Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 28, 2016

လူကုန္ကူးခံ ျမန္မာ ၃၂ဦး ထိုင္း ကယ္တင္

29 January 2016

ထိုင္းႏိုင္ငံ ဖူးခက္ ကမ္းေျခ ဖယ္ေရာ့ ငါးဖမ္းေလွဆိပ္ က ေလွေတြေပၚ မွာ ေရာင္းစား ခံရတဲ့ ျမန္မာႏုိင္ငံသား။ 
ထိုင္းႏိုင္ငံ ဖူးခက္ ကမ္းေျခ ဖယ္ေရာ့ ငါးဖမ္းေလွဆိပ္ က ေလွေတြေပၚ မွာ ေရာင္းစား ခံရတဲ့ ျမန္မာႏုိင္ငံသား ၃၂ဦးကို ထုိင္းႏိုင္ငံေရာက္ ျမန္မာႏုိင္ငံသား မ်ား အဖဲြ႔က ထုိင္းလူကုန္ကူးမႈ တုိက္ဖ်က္ေရး ရဲေတြရဲ႕ အကူအညီနဲ႔ ၾကာသပေတးေန႔ ညေနပုိင္းမွာ ကယ္တင္ခဲ့ပါတယ္။ အျပည့္အစံုကို ထုိင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးမာက သတင္းေပးပုိ႔ထားပါတယ္ ။

ထိုင္းႏို္င္ငံ အပမ္းေျဖကၽြန္း ျဖစ္တဲ့ ဖူးခက္ကၽြန္းရဲ ့ကမ္းေျခ က ငါးဖမ္းေလွေတြေပၚမွာ ဘတ္ေငြ ၂၄၀၀၀နဲ႔ ေရာင္းစားခံရတဲ့ ျမန္မာႏိုင္ငံသား ၃၂ဦးကုိ ၾကာသပေတးေန႔ ညေနပိုင္းမွာ ကယ္ဆယ္ႏုိင္ခဲ့တယ္လို႔ ထုိင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား အဖဲြ ့ရဲ ့အမႈေဆာင္ ဒါရိုက္တာ ဦးေက်ာ္ေသာင္းကဆုိပါတယ္။

" ထိုင္းဥပေဒေၾကာင္းအရ တိုင္ၾကားတဲ့သူရွိရင္ ရွိတဲ့ေနရာကို က်ေနာ္တို႔က ဝင္ေရာက္ စီးနင္းရတယ္ဆိုေတာ့ အခန္းတခန္းထဲမွာ အလံုပိတ္အခန္းထဲမွာ တခါတည္း ေခၽြးေတြ တဒီးဒီးက်ေနတာ လူ ၃၂ေယာက္ ျမန္မာႏုိင္ငံသားေတြေပါ့။ အသက္ကေတာ့ ၁၈ႏွစ္ကေန ၅၀ အထိ ပါတာေပါ့။ ၅၀အထိဆိုတာ လူႀကီးေတြလည္း ပါတယ္။ က်န္တဲ့သူေတြကလည္း ၂၀ေက်ာ္၊ ၃၅ ဝန္းက်င္ေတြေပါ့။"

ျမန္မာႏိုင္ငံရဲ႕ တုိင္းနဲ႔ ျပည္နယ္ အသီးသီးကေန လာၾကသူေတြဟာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရဖို႔ ၾကိဳးစားရင္းနဲ႔ လူကုန္ကူးခံရတာျဖစ္ပါတယ္။  သူတို႔ေတြ ဟာ ေလွေပၚ မလိုက္ခင္ ၃လေလာက္ အခန္းက်ဥ္းေလးထဲမွာ ပိတ္ေလွာင္ခံ ထားရတဲ့ အေၾကာင္း ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးျမိဳ႕နယ္က လူငယ္တဦး ကေျပာပါတယ္။

" ငါးဖမ္းရတယ္။ ငါးဖမ္းၿပီး ျပန္ေရာက္လာလို႔ရွိရင္ ငါးပိခ်ၿပီးလို႔ရွိရင္ အခန္းကို ျပန္ပို႔ တယ္။ ေရခဲခ်ၿပီးရင္။ ေလွထဲမွာ မထားေတာ့ဘူး။ ေလွထဲမွာ ထားလို႔ရွိရင္ ထြက္ေျပးမွာစိုးလို႔တဲ့။ သူ႔လူေတြ ေစာင့္ေနတယ္။ အဲ့ဒီ့ကမ္းနားမွာ။ ေျပာမယ္ဆိုရင္ ဟိုး ကိုးလပိုင္းကတည္းကေပါ့။ အခန္းထဲမွာပဲ အမ။ ဘာမွ မျမင္ရဘူး။ ဘယ္သူနဲ႔မွ စကားမေျပာရဘူး။ ဖုန္းပါရင္လည္း အဆက္အသြယ္လုပ္လို႔မရဘူး။ "

ေလွေပၚမွာ အရိုက္အႏွက္ခံရျပီးတဲ့ေနာက္ သူအပါအဝင္ တျခားလူေတြ လြတ္ေျမာက္ေအာင္ ထုိင္းႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအဖဲြ႔ကုိ အကူညီေတာင္း ခဲ့တဲ့ လူငယ္တဦးလည္း ေလွေပၚကအေတြ ့အႀကံဳကုိ အခုလိုေျပာျပပါတယ္။

" ေလွေပၚမွာေတာ့ က်ေနာ့္ကို ေဂၚျပားနဲ႔႐ိုက္တယ္။ က်ေနာ့္ မ်က္ႏွာေယာင္ေနတယ္။ က်ေနာ့္ကို ျခိမ္းေျခာက္တယ္။ ရိုက္ႏွက္တယ္။ က်ေနာ္တို႔ ဒီအလုပ္ကို မလုပ္ႏုိင္ဘူး။ က်ေနာ့္တို႔ကို ေငြျပန္အမ္းပါ ေျပာေတာ့ မရဘူးလို႔ေျပာတယ္။ မင္းတို႔ ေကာင္ေတြ အားလံုးကို ေတာထဲေခၚသြားၿပီး ေသနတ္နဲ႔ပစ္သတ္မယ္။ မင္းတို႔ကို ဘယ္သူမွ သိမွာမဟုတ္ဘူးလို႔  ျခိမ္းေျခာက္တယ္။"

သူတုိ႔ေတြကို ေတာလမ္းေတြ ကားလမ္းေတြကေန လူပဲြစားေတြက ေခၚေဆာင္ လာခဲ့ျပီး ထုိင္းႏိုင္ငံထဲမွာ တရား၀င္ အလုပ္လုပ္ခြင့္ရွိတဲ့ အလုပ္လုပ္ခြင့္ ကဒ္ျဖစ္တဲ့ ပန္းေရာင္ကဒ္ေတြကို ျပဳလုပ္ေပးျပီးမွ ေလွေပၚကုိ တင္လိုက္ၾကတာလုိ႔ ဆုိပါတယ္။ သူတုိ႔ေတြဟာ ေလွေပၚမွာ မလုပ္ခ်င္တဲ့ေၾကာင္း ေျပာဆုိခ်င္ေပမဲ့ လူပဲြစားေတြ ေစာင့္ၾကပ္ျပီး ကဒ္ျပားေတြ လုပ္ခဲ့ရတယ္လို့လည္း ဧရာ၀တီတိုင္းက လူငယ္တဦးက ေျပာပါတယ္။

" ၃၊ ၄ ေယာက္က က်ေနာ္တို႔ကို အျမဲတမ္း ေစာင့္ၾကည့္တယ္။ ေမးတဲ့သူလည္း တေယာက္မွ မရွိဘူးေပါ့ေနာ္။ ေခၚလာတုန္းကလည္း ဒီလိုမ်ိဳး ေလွလိုက္ရမယ္ လို႔ ေျပာမလာဘူး။ အလုပ္ေကာင္းေကာင္းရမယ္ လို႔ဆိုၿပီးေတာ့ပဲ ေခၚလာ တာေပါ့ေနာ္။"

ထိုင္းႏုိ္င္ငံေရာက္ျမန္မာႏုိင္ငံသားမ်ားအဖဲြ႔ဟာ ထိုင္းအစိုးရ လူကုန္ကူးမႈ တိုက္ဖ်က္ေရး အထူးေထာက္လွမ္းေရး DSI နဲ႔ ပူးေပါင္းျပီး ၂၀၁၁ ခုႏွစ္မွာ လူကုန္ကူးခံရသူေပါင္း ၅၀ဦး၊ ၂၀၁၂ ခုႏွစ္တြင္ ၂၉၂ဦး၊၂၀၁၃ ခုႏွစ္မွာ ၂၆၄ဦး၊ ၂၀၁၄ ခုႏွစ္မွာ ၁၂၀ဦး္ ၂၀၁၅ခုႏွစ္မွာ လူကုန္ကူးခံရသူ ၁၇၁ ဦးနဲ့ ၂၀၁၆ခုႏွစ္ထဲမွာ ဆုိရင္ ဒီေန႔ေနာက္ဆံုး ကယ္ခဲ့ရတဲ့လူ၃၂ဦးနဲ႔ဆိုရင္ ၅၁ဦး ကို ကယ္္ဆယ္ႏိုင္ခဲ့ တယ္လို႔ ဆိုပါတယ္။

အခုလို ကယ္ဆယ္လာတဲ့ လူကုန္ကူးခံရသူေတြကို ထုိင္းႏိုင္ငံက ကယ္ဆယ္ေရး စခန္းေတြမွာ လနဲ႔ခ်ီ ထားျပီး လူကုန္ကူးတဲ့ ပဲြစားေတြကို ဖမ္းဆီးျပီး အမႈ ရင္ဆိုင္ေစတဲ့ အခါမွာ တရားလိုျပ သက္ေသအျဖစ္ ထြက္ဆုိေပးရ တာပါ။ ျမန္မာႏုိင္ငံမွာ ထုိင္းနဲ႔ ျမန္မာ လူကုန္ကူးမူ တိုက္ဖ်က္ေရး အတြက္ ႏွစ္ႏုိင္ငံ တာ၀န္ရိွသူေတြ ဒီရက္ပုိင္းမွာပဲ ေဆြးေႏြးပဲြလုပ္ေနခ်ိန္လည္းျဖစ္ပါတယ္

ထုိင္းႏိုင္ငံတြင္း အလုပ္အကုိင္ရွာေဖြဖို႔ လာႀကတဲ့ျမန္မာႏုိင္ငံသားေတြထဲက တခ်ိဳ႕ဟာ လူကုန္ကူးခံရျပီး မ်ားေသာအားျဖင့္ ငါးဖမ္းေလွေတြနဲ႔ ေရထြက္ပစၥည္းေတြ ထုတ္လုပ္တဲ့ အလုပ္ရံုေတြမွာေရာင္းစားခံရမႈေတြ ရွိေနတယ္လို႔ လူအခြင့္အေရး အဖဲြ႔ေတြက ဆိုပါတယ္။

လူကုန္ကူးမႈနဲ႔ ပတ္သက္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ႏွစ္စဥ္ ထုတ္ျပန္တဲ့ ႏုိင္ငံတကာ လူကုန္ကူးမႈ တုိက္ဖ်က္ေရး အစီရင္ခံစာထဲမွာ ျမန္မာႏုိင္ငံ ကို Tier -2 လို႔ ေခၚတဲ့ ေစာင့္ၾကည့္စာရင္းထဲမွာ ထည့္ထားေပ မယ့္ ျမန္မာႏိုင္ငံ သား ေရႊ႕ေျပာင္း အလုပ္သမားေတြနဲ႔ ဆက္စပ္ေနတဲ့ ထုိင္းႏိုင္ငံ ကေတာ့ Tier-3 အဆိုးဆံုး အဆင့္ကို သတ္မွတ္ခံထားရပါတယ္။

လူကုန္ကူးမႈ တိုက္ဖ်က္ေရးဆုိင္ရာ ထိုင္းႏုိင္ငံရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ တဖြဲ႔ ဒီကေန႔မွာပဲ ကြင္းဆင္းၿပီး သြားေရာက္ေလ့လာေန တာပါ။ ဒီႏွစ္လည္ပိုင္းမွာထုတ္ျပန္မယ့္ တကမာၻလံုးမွာ လူကုန္ကူးမႈ တိုက္ဖ်က္ ေရးဆိုင္ရာ အစီရင္ခံစာအတြက္ ထိုင္းႏိုင္ငံကုိ သြားေရာက္ေလ့ လာေနတာျဖစ္ျပီး အေမရိကန္ႏုိင္ငံျခားေရးဌာန၊ လူကုန္ကူး မႈ ေစာင့္ၾကည့္ေရးနဲ႔ တိုက္ဖ်က္ေရးဆိုင္ရာ႐ံုးက ကၽြမ္းက်င္သူေတြဟာ ဘန္ေကာက္ၿမိဳ႕ အနီးမဟာခ်ဳိင္ဆိပ္ကမ္းၿမိဳ႕မွာ ထိုုင္းတာ၀န္ရွိသူေတြနဲ႔ လည္းေတြ႔ဆံုခဲ့ပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com


...............................................

လူကုန်ကူးခံ မြန်မာ ၃၂ဦး ထိုင်း ကယ်တင်
29 January 2016 
ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဖယ်ရော့ ငါးဖမ်းလှေဆိပ် က လှေတွေပေါ် မှာ ရောင်းစား ခံရတဲ့ မြန်မာနိုင်ငံသား။ 
ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဖယ်ရော့ ငါးဖမ်းလှေဆိပ် က လှေတွေပေါ် မှာ ရောင်းစား ခံရတဲ့ မြန်မာနိုင်ငံသား ၃၂ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ ကယ်တင်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းနို်င်ငံ အပမ်းဖြေကျွန်း ဖြစ်တဲ့ ဖူးခက်ကျွန်းရဲ ့ကမ်းခြေ က ငါးဖမ်းလှေတွေပေါ်မှာ ဘတ်ငွေ ၂၄၀၀၀နဲ့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၃၂ဦးကို ကြာသပတေးနေ့ ညနေပိုင်းမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ ့ရဲ ့အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကဆိုပါတယ်။

" ထိုင်းဥပဒေကြောင်းအရ တိုင်ကြားတဲ့သူရှိရင် ရှိတဲ့နေရာကို ကျနော်တို့က ဝင်ရောက် စီးနင်းရတယ်ဆိုတော့ အခန်းတခန်းထဲမှာ အလုံပိတ်အခန်းထဲမှာ တခါတည်း ချွေးတွေ တဒီးဒီးကျနေတာ လူ ၃၂ယောက် မြန်မာနိုင်ငံသားတွေပေါ့။ အသက်ကတော့ ၁၈နှစ်ကနေ ၅၀ အထိ ပါတာပေါ့။ ၅၀အထိဆိုတာ လူကြီးတွေလည်း ပါတယ်။ ကျန်တဲ့သူတွေကလည်း ၂၀ကျော်၊ ၃၅ ဝန်းကျင်တွေပေါ့။"

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးကနေ လာကြသူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ ကြိုးစားရင်းနဲ့ လူကုန်ကူးခံရတာဖြစ်ပါတယ်။  သူတို့တွေ ဟာ လှေပေါ် မလိုက်ခင် ၃လလောက် အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ခံ ထားရတဲ့ အကြောင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က လူငယ်တဦး ကပြောပါတယ်။

" ငါးဖမ်းရတယ်။ ငါးဖမ်းပြီး ပြန်ရောက်လာလို့ရှိရင် ငါးပိချပြီးလို့ရှိရင် အခန်းကို ပြန်ပို့ တယ်။ ရေခဲချပြီးရင်။ လှေထဲမှာ မထားတော့ဘူး။ လှေထဲမှာ ထားလို့ရှိရင် ထွက်ပြေးမှာစိုးလို့တဲ့။ သူ့လူတွေ စောင့်နေတယ်။ အဲ့ဒီ့ကမ်းနားမှာ။ ပြောမယ်ဆိုရင် ဟိုး ကိုးလပိုင်းကတည်းကပေါ့။ အခန်းထဲမှာပဲ အမ။ ဘာမှ မမြင်ရဘူး။ ဘယ်သူနဲ့မှ စကားမပြောရဘူး။ ဖုန်းပါရင်လည်း အဆက်အသွယ်လုပ်လို့မရဘူး။ "

လှေပေါ်မှာ အရိုက်အနှက်ခံရပြီးတဲ့နောက် သူအပါအဝင် တခြားလူတွေ လွတ်မြောက်အောင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကို အကူညီတောင်း ခဲ့တဲ့ လူငယ်တဦးလည်း လှေပေါ်ကအတွေ ့အကြုံကို အခုလိုပြောပြပါတယ်။

" လှေပေါ်မှာတော့ ကျနော့်ကို ဂေါ်ပြားနဲ့ရိုက်တယ်။ ကျနော့် မျက်နှာယောင်နေတယ်။ ကျနော့်ကို ခြိမ်းခြောက်တယ်။ ရိုက်နှက်တယ်။ ကျနော်တို့ ဒီအလုပ်ကို မလုပ်နိုင်ဘူး။ ကျနော့်တို့ကို ငွေပြန်အမ်းပါ ပြောတော့ မရဘူးလို့ပြောတယ်။ မင်းတို့ ကောင်တွေ အားလုံးကို တောထဲခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်မယ်။ မင်းတို့ကို ဘယ်သူမှ သိမှာမဟုတ်ဘူးလို့  ခြိမ်းခြောက်တယ်။"

သူတို့တွေကို တောလမ်းတွေ ကားလမ်းတွေကနေ လူပွဲစားတွေက ခေါ်ဆောင် လာခဲ့ပြီး ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ အလုပ်လုပ်ခွင့် ကဒ်ဖြစ်တဲ့ ပန်းရောင်ကဒ်တွေကို ပြုလုပ်ပေးပြီးမှ လှေပေါ်ကို တင်လိုက်ကြတာလို့ ဆိုပါတယ်။ သူတို့တွေဟာ လှေပေါ်မှာ မလုပ်ချင်တဲ့ကြောင်း ပြောဆိုချင်ပေမဲ့ လူပွဲစားတွေ စောင့်ကြပ်ပြီး ကဒ်ပြားတွေ လုပ်ခဲ့ရတယ်လို့လည်း ဧရာဝတီတိုင်းက လူငယ်တဦးက ပြောပါတယ်။

" ၃၊ ၄ ယောက်က ကျနော်တို့ကို အမြဲတမ်း စောင့်ကြည့်တယ်။ မေးတဲ့သူလည်း တယောက်မှ မရှိဘူးပေါ့နော်။ ခေါ်လာတုန်းကလည်း ဒီလိုမျိုး လှေလိုက်ရမယ် လို့ ပြောမလာဘူး။ အလုပ်ကောင်းကောင်းရမယ် လို့ဆိုပြီးတော့ပဲ ခေါ်လာ တာပေါ့နော်။"

ထိုင်းနို်င်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ဟာ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးထောက်လှမ်းရေး DSI နဲ့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှာ လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်မှာ ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်မှာ ၁၂၀ဦး် ၂၀၁၅ခုနှစ်မှာ လူကုန်ကူးခံရသူ ၁၇၁ ဦးနဲ့ ၂၀၁၆ခုနှစ်ထဲမှာ ဆိုရင် ဒီနေ့နောက်ဆုံး ကယ်ခဲ့ရတဲ့လူ၃၂ဦးနဲ့ဆိုရင် ၅၁ဦး ကို ကယ််ဆယ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

အခုလို ကယ်ဆယ်လာတဲ့ လူကုန်ကူးခံရသူတွေကို ထိုင်းနိုင်ငံက ကယ်ဆယ်ရေး စခန်းတွေမှာ လနဲ့ချီ ထားပြီး လူကုန်ကူးတဲ့ ပွဲစားတွေကို ဖမ်းဆီးပြီး အမှု ရင်ဆိုင်စေတဲ့ အခါမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုပေးရ တာပါ။ မြန်မာနိုင်ငံမှာ ထိုင်းနဲ့ မြန်မာ လူကုန်ကူးမူ တိုက်ဖျက်ရေး အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဒီရက်ပိုင်းမှာပဲ ဆွေးနွေးပွဲလုပ်နေချိန်လည်းဖြစ်ပါတယ်

ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့မြန်မာနိုင်ငံသားတွေထဲက တချို့ဟာ လူကုန်ကူးခံရပြီး များသောအားဖြင့် ငါးဖမ်းလှေတွေနဲ့ ရေထွက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာရောင်းစားခံရမှုတွေ ရှိနေတယ်လို့ လူအခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ ကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားပေ မယ့် မြန်မာနိုင်ငံ သား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံ ကတော့ Tier-3 အဆိုးဆုံး အဆင့်ကို သတ်မှတ်ခံထားရပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အမေရိကန် စောင့်ကြည့်လေ့လာရေးအဖွဲ့ တဖွဲ့ ဒီကနေ့မှာပဲ ကွင်းဆင်းပြီး သွားရောက်လေ့လာနေ တာပါ။ ဒီနှစ်လည်ပိုင်းမှာထုတ်ပြန်မယ့် တကမ္ဘာလုံးမှာ လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာ အစီရင်ခံစာအတွက် ထိုင်းနိုင်ငံကို သွားရောက်လေ့ လာနေတာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန၊ လူကုန်ကူး မှု စောင့်ကြည့်ရေးနဲ့ တိုက်ဖျက်ရေးဆိုင်ရာရုံးက ကျွမ်းကျင်သူတွေဟာ ဘန်ကောက်မြို့ အနီးမဟာချိုင်ဆိပ်ကမ်းမြို့မှာ ထိုုင်းတာဝန်ရှိသူတွေနဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment