Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

ေလယာဥ္ေပၚက ျပဳတ္က်လာတဲ့ အညစ္အေၾကးထုပ္ေၾကာင့္ အိႏၵိယအမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ



ေလယာဥ္ေပၚက အညစ္အေၾကးအျဖစ္ စြန္႔ႀကဲလိုက္တဲ့ မစင္နဲ႔ဆီး ေျခာက္ထုပ္ဟာ အိႏိၵယႏိုင္ငံေပၚ ျပဳတ္က်လာခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ပခံုးမွာ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ထိုအမ်ိဳးသမီးဟာ ထို အညစ္အေၾကးေျခာက္ထုပ္ က်လာလာျခင္း အနားက အမိုးတစ္ခုေအာက္ ၀င္လိုက္တာေၾကာင့္ ဦးေခါင္းတည့္တည့္ ျပဳတ္က်လာမယ့္ ဒဏ္ကေန ကာကြယ္လိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ပခံုးကိုေတာ့ ထိခိုက္သြားခဲ့တယ္လို႔ သိရပါတယ္။ Times of India သတင္းဌာနက တင္ျပထားတာကေတာ့ ေဘာလံုးတစ္လံုး အရြယ္အစားရွိတဲ့ ထို အညစ္အေၾကးေျခာက္ထုပ္ဟာ လူေသေစႏိုင္ေလာက္ေအာင္ အေလးခ်ိန္ ႀကီးမားတယ္လို႔ သိရပါတယ္။

ထို အညစ္အေၾကးေျခာက္ထုပ္ဟာ ျဖတ္သန္းသြားတဲ့ေလယာဥ္တစ္ခုေပၚကေန မေတာ္တဆ ပစ္ခ်လိုက္မိတာျဖစ္ႏိုင္တယ္လို႔ သက္ဆိုင္ရာ တာ၀န္ရွိသူေတြက ယံုၾကည္ေနၾကပါတယ္။ ဒီအျဖစ္အပ်က္ေတြဟာ Madhya Pradesh ၿမိဳ ႔ Sagar ၿမိဳ ႔နယ္ မွာ ဒီဇင္ဘာ ၁၇ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ ၆၀ အရြယ္ Rajrani Gaud ဆိုသူ အမ်ိဳးသမီးဟာ လမ္းေလွ်ာက္ေနခဲ့တာျဖစ္ပါတယ္။

ေက်ာင္းဆရာမတစ္ဦးျဖစ္တဲ့ Deepak Jain ကေျပာျပခဲ့တာကေတာ့ "ကၽြန္မဟာ ျပဳတ္က်တဲ့ေနရာနဲ႔ ၂၅ ေပေလာက္အကြာမွာရွိေနခဲ့တာပါ။ ကေလးေတြနဲ႔ ရြာသားေတြအားလံုးလည္း ျပဳတ္က်လာတာကို ျမင္ေတြ႔ခဲ့ၾကၿပီး ေအာ္သံတစ္ခုၾကားေတာ့မွာ အားလံုးဟာ Rajrani ရွိရာကို ေျပးသြားခဲ့ၾကၿပီး ေဆးရံုကို ပို႔ေဆာင္ေပးခဲ့ၾကတာပါ။" လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာလည္း ၿဗိတိန္ႏိုင္ငံ က စံုတြဲတစ္တြဲ ရဲ ႔အိမ္ေခါင္မိုးေပၚ ေလယာဥ္ေပၚက အညစ္အေၾကးေျခာက္ထုပ္ ျပဳတ္က်လာတဲ့အတြက္ အိမ္ေခါင္မိုးထိခိုက္ ပ်က္စီးခဲ့တဲ့ အလားတူ ျဖစ္ရပ္မ်ိဳး ျဖစ္ပြားခဲ့ပါေသးတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Metro

......................................................

လေယာဉ်ပေါ်က ပြုတ်ကျလာတဲ့ အညစ်အကြေးထုပ်ကြောင့် အိန္ဒိယအမျိုးသမီးတစ်ဦး ဒဏ်ရာရ


လေယာဉ်ပေါ်က အညစ်အကြေးအဖြစ် စွန့်ကြဲလိုက်တဲ့ မစင်နဲ့ဆီး ခြောက်ထုပ်ဟာ အိန္ဒိယနိုင်ငံပေါ် ပြုတ်ကျလာခဲ့ပြီး အမျိုးသမီးတစ်ဦး ပခုံးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုအမျိုးသမီးဟာ ထို အညစ်အကြေးခြောက်ထုပ် ကျလာလာခြင်း အနားက အမိုးတစ်ခုအောက် ၀င်လိုက်တာကြောင့် ဦးခေါင်းတည့်တည့် ပြုတ်ကျလာမယ့် ဒဏ်ကနေ ကာကွယ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပခုံးကိုတော့ ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။ Times of India သတင်းဌာနက တင်ပြထားတာကတော့ ဘောလုံးတစ်လုံး အရွယ်အစားရှိတဲ့ ထို အညစ်အကြေးခြောက်ထုပ်ဟာ လူသေစေနိုင်လောက်အောင် အလေးချိန် ကြီးမားတယ်လို့ သိရပါတယ်။

ထို အညစ်အကြေးခြောက်ထုပ်ဟာ ဖြတ်သန်းသွားတဲ့လေယာဉ်တစ်ခုပေါ်ကနေ မတော်တဆ ပစ်ချလိုက်မိတာဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။ ဒီအဖြစ်အပျက်တွေဟာ Madhya Pradesh မြို ့ Sagar မြို ့နယ် မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၆၀ အရွယ် Rajrani Gaud ဆိုသူ အမျိုးသမီးဟာ လမ်းလျှောက်နေခဲ့တာဖြစ်ပါတယ်။

ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ Deepak Jain ကပြောပြခဲ့တာကတော့ "ကျွန်မဟာ ပြုတ်ကျတဲ့နေရာနဲ့ ၂၅ ပေလောက်အကွာမှာရှိနေခဲ့တာပါ။ ကလေးတွေနဲ့ ရွာသားတွေအားလုံးလည်း ပြုတ်ကျလာတာကို မြင်တွေ့ခဲ့ကြပြီး အော်သံတစ်ခုကြားတော့မှာ အားလုံးဟာ Rajrani ရှိရာကို ပြေးသွားခဲ့ကြပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတာပါ။" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာလည်း ဗြိတိန်နိုင်ငံ က စုံတွဲတစ်တွဲ ရဲ ့အိမ်ခေါင်မိုးပေါ် လေယာဉ်ပေါ်က အညစ်အကြေးခြောက်ထုပ် ပြုတ်ကျလာတဲ့အတွက် အိမ်ခေါင်မိုးထိခိုက် ပျက်စီးခဲ့တဲ့ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment