ဒီကေန႕ေခတ္ကေလးေတြဟာ သူတို႔ရဲ႕အခ်ိန္အမ်ားစုကို ကြန္ျပဴတာဂိမ္းေတြ၊ အင္တာနက္ဂိမ္းေတြနဲ႔ လူမႈကြန္ယက္ေတြမွာ အသံုးခ်ေနတဲ့အတြက္ စာဖတ္ခ်ိန္နည္းလာၿပီး စာေပနဲ႔အလွမ္းေ၀းတာဟာ ၀မ္းနည္းဖို႕ေကာင္းေၾကာင္း NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ အလြတ္က်က္ေျဖပညာေရးစနစ္ဟာ လူငယ္ေတြရဲ႕ ေ၀ဖန္ပိုင္းျခားႏိုင္တဲ့ အေတြးအေခၚနဲ႔ ျပင္ပစာေပ ဖတ္ရႈတာေတြကို ကန္႔သတ္ ပိတ္ပင္ေနတယ္ လို႔လည္း ရန္ကုန္ၿမိဳ႕မွာ က်င္းပေနတဲ့ ႏိုဘယ္-ျမန္မာစာေပပဲြေတာ္အတြက္ ေပးပို႔တဲ့ သူရဲ႕သ၀ဏ္လႊာမွာ ေဖၚျပထားပါတယ္။ အျပည့္အစံုကိုမအင္ၾကင္းႏိုင္က တင္ျပမွာပါ။
ျမန္မာႏိုင္ငံရဲ႕အလြတ္က်က္ေျဖ ပညာေရးစနစ္နဲ႔ ပတ္သက္လို႔ ေခတ္မမွီေတာ့ေၾကာင္း သူရဲ႕အျမင္ကို ၿပီးခဲ့တဲ့ သတင္းပတ္တြင္း ေနျပည္ေတာ္က လႊတ္ေတာ္ကိုလာေရာက္ေလ့လာတဲ့ ရန္ကုန္စီးပြားေရးတကၠသိုလ္က မဟာဘဲြ႕လြန္ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ေတြ႕ဆံုရာမွာ ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျပာဆိုခဲ့ပါတယ္။
“အလြတ္က်က္တာကိုလည္း ဒါပညာရဖို႔အတြက္ အေကာင္းဆံုးနည္းေတာ့မဟုတ္ဘူးေပါ့ေနာ္။ တကယ္ဆိုရင္ေတာ့ ဒါအခုေခတ္မွာ ဆိုရင္ေတာ့ ေခတ္မမွီဘူးလို႔ေျပာရမယ္။ နားလည္ေအာင္ သင္ၿပီးဖို႔ ျပန္ၿပီးေတာ့လုပ္ရမယ္။”
အခုလိုျမန္မာႏိုင္ငံမွာ အလြတ္က်က္ေျဖရတဲ့ ပညာေရးစနစ္အျပင္ စာသင္ခ်ိန္ေတြထဲမွာ စာဖတ္ဖို႕အခ်ိန္ကိုထည့္မထားတာ၊ စာသင္ေက်ာင္းေတြမွာ စာၾကည့္တိုက္ေတြ အလံုအေလာက္ မရွိတာေတြ ေၾကာင့္ ျမန္မာေက်ာင္းသားလူငယ္ေတြဟာ စာေပနဲ႔အလွမ္းေ၀းသြားတာကို သူ႔အေနနဲ႔ ၀မ္းနည္းမိေၾကာင္း စေနေန႔က စတင္ၿပီး သံုးရက္ၾကာက်င္းပတဲ့ ႏိုဘယ္ျမန္မာ စာေပပဲြေတာ္ ဖြင့္ပဲြအခမ္းအနားအတြက္ ေပးပို႔တဲ့ သ၀ဏ္လႊာမွာ ေဒၚေအာင္ဆန္းစုၾကည္က ေရးသား ထားပါတယ္။ ဒါ့အျပင္ ဒီေန႔ေခတ္ လူငယ္ေတြ စာေပဖတ္ရႈဖို႔ အခ်ိန္နည္းလာတဲ့ အေၾကာင္းအရင္း ေတြထဲမွာ နည္းပညာအလြန္ျမင့္တက္လာတာေၾကာင့္ လူေနမႈဘ၀ေတြေျပာင္းလဲလာၿပီး ကေလးေတြဟာ ကြန္ျပဳတာဂိမ္းေတြ၊ အင္တာနက္ဂိမ္းေတြနဲ႔ လူမႈကြန္ယက္ေတြမွာ သူတို႔ရဲ႕ အခ်ိန္ အမ်ားစုကို အသံုးခ်လာေနတာေၾကာင့္ျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ကဆိုပါတယ္။
အခုလို နည္းပညာေၾကာင့္ အေကာင္းအဆိုးရလဒ္ေတြရွိေနရာမွာ လူငယ္ေတြ လမ္းေၾကာင္းမလဲြေအာင္ ေစာင့္ၾကည့္ တည့္မတ္ေပးဖို႔လိုတယ္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ပညာေရးစနစ္ကို လာေရာက္ေလ့လာေနတဲ့ NNER ျမန္မာႏိုင္ငံပညာေရးစနစ္ျပဳျပင္ေျပာင္းလဲေရး ႏိုင္ငံလံုးဆိုင္ရာ ကြန္ယက္ ကိုယ္စားလွယ္အဖဲြ႔၀င္ ကိုစိုးထြန္းက ေျပာပါတယ္။
“ ဒီနည္းပညာမွာ အေကာင္း၊အဆိုးေတြရွိသလိို ထိန္းေက်ာင္းေပးဖို႔လိုပါတယ္။ လူငယ္ေတြအတြက္ကို အခ်ိန္ေတြကုန္ဆံုးၿပီးေတာ့ ျပႆနာရွိႏိုင္တယ္ဆိုတာလည္း က်ေနာ္တို႔လက္ခံပါတယ္။ ဒီအေမရိကန္တခ်ိဳ႕ေက်ာင္းေတြမွာဆိုရင္လည္း ဒီ ဂိမ္းေတြ မွာ လူငယ္ေတြ အခ်ိန္ကုန္ဆံုးေနတဲ့ အေပၚမွာ သူတို႔လည္း စိုးရိမ္မႈေတြနဲ႔ ေစာင့္ၾကည့္ၿပီးေတာ့ သုေသသနလုပ္ၿပီးေတာ့ အဲဒီ ဂိမ္းေတြကို ကစားတဲ့အခါမွာ လူငယ္ေတြကိုလည္း မကစားနဲ႔လို႔ေတာ့ တားလို႔မရဘူးေပါ့ေနာ္။ တားလို႔မရတဲ့အခါမွာ ဥာဏ္ေရထက္ျမတ္ေစတဲ့ ဂိမ္းေတြ အဲဒါေတြကိုဖန္တီးၿပီးေတာ့မွ လုပ္လာတာေတြေတြ႕ရတယ္။ အဓိကကေတာ့ တာ၀န္ယူမႈ တာ၀န္ခံမႈရွိတဲ့ လူႀကီးပိုင္းေတြက သူတို႔ရဲ႕ မ်ိဳးစက္ေတြေပၚမွာ ဘယ္လိုေစာင့္ၾကည့္ၿပီးေတာ့၊ ဘယ္လိုတည့္မွတ္ေပးမလဲ လမ္းေၾကာင္းေတြမလြဲသြားေအာင္ေပါ့ေနာ္ ၊ အဲဒါေတြကေတာ့ အေမွ်ာ္အျမင္ရွိတဲ့ ဦးေဆာင္တဲ့လူေတြက အေရးႀကီးတာေပါ့ေလ။”
ျမန္မာႏိုင္ငံမွာ စာၾကည့္တိုက္ရွိတဲ့ ၿမိဳ႕၊ ေက်းရြာ၊ ရပ္ကြက္ဆိုတာမ်ဳိး အင္မတန္ရွားပါး လာတာဟာလည္း လူငယ္ေတြအတြက္ စာေပေလ့လာဖတ္ရႈဖို႔အားနည္းခ်က္ေတြျဖစ္ေစတယ္လို႕ ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပသလို ကိုစိုးထြန္းကေတာ့စာၾကည့္တိုက္ေတြအစား အရက္ဆိုင္ေတြ၊ ဂိမ္းဆိုင္ေတြပိုၿပီးမ်ားေနတယ္လို႔ ေျပာပါတယ္။
“က်ေနာ္တို႔တိုင္းျပည္မွာ စာၾကည့္တိုက္ေတြနဲ႔ ယွဥ္ရင္ အရက္ဆိုင္ေတြမ်ားေနတာေပါ့ေနာ္၊ အဲဒီလိုပဲ ဒီၿမိဳ႕ေတြမွာလည္းဖြင့္တာေတြက စာၾကည့္တိုက္ေတြ ၊ စာအုပ္ဆိုင္ေတြဖြင့္မယ့္အစား ဂိမ္းစင္တာေတြက ပိုၿပီးတိုးလာတာေတြမ်ားေနတယ္ေပါ့ေနာ္။ အဲေတာ့ စာဖတ္ၿပီးေတာ့ က်ေနာ္တို႔ ရမယ့္ဟာေတြစာၾကည့္တိုက္ေတြမရွိေပမယ့္လည္း က်ေနာ္တို႔ Online စာအုပ္ဆိုင္ေတြ ကေနၿပီးေတာ့ က်ေနာ္တို႔ေက်ာင္းသားေတြကို ဘယ္လိုေပးႏိုင္မလဲေပါ့ေနာ္ ၊ application ေတြအမ်ားႀကီးရွိတယ္၊ အဲဒီကေနၿပီးေတာ့ ေက်ာင္းသားေတြကို ဖုန္းတလံုးနဲ႕ က်ေနာ္တို႔ ရွာေဖြၿပီးေတာ့ သိႏိုင္ေအာင္ေပါ့ေနာ္၊ online စာအုပ္စဥ္ေတြအေနနဲ႔ လုပ္ေပးႏိုင္တာမ်ိဳးေပါ့ေနာ္ ၊ computerေတြ၊ notepad ေတြ၊ laptop ေတြ ေပါ့ေပါ့ပါးပါးသယ္ႏိုင္တဲ့ ပစၥည္းေတြကေန ထည့္ထားႏိုင္တဲ့အေနအထားမ်ိဳး အဲေတာ့ ကိုယ္သိခ်င္တာေတြကို ခုနက application ေတြနဲ႔ google search ေတြနဲ႔ ေကာင္းေကာင္းရွာႏိုင္တဲ့ဟာမ်ိဳး က်ေနာ္တို႔ လုပ္ေပးၿပီးေတာ့ လူငယ္ေတြကို စာဖတ္ခ်င္စိတ္ႀကီး လာေအာင္လို႔ က်ေနာ္တို႔လုပ္ေပးရမွာကေတာ့ အေသအခ်ာပဲေပါ့ေနာ္။”
ႏိုဘယ္ျမန္မာစာေပပဲြေတာ္အတြက္ ေပးပို႔တဲ့သ၀ဏ္လႊာမွာလည္း ကေလးေတြစာဖတ္ခ်င္ေအာင္ ၀ိုင္း၀န္းႀကိဳးပမ္းၾကဖို႕နဲ႔ ကေလးစာအုပ္ေတြပိုၿပီးေရးသားထုတ္ေ၀ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းထားပါတယ္။
ျမန္မာစာေပဖြံ႕ၿဖိဳးတိုးတက္ေရးအပါအ၀င္ ကေလးစာေပက႑ ျမွင့္တင္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ၂၀၁၅ ခုႏွစ္ ကစၿပီး တႏွစ္တႀကိမ္က်င္းပတဲ့ ႏိုဘယ္ျမန္မာစာေပပဲြေတာ္ကို ဇန္န၀ါရီလ (၁၆) ရက္ေန႔ကေန (၁၈)ရက္ေန႔ထိ ရန္ကုန္ၿမိဳ႕မွာက်င္းပေနတာျဖစ္ပါတယ္။
အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............
ဒီကနေ့ခေတ်ကလေးတွေဟာ သူတို့ရဲ့အချိန်အများစုကို ကွန်ပြူတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ အသုံးချနေတဲ့အတွက် စာဖတ်ချိန်နည်းလာပြီး စာပေနဲ့အလှမ်းဝေးတာဟာ ၀မ်းနည်းဖို့ကောင်းကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အလွတ်ကျက်ဖြေပညာရေးစနစ်ဟာ လူငယ်တွေရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်နဲ့ ပြင်ပစာပေ ဖတ်ရှုတာတွေကို ကန့်သတ် ပိတ်ပင်နေတယ် လို့လည်း ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ နိုဘယ်-မြန်မာစာပေပွဲတော်အတွက် ပေးပို့တဲ့ သူရဲ့သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကိုမအင်ကြင်းနိုင်က တင်ပြမှာပါ။
မြန်မာနိုင်ငံရဲ့အလွတ်ကျက်ဖြေ ပညာရေးစနစ်နဲ့ ပတ်သက်လို့ ခေတ်မမှီတော့ကြောင်း သူရဲ့အမြင်ကို ပြီးခဲ့တဲ့ သတင်းပတ်တွင်း နေပြည်တော်က လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မဟာဘွဲ့လွန်ကျောင်းသူ၊ ကျောင်းသားတွေနဲ့တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။
“အလွတ်ကျက်တာကိုလည်း ဒါပညာရဖို့အတွက် အကောင်းဆုံးနည်းတော့မဟုတ်ဘူးပေါ့နော်။ တကယ်ဆိုရင်တော့ ဒါအခုခေတ်မှာ ဆိုရင်တော့ ခေတ်မမှီဘူးလို့ပြောရမယ်။ နားလည်အောင် သင်ပြီးဖို့ ပြန်ပြီးတော့လုပ်ရမယ်။”
အခုလိုမြန်မာနိုင်ငံမှာ အလွတ်ကျက်ဖြေရတဲ့ ပညာရေးစနစ်အပြင် စာသင်ချိန်တွေထဲမှာ စာဖတ်ဖို့အချိန်ကိုထည့်မထားတာ၊ စာသင်ကျောင်းတွေမှာ စာကြည့်တိုက်တွေ အလုံအလောက် မရှိတာတွေ ကြောင့် မြန်မာကျောင်းသားလူငယ်တွေဟာ စာပေနဲ့အလှမ်းဝေးသွားတာကို သူ့အနေနဲ့ ၀မ်းနည်းမိကြောင်း စနေနေ့က စတင်ပြီး သုံးရက်ကြာကျင်းပတဲ့ နိုဘယ်မြန်မာ စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ရေးသား ထားပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ် လူငယ်တွေ စာပေဖတ်ရှုဖို့ အချိန်နည်းလာတဲ့ အကြောင်းအရင်း တွေထဲမှာ နည်းပညာအလွန်မြင့်တက်လာတာကြောင့် လူနေမှုဘဝတွေပြောင်းလဲလာပြီး ကလေးတွေဟာ ကွန်ပြုတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ သူတို့ရဲ့ အချိန် အများစုကို အသုံးချလာနေတာကြောင့်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
အခုလို နည်းပညာကြောင့် အကောင်းအဆိုးရလဒ်တွေရှိနေရာမှာ လူငယ်တွေ လမ်းကြောင်းမလွဲအောင် စောင့်ကြည့် တည့်မတ်ပေးဖို့လိုတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လာရောက်လေ့လာနေတဲ့ NNER မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် ကိုယ်စားလှယ်အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။
“ ဒီနည်းပညာမှာ အကောင်း၊အဆိုးတွေရှိသလိို ထိန်းကျောင်းပေးဖို့လိုပါတယ်။ လူငယ်တွေအတွက်ကို အချိန်တွေကုန်ဆုံးပြီးတော့ ပြဿနာရှိနိုင်တယ်ဆိုတာလည်း ကျနော်တို့လက်ခံပါတယ်။ ဒီအမေရိကန်တချို့ကျောင်းတွေမှာဆိုရင်လည်း ဒီ ဂိမ်းတွေ မှာ လူငယ်တွေ အချိန်ကုန်ဆုံးနေတဲ့ အပေါ်မှာ သူတို့လည်း စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်ပြီးတော့ သုသေသနလုပ်ပြီးတော့ အဲဒီ ဂိမ်းတွေကို ကစားတဲ့အခါမှာ လူငယ်တွေကိုလည်း မကစားနဲ့လို့တော့ တားလို့မရဘူးပေါ့နော်။ တားလို့မရတဲ့အခါမှာ ဉာဏ်ရေထက်မြတ်စေတဲ့ ဂိမ်းတွေ အဲဒါတွေကိုဖန်တီးပြီးတော့မှ လုပ်လာတာတွေတွေ့ရတယ်။ အဓိကကတော့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လူကြီးပိုင်းတွေက သူတို့ရဲ့ မျိုးစက်တွေပေါ်မှာ ဘယ်လိုစောင့်ကြည့်ပြီးတော့၊ ဘယ်လိုတည့်မှတ်ပေးမလဲ လမ်းကြောင်းတွေမလွဲသွားအောင်ပေါ့နော် ၊ အဲဒါတွေကတော့ အမျှော်အမြင်ရှိတဲ့ ဦးဆောင်တဲ့လူတွေက အရေးကြီးတာပေါ့လေ။”
မြန်မာနိုင်ငံမှာ စာကြည့်တိုက်ရှိတဲ့ မြို့၊ ကျေးရွာ၊ ရပ်ကွက်ဆိုတာမျိုး အင်မတန်ရှားပါး လာတာဟာလည်း လူငယ်တွေအတွက် စာပေလေ့လာဖတ်ရှုဖို့အားနည်းချက်တွေဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသလို ကိုစိုးထွန်းကတော့စာကြည့်တိုက်တွေအစား အရက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေပိုပြီးများနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့တိုင်းပြည်မှာ စာကြည့်တိုက်တွေနဲ့ ယှဉ်ရင် အရက်ဆိုင်တွေများနေတာပေါ့နော်၊ အဲဒီလိုပဲ ဒီမြို့တွေမှာလည်းဖွင့်တာတွေက စာကြည့်တိုက်တွေ ၊ စာအုပ်ဆိုင်တွေဖွင့်မယ့်အစား ဂိမ်းစင်တာတွေက ပိုပြီးတိုးလာတာတွေများနေတယ်ပေါ့နော်။ အဲတော့ စာဖတ်ပြီးတော့ ကျနော်တို့ ရမယ့်ဟာတွေစာကြည့်တိုက်တွေမရှိပေမယ့်လည်း ကျနော်တို့ Online စာအုပ်ဆိုင်တွေ ကနေပြီးတော့ ကျနော်တို့ကျောင်းသားတွေကို ဘယ်လိုပေးနိုင်မလဲပေါ့နော် ၊ application တွေအများကြီးရှိတယ်၊ အဲဒီကနေပြီးတော့ ကျောင်းသားတွေကို ဖုန်းတလုံးနဲ့ ကျနော်တို့ ရှာဖွေပြီးတော့ သိနိုင်အောင်ပေါ့နော်၊ online စာအုပ်စဉ်တွေအနေနဲ့ လုပ်ပေးနိုင်တာမျိုးပေါ့နော် ၊ computerတွေ၊ notepad တွေ၊ laptop တွေ ပေါ့ပေါ့ပါးပါးသယ်နိုင်တဲ့ ပစ္စည်းတွေကနေ ထည့်ထားနိုင်တဲ့အနေအထားမျိုး အဲတော့ ကိုယ်သိချင်တာတွေကို ခုနက application တွေနဲ့ google search တွေနဲ့ ကောင်းကောင်းရှာနိုင်တဲ့ဟာမျိုး ကျနော်တို့ လုပ်ပေးပြီးတော့ လူငယ်တွေကို စာဖတ်ချင်စိတ်ကြီး လာအောင်လို့ ကျနော်တို့လုပ်ပေးရမှာကတော့ အသေအချာပဲပေါ့နော်။”
နိုဘယ်မြန်မာစာပေပွဲတော်အတွက် ပေးပို့တဲ့သဝဏ်လွှာမှာလည်း ကလေးတွေစာဖတ်ချင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့နဲ့ ကလေးစာအုပ်တွေပိုပြီးရေးသားထုတ်ဝေကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကလေးစာပေကဏ္ဍ မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ် ကစပြီး တနှစ်တကြိမ်ကျင်းပတဲ့ နိုဘယ်မြန်မာစာပေပွဲတော်ကို ဇန်နဝါရီလ (၁၆) ရက်နေ့ကနေ (၁၈)ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပနေတာဖြစ်ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment