတယ်။ ဒါတွေ ကတော့ ညှိရမှာပေါ့’’ဟု ပြောကြားသည်။

ညီလာခံစတုတ္ထနေ့ ဇန်နဝါ ရီ ၁၅ ရက်တွင် အစုအဖွဲ့များက သဘောထားများ ဆက်လက်တင် ပြမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment