Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 1, 2016

အံ့အားသင့္ဖြယ္ရာ ျမန္မာျပည္ကေန ယူရမယ့္ သင္ခန္းစာ

by Rena Pederson

အားလပ္ရက္ အပန္းေျဖကာလေတြ အဆံုးသတ္ခ်ိန္၊ အေမရိကန္ သမၼတေလာင္း ေရြးခ်ယ္ပြဲလႈပ္ရွားမႈေတြအရွိျမင့္လာခ်ိန္မွာေတာ့ ကမၻာႀကီးရဲ႕ အျခားတစ္ဖက္က ေခါင္းေဆာင္တစ္ေယာက္ရဲ႕ နမူနာကိုၾကည့္ဖို႔ အခ်ိန္ေကာင္း ေရာက္လာပါၿပီ။ အဲဒါ ျမန္မာျပည္ပါ။

ဘာ့ေၾကာင့္ ျမန္မာျပည္ကို ေရြးခ်ယ္ရတာလဲ။ လာမယ့္ မတ္လမွာ လႊတ္ေတာ္ကိုဦးေဆာင္ဖို႔ ျမန္မာျပည္က ေဒၚေအာင္ဆန္းစုၾကည္ဟာ ျပင္ဆင္ေနပါၿပီ။ သူ႔ရဲ႕ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဟာ ၿပီးခဲ့တဲ့ ေဆာင္းဦးေပါက္က ေရြးေကာက္ပြဲမွာ ၈ဝ%နီးပါးနဲ႔ အံ့ၾသဖြယ္ရာ အႏိုင္ရခဲ့လို႔ပါပဲ။

၁၉၈၈ခုႏွစ္ကတည္းကေန စစ္အုပ္ခ်ဳပ္ေရးကို ဆန္႔က်င္တဲ့လႈပ္ရွားမႈႀကီးကို ဦးေဆာင္ခဲ့တဲ့ ႏိုဗယ္ၿငိမ္းခ်မ္းေရးဆုရွင္ရဲ႕ ခံစားခ်က္ေတြကို မွန္းဆၾကည့္မယ္ဆိုရင္ အေပ်ာ္၊ စိတ္သက္သာရာရမႈနဲ႔ ေမာပန္းႏြမ္းနယ္မႈေတြကို ျမင္ေတြ႔ရမွာပါ။ သူမဟာ ေနအိမ္အက်ယ္ခ်ဳပ္အျဖစ္နဲ႔ ၁၅ႏွစ္ေက်ာ္ၾကာ ေနထိုင္ခဲ့ရပါတယ္။ ေရြးေကာက္ပြဲအႏိုင္ရၿပီးတဲ့ေနာက္မွာ ပထမဆံုး ဘာေတြမ်ား လုပ္ေဆာင္မွာပါလဲ။

ပထမဆံုးကေတာ့ သူမဟာ တရားထိုင္ပါတယ္။ အေတြးေတြ တည္ၿငိမ္သြားေစဖို႔နဲ႔ မဲဆြယ္စည္း႐ံုးေရးကာလတစ္ေလွ်ာက္လံုး အပင္ပန္းခံခဲ့ရလို႔ ကုန္ခမ္းသြားတဲ့ အားအင္ေတြ အသစ္တစ္ဖန္ျဖစ္ေရး လုပ္ဖို႔ပါ။ အႀကံေပးေတြ၊ ေဝဖန္သူေတြရဲ႕ ရာေပါင္းမ်ားစြာေသာ လမ္းေၾကာင္းေတြနဲ႔ ႐ႈပ္ေထြးေပြလီေနမယ့္ ကာလအခိုက္အတန္႔ကို ျဖတ္သန္းဖို႔ဆိုရင္ ေခါင္းေဆာင္လုပ္သူေတြဟာ ေသေသခ်ာခ်ာ စဥ္းစားရမယ့္အခ်ိန္ေတြ လိုပါတယ္။ ေရတြင္းကိုျပည့္ေအာင္ ျဖည့္ရပါမယ္။ သူတို႔အခ်ိန္လိုပါတယ္။ အဲဒီအတြက္လည္း ယူကိုယူရမွာပါ။

ဒုတိယအေနနဲ႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမိႈက္ေကာက္တဲ့လႈပ္ရွားမႈကို ဦးေဆာင္ၿပီး လူထုအားလံုးပါဝင္လာေအာင္ လုပ္ခဲ့ပါတယ္။ အသက္ ၇ဝအရြယ္ အမ်ဳိးသမီးႀကီးတစ္ေယာက္ဟာ ပလက္စတစ္အိတ္ကိုလက္မွာစြပ္ၿပီး အမိႈက္သ႐ိုက္ေတြကို ေကာက္ယူဖို႔ အားလံုးကို ပူးေပါင္းၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ သူအမိႈက္ေကာက္တာကို ဓာတ္ပံု႐ိုက္တဲ့ သတင္းေထာက္ေတြကိုေကာင္ အမိႈက္ကူေကာက္ဖို႔ ေျပာခဲ့ပါေသးတယ္။ ဒါဟာ ဂႏၶီႀကီးစတိုင္လ္ပါပဲ။ က်မတို႔ရဲ႕ျပႆနာေတြအမ်ားႀကီးေတြထဲက ကိစၥေတြကို ေဒၚေအာင္ဆန္းစုၾကည္က လူတိုင္းဟာ ၿပိဳလဲေနတဲ့သူတို႔တိုင္းျပည္ကို ျပန္လည္တည္ေဆာက္ဖို႔ တာဝန္ရွိတယ္လို႔ ယူဆပါတယ္။ ေဒၚစုမွန္ပါတယ္။ သူဟာ ျပဳျပင္ေျပာင္းလဲရမယ့္ ႏိုင္ငံရဲ႕႐ုပ္ပံုလႊာပါ။ ဒါေပမယ့္ သူတစ္ေယာက္တည္းေတာ့ မလုပ္ႏိုင္ပါဘူး။

တတိယအေနနဲ႔ လက္ရွိအာဏာဆုတ္ကိုင္ထားသူေတြနဲ႔ ေတြ႔ဆံုဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ စစ္အစိုးရလက္ထက္ သူမကို ႏွစ္ေပါင္းမ်ားစြာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ကာမွာ စစ္ေခါင္းေဆာင္တစ္ေယာက္ျဖစ္ခဲ့တဲ့ လက္ရွိသမၼတ ဦးသိန္းစိန္နဲ႔စကားေျပာဖို႔ ကမ္းလွမ္းခဲ့သလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္နဲ႔လည္း ေတြ႔ခဲ့ပါတယ္။ သီးျခားစီေတြ႔ဆံုမႈဟာ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ သေဘာတူညီမႈေတြ ရခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာျပည္ကို ဆယ္စုႏွစ္၂ခုၾကာ ခ်ဳပ္ကိုင္ခဲ့တဲ့ စစ္အာဏာရွင္ႀကီး ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္းသန္းေရႊနဲ႔လည္း ေတြ႔ခဲ့ပါတယ္။ အဲဒီအာဏာရွင္ႀကီးဟာ ဆိုင္ကလုန္းေၾကာင့္ဒုကၡေရာက္ခဲ့သူ သန္းေပါင္းမ်ားစြာကို ေပးအပ္မယ့္အကူအညီေတြကို ဟန္႔တားခဲ့သူ၊ လက္နက္မဲ့ ရဟန္းသံဃာေတာ္ေတြကို တိုက္ခိုက္ခဲ့သူ၊ တိုင္းရင္းသားေက်းရြာေတြကို ဖ်က္စီးခဲ့သူပါ။

အိုမင္းမစြမ္းျဖစ္ေနၿပီျဖစ္တဲ့ အာဏာရွင္ေဟာင္းႀကီးဟာ သူနဲ႔သူ႔မိသားစုအေပၚ ေဒၚေအာင္ဆန္းစုၾကည္က ကလဲ့စားေခ်လိုစိတ္ရွိမရွိ စမ္းသပ္ခ်င္ပံုရပါတယ္။ ေသခ်ာတာကေတာ့ အဲဒီလိုမျဖစ္တဲ့အျပင္ တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးအတြက္ တပ္မေတာ္ကို ဖိတ္ေခၚခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေတာင္အာဖရိကနဲ႔ ခ်က္ကိုစလိုဗက္ကီးယားႏိုင္ငံေတြမွာ ေပၚေပါက္ခဲ့တဲ့ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးလုပ္ငန္းစဥ္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္ကာလေတြမွာ ေသေသခ်ာခ်ာ ေလ့လာခဲ့ပံုရပါတယ္။ အၾကမ္းဖက္မႈနဲ႔ လက္တုံ႔ျပန္မႈေတြဟာ ပိုဆိုးတဲ့အၾကမ္းဖက္မႈေတြကိုပဲ ျဖစ္ေစတယ္ဆိုတာ နားလည္ခဲ့ပံု ရပါတယ္။ အခုေတာ့ အာဏာကိုရေတာ့မယ့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လူေတြကို ခြင့္လႊတ္ၾကဖို႔ ေဆာ္ၾသေနပါတယ္။

စတုတၳအေနနဲ႔ ေဒၚစုဟာ တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုခဲ့ၿပီး အစိုးရအဖြဲ႔ထဲမွာ တိုင္းရင္းသားေတြရဲ႕အသံေတြ ပါဝင္လာဖို႔ အာမခံခ်က္ ေပးခဲ့ပါတယ္။ စားပြဲေပၚမွာေဆြးေႏြးတဲ့ ေနရာခ်ထားမႈေတြဟာ ၾကားဖို႔သင့္ေနပါၿပီ။ ႏွစ္ေပါင္း ၆ဝေက်ာ္ျဖစ္ပြားေနတဲ့ ျမန္မာျပည္က တိုင္းရင္းသားလူမ်ဳိးစုမ်ားနဲ႔ အစိုးရအဆက္ဆက္ၾကားက ေသြးေျမက်ခဲ့တဲ့ ျပည္တြင္းစစ္ႀကီး ရပ္တန္႔သြားဖို႔ ေျဖရွင္းမႈ လိုေနပါတယ္။ ဒါေပမယ့္ အားလံုးပါဝင္မႈကို ေလးစားရပါမယ္။ ေတြ႔ဆုံေဆြးေႏြးဖို႔တံခါးေတြကို ဖြင့္ၿပီး ေဆြးေႏြးမႈေတြကပဲ အေျပာင္းအလဲလမ္းေၾကာင္းကို ေဖာ္ႏိုင္မွာပါ။ ဒီျဖစ္စဥ္နဲ႔ ေတာ္ေတာ္ေလး ႐ႈပ္ေထြးေပမယ့္ အျခားနည္းလမ္းကေတာ့ ပိုဆိုးေစမွာ အမွန္ပါပဲ။

ဟုတ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ လုပ္ခဲ့တာ၊ မလုပ္ရေသးတာေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္တဲ့အသံေတြကေတာ့ ဆက္ၿပီးရွိေနမွာပါ။ စိုးရိမ္ပူပန္ၾကတာကေတာ့ တိုင္းျပည္အုပ္ခ်ဳပ္ဖို႔ လိုအပ္တဲ့အင္အားတစ္ရပ္ သူ႔မွာ မရွိမွာကိုပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေဒၚစုရဲ႕အနီးကပ္ဆံုး အဝန္းအဝိုင္းက ေသးငယ္သလို သူမရဲ႕သဘာဝကလည္း ခက္ခဲတတ္လို႔ပါ။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္လာဖို႔ကို လက္ရွိဖြဲ႔စည္းပံုအေျခခံဥပေဒရဲ႕ တားဆီးပိတ္ဆို႔မႈကို ဘယ္လိုေက်ာ္ျဖတ္ရမလဲဆိုတာကလည္း မေသမခ်ာမေရမရာပါ။ ဒါေပမယ့္ တိုက္႐ုိက္ပဲျဖစ္ျဖစ္ သြယ္ဝိုက္ၿပီးေတာ့ပဲျဖစ္ျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေခါင္းေဆာင္ႀကီးျဖစ္ေနပါၿပီ။ လုပ္ရမွာေတြကေတာ့ -
- တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ အခ်ိန္ယူပါ၊ အႀကံဉာဏ္ေတာင္းခံပါ
- ျပႆနာေတြကိုေျဖရွင္းဖို႔ လူမ်ားမ်ားလိုပါတယ္
- ၿပိဳင္ဘက္ေတြနဲ႔ တံတားထိုးပါ။ ေအဗရာဟင္လင္ကြန္းလုပ္ခဲ့သလိုေပါ့
- မတူညီတဲ့ေနာက္ခံေတြရွိတဲ့လူေတြ ပါဝင္လာဖို႔ ေနရာကိုက်ယ္က်ယ္ဝိုင္းပါ

ပန္းတိုင္ေတြအေၾကာင္းေျပာရတာ လုပ္ရတာထက္ ပိုလြယ္ပါတယ္။ ျမန္မာျပည္အတြက္ေတာ့ ျခြင္းခ်က္ဆိုတာ မရွိပါဘူး။ အေမရိကန္ေရြးေကာက္ပြဲဆိုတာ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈေတြနဲ႔ အထူးအက်ဳိးစီးပြားေတြ ျပည့္လွ်ံေနတတ္တာနဲ႔ ဆန္႔က်င္ဖက္ျဖစ္တဲ့ ျမန္မာျပည္က ေရြးေကာက္ပြဲက ႀကိဳဆိုရမယ့္ကိစၥပါ။
ဒီမိုကေရစီနဲ႔ တရားဥပေဒစိုးမိုးေရး ဝိေရာဓိျဖစ္ေနတဲ့ ကမၻာႀကီးမွာ အားလံုးအတြက္ နမူနာေကာင္းတစ္ခုလိုအပ္ေနပါတယ္။ အာဏာရွင္အစိုးရေတြဆီကေန တာဝန္လႊဲေျပာင္းေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ၿပီး ဒီမိုကေရစီေခါင္းေဆာင္က ခြင့္လႊတ္ၾကဖို႔၊ အားလံုးပါဝင္ဖို႔နဲ႔ ဥပေဒစိုးမိုးေရးေျပာတဲ့ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြ ဘယ္ေလာက္မ်ားမ်ားရွိေနပါသလဲ။

ဒါဟာ ၂ဝ၁၅ခုႏွစ္ရဲ႕ ရွားရွားပါးပါးေအာင္ပြဲနဲ႔ ၂ဝ၁၆ခုႏွစ္ အသြင္ကူးေျပာင္းေရးကိစၥ ျဖတ္သန္းေနတဲ့ ျမန္မာျပည္ဆိုတာ အတိအက်ပါပဲ။

[ေဆာင္းပါးရွင္ Rena Pederson ဟာ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ မိန္႔ခြန္းေရးသားခဲ့သူတစ္ေယာက္ ျဖစ္ခဲ့ၿပီး The Burma Spring စာအုပ္ေရးသူလည္းျဖစ္ပါတယ္။ ဒီေဆာင္းပါးကို The Huffingtonpost စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္]
http://www.huffingtonpost.com/rena-pederson/lessons-from----surprise----burma_b_8903296.html
.......................
အံ့အားသင့်ဖွယ်ရာ မြန်မာပြည်ကနေ ယူရမယ့် သင်ခန်းစာ
by Rena Pederson

အားလပ်ရက် အပန်းဖြေကာလတွေ အဆုံးသတ်ချိန်၊ အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲလှုပ်ရှားမှုတွေအရှိမြင့်လာချိန်မှာတော့ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်က ခေါင်းဆောင်တစ်ယောက်ရဲ့ နမူနာကိုကြည့်ဖို့ အချိန်ကောင်း ရောက်လာပါပြီ။ အဲဒါ မြန်မာပြည်ပါ။

ဘာ့ကြောင့် မြန်မာပြည်ကို ရွေးချယ်ရတာလဲ။ လာမယ့် မတ်လမှာ လွှတ်တော်ကိုဦးဆောင်ဖို့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဆင်နေပါပြီ။ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဆောင်းဦးပေါက်က ရွေးကောက်ပွဲမှာ ၈ဝ%နီးပါးနဲ့ အံ့သြဖွယ်ရာ အနိုင်ရခဲ့လို့ပါပဲ။

၁၉၈၈ခုနှစ်ကတည်းကနေ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ခံစားချက်တွေကို မှန်းဆကြည့်မယ်ဆိုရင် အပျော်၊ စိတ်သက်သာရာရမှုနဲ့ မောပန်းနွမ်းနယ်မှုတွေကို မြင်တွေ့ရမှာပါ။ သူမဟာ နေအိမ်အကျယ်ချုပ်အဖြစ်နဲ့ ၁၅နှစ်ကျော်ကြာ နေထိုင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်မှာ ပထမဆုံး ဘာတွေများ လုပ်ဆောင်မှာပါလဲ။

ပထမဆုံးကတော့ သူမဟာ တရားထိုင်ပါတယ်။ အတွေးတွေ တည်ငြိမ်သွားစေဖို့နဲ့ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်လုံး အပင်ပန်းခံခဲ့ရလို့ ကုန်ခမ်းသွားတဲ့ အားအင်တွေ အသစ်တစ်ဖန်ဖြစ်ရေး လုပ်ဖို့ပါ။ အကြံပေးတွေ၊ ဝေဖန်သူတွေရဲ့ ရာပေါင်းများစွာသော လမ်းကြောင်းတွေနဲ့ ရှုပ်ထွေးပွေလီနေမယ့် ကာလအခိုက်အတန့်ကို ဖြတ်သန်းဖို့ဆိုရင် ခေါင်းဆောင်လုပ်သူတွေဟာ သေသေချာချာ စဉ်းစားရမယ့်အချိန်တွေ လိုပါတယ်။ ရေတွင်းကိုပြည့်အောင် ဖြည့်ရပါမယ်။ သူတို့အချိန်လိုပါတယ်။ အဲဒီအတွက်လည်း ယူကိုယူရမှာပါ။

ဒုတိယအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှိုက်ကောက်တဲ့လှုပ်ရှားမှုကို ဦးဆောင်ပြီး လူထုအားလုံးပါဝင်လာအောင် လုပ်ခဲ့ပါတယ်။ အသက် ရဝအရွယ် အမျိုးသမီးကြီးတစ်ယောက်ဟာ ပလက်စတစ်အိတ်ကိုလက်မှာစွပ်ပြီး အမှိုက်သရိုက်တွေကို ကောက်ယူဖို့ အားလုံးကို ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူအမှိုက်ကောက်တာကို ဓာတ်ပုံရိုက်တဲ့ သတင်းထောက်တွေကိုကောင် အမှိုက်ကူကောက်ဖို့ ပြောခဲ့ပါသေးတယ်။ ဒါဟာ ဂန္ဓီကြီးစတိုင်လ်ပါပဲ။ ကျမတို့ရဲ့ပြဿနာတွေအများကြီးတွေထဲက ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းဟာ ပြိုလဲနေတဲ့သူတို့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒေါ်စုမှန်ပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရမယ့် နိုင်ငံရဲ့ရုပ်ပုံလွှာပါ။ ဒါပေမယ့် သူတစ်ယောက်တည်းတော့ မလုပ်နိုင်ပါဘူး။

တတိယအနေနဲ့ လက်ရှိအာဏာဆုတ်ကိုင်ထားသူတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ စစ်အစိုးရလက်ထက် သူမကို နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ကာမှာ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့စကားပြောဖို့ ကမ်းလှမ်းခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ခဲ့ပါတယ်။ သီးခြားစီတွေ့ဆုံမှုဟာ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ကို ဆယ်စုနှစ်၂ခုကြာ ချုပ်ကိုင်ခဲ့တဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်း တွေ့ခဲ့ပါတယ်။ အဲဒီအာဏာရှင်ကြီးဟာ ဆိုင်ကလုန်းကြောင့်ဒုက္ခရောက်ခဲ့သူ သန်းပေါင်းများစွာကို ပေးအပ်မယ့်အကူအညီတွေကို ဟန့်တားခဲ့သူ၊ လက်နက်မဲ့ ရဟန်းသံဃာတော်တွေကို တိုက်ခိုက်ခဲ့သူ၊ တိုင်းရင်းသားကျေးရွာတွေကို ဖျက်စီးခဲ့သူပါ။

အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ အာဏာရှင်ဟောင်းကြီးဟာ သူနဲ့သူ့မိသားစုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကလဲ့စားချေလိုစိတ်ရှိမရှိ စမ်းသပ်ချင်ပုံရပါတယ်။ သေချာတာကတော့ အဲဒီလိုမဖြစ်တဲ့အပြင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် တပ်မတော်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်အာဖရိကနဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေကို နေအိမ်အကျယ်ချုပ်ကာလတွေမှာ သေသေချာချာ လေ့လာခဲ့ပုံရပါတယ်။ အကြမ်းဖက်မှုနဲ့ လက်တုံ့ပြန်မှုတွေဟာ ပိုဆိုးတဲ့အကြမ်းဖက်မှုတွေကိုပဲ ဖြစ်စေတယ်ဆိုတာ နားလည်ခဲ့ပုံ ရပါတယ်။ အခုတော့ အာဏာကိုရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ လူတွေကို ခွင့်လွှတ်ကြဖို့ ဆော်သြနေပါတယ်။

စတုတ္ထအနေနဲ့ ဒေါ်စုဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားတွေရဲ့အသံတွေ ပါဝင်လာဖို့ အာမခံချက် ပေးခဲ့ပါတယ်။ စားပွဲပေါ်မှာဆွေးနွေးတဲ့ နေရာချထားမှုတွေဟာ ကြားဖို့သင့်နေပါပြီ။ နှစ်ပေါင်း ၆ဝကျော်ဖြစ်ပွားနေတဲ့ မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုများနဲ့ အစိုးရအဆက်ဆက်ကြားက သွေးမြေကျခဲ့တဲ့ ပြည်တွင်းစစ်ကြီး ရပ်တန့်သွားဖို့ ဖြေရှင်းမှု လိုနေပါတယ်။ ဒါပေမယ့် အားလုံးပါဝင်မှုကို လေးစားရပါမယ်။ တွေ့ဆုံဆွေးနွေးဖို့တံခါးတွေကို ဖွင့်ပြီး ဆွေးနွေးမှုတွေကပဲ အပြောင်းအလဲလမ်းကြောင်းကို ဖော်နိုင်မှာပါ။ ဒီဖြစ်စဉ်နဲ့ တော်တော်လေး ရှုပ်ထွေးပေမယ့် အခြားနည်းလမ်းကတော့ ပိုဆိုးစေမှာ အမှန်ပါပဲ။

ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တာ၊ မလုပ်ရသေးတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အသံတွေကတော့ ဆက်ပြီးရှိနေမှာပါ။ စိုးရိမ်ပူပန်ကြတာကတော့ တိုင်းပြည်အုပ်ချုပ်ဖို့ လိုအပ်တဲ့အင်အားတစ်ရပ် သူ့မှာ မရှိမှာကိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒေါ်စုရဲ့အနီးကပ်ဆုံး အဝန်းအဝိုင်းက သေးငယ်သလို သူမရဲ့သဘာဝကလည်း ခက်ခဲတတ်လို့ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တားဆီးပိတ်ဆို့မှုကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကလည်း မသေမချာမရေမရာပါ။ ဒါပေမယ့် တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကြီးဖြစ်နေပါပြီ။ လုပ်ရမှာတွေကတော့ -
- တစ်ခုခုလုပ်တော့မယ်ဆိုရင် အချိန်ယူပါ၊ အကြံဉာဏ်တောင်းခံပါ
- ပြဿနာတွေကိုဖြေရှင်းဖို့ လူများများလိုပါတယ်
- ပြိုင်ဘက်တွေနဲ့ တံတားထိုးပါ။ အေဗရာဟင်လင်ကွန်းလုပ်ခဲ့သလိုပေါ့
- မတူညီတဲ့နောက်ခံတွေရှိတဲ့လူတွေ ပါဝင်လာဖို့ နေရာကိုကျယ်ကျယ်ဝိုင်းပါ

ပန်းတိုင်တွေအကြောင်းပြောရတာ လုပ်ရတာထက် ပိုလွယ်ပါတယ်။ မြန်မာပြည်အတွက်တော့ ခြွင်းချက်ဆိုတာ မရှိပါဘူး။ အမေရိကန်ရွေးကောက်ပွဲဆိုတာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ အထူးအကျိုးစီးပွားတွေ ပြည့်လျှံနေတတ်တာနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ မြန်မာပြည်က ရွေးကောက်ပွဲက ကြိုဆိုရမယ့်ကိစ္စပါ။
ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ဝိရောဓိဖြစ်နေတဲ့ ကမ္ဘာကြီးမှာ အားလုံးအတွက် နမူနာကောင်းတစ်ခုလိုအပ်နေပါတယ်။ အာဏာရှင်အစိုးရတွေဆီကနေ တာဝန်လွှဲပြောင်းတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပြီး ဒီမိုကရေစီခေါင်းဆောင်က ခွင့်လွှတ်ကြဖို့၊ အားလုံးပါဝင်ဖို့နဲ့ ဥပဒေစိုးမိုးရေးပြောတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဘယ်လောက်များများရှိနေပါသလဲ။

ဒါဟာ ၂ဝ၁၅ခုနှစ်ရဲ့ ရှားရှားပါးပါးအောင်ပွဲနဲ့ ၂ဝ၁၆ခုနှစ် အသွင်ကူးပြောင်းရေးကိစ္စ ဖြတ်သန်းနေတဲ့ မြန်မာပြည်ဆိုတာ အတိအကျပါပဲ။

[ဆောင်းပါးရှင် Rena Pederson ဟာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မိန့်ခွန်းရေးသားခဲ့သူတစ်ယောက် ဖြစ်ခဲ့ပြီး The Burma Spring စာအုပ်ရေးသူလည်းဖြစ်ပါတယ်။ ဒီဆောင်းပါးကို The Huffingtonpost စာမျက်နှာမှာ ဖော်ပြထားပါတယ်]

No comments:

Post a Comment