ပါရီႏွင့္ ကိုပင္ေဟဂင္တြင္ ေတြ႕ရေသာ ညစ္ညမ္းစာအုပ္ဆိုင္မ်ား ျပည့္တန္ဆာမ်ားကို ကြ်န္မ ရြံ႕ရွာသည္။ ဆြစ္ဇာလန္တြင္ ေတြ႕ရသည့္ သားေမႊးကုတ္အက်ီ ၤတဖားဖား ဇိမ္ခံကားႀကီးမ်ား တေျပာင္ေျပာင္ စိန္းနားကပ္မ်ား တလက္လက္ျဖင့္ အလြန္အမင္း ခ်မ္းသာႂ ကြယ္ဝသူမ်ားက္ု္ိ မုန္းတီးမိသည္။ အေနာက္ႏိုင္ငံမ်ားသည္ ဆ္ု္ိးညစ္ယုတ္မာသည္ဆိုေသာ ယံုမွားမႈကို ငယ္ရြယ္စဥ္ကတည္းက ရိုက္သြင္းခံထားရသည္။ ထို႔ေၾကာင့္ အေနာက္ႏိုင္ငံမ်ားကို ရႈျမင္သည့္ ထ္ုိယံုမွားမႈမွ တစ္ဆင့္သာ ၾကည့္တတ္ေတာ့သည္။
ကြ်န္မသည္ ဟန္ေဆာင္လႈပ္ရွား သြားလာရသျဖင့္ အေနာက္ႏိုင္ငံမ်ား၏ တကယ့္ဘဝ အေျခအေနမွန္ကို အာရံုမစိုက္အားခဲ့။ ရဲမ်ားကို ျမင္ရသည့္အခါတိုင္း စိတ္ပူေနရသည္။ဂ်ပန္ခရီးသြားမ်ားကို အုပ္စုလိုက္ ေတြ႕ရသည့္အခါ မၾကာခဏဆိုသလို ကြ်န္မတို႔အား လာေရာက္စကားေျပာ ေရာေႏွာသည္ကို ေရွာင္ရွားရသည္မွာ ဒုကၡတစ္မ်ဴ ိး ျဖစ္သည္။ အၿမဲတမ္း စိတ္ထင့္ေနရသည့္အတြက္ အေနာက္ကမာၻကို ခြဲျခမ္းစိတ္ျဖာ မၾကည့္ျမင္ႏိုင္ခဲ့။
မည္သို႔ပင္ျဖစ္ေစ ဆြစ္ဇာလန္၏ အသက္ရွဴ မွားဖြယ္ သဘာဝရွဴ ေမွ်ာ္ခင္းမ်ားက္ုိေတာ့ မေမ့ႏိုင္။ ဂ်နီဗာ ေရကန္ေဘးမွ ကြ်န္မတို႔ တည္းခိုေသာ ဟိုတယ္သည္ ပို႔စကတ္ထဲမွ ထြက္လာသည့္အလား ထင္မွားဖြယ္ရာ။ ကြ်န္မသာ ေရြးခ်ယ္ခြင့္ရွိမည္ဆိုလွ်င္ ဆြစ္ဇာလန္၌ ေဒသခံ ေထာက္လွမ္းေရး ေအးဂ်င့္အျဖစ္ တာဝန္ထမ္းေဆာင္ခ်င္သည္။ နတ္ဘံုနတ္နန္းကဲ့သို႔ သာယာလွပေသာ ဆြစ္ဇာလန္မွ ကြ်န္မမျပန္ခ်င္။
ဟိုတယ္နားတြင္ အိႏၵိယမွ ခရီးသြားအုပ္စုသည္ ႏွင္းခဲမ်ားကို အထူးအဆန္းသဖြယ္ ကိုင္တြယ္ ၾကည့္ရႈၾကသည္ကို ေတြ႕ရသည္။ ကြ်န္မတ္ု႔ိ ခရီးစဥ္အတြက္ အသံုးစရိတ္ ေဒၚလာတစ္ေသာင္း ထုတ္ေပးထားသည္။ ထိုေငြကို ကိုယ္ေရးကိုယ္တာ သံုးခြင့္မရွိ။ လုပ္ငန္းကိစၥ သံုးစြဲရန္သာျဖစ္သည္။ သို႔ေသာ္ ထိုေငြမ်ားထဲမွ ႒ာနအႀကီးအကဲ ႏွင့္ သမၼတႀကီး အတြက္ အိမ္ျပန္လက္ေဆာင္ ဝယ္သြားရမည္ ျဖစ္သည္။ ဤသည္မွာ ေျမာက္ကိုရီးယားတြင္ ထံုးစံပင္ျဖစ္သည္။ ႏို္င္ငံျခားသို႔ ေစလႊတ္ခံရသည့္အတြက္ အထက္လူႀကီးမ်ားအား တံု႔ျပန္ေက်းဇူးျပဳသည့္ သေဘာျဖစ္သည္။ ကြ်န္မတ္ုိ႔ လက္ေဆာင္အျဖစ္ ဝယ္သြားသည့္ ပစၥည္းမ်ားမွာ အေနာက္ႏိုင္ငံအေနအထားျဖင့္ဆ္ုိလွ်င္ မေျပာပေလာက္သည့္ ပစၥည္းမ်ားသာ ျဖစ္သည္။ ေဘာပင္ မီးျခစ္ စသည္တို႔သာ ျဖစ္သည္။ သို႔ေသာ္ ေျမာက္ကိုရီးယားတြင္ ထိုပစၥည္းမ်ားသည္ ရွားပါးကုန္မ်ား ျဖစ္သည္။ အဘ ကင္ဆံုအီကမူ ကိုယ္ပုိင္သံုးရန္ ေရႊမီးျခစ္တစ္လံုး ဝယ္သည္။
လက္ပတ္နာရီသည္ ေျမာက္ကိုရီးယားတြင္ ရာထူးဂုဏ္သိကၡာ၏ သေကၤတ ျဖစ္သည္။ လက္ေဆာင္ပစၥည္းဆိုင္တြင္ ေတြ႕ရေသာ ေရသူမအရုပ္ေလးကို ကြ်န္မ သေဘာက်သည္။ေရသူမအရုပ္တြင္ အဝတ္အစား မပါသျဖင့္ ေျမာက္ကိုရီးယားသို႔ ျပန္မယူသြားရဲေပ။
ေရႊေရာင္ ၾကက္ေျခခတ္ ဆြဲသီးပါေသာ ဆြဲႀကိဳးတစ္ကံုး ကြ်န္မဝယ္သည္။ အဘကင္ဆံုအီက ဘာမွမေျပာေသာ္လည္း ကြ်န္မဆြဲထားေသာ ဆြဲႀကိဳးကုိ စူးစူးဝါးဝါး စိုက္ၾကည့္သည္။ ကြ်န္မ ေျမာက္ကိုရီးယားသို႔ ျပန္သြားေသာအခါ ေထာက္လွမ္းေရးမွဴ းခ်ဴ ပ္က ဆြဲသီးေလးအတြက္ ကြ်န္မအား ခ်ီးက်ဴ းေျပာဆုိသည္။ "အသြင္ယူ ဟန္ေဆာင္တယ္ဆိုတာ ဒီလိုပစၥည္းမ်ဴ ိးေလးေတြ ထည့္ေပးတတ္ရတယ္။ ဒါမွ ပီျပင္တာ။" ဟုဆိုသည္။ ဟန္ေဆာင္ရန္အတြက္ မဟုတ္ပဲ အလွအပတြက္ ရည္ရြယ္ၿပီး ဝယ္ခဲ့သည္ ဆိုေသာ အခ်က္ကိုမူ ကြ်န္မက မေျပာျပ။
ပါရီတြင္ ကြ်န္မႏွင့္ အဘကင္ဆံုအီ လူခြဲ၍ သြားလာသည့္ အခါမ်ားလည္း ရွိသည္။ ႏွစ္ေယာက္ တြဲ၍ သြားလာသည့္ အခါလည္း ရွိသည္။ ပါရီၿမိဳ႕၏ လွပ်ဴ ိျဖဴ မ်ားသည္ အားက်စရာ။ သက္လတ္ပိုင္း
အမ်ဴ ိးသမီးမ်ားသည္လည္း ဆယ္ေက်ာ္သက္မ်ားကဲ့သို႔ အတင့္ရဲစြာ မလံုမလဲ ဝတ္စားထားၾကသည္ကို ကြ်န္မ အံ့ၾသမိသည္။ အသက္ရွဴ မွားဖြယ္ အေဆာက္အံုမ်ားသည္ လြန္စြာခန္းနားလွသည္။
အဘကင္ဆံုအီသည္ က်င့္ဝတ္သိကၡာႏွင့္ ျပည့္စံုေသာ တကယ့္လူႀကီးလူေကာင္း တစ္ေယာက္ ျဖစ္သည္။ အခန္းတစ္ခန္းထဲတြင္ ေသြးသားမေတာ္စပ္သူ ႏွစ္ေယာက္ အတူတူေနရေသာ္လည္း သူသည္ ကြ်န္မကို ထိပါး ေစာ္ကားလိုစိတ္ မရွိ။ ကြ်န္မကို မေတာ္မတရား ႀကံစဥ္လာမည္ ဆိုပါက ကြ်န္မ၏ ကိုယ္ခံပညာျဖင့္ ေကာင္းေကာင္းဆံုးမလိုက္မည္ဟု ခရီးစဥ္မစမီက ကြ်န္မ စိတ္ကူးခဲ့သည္။ သူသည္ ဝါရင့္ ေအးဂ်င့္ တစ္ဦးျဖစ္ေသာ္လည္း အသက္အရြယ္ႀကီးရင့္ၿပီ ျဖစ္သျဖင့္ ငယ္ရြယ္ျဖတ္လတ္သူ ကြ်န္မအား ယွဥ္ႏိုင္မည္ မဟုတ္။
သူသည္ ကြ်န္မထင္ထားသလို မဟုတ္ ဖခင္တစ္ေယာက္ကဲ့သို႔ ကြ်န္မအား အေလးထား ဆက္ဆံသည္။ ဟန္ေဆာင္လႈပ္ရွားမႈ ပီျပင္ရန္ ကြ်န္မက ဂရုစိုက္လြန္းျခင္းကို သူက သတိေပးသည္။ သူသည္ အေတြ႕အႀကံဳရင့္က်က္ေသာ ေထာက္လွမ္းေရးသမားေကာင္း ျဖစ္သည္။ ဥေရာပတိုက္သို႔ အေခါက္ေပါင္းမ်ားစြာ ေရာက္ခဲ့ၿပီး ျဖစ္သျဖင့္ ႒ာေနတုိင္းျပည္တြင္ လႈပ္ရွားသြားလာရသကဲ့သို႔ လြန္စြာ အသားက်ေနသူ ျဖစ္သည္။ ထိုကဲ့သို႔ေသာ အရည္အခ်င္းမ်ဴ ိးသည္ အေတြ႕အႀကံဳမွသာရႏိုင္သည္။
ေအးဂ်င့္မ်ားႏွင့္ အတူ လႈပ္ရွားသြားလာရသည့္အခါ ကိုယ့္အေၾကာင္းကို အျခားေအးဂ်င့္မ်ားကို မေျပာျပရန္ ကြ်န္မတို႔အား ၫႊန္ၾကားထားသည္။ ကြ်န္မတို႔သည္ လူသားမ်ားပီပီ ထိုၫႊန္ၾကားခ်က္ကို အတိအက် မလိုက္နာႏိုင္ေပ။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ မသိပဲ အတူ သက္စြန္႔လႈပ္ရွားရန္ ဆိုသည္မွာ မျဖစ္ႏိုင္။
ကင္ဆံုအီသည္ သားႀကီးသမီးႀကီးမ်ား ရွိသည္။ ေျမာက္ကိုရီးယား ေထာက္လွမ္းေရးတြင္ အမႈထမ္းခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီ။ တာဝန္ ထမ္းေဆာင္ရင္း အေမရိကန္အပါအဝင္ ႏိုင္ငံ အမ်ားအျပား ေရာက္ခဲ့သည္။ သူ႔ရုပ္ လကၡဏသည္ ၾကမ္းတမ္း မာေက်ာေသာလည္း အတြင္းစိတ္မွာ ႏူးညံ့ၾကင္နာသူ ျဖစ္သည္။ ကြန္ျမဴ နစ္စနစ္အတြက္ အမႈေတာ္ထမ္းရင္း အသက္ေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့ဖူးမည္မွာသံသယရွိစရာမလိုေပ။သူသည္ အသက္ ၇၀ နား ကပ္ေနၿပီျဖစ္သည္။ နာတာရွည္ ဝမ္းဗိုက္ေဝဒနာကို ခံစားေနရသည္။
အတူတကြ တာဝန္ထမ္းေဆာင္ေနရသည္မွာ ၾကာလာသည္ႏွင့္အမွ် သူႏွင့္ ကြ်န္မ ခင္မင္မႈသည္ တာဝန္အရသာ မဟုတ္ေတာ့ ပုဂၢိဳလ္ေရးအရပါ ရင္းႏွီးလာသည္။ မိသားစုဝင္ တစ္ေယာက္ကဲ့သို႔ ျဖစ္လာသည္။
ပါရီၿမိဳ႕တြင္ ကြ်န္မတို႔ လမ္းခြဲၾကသည္။အဘ ကင္ဆံုအီက ကြ်န္မအား ခ်ားလ္ဒီေဂါေလဆိပ္သို႔ လိုက္ပို႔သည္။ ကြ်န္မက မကာအိုသို႔ ခရီးဆက္ရန္ ျဖစ္သည္။ ကြ်န္မတစ္ေယာက္တည္း ခရီးဆက္ရမည္ကို စိုးရိမ္ေသာ္လည္း စိုးရိမ္သည့္ အမူအရာ မေပၚေစရန္ ႀကိဳးပမ္းေနရသည္။ ေျမာက္ကိုရီးယားသို႔ ျပန္ေရာက္ၿပီး အစီရင္ခံစာ အသီးသီး တင္ျပေသာအခါ ကြ်န္မသည္ စိုးရိမ္ေၾကာင့္ရြံ႕ေနသည္ဟု အဘကင္ဆံုအီ၏ အစီရင္ခံစာတြင္ ပါမသြားေစလို။ခရီးသည္မ်ား ဝင္ေပါက္သို႔ ေရာက္ေသာအခါ သူက ဆက္မလိုက္ႏိုင္ေတာ့ေပ။
"သမီး အုတ္ဟြာ ဂရုစိုက္ၿပီး သြားေပေတာ့" ဟု ကြ်န္မအား ႏႈတ္ဆက္သည္။ တဆက္တည္းပင္ "မကာအိုမွာ ေအးဂ်င့္ေခ်ာင္ ေစာင့္ေနလိမ့္မယ္။ မင္းကို ကြမ္းက်ဴ ိးကို ပို႔ေပးလိမ့္မယ္။ သူတို႔ကို အဘ စက္တင္ဘာ ၂၆ ရက္ေန႔မွာ ေတြ႕မယ္ဆိုတာ ေျပာလိုက္ပါ"
ကြ်န္မက သူ႔ကို ေပြ႕ဖက္ႏႈတ္္ဆက္ရင္း "ကြ်န္မတို႔ ျပန္ေတြ႕ရအံုးမွာလား"
"အမွန္ေျပာရရင္ ငါက အၿငိမ္းစား ယူေတာ့မွာ။ ဘာပဲ ျဖစ္ျဖစ္ေလ ထပ္ေတြ႕ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ မင္း ေဘးမသီရန္မခပါေစနဲ႔"
ကြ်န္မႏွင့္သူ ပါရီေလဆိပ္တြင္ ခြဲခြာၿပီး ျဖစ္ပ်က္သည္မ်ားကို ႏွစ္အတန္ၾကာတြင္ ကြ်န္မ သိခြင့္ရခဲ့သည္။
ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ ကင္ဆံုအီသည္ ေျမာက္ကိုရီးယား ေအးဂ်င့္ႏွင့္ ခ်ိန္းဆိုထားသည့္ အတိုင္း မေတြ႕ဆံုမီ ထိုေအးဂ်င့္ အဖမ္းခံရသည္။ ကင္ဆံုအီ အသက္လုၿပီး ထြက္ေျပးခဲ့ရသည္။ ေအးဂ်င့္သည္ ဆိုးလ္ၿမိဳ႕တြင္ အလွျပင္ဆိုင္ ဖြင့္ထားသည္။ သူ႔အား ေတာင္ကိုရီးယား ေထာက္လွမ္းေရးက မျပတ္ေစာင့္ၾကည့္ေနခဲ့သည္။ ကင္ဆံုအီႏွင့္ မေတြ႕ဆံုမီ အခ်ိန္ေလးတြင္ ေထာက္လွမ္းေရးက အလွျပင္ဆိုင္အား ဝင္စီးရာ ေအးဂ်င့္ ေသဆံုးရသည္။ ၿမိဳ႕၏ ဝင္ေပါက္ထြက္ေပါက္မ်ားကို ခ်က္ခ်င္း ပိတ္ဆို႔ေသာ္လည္း ကင္ဆံုအီသည္ ကံေကာင္း ေထာက္မစြာ လြတ္ေျမာက္လာသည္။ ယင္းသို႔ ပိတ္ဆို႔ျခင္းသည္ ကင္ဆံုအီ ရွိေနသည္ ဆိုသည္ကို ေတာင္ကိုရီးယား အာဏာပိုင္တို႔ သိရွိေၾကာင္း ၫႊန္ျပေနသည္။
ယင္းသို႔ျဖင့္ ေျမာက္ကိုရီးယား ေထာက္လွမ္းေရး အတြင္း မယံုသကၤာမႈမ်ား ေပၚထြက္လာသည္။ ေျမာက္ကုိရီးယား ေထာက္လွမ္းေရးအတြင္း သတင္းေပးရွိေနသေလာ ဆိုသည့္အခ်က္ကို စစ္ေဆးၾကသည္။
ယင္းသို႔ ျဖစ္ပ်က္ေနသည္ကုိ မကာအိုတြင္ ေရာက္ေနသည့္ ကြ်န္မက မသိ။ ေအးဂ်င့္ေခ်ာင္က ေလဆိပ္တြင္ လာႀကိဳသည္။ ကြ်န္မအား မကာအို ၿမိဳ႕တြင္းသို႔ လိုက္ပို႔ေပးသည္။ စီစဥ္ထားသည့္အတိုင္း ျဖစ္လာပါက မကာအိုတြင္ ကြ်န္မအား တာဝန္ခ်ထားေပးႏိုင္သည္ဟုသူက ဆိုသည္။ ထို႔ေၾကာင့္ မကာအိုက္ို ျဖစ္ႏိုင္သမွ် ေလ့လာရန္ သူက အႀကံေပးသည္။
မကာအိုသည္ ေဟာင္ေကာင္ကဲ့သို႔ အရင္းရွင္တို႔ နိဗၺာန္ဘံုျဖစ္သည္။ အခ်က္အခ်ာေနရာမ်ားတြင္ ေလာင္းကစားရံုမ်ား ႏွင့္ ဇိမ္ခံဟိုတယ္ႀကီးမ်ားက ေနရာယူထားသည္။ မကာအိုသည္ အေရွ႕တိုင္းတြင္ ရွိသျဖင့္ ဥေရာပႏွင့္စာလွ်င္ ကြ်န္မအဖုိ႔ သက္ေတာင့္သက္သာ ရွိသည္။
ကြမ္းက်ဴ ိးသို႔ရန္ ဘူတာရံုသို႔ ေအးဂ်င့္ေခ်ာင္က လိုက္ပို႔သည္။ ဤတြင္မွ ကြ်န္မ၏ တစ္ကိုယ္ေတာ္ စြန္႔စားခန္း စေတာ့သည္။ တရုတ္ျပည္သည္ ကြ်န္မ ထင္သလို သူစိမ္းျပင္ျပင္ မဟုတ္ ေျမာက္ကိုရီးယား၏ အိမ္နီးရွင္းႏိုင္ငံျဖစ္သည္။
သာမန္ တရုတ္ျပည္သူတို႔၏ ဘဝကို ေလ့လာသည္။ သူတို႔ဘဝသည္ အားတက္ဖြယ္ရာ ျဖစ္သလ္္ုိ ကြ်န္မတို႔ ေျမာက္ကိုရီးယား ျပည္သူမ်ားအဖို႔ စိတ္ပ်က္ အားငယ္ဖြယ္ရာ ျဖစ္သည္။ သူတို႔၏ လူေနမႈ အဆင့္အတန္းသည္ ကြ်န္မတို႔ထက္ မ်ားသြာသာလြန္သည္။ ေျမာက္ကိုရီးယားသည္ ကမာၻေပၚတြင္ အဆင္းရဲဆံုးႏိုင္ငံ ျဖစ္ေနမည္လားဟုု စဥ္းစားမိသည္။
တရုတ္ျပည္တြင္ ေစ်းဆိုင္မ်ားတြင္ ေရာင္းကုန္ပစၥည္း အျပည့္ရွိသည္။ စားေသာက္ဆိုင္မ်ားသည္ ေစ်းေပါၿပီး ဝန္ေဆာင္မႈလည္း ျပည့္စံုသည္။ ကြမ္းက်ဴ ိးတြင္ ၂ ရက္ေနၿပီး ေပက်င္းသို႔ ခရီးဆက္သည္။ ေပက်င္းသည္ လူဦးေရ ထူထပ္သည္။ လူတိုင္းလို စက္ဘီးစီးၾကသည္။ လူေနမႈအဆင့္အတန္းသည္ အေနာက္ႏိုင္ငံမ်ားကို မမွီေသာ္လည္း ေျမာက္ကုိရီးယားထက္ မ်ားစြာ သာလြန္သည္ကို ေတြ႕ရသည္။ အစားအေသာက္ ျပည့္စံုကံုလံုသည္။ ဇိမ္ခံပစၥည္းအေသးအမႊားမ်ားကို ေမွာင္ခိုေစ်းတြင္ ရႏိုင္သည္။ ကြ်န္မ တိုင္းျပည္အတြက္ ရွက္မိသည္။ ေျမာက္ကိုရီးယားသည္ ယံုႏိုင္ဖြယ္မရွိသည့္ တိုင္းျပည္ျဖစ္သည္။
ေပက်င္းမွ ထြက္ခြာလာေသာအခါ အထက္အရာရွိမ်ား အတြက္ ေလဆိပ္ခြန္လႊတ္ဆိုင္တြင္ လက္ေဆာင္ ပစၥည္းမ်ား ဝယ္သည္။ တိုင္းရင္းေဆးပုလင္း ငါးဘူး ေကာ့ညက္ တစ္ပုလင္း ခဲတံတစ္ဘူး ဝယ္သည္။
ေျမာက္ကိုရီးယားသို႔ ျပန္ေရာက္ေသာအခါ ကြ်န္မတင္ျပရသည့္ ခရီးစဥ္ အစီရင္ခံစာသည္ ယုတၱိမဲ့ေနသည္။ ရယ္ဖို႔လည္းေကာင္းသည္။ဥေရာပ သည္ ကြ်န္မ သင္ယူခဲ့ရသည့္အတိုင္း လက္တစ္ဆုပ္စာ လူတစ္စုသာ ခ်မ္းသာႂ ကြယ္ဝၿပီး လူအမ်ားစုမွာ ဒုကၡပင္လယ္ ေဝေနေၾကာင္း နီယြန္မီး ေရာင္စံုမ်ားေၾကာင့္ ၿမိဳ႕ႀကီးမ်ား အျပင္ပန္းက လွပေနေသာ္လည္း ေနာက္ေဖးလမ္းၾကားတြင္ လူမ်ားသည္ တိရိစာၦန္ကဲ့သို႔ ေနထိုင္ရေၾကာင္း အထက္တန္းစား စားေသာက္ဆိုင္မ်ားတြင္ လာေရာက္စားေသာက္ေနၾကသူမ်ားသည္ ကုပ္ေသြးစုပ္ အရင္းရွင္မ်ားစာ ျဖစ္ေၾကာင္း သူတို႔ႏွင့္ အတူပါလာေသာ ေခြးမ်ား၏ အဝတ္အစားသည္ ဆင္းရဲသားမ်ားထက္ပင္ ေကာင္းမြန္ေၾကာင္း ဤသည္မွာ အရင္းရွင္စနစ္၏ ယုတ္ညံ့မႈကို ထင္ဟပ္ျပသေနေၾကာင္း ေျမာက္ကိုရီးယား ျပည္သူတစ္ေယာက္ ျဖစ္ေနရသည္ကို ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ဝတ္ေရးေနေရးအတြက္ အပူအပင္မရွိပဲ ပညာသင္ၾကား အလုပ္လုပ္ကိုင္ႏိုင္ေၾကာင္း ဤအေတြ႕အႀကံဳေၾကာင့္ ဆိုရွယ္လစ္ နိဗၺာန္ဘံုကို အသက္ႏွင့္လဲကာကြယ္မည့္ ကြ်န္မ၏ သႏၵိ႒ာန္ကို ပိုမိုၿမဲၿမံေစေၾကာင္း ကြ်န္မအား ယခုလို တာဝန္ထမ္းေဆာင္ခြင့္ေပးေသာ အတိုင္းမသိ ႀကီးျမတ္ေသာ ေခါင္းေဆာင္ႀကီးအား ေက်းဇူးတင္ ဦးၫႊတ္ပါေၾကာင္း ကြ်န္မသည္ ေျမာက္ကိုရီးယား ျပည္သူတစ္ေယာက္ ျဖစ္ရသည္မွာ မ်ားစြာကံေကာင္းေၾကာင္း ေက်းဇူးတင္ ဦးၫႊတ္ပါေၾကာင္း ကြ်န္မသည္ ေျမာက္ကိုရီးယား ျပည္သူတစ္ေယာက္ ျဖစ္ရသည္မွာ မ်ားစြာကံေကာင္းေၾကာင္း သံုးသပ္ေရးသား တင္ျပလိုက္သည္။
အလားတူပင္ ကြ်န္မ တာဝန္ထမ္းေဆာင္ျခင္းႏွင့္ အဘကင္ဆံုအီ၏ တာဝန္ထမ္းေဆာင္မႈတို႔ကိုလည္း သံုးသပ္ေရးသားတင္ျပရသည္။ ကိုယ့္ကိုကိုယ္ ေဝဖန္ေရးသားရသလို ကင္ဆံုအီကိုလည္း ေဝဖန္ေရးသားရသည္။ ေဝဖန္ရျခင္းသည္ ကြ်န္မ မလုပ္ခ်င္ဆံုး အလုပ္ျဖစ္သည္။ ထို႔ေၾကာင့္ စကားလံုးမ်ား ရွာေဖြရာတြင္ အခက္အခဲ ေတြ႕ရသည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
January 2 2016
.............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၇
ကျွန်မ၏ ပထမဆုံး ဥရောပအတွေ့အကြုံကို အသေးစိတ် မမှတ်မိတော့။ မြို့ကြီးတိုင်းသည် သန့်ရှင်းသပ်ရပ်ပြီး ဝန်ဆောင်မှုကလည်း ကောင်းမွန်လှသည်။ ဆိုင်တိုင်းတွင် ကုန်ပစ္စည်းများ အမယ်စုံလင်စွာ ပြည့်လျှံနေသည်ကို ကျွန်မ တအံ့တသြ ဖြစ်ရသည်။ လက်ဝတ်ရတနာကဲ့သို့ အဖိုးတန်များကို ကျွန်မ စိတ်မဝင်စား။ အစားအသောက်အမျူ ိးအမည် စုံလင်ခြင်းကို ကျွန်မ အံ့သြမိသည်။ ကျွန်မထံ အပင်းသွင်းထားသည့် မိုက်မဲလှစွာသော ယုံကြည်ချက်ကို အသေဖက်တွယ်ထားဆဲ။ အမြင်တွင် မည်သို့ပင် ဖြစ်စေ ဥရောပမြို့ကြီးများသည် အကျင့်ပျက် လာဘ်စားမှုများဖြင့် ပုပ်သိုးဆွေးမြေ့နေသည်။ မြောက်ကိုရီးယား အဆင့်ကို မမီဟု တမ်းတမ်းစွဲ ယုံကြည်နေသည်။
ပါရီနှင့် ကိုပင်ဟေဂင်တွင် တွေ့ရသော ညစ်ညမ်းစာအုပ်ဆိုင်များ ပြည့်တန်ဆာများကို ကျွန်မ ရွံ့ရှာသည်။ ဆွစ်ဇာလန်တွင် တွေ့ရသည့် သားမွှေးကုတ်အကျီ င်္တဖားဖား ဇိမ်ခံကားကြီးများ တပြောင်ပြောင် စိန်းနားကပ်များ တလက်လက်ဖြင့် အလွန်အမင်း ချမ်းသာြ ကွယ်ဝသူများက်ု်ိ မုန်းတီးမိသည်။ အနောက်နိုင်ငံများသည် ဆ်ု်ိးညစ်ယုတ်မာသည်ဆိုသော ယုံမှားမှုကို ငယ်ရွယ်စဉ်ကတည်းက ရိုက်သွင်းခံထားရသည်။ ထို့ကြောင့် အနောက်နိုင်ငံများကို ရှုမြင်သည့် ထ်ုိယုံမှားမှုမှ တစ်ဆင့်သာ ကြည့်တတ်တော့သည်။
ကျွန်မသည် ဟန်ဆောင်လှုပ်ရှား သွားလာရသဖြင့် အနောက်နိုင်ငံများ၏ တကယ့်ဘဝ အခြေအနေမှန်ကို အာရုံမစိုက်အားခဲ့။ ရဲများကို မြင်ရသည့်အခါတိုင်း စိတ်ပူနေရသည်။ဂျပန်ခရီးသွားများကို အုပ်စုလိုက် တွေ့ရသည့်အခါ မကြာခဏဆိုသလို ကျွန်မတို့အား လာရောက်စကားပြော ရောနှောသည်ကို ရှောင်ရှားရသည်မှာ ဒုက္ခတစ်မျူ ိး ဖြစ်သည်။ အမြဲတမ်း စိတ်ထင့်နေရသည့်အတွက် အနောက်ကမ္ဘာကို ခွဲခြမ်းစိတ်ဖြာ မကြည့်မြင်နိုင်ခဲ့။
မည်သို့ပင်ဖြစ်စေ ဆွစ်ဇာလန်၏ အသက်ရှူ မှားဖွယ် သဘာဝရှူ မျှော်ခင်းများက်ုိတော့ မမေ့နိုင်။ ဂျနီဗာ ရေကန်ဘေးမှ ကျွန်မတို့ တည်းခိုသော ဟိုတယ်သည် ပို့စကတ်ထဲမှ ထွက်လာသည့်အလား ထင်မှားဖွယ်ရာ။ ကျွန်မသာ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ဆွစ်ဇာလန်၌ ဒေသခံ ထောက်လှမ်းရေး အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်ချင်သည်။ နတ်ဘုံနတ်နန်းကဲ့သို့ သာယာလှပသော ဆွစ်ဇာလန်မှ ကျွန်မမပြန်ချင်။
ဟိုတယ်နားတွင် အိန္ဒိယမှ ခရီးသွားအုပ်စုသည် နှင်းခဲများကို အထူးအဆန်းသဖွယ် ကိုင်တွယ် ကြည့်ရှုကြသည်ကို တွေ့ရသည်။ ကျွန်မတ်ု့ိ ခရီးစဉ်အတွက် အသုံးစရိတ် ဒေါ်လာတစ်သောင်း ထုတ်ပေးထားသည်။ ထိုငွေကို ကိုယ်ရေးကိုယ်တာ သုံးခွင့်မရှိ။ လုပ်ငန်းကိစ္စ သုံးစွဲရန်သာဖြစ်သည်။ သို့သော် ထိုငွေများထဲမှ ဋ္ဌာနအကြီးအကဲ နှင့် သမ္မတကြီး အတွက် အိမ်ပြန်လက်ဆောင် ဝယ်သွားရမည် ဖြစ်သည်။ ဤသည်မှာ မြောက်ကိုရီးယားတွင် ထုံးစံပင်ဖြစ်သည်။ နို်င်ငံခြားသို့ စေလွှတ်ခံရသည့်အတွက် အထက်လူကြီးများအား တုံ့ပြန်ကျေးဇူးပြုသည့် သဘောဖြစ်သည်။ ကျွန်မတ်ုိ့ လက်ဆောင်အဖြစ် ဝယ်သွားသည့် ပစ္စည်းများမှာ အနောက်နိုင်ငံအနေအထားဖြင့်ဆ်ုိလျှင် မပြောပလောက်သည့် ပစ္စည်းများသာ ဖြစ်သည်။ ဘောပင် မီးခြစ် စသည်တို့သာ ဖြစ်သည်။ သို့သော် မြောက်ကိုရီးယားတွင် ထိုပစ္စည်းများသည် ရှားပါးကုန်များ ဖြစ်သည်။ အဘ ကင်ဆုံအီကမူ ကိုယ်ပိုင်သုံးရန် ရွှေမီးခြစ်တစ်လုံး ဝယ်သည်။
လက်ပတ်နာရီသည် မြောက်ကိုရီးယားတွင် ရာထူးဂုဏ်သိက္ခာ၏ သင်္ကေတ ဖြစ်သည်။ လက်ဆောင်ပစ္စည်းဆိုင်တွင် တွေ့ရသော ရေသူမအရုပ်လေးကို ကျွန်မ သဘောကျသည်။ရေသူမအရုပ်တွင် အဝတ်အစား မပါသဖြင့် မြောက်ကိုရီးယားသို့ ပြန်မယူသွားရဲပေ။
ရွှေရောင် ကြက်ခြေခတ် ဆွဲသီးပါသော ဆွဲကြိုးတစ်ကုံး ကျွန်မဝယ်သည်။ အဘကင်ဆုံအီက ဘာမှမပြောသော်လည်း ကျွန်မဆွဲထားသော ဆွဲကြိုးကို စူးစူးဝါးဝါး စိုက်ကြည့်သည်။ ကျွန်မ မြောက်ကိုရီးယားသို့ ပြန်သွားသောအခါ ထောက်လှမ်းရေးမှူ းချူ ပ်က ဆွဲသီးလေးအတွက် ကျွန်မအား ချီးကျူ းပြောဆိုသည်။ "အသွင်ယူ ဟန်ဆောင်တယ်ဆိုတာ ဒီလိုပစ္စည်းမျူ ိးလေးတွေ ထည့်ပေးတတ်ရတယ်။ ဒါမှ ပီပြင်တာ။" ဟုဆိုသည်။ ဟန်ဆောင်ရန်အတွက် မဟုတ်ပဲ အလှအပတွက် ရည်ရွယ်ပြီး ဝယ်ခဲ့သည် ဆိုသော အချက်ကိုမူ ကျွန်မက မပြောပြ။
ပါရီတွင် ကျွန်မနှင့် အဘကင်ဆုံအီ လူခွဲ၍ သွားလာသည့် အခါများလည်း ရှိသည်။ နှစ်ယောက် တွဲ၍ သွားလာသည့် အခါလည်း ရှိသည်။ ပါရီမြို့၏ လှပျူ ိဖြူ များသည် အားကျစရာ။ သက်လတ်ပိုင်း
အမျူ ိးသမီးများသည်လည်း ဆယ်ကျော်သက်များကဲ့သို့ အတင့်ရဲစွာ မလုံမလဲ ဝတ်စားထားကြသည်ကို ကျွန်မ အံ့သြမိသည်။ အသက်ရှူ မှားဖွယ် အဆောက်အုံများသည် လွန်စွာခန်းနားလှသည်။
အဘကင်ဆုံအီသည် ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော တကယ့်လူကြီးလူကောင်း တစ်ယောက် ဖြစ်သည်။ အခန်းတစ်ခန်းထဲတွင် သွေးသားမတော်စပ်သူ နှစ်ယောက် အတူတူနေရသော်လည်း သူသည် ကျွန်မကို ထိပါး စော်ကားလိုစိတ် မရှိ။ ကျွန်မကို မတော်မတရား ကြံစဉ်လာမည် ဆိုပါက ကျွန်မ၏ ကိုယ်ခံပညာဖြင့် ကောင်းကောင်းဆုံးမလိုက်မည်ဟု ခရီးစဉ်မစမီက ကျွန်မ စိတ်ကူးခဲ့သည်။ သူသည် ဝါရင့် အေးဂျင့် တစ်ဦးဖြစ်သော်လည်း အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သဖြင့် ငယ်ရွယ်ဖြတ်လတ်သူ ကျွန်မအား ယှဉ်နိုင်မည် မဟုတ်။
သူသည် ကျွန်မထင်ထားသလို မဟုတ် ဖခင်တစ်ယောက်ကဲ့သို့ ကျွန်မအား အလေးထား ဆက်ဆံသည်။ ဟန်ဆောင်လှုပ်ရှားမှု ပီပြင်ရန် ကျွန်မက ဂရုစိုက်လွန်းခြင်းကို သူက သတိပေးသည်။ သူသည် အတွေ့အကြံုရင့်ကျက်သော ထောက်လှမ်းရေးသမားကောင်း ဖြစ်သည်။ ဥရောပတိုက်သို့ အခေါက်ပေါင်းများစွာ ရောက်ခဲ့ပြီး ဖြစ်သဖြင့် ဋ္ဌာနေတိုင်းပြည်တွင် လှုပ်ရှားသွားလာရသကဲ့သို့ လွန်စွာ အသားကျနေသူ ဖြစ်သည်။ ထိုကဲ့သို့သော အရည်အချင်းမျူ ိးသည် အတွေ့အကြံုမှသာရနိုင်သည်။
အေးဂျင့်များနှင့် အတူ လှုပ်ရှားသွားလာရသည့်အခါ ကိုယ့်အကြောင်းကို အခြားအေးဂျင့်များကို မပြောပြရန် ကျွန်မတို့အား ညွှန်ကြားထားသည်။ ကျွန်မတို့သည် လူသားများပီပီ ထိုညွှန်ကြားချက်ကို အတိအကျ မလိုက်နာနိုင်ပေ။ တစ်ယောက်အကြောင်းတစ်ယောက် မသိပဲ အတူ သက်စွန့်လှုပ်ရှားရန် ဆိုသည်မှာ မဖြစ်နိုင်။
ကင်ဆုံအီသည် သားကြီးသမီးကြီးများ ရှိသည်။ မြောက်ကိုရီးယား ထောက်လှမ်းရေးတွင် အမှုထမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ တာဝန် ထမ်းဆောင်ရင်း အမေရိကန်အပါအဝင် နိုင်ငံ အများအပြား ရောက်ခဲ့သည်။ သူ့ရုပ် လက္ခဏသည် ကြမ်းတမ်း မာကျောသောလည်း အတွင်းစိတ်မှာ နူးညံ့ကြင်နာသူ ဖြစ်သည်။ ကွန်မြူ နစ်စနစ်အတွက် အမှုတော်ထမ်းရင်း အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးမည်မှာသံသယရှိစရာမလိုပေ။သူသည် အသက် ရ၀ နား ကပ်နေပြီဖြစ်သည်။ နာတာရှည် ဝမ်းဗိုက်ဝေဒနာကို ခံစားနေရသည်။
အတူတကွ တာဝန်ထမ်းဆောင်နေရသည်မှာ ကြာလာသည်နှင့်အမျှ သူနှင့် ကျွန်မ ခင်မင်မှုသည် တာဝန်အရသာ မဟုတ်တော့ ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးလာသည်။ မိသားစုဝင် တစ်ယောက်ကဲ့သို့ ဖြစ်လာသည်။
ပါရီမြို့တွင် ကျွန်မတို့ လမ်းခွဲကြသည်။အဘ ကင်ဆုံအီက ကျွန်မအား ချားလ်ဒီဂေါလေဆိပ်သို့ လိုက်ပို့သည်။ ကျွန်မက မကာအိုသို့ ခရီးဆက်ရန် ဖြစ်သည်။ ကျွန်မတစ်ယောက်တည်း ခရီးဆက်ရမည်ကို စိုးရိမ်သော်လည်း စိုးရိမ်သည့် အမူအရာ မပေါ်စေရန် ကြိုးပမ်းနေရသည်။ မြောက်ကိုရီးယားသို့ ပြန်ရောက်ပြီး အစီရင်ခံစာ အသီးသီး တင်ပြသောအခါ ကျွန်မသည် စိုးရိမ်ကြောင့်ရွံ့နေသည်ဟု အဘကင်ဆုံအီ၏ အစီရင်ခံစာတွင် ပါမသွားစေလို။ခရီးသည်များ ဝင်ပေါက်သို့ ရောက်သောအခါ သူက ဆက်မလိုက်နိုင်တော့ပေ။
"သမီး အုတ်ဟွာ ဂရုစိုက်ပြီး သွားပေတော့" ဟု ကျွန်မအား နှုတ်ဆက်သည်။ တဆက်တည်းပင် "မကာအိုမှာ အေးဂျင့်ချောင် စောင့်နေလိမ့်မယ်။ မင်းကို ကွမ်းကျူ ိးကို ပို့ပေးလိမ့်မယ်။ သူတို့ကို အဘ စက်တင်ဘာ ၂၆ ရက်နေ့မှာ တွေ့မယ်ဆိုတာ ပြောလိုက်ပါ"
ကျွန်မက သူ့ကို ပွေ့ဖက်နှုတ််ဆက်ရင်း "ကျွန်မတို့ ပြန်တွေ့ရအုံးမှာလား"
"အမှန်ပြောရရင် ငါက အငြိမ်းစား ယူတော့မှာ။ ဘာပဲ ဖြစ်ဖြစ်လေ ထပ်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။ မင်း ဘေးမသီရန်မခပါစေနဲ့"
ကျွန်မနှင့်သူ ပါရီလေဆိပ်တွင် ခွဲခွာပြီး ဖြစ်ပျက်သည်များကို နှစ်အတန်ကြာတွင် ကျွန်မ သိခွင့်ရခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကင်ဆုံအီသည် မြောက်ကိုရီးယား အေးဂျင့်နှင့် ချိန်းဆိုထားသည့် အတိုင်း မတွေ့ဆုံမီ ထိုအေးဂျင့် အဖမ်းခံရသည်။ ကင်ဆုံအီ အသက်လုပြီး ထွက်ပြေးခဲ့ရသည်။ အေးဂျင့်သည် ဆိုးလ်မြို့တွင် အလှပြင်ဆိုင် ဖွင့်ထားသည်။ သူ့အား တောင်ကိုရီးယား ထောက်လှမ်းရေးက မပြတ်စောင့်ကြည့်နေခဲ့သည်။ ကင်ဆုံအီနှင့် မတွေ့ဆုံမီ အချိန်လေးတွင် ထောက်လှမ်းရေးက အလှပြင်ဆိုင်အား ဝင်စီးရာ အေးဂျင့် သေဆုံးရသည်။ မြို့၏ ဝင်ပေါက်ထွက်ပေါက်များကို ချက်ချင်း ပိတ်ဆို့သော်လည်း ကင်ဆုံအီသည် ကံကောင်း ထောက်မစွာ လွတ်မြောက်လာသည်။ ယင်းသို့ ပိတ်ဆို့ခြင်းသည် ကင်ဆုံအီ ရှိနေသည် ဆိုသည်ကို တောင်ကိုရီးယား အာဏာပိုင်တို့ သိရှိကြောင်း ညွှန်ပြနေသည်။
ယင်းသို့ဖြင့် မြောက်ကိုရီးယား ထောက်လှမ်းရေး အတွင်း မယုံသင်္ကာမှုများ ပေါ်ထွက်လာသည်။ မြောက်ကိုရီးယား ထောက်လှမ်းရေးအတွင်း သတင်းပေးရှိနေသလော ဆိုသည့်အချက်ကို စစ်ဆေးကြသည်။
ယင်းသို့ ဖြစ်ပျက်နေသည်ကို မကာအိုတွင် ရောက်နေသည့် ကျွန်မက မသိ။ အေးဂျင့်ချောင်က လေဆိပ်တွင် လာကြိုသည်။ ကျွန်မအား မကာအို မြို့တွင်းသို့ လိုက်ပို့ပေးသည်။ စီစဉ်ထားသည့်အတိုင်း ဖြစ်လာပါက မကာအိုတွင် ကျွန်မအား တာဝန်ချထားပေးနိုင်သည်ဟုသူက ဆိုသည်။ ထို့ကြောင့် မကာအိုက်ို ဖြစ်နိုင်သမျှ လေ့လာရန် သူက အကြံပေးသည်။
မကာအိုသည် ဟောင်ကောင်ကဲ့သို့ အရင်းရှင်တို့ နိဗ္ဗာန်ဘုံဖြစ်သည်။ အချက်အချာနေရာများတွင် လောင်းကစားရုံများ နှင့် ဇိမ်ခံဟိုတယ်ကြီးများက နေရာယူထားသည်။ မကာအိုသည် အရှေ့တိုင်းတွင် ရှိသဖြင့် ဥရောပနှင့်စာလျှင် ကျွန်မအဖို့ သက်တောင့်သက်သာ ရှိသည်။
ကွမ်းကျူ ိးသို့ရန် ဘူတာရုံသို့ အေးဂျင့်ချောင်က လိုက်ပို့သည်။ ဤတွင်မှ ကျွန်မ၏ တစ်ကိုယ်တော် စွန့်စားခန်း စတော့သည်။ တရုတ်ပြည်သည် ကျွန်မ ထင်သလို သူစိမ်းပြင်ပြင် မဟုတ် မြောက်ကိုရီးယား၏ အိမ်နီးရှင်းနိုင်ငံဖြစ်သည်။
သာမန် တရုတ်ပြည်သူတို့၏ ဘဝကို လေ့လာသည်။ သူတို့ဘဝသည် အားတက်ဖွယ်ရာ ဖြစ်သလ််ုိ ကျွန်မတို့ မြောက်ကိုရီးယား ပြည်သူများအဖို့ စိတ်ပျက် အားငယ်ဖွယ်ရာ ဖြစ်သည်။ သူတို့၏ လူနေမှု အဆင့်အတန်းသည် ကျွန်မတို့ထက် များသွာသာလွန်သည်။ မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေမည်လားဟုု စဉ်းစားမိသည်။
တရုတ်ပြည်တွင် စျေးဆိုင်များတွင် ရောင်းကုန်ပစ္စည်း အပြည့်ရှိသည်။ စားသောက်ဆိုင်များသည် စျေးပေါပြီး ဝန်ဆောင်မှုလည်း ပြည့်စုံသည်။ ကွမ်းကျူ ိးတွင် ၂ ရက်နေပြီး ပေကျင်းသို့ ခရီးဆက်သည်။ ပေကျင်းသည် လူဦးရေ ထူထပ်သည်။ လူတိုင်းလို စက်ဘီးစီးကြသည်။ လူနေမှုအဆင့်အတန်းသည် အနောက်နိုင်ငံများကို မမှီသော်လည်း မြောက်ကိုရီးယားထက် များစွာ သာလွန်သည်ကို တွေ့ရသည်။ အစားအသောက် ပြည့်စုံကုံလုံသည်။ ဇိမ်ခံပစ္စည်းအသေးအမွှားများကို မှောင်ခိုစျေးတွင် ရနိုင်သည်။ ကျွန်မ တိုင်းပြည်အတွက် ရှက်မိသည်။ မြောက်ကိုရီးယားသည် ယုံနိုင်ဖွယ်မရှိသည့် တိုင်းပြည်ဖြစ်သည်။
ပေကျင်းမှ ထွက်ခွာလာသောအခါ အထက်အရာရှိများ အတွက် လေဆိပ်ခွန်လွှတ်ဆိုင်တွင် လက်ဆောင် ပစ္စည်းများ ဝယ်သည်။ တိုင်းရင်းဆေးပုလင်း ငါးဘူး ကော့ညက် တစ်ပုလင်း ခဲတံတစ်ဘူး ဝယ်သည်။
မြောက်ကိုရီးယားသို့ ပြန်ရောက်သောအခါ ကျွန်မတင်ပြရသည့် ခရီးစဉ် အစီရင်ခံစာသည် ယုတ္တိမဲ့နေသည်။ ရယ်ဖို့လည်းကောင်းသည်။ဥရောပ သည် ကျွန်မ သင်ယူခဲ့ရသည့်အတိုင်း လက်တစ်ဆုပ်စာ လူတစ်စုသာ ချမ်းသာြ ကွယ်ဝပြီး လူအများစုမှာ ဒုက္ခပင်လယ် ဝေနေကြောင်း နီယွန်မီး ရောင်စုံများကြောင့် မြို့ကြီးများ အပြင်ပန်းက လှပနေသော်လည်း နောက်ဖေးလမ်းကြားတွင် လူများသည် တိရိစ္ဆာန်ကဲ့သို့ နေထိုင်ရကြောင်း အထက်တန်းစား စားသောက်ဆိုင်များတွင် လာရောက်စားသောက်နေကြသူများသည် ကုပ်သွေးစုပ် အရင်းရှင်များစာ ဖြစ်ကြောင်း သူတို့နှင့် အတူပါလာသော ခွေးများ၏ အဝတ်အစားသည် ဆင်းရဲသားများထက်ပင် ကောင်းမွန်ကြောင်း ဤသည်မှာ အရင်းရှင်စနစ်၏ ယုတ်ညံ့မှုကို ထင်ဟပ်ပြသနေကြောင်း မြောက်ကိုရီးယား ပြည်သူတစ်ယောက် ဖြစ်နေရသည်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဝတ်ရေးနေရေးအတွက် အပူအပင်မရှိပဲ ပညာသင်ကြား အလုပ်လုပ်ကိုင်နိုင်ကြောင်း ဤအတွေ့အကြံုကြောင့် ဆိုရှယ်လစ် နိဗ္ဗာန်ဘုံကို အသက်နှင့်လဲကာကွယ်မည့် ကျွန်မ၏ သန္ဒိဋ္ဌာန်ကို ပိုမိုမြဲမြံစေကြောင်း ကျွန်မအား ယခုလို တာဝန်ထမ်းဆောင်ခွင့်ပေးသော အတိုင်းမသိ ကြီးမြတ်သော ခေါင်းဆောင်ကြီးအား ကျေးဇူးတင် ဦးညွှတ်ပါကြောင်း ကျွန်မသည် မြောက်ကိုရီးယား ပြည်သူတစ်ယောက် ဖြစ်ရသည်မှာ များစွာကံကောင်းကြောင်း ကျေးဇူးတင် ဦးညွှတ်ပါကြောင်း ကျွန်မသည် မြောက်ကိုရီးယား ပြည်သူတစ်ယောက် ဖြစ်ရသည်မှာ များစွာကံကောင်းကြောင်း သုံးသပ်ရေးသား တင်ပြလိုက်သည်။
အလားတူပင် ကျွန်မ တာဝန်ထမ်းဆောင်ခြင်းနှင့် အဘကင်ဆုံအီ၏ တာဝန်ထမ်းဆောင်မှုတို့ကိုလည်း သုံးသပ်ရေးသားတင်ပြရသည်။ ကိုယ့်ကိုကိုယ် ဝေဖန်ရေးသားရသလို ကင်ဆုံအီကိုလည်း ဝေဖန်ရေးသားရသည်။ ဝေဖန်ရခြင်းသည် ကျွန်မ မလုပ်ချင်ဆုံး အလုပ်ဖြစ်သည်။ ထို့ကြောင့် စကားလုံးများ ရှာဖွေရာတွင် အခက်အခဲ တွေ့ရသည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
January 2 2016
No comments:
Post a Comment