BBC Burmese
....................................................................
ဘီဘီစီ ဦးဖေသန်း ကွယ်လွန်
မေးပါများ စကားရ တင်ဆက်သူ ဦးဖေသန်း
ဇန်နဝါရီလ ၁ ရက်နေ့ သန်းခေါင်ယံ အလွန် မှာ ဘီဘီစီရဲ့ ဝါရင့် အသံလွှင့် ကြေညာ သူ ဦးလေးကြီး ဦးဖေသန်း ဟာ အသက် ၈၁ အရွယ် မှာ လန်ဒန် မြို့မှာ ကွယ်လွန် သွား ခဲ့ပါတယ်။
ဦးဖေသန်း ဟာ ဘီဘီစီမှာ နှစ် အစိတ် ခန့် တာဝန် ထမ်းဆောင် သွားခဲ့ပြီး မေးပါများ စကားရ ၊ ရှေးသရော အခါ ၊ ဒဿန ပန်းခင်း စတဲ့ ပရိသတ် နှစ်ခြိုက်တဲ့ အစီအစဉ် တွေကို ထုတ်လွှင့် တင်ဆက် ပေးခဲ့သူ ဖြစ်ပါတယ်။
ဦးဖေသန်း ကိုယ်တိုင် ကလည်း စာပေ ဝါသနာ ပါသူမို့ ဒီလို စူးစမ်း ရှာဖွေပြီး ပရိသတ် သိလိုသမျှ တင်ဆက် ရတာကို နှစ်ခြိုက်သူ ဖြစ်ပါတယ်။
ဦးဖေသန်းနဲ့ ဘီဘီစီ ဝိုင်းတော်သူ ဝိုင်းတော်သားတွေ
ဒါကြောင့် ဦးဖေသန်းနဲ့ မေးပါများ စကားရ အစီအစဉ်ဟာ ပရိသတ်တွေ ကြားမှာ ခုချိန်ထိ ပြန်ထုတ်လွှင့် ပေးဖို့ တောင်းဆို ခံနေရဆဲ ဖြစ်ပါတယ်။
ဦးဖေသန်းဟာ ၁၉၈၁ က ဘီဘီစီမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၉၅ မှာ အငြိမ်းစား ယူခဲ့ ပေမယ့် မေးပါများ စကားရ အစီအစဉ် ကို ၁ဝ နှစ်ကြာ ဆက်ပြီး တင်ဆက် ပေးခဲ့ပါတယ်။
ဈာပန အခမ်းအနား ကျင်းပမယ့် ရက်ကို ထပ်မံ အသိပေး သွားမှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment