Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 12, 2016

မြန်မာ ၄ ဦး အတွက် ထိုင်း အထူးစုံစမ်းရေးဌာန ကို တိုင်ကြား


မိခင် ၂ ဦးနဲ့ အမဖြစ်သူတို့က ဘန်ကောက်မြို့က မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ ဒီအက်စ်အိုင် အထူးမှုခင်းစုံစမ်းရေးဌာနကို သွားရောက်တိုင်ကြားတာဖြစ်
ထိုင်းနိုင်ငံ ရနောင်းမြို့က လူသတ်မှုစွပ်စွဲခံရတဲ့ မြန်မာလုပ်သား ၄ ဦး ကို မတရားဖမ်းဆီးနှိပ်စက်ခံရတာဖြစ်တယ်ဆိုပြီး အမေနဲ့အစ်မဖြစ်သူတွေက ဘန်ကောက်မြို့ မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့နဲ့ အထူးမှုခင်းစုံစမ်းရေးဌာနကို ဇန်နဝါရီလ ၁၂ ရက်နေ့က သွားရောက်တိုင်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်က အသတ်ခံရခဲ့ရတာနဲ့ပတ်သသက်ပြီး မြန်မာရေလုပ်သား မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနဲ့ ဝေလင်းတို့ကို ရနောင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးချိန်မှာ ရိုက်နှက်ပြီး ဝန်ခံခိုင်းစေခဲ့တယ်တာကြောင့် အဖမ်းခံရသူ မိခင် ၂ ဦးနဲ့ အမဖြစ်သူတို့က ဘန်ကောက်မြို့က မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ ဒီအက်စ်အိုင် အထူးမှုခင်းစုံစမ်းရေးဌာနကို သွားရောက်တိုင်ကြားတာဖြစ်ပါတယ်။

မြန်မာရေလုပ်သား ၄ ယောက်အမှုကို FED ပညာရေးနဲ့ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း က ကူညီဆောက်ရွက်နေတာဖြစ်ပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်ကြားခဲ့တာကြောင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ရနောင်းကို သွားရောက်ပြီးကွင်းဆင်း လေ့လာမှာဖြစ်တယ်။

မြန်မာသံရုံးအနေနဲ့ကလည်း လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကူညီဆောင်ရွက်ပေးတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ဒီအမှုကိုတော့ ထိုင်းလူ့အခွင့်အရေးရှေ့နေများအစည်းအရုံးကရှေ့နေ၊ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေနဲ့ FED က ရှေ့နေတို့ စုပေါင်း အကျိုးဆောင် ကြမှာဖြစ်တယ် လို့ ဦးထူးချစ်ကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

.........................................................


ျမန္မာ ၄ ဦး အတြက် ထိုင်း အထူးစုံစမ်းရေးဌာန ကို တိုင်ကြား

မိခင် ၂ ဦးနဲ့ အမျဖစ်သူတို့က ဘန်ကောက်မြို့က မွုခင်းနွိမ်နွင်းရေးရဲတပ္ဖြဲ့နဲ့ ဒီအက္စ်အိုင် အထူးမွုခင်းစုံစမ်းရေးဌာနကို သြားရောက္တိုင်ကြားတျာဖစ်
ထိုင်းနိုင်ငံ ရေနာင်းမြို့က လူသတ္မွုစြပ္စြဲခံရတျဲ့မန္မာလုပ်သား ၄ ဦး ကို မတရားဖမ်းဆီးနွိပ္စက္ခံရတျာဖစ္တယ္ဆိုပြီး အေမနဲ့အစ္မျဖစ်သူတြေက ဘန်ကောက်မြို့ မွုခင်းနွိမ်နွင်းရေးတပ္ဖြဲ့နဲ့ အထူးမွုခင်းစုံစမ်းရေးဌာနကို ဇန္နဝါရီလ ၁၂ ရက်နေ့က သြားရောက္တိုင်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင္ပိုင်း ရေနာင်းမြို့မွာ အသက် ၁၈ နွစ်အရြယ် ထိုင်းကော်င်းသူတစ်ဦး ပြီးခဲ့တဲ့နွစ် စက္တင္ဘာ ၂၈ ရက္က အသတ္ခံရခဲ့ရတာနဲ့ပတ်သသက်ပြီျးမန္မာရေလုပ်သား မိုးဇင်အောင်၊ စိန္ကတုံး၊ ကေ်္စာိုးဝင်းနဲ့ ဝေလင်းတို့ကို ရေနာင်းရဲတပ္ဖြဲ့က ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခိန္မွာ ရိုက်နွက်ပြီး ဝန္ခံခိုင်းစေခဲ့တယ္တာကြောင့် အဖမ်းခံရသူ မိခင် ၂ ဦးနဲ့ အမျဖစ်သူတို့က ဘန်ကောက်မြို့က မွုခင်းနွိမ်နွင်းရေးရဲတပ္ဖြဲ့နဲ့ ဒီအက္စ်အိုင် အထူးမွုခင်းစုံစမ်းရေးဌာနကို သြားရောက္တိုင်ကြားတျာဖစ္ပါတယ်။

ျမန္မာရေလုပ်သား ၄ ယောက်အမွုကို FED ပညာရေးနဲ့ဖြံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရွင်း က ကူညီဆောက်ြရက်နေတျာဖစ္ပါတယ်။

ထိုင်းလူ့အခြင့်အေရးက္မောရွင္ကိုလည်း တိုင်ကြားခဲ့တာကြောင့် ထိုင်းလူ့အခြင့်အေရးက္မောရွင္ကလည်း ရေနာင်းကို သြားရောက်ပြီးကြင်းဆင်း လေ့လာမျွာဖစ္တယ်။

ျမန္မာသံရုံးအေနနဲ့ကလည်း လိုအပ္တဲ့စာရြက္စာတမ်းတြေကို ကူညီဆောင်ြရက်ပေးတယ္လို့ ဦးထူးခ်စ္ကျေပာပါတယ်။

ဒီအမွုကိုတော့ ထိုင်းလူ့အခြင့်အေရးရွေ့နေမ်ားအစည်းအရုံးကေရွ့နေ၊ ထိုင်းရွေ့နေမ်ား ကောင္စီက ရွေ့နေနဲ့ FED က ရွေ့နေတို့ စုပေါင်း အကိုးဆောင် ကြမျွာဖစ္တယ် လို့ ဦးထူးခ်စ္ကျေပာပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment