CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 6, 2016
ရေနာင္းအမႈ သတ္မွတ္ခ်ိန္အတြင္း ထိုင္းရဲတပ္ဖြဲ႕အမႈတြဲမတင္ႏုိင္ပါက ျမန္မာ (၄) ဦး လြတ္ေျမာက္ႏုိင္
ထိုင္းေက်ာင္းသူတစ္ဦး အသတ္ခံခဲ့ရတဲ့ ရေနာင္းလူသတ္မႈနဲ႔ပတ္သက္ၿပီး ထိုင္းရဲတပ္ဖြဲ႕ အေနနဲ႔ ဇန္န၀ါရီ (၁၄) ရက္ေန႔အထိ တရား႐ုံးမွာ အမႈတြဲမတင္ႏုိင္ပါက ထုိင္းဥပေဒအရ ဒီအမႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံသား (၄) ဦးကုိ အမႈကေန လႊတ္ေပး ရမယ္လုိ႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာ (၂၈) ရက္ေန႔က ထုိင္းႏုိင္ငံေတာင္ပိုင္း ရေနာင္းၿမိဳ႕မွာ အသက္ (၁၈) ႏွစ္ အရြယ္ ထုိင္းေက်ာင္းသူတစ္ဦး အသတ္ခံရမႈနဲ႔ပတ္သက္ၿပီး ထိုင္းရဲတပ္ဖြဲ႕က ထုိင္းႏုိင္ငံေရာက္ ျမန္မာေရလုပ္သား (၄) ဦးကို ဖမ္းဆီးထိန္းသိမ္းထားတာပါ။ (၂၀၁၆) ခုႏွစ္ ဇန္န၀ါရီ (၄) ရက္ေန႔မွာေတာ့ ခ်ဳပ္ရက္ ရမန္ (၄) ပတ္ျပည့္သြားၿပီျဖစ္ေပမယ့္ ထုိင္းရဲတပ္ဖြဲ႕ကေတာ့ ဒီအမႈနဲ႔ပတ္သက္လို႔ အမႈတြဲကို မတင္ႏုိင္ေသးပါဘူး။ တရား႐ုံးကေတာ့ ထုိင္းရဲတပ္ဖြဲ႕ေတြအေနနဲ႔ ဇန္န၀ါရီလ (၁၄) ရက္ေန႔ ေနာက္ဆုံးထားၿပီး တရား႐ုံးကို အမႈတြဲတင္ဖို႔ အမိန္႔ခ်လိုက္ပါတယ္။
ဒီအမႈနဲ႔ပတ္သက္ၿပီး ျမန္မာေရလုပ္သားေတြရဲ႕ အလုပ္ရွင္ကိုယ္တုိင္ကလည္း ျမန္မာလုပ္သား ေတြဘက္က သက္ေသထြက္ဆိုေပးမယ္လုိ႔ ေျပာဆိုထားၿပီး တကယ္လုိ႔ ထုိင္းရဲတပ္ဖြဲ႕အေနနဲ႔ အမႈတြဲတင္ႏုိင္ခဲ့ပါကလည္း တရားေရးအရ ရင္ဆုိင္သြားဖို႔ ထုိင္းေရွ႕ေနေတြနဲ႔အတူ ျပင္ဆင္ထားၿပီး ျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီရေနာင္းလူသတ္မႈစြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ (၂၀) ရက္ေန႔က ထိုင္းရဲတပ္ဖြဲ႕ အေနနဲ႔ ျမန္မာႏုိင္ငံသားႏွစ္ဦးကို ဖမ္းဆီးခဲ့ၿပီး တစ္ဦးကို ျပန္လည္လႊတ္ေပးခဲ့ကာ ေအာက္တိုဘာလ (၂၅) ရက္ေန႔မွာေတာ့ ေနာက္ထပ္ျမန္မာေရလုပ္သား (၃) ဦးကို ထပ္မံဖမ္းဆီးထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္။
MRTV-4
http://www.mrtv4.com.mm/node/7998
..........
ထိုင်းကျောင်းသူတစ်ဦး အသတ်ခံခဲ့ရတဲ့ ရနောင်းလူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ဇန်နဝါရီ (၁၄) ရက်နေ့အထိ တရားရုံးမှာ အမှုတွဲမတင်နိုင်ပါက ထိုင်းဥပဒေအရ ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား (၄) ဦးကို အမှုကနေ လွှတ်ပေး ရမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ (၂၈) ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အသက် (၁၈) နှစ် အရွယ် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရေလုပ်သား (၄) ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။ (၂၀၁၆) ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့မှာတော့ ချုပ်ရက် ရမန် (၄) ပတ်ပြည့်သွားပြီဖြစ်ပေမယ့် ထိုင်းရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ပတ်သက်လို့ အမှုတွဲကို မတင်နိုင်သေးပါဘူး။ တရားရုံးကတော့ ထိုင်းရဲတပ်ဖွဲ့တွေအနေနဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးကို အမှုတွဲတင်ဖို့ အမိန့်ချလိုက်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာရေလုပ်သားတွေရဲ့ အလုပ်ရှင်ကိုယ်တိုင်ကလည်း မြန်မာလုပ်သား တွေဘက်က သက်သေထွက်ဆိုပေးမယ်လို့ ပြောဆိုထားပြီး တကယ်လို့ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အမှုတွဲတင်နိုင်ခဲ့ပါကလည်း တရားရေးအရ ရင်ဆိုင်သွားဖို့ ထိုင်းရှေ့နေတွေနဲ့အတူ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီရနောင်းလူသတ်မှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၂၀) ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ကာ အောက်တိုဘာလ (၂၅) ရက်နေ့မှာတော့ နောက်ထပ်မြန်မာရေလုပ်သား (၃) ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
MRTV-4
http://www.mrtv4.com.mm/node/7998
ရေနာင္းအမႈ သတ္မွတ္ခ်ိန္အတြင္း ထိုင္းရဲတပ္ဖြဲ႕အမႈတြဲမတင္ႏုိင္ပါက ျမန္မာ (၄) ဦး လြတ္ေျမာက္ႏုိင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 06, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment