BBC Burmese
........................................
မဒါးယားမှာ အစားအစာတွေ ညလုံးပေါက် ဝေမယ်
ဆီးရီး ယား နိုင်ငံမှာ သမ္မတ ဘရှား အယ်လ် အာဆတ် ရဲ့ အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင် တပ်တွေရဲ့ ပိတ်ဆို့ ဝိုင်းရံ တာ လပေါင်း များစွာ ခံနေရတဲ့ မဒါးယား မြို့ ထဲ အရေးတကြီး လိုအပ် နေတဲ့ အစားအစာ၊ ဆေးဝါး နဲ့ စောင် တွေကို အကူအညီ ပေးရေး အဖွဲ့တွေ က အရောက် ပို့ နိုင် ခဲ့ပြီ ဖြစ်ပါတယ်။
တနင်္လာ နေ့ အစောပိုင်းက နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေ ရဲ့ ကားတန်း မဒါးယား မြို့ကို ဆိုက်ရောက် လာပါတယ်။
မြို့သူမြို့သား တွေကို ည လုံးပေါက် ဆက်လက်ပြီး စားနပ် ရိက္ခာတွေ ဖြန့်ဝေ ပေးသွားမှာ ဖြစ်ပါတယ်။
မဒါးယား မြို့ခံ ၄ သောင်း ဝန်းကျင်ဟာ လများစွာ ပိတ်ဆို့ ခံထား ခဲ့ရတဲ့အတွက် အစာရေစာ ပြတ်လပ် ပြီး ငတ်မွတ်တဲ့ ဒဏ် နဲ့ သေဆုံး မှု တွေ ဖြစ်ပေါ် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ခဲ့ပါတယ်။
မဒါးယား မြို့ဆီ ထောက်ပံ့ရေး ယာဉ်တန်း ရောက် လာတာ နဲ့ အချိန်ကိုက် မှာပဲ ဆီးရီးယား မြောက်ပိုင်း မှာ သူပုန် အဖွဲ့တွေ ရဲ့ ဝိုင်းရံ တာ ခံနေရတဲ့ ကျေးရွာ ၂ ရွာ ဆီကိုလည်း ထောက်ပံရေး ပစ္စည်း တွေ သယ်ဆောင် ထားတဲ့ ကားတွေ သွား နေကြပြီ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese/
No comments:
Post a Comment