Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 3, 2016

ဦးဝင္းခက္ ကြယ္လြန္သြားၿပီ

        နားဆင္ရန္
        Playlist

ကိုဉာဏ္ဝင္းေအာင္

03.01.2016 22:25

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (လြတ္ေျမာက္နယ္ေျမ) NLD-LA ကို စတင္တည္ေထာင္ခဲ့သူေတြထဲက တဦးအပါအဝင္ျဖစ္တဲ့ ဦးဝင္းခက္ ကြယ္လြန္သြားပါၿပီ။ ျမန္မာႏုိင္ငံ ဒီမုိကေရစီအေရး ျပည္ပေရာက္လႈပ္႐ွားသူေတြထဲမွာ အဓိကအခန္းက႑က ပါဝင္ခဲ့သူတဦးျဖစ္တဲ့ ကြယ္လြန္သူ ဦးဝင္းခက္နဲ႔ပတ္သက္ၿပီး ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္မွာဖြဲ႔စည္းတဲ့ NLD လြတ္ေျမာက္နယ္ေျမ NLD-LA ကိုစတင္တည္ေထာင္ရာမွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ ဦးဝင္းခက္ဟာ ေက်ာက္ကပ္ေရာဂါနဲ႔ ဇန္န၀ါရီလ(၃)ရက္ေန႔ မနက္ ၇ နာရီအခ်ိန္ ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ Westmead ေဆးရုံႀကီးမွာ ကြယ္လြန္ သြားေၾကာင္း သမီးျဖစ္သူ ေဒၚနီလာလြင္က VOA ကိုေျပာပါတယ္။

“ေဖေဖက ေက်ာက္ကပ္ေရာဂါနဲ႔ ဆုံးသြားတာပါ႐ွင့္။ ၾသစေၾတးလ်ႏိုင္ငံ Westmead ေဆးရုံမွာ ဒီေန႔ ၃ရက္ေန႔ မနက္ ၇-နာရီမွာ ဆုံးသြား ပါတယ္႐ွင့္။ မဆုံးခင္မွာ Westmead ေဆးရုံကို တင္လိုက္ရပါတယ္။ တင္လုိက္ရၿပီး Westmead ေဆးရုံမွာ ၃ ရက္ေနၿပီးတဲ့အခါမွာ ဆုံးသြား တာပါ။ ေက်ာက္ကပ္ ပ်က္စီးသြားလို႔ပါ႐ွင့္။ သူကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ တက္ၿပီေဟ့ဆိုမွေတာ့ ျမန္မာႏိုင္ငံႀကီးေျပာင္းလဲမယ္ ဆုိတာကို သူက သတ္မွတ္ယုံၾကည္ သြားပါတယ္႐ွင့္”

ဖ်က္သိမ္းလိုက္ၿပီျဖစ္တဲ့ NCGUB အေ၀းေရာက္ညြန္႔ေပါင္းအစိုးရအဖြဲ႔ရဲ႕ ၀န္ႀကီးေဟာင္းတဦးျဖစ္သူ ေဒါက္တာတင့္ေဆြကေတာ့ ကြယ္လြန္သူ ဦးဝင္းခက္နဲ႔ ပတ္သက္တဲ့ အမွတ္ရစကား ဆုိလာပါတယ္။

“ဆရာဦးဝင္းခက္က NLD-LA ထဲမွာ ႏွစ္ေပါင္းေတာ္ေတာ္ၾကာၾကာ၊ ေတာ္ေတာ္ၾကာၾကာဆိုတာ စဖြဲ႔ကတည္းကေပါ့ ဥကၠဌလုပ္လာခဲ့တဲ့ တာဝန္႐ွိသူတဦး ျဖစ္ပါတယ္။ ေနာက္ခံက သူက စာနယ္ဇင္းေလာကကလာေတာ့။ ေနာက္တခုကလဲ သူက NLD ဗဟုိဦးစီးမွာလဲ လုပ္လာတဲ့ ပုဂၢဳိလ္တေယာက္ျဖစ္ေတာ့ သူ႔ကို NLD-LA ထဲမွာ အမ်ားစုက- လူငယ္ပုိင္းေတြက ေတာ္ေတာ္ေလး အားထားၾကတာကို က်ေနာ္ေတြ႔ပါတယ္။ ဦးဝင္းခက္ႀကီး ကြယ္လြန္ေတာ့ က်ေနာ္တုိ႔ဒီ ျပည္ပႏိုင္ငံေရး လႈပ္႐ွားမႈထဲက ေနာက္ထပ္ အနစ္နာခံၿပီးလုပ္ခဲ့တဲ့ပုဂၢဳိလ္တေယာက္ ဆုံးပါးသြား ေတာ့ကာ ျပည္တြင္းမွာ ျပန္ၿပီးေတာ့ ႏိုင္ငံေရးတာဝန္ မထမ္းေဆာင္ႏုိင္ပဲနဲ႔ အသက္ေၾကြသြားတဲ့အတြက္ ႏုိင္ငံေရးသံေဝဂ တစုံတရာ ရတယ္ လို႔ပဲ ေျပာပါရေစ”

NLD-LA ကို ထုိင္းျမန္မာနယ္စပ္မွာ စတင္ဖြဲ႔စည္းၿပီးေနာက္ပုိင္း NLD-LA ဌာနခြဲေတြကို ႏိုင္ငံတကာေရာက္ ျမန္မာ့ဒီမိုကေရစီေရး လႈပ္႐ွားသူ ေတြၾကား ေပၚေပါက္လာေအာင္ ဦးဝင္းခက္က ႀကဳိးစားၿပီး လုိက္လံဖြဲ႔စည္းခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံမွာဖြဲ႔ခဲ့တဲ့ NLD-LA ဂ်ပန္ဌာနခြဲမွာ ပါဝင္ခဲ့သူ တဦးျဖစ္တဲ့ ကိုသန္႔တင္ဆင့္က ဦးဝင္းခက္နဲ႔ပတ္သက္လို႔ ျပန္ေျပာင္းေျပာျပတာက -

“အဓိကပိုင္းကေတာ့ Lobby ပိုင္းေပါ့ဗ်ာ၊ သူလုပ္ခဲ့တဲ့အပုိင္းေတြက ဆုိ႐ွယ္လစ္ အင္တာေနရွင္နယ္လို အဖြဲ႔မ်ဳိးႀကီးနဲ႔ သူခ်ိတ္ဆက္ၿပီးေတာ့ ႀကဳိးစားခဲ့တဲ့ အပုိင္းေတြ႐ွိတယ္။ ဒီ ဆုိ႐ွယ္လစ္အင္တာေနရွင္နယ္မွာ ျမန္မာႏုိင္ငံရဲ႕အေျခအေနေတြကို အနီးကပ္တင္ျပခြင့္ရခဲ့တယ္.. ႏိုင္ငံတကာကိုေလ။ ေနာက္ၿပီး ဂ်ပန္မွာဆိုလို႔႐ွိရင္လဲ ဒီမုိကရက္တစ္ပါတီလို ပါတီႀကီးေတြ ေခါင္းေဆာင္ပိုင္းေတြနဲ႔သူက - Murayama ၀န္ႀကီးခ်ဳပ္၊ ဒီမုိကရက္ပါတီ ေခါင္းေဆာင္ေတြျဖစ္တဲ့ Hatoyama ၿပီးလို႔႐ွိရင္ Kan ၊ Hata ၊ ေနာက္ Kaifu ၊ ၿပီးလို႔႐ွိရင္ လႊတ္ေတာ္ဥကၠဌ Doi တို႔နဲ႔ အနီးကပ္ေပါ့။ အဲဒီအခ်ိန္တုန္းက က်ေနာ္တုိ႔ရဲ႕ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ေနအိမ္အက်ယ္ခ်ဳပ္မွာ။ သူအတတ္ႏိုင္ ဆုံးေတာ့ သူေရြ႕ခဲ့တယ္”

NLD-LA ေတာင္ကိုရီးယားဌာနခြဲက ကိုရန္ႏိုင္ထြန္းကလဲ ဦးဝင္းခက္နဲ႔ပတ္သက္လို႔ အေတြ႔အႀကဳံကို ေျပာျပပါတယ္။

“က်ေနာ္တို႔ ႏိုင္ငံေရးနဲ႔ပတ္သက္လို႔ ေဆာင္ရန္ေရွာင္ရန္ ကိစၥရပ္ေတြေပါ့ဗ်ာ။ အဲဒါေတြကုိ အဘက အမ်ားဆုံး က်ေနာ္တို႔ကိုသြန္သင္ဆုံးမ ခဲ့ပါတယ္။ ကိုရီးယားႏုိင္ငံကို အဘက ၄ေခါက္ ၅ ေခါက္ေလာက္ ေရာက္ခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ ဒီ ကိုရီးယားႏိုင္ငံ ဂြမ္ဂ်ဴး လူ႔အခြင့္အေရး ဆုေပးတဲ့ ၂၀၀၅ ခုႏွစ္မွာလဲ အဘက၊ က်ေနာ္တုိ႔ အရင္ ဆိပ္ကမ္း လႊတ္ေတာ္အမတ္ေဟာင္းျဖစ္တဲ့ ေဒၚစန္းစန္းနဲ႔အတူ လာေရာက္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂြမ္ဂ်ဴးလူ႔အခြင့္အေရးဆုကို လာေရာက္လက္ခံယူခဲ့ပါတယ္။ ဒါဟာ သမုိင္းတြင္တဲ့ပုဂၢဳိလ္တဦး က်ေနာ္တို႔ ႏိုင္ငံေရး ေလာကမွာေတာ့ အခုဆိုလို႔႐ွိရင္ ကြယ္လြန္သြားခဲ့ၿပီေပါ့ဗ်ာ။ ဒီ့အတြက္ေၾကာင့္ က်ေနာ္တုိ႔က အစားထိုးမရႏိုင္တဲ့ ၾကယ္ပြင့္ႀကီးတပြင့္ ဆုံး႐ႈံး သြားတယ္လို႔ေတာ့ ခံစားရပါတယ္ခင္ဗ်”

ဦးဝင္းခက္ကြယ္လြန္ခ်ိန္မွာ အသက္ (၈၀) ရွိၿပီး ဇနီးသည္နဲ႔အတူ သမီးတဦး၊ သားႏွစ္ဦးတို႔ က်န္ရစ္ခဲ့ပါတယ္။ သတင္းစာဆရာတဦးလဲျဖစ္တဲ့ ဦး၀င္းခက္ကို ၁၉၃၆ ခုႏွစ္ ဒီဇင္ဘာ ၆ ရက္ ဧရာ၀တီတိုင္း၊ ေျမာင္းျမခ႐ုိင္ ၀ါးခယ္မၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ၁၉၆၇ ခုႏွစ္ကေန ၁၉၇၈ ထိ အိုးေ၀ဂ်ာနယ္ အယ္ဒီတာခ်ဳပ္၊ ၁၉၆၉ ကေန ၁၉၇၁ အထိက ႐ႈေထာင့္ ဂ်ာနယ္အယ္ဒီတာခ်ဳပ္အျဖစ္ ထမ္းေဆာင္ခဲ့ပါတယ္။ ၁၉၈၆ ကေန ၁၉၈၈ ထိ ပန္မဂၢဇင္းနဲ႔ လွပ႐ုပ္စံု အယ္ဒီတာခ်ဳပ္အျဖစ္ လုပ္ခဲ့ၿပီး ၁၉၈၈ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္ေန႔မွာ စတင္ဖြဲ႔စည္းခဲ့တဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွာ ဗဟို ဦးစီးအဖြဲ႔တဦးအျဖစ္ ပါ၀င္ခဲ့ပါတယ္။ ၁၉၉၀ ျပည့္ႏွစ္မွာ ကရင္ျပည္နယ္ မာနယ္ပေလာကို ေရာက္လာခဲ့ၿပီး NLD လြတ္ေျမာက္နယ္ေျမ ဥကၠဌအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။
VOA
...........
ဦးဝင်းခက် ကွယ်လွန်သွားပြီ
        နားဆင်ရန်
        Playlist

ကိုဉာဏ်ဝင်းအောင်

03.01.2016 22:25

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ကို စတင်တည်ထောင်ခဲ့သူတွေထဲက တဦးအပါအဝင်ဖြစ်တဲ့ ဦးဝင်းခက် ကွယ်လွန်သွားပါပြီ။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ပြည်ပရောက်လှုပ်ရှားသူတွေထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးဝင်းခက်နဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာဖွဲ့စည်းတဲ့ NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်ဟာ ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ(၃)ရက်နေ့ မနက် ရ နာရီအချိန် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Westmead ဆေးရုံကြီးမှာ ကွယ်လွန် သွားကြောင်း သမီးဖြစ်သူ ဒေါ်နီလာလွင်က VOA ကိုပြောပါတယ်။

“ဖေဖေက ကျောက်ကပ်ရောဂါနဲ့ ဆုံးသွားတာပါရှင့်။ သြစတြေးလျနိုင်ငံ Westmead ဆေးရုံမှာ ဒီနေ့ ၃ရက်နေ့ မနက် ရ-နာရီမှာ ဆုံးသွား ပါတယ်ရှင့်။ မဆုံးခင်မှာ Westmead ဆေးရုံကို တင်လိုက်ရပါတယ်။ တင်လိုက်ရပြီး Westmead ဆေးရုံမှာ ၃ ရက်နေပြီးတဲ့အခါမှာ ဆုံးသွား တာပါ။ ကျောက်ကပ် ပျက်စီးသွားလို့ပါရှင့်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည် တက်ပြီဟေ့ဆိုမှတော့ မြန်မာနိုင်ငံကြီးပြောင်းလဲမယ် ဆိုတာကို သူက သတ်မှတ်ယုံကြည် သွားပါတယ်ရှင့်”

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ၀န်ကြီးဟောင်းတဦးဖြစ်သူ ဒေါက်တာတင့်ဆွေကတော့ ကွယ်လွန်သူ ဦးဝင်းခက်နဲ့ ပတ်သက်တဲ့ အမှတ်ရစကား ဆိုလာပါတယ်။

“ဆရာဦးဝင်းခက်က NLD-LA ထဲမှာ နှစ်ပေါင်းတော်တော်ကြာကြာ၊ တော်တော်ကြာကြာဆိုတာ စဖွဲ့ကတည်းကပေါ့ ဥက္ကဌလုပ်လာခဲ့တဲ့ တာဝန်ရှိသူတဦး ဖြစ်ပါတယ်။ နောက်ခံက သူက စာနယ်ဇင်းလောကကလာတော့။ နောက်တခုကလဲ သူက NLD ဗဟိုဦးစီးမှာလဲ လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တော့ သူ့ကို NLD-LA ထဲမှာ အများစုက- လူငယ်ပိုင်းတွေက တော်တော်လေး အားထားကြတာကို ကျနော်တွေ့ပါတယ်။ ဦးဝင်းခက်ကြီး ကွယ်လွန်တော့ ကျနော်တို့ဒီ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုထဲက နောက်ထပ် အနစ်နာခံပြီးလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက် ဆုံးပါးသွား တော့ကာ ပြည်တွင်းမှာ ပြန်ပြီးတော့ နိုင်ငံရေးတာဝန် မထမ်းဆောင်နိုင်ပဲနဲ့ အသက်ကြွေသွားတဲ့အတွက် နိုင်ငံရေးသံဝေဂ တစုံတရာ ရတယ် လို့ပဲ ပြောပါရစေ”

NLD-LA ကို ထိုင်းမြန်မာနယ်စပ်မှာ စတင်ဖွဲ့စည်းပြီးနောက်ပိုင်း NLD-LA ဌာနခွဲတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တွေကြား ပေါ်ပေါက်လာအောင် ဦးဝင်းခက်က ကြိုးစားပြီး လိုက်လံဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဖွဲ့ခဲ့တဲ့ NLD-LA ဂျပန်ဌာနခွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ကိုသန့်တင်ဆင့်က ဦးဝင်းခက်နဲ့ပတ်သက်လို့ ပြန်ပြောင်းပြောပြတာက -

“အဓိကပိုင်းကတော့ Lobby ပိုင်းပေါ့ဗျာ၊ သူလုပ်ခဲ့တဲ့အပိုင်းတွေက ဆိုရှယ်လစ် အင်တာနေရှင်နယ်လို အဖွဲ့မျိုးကြီးနဲ့ သူချိတ်ဆက်ပြီးတော့ ကြိုးစားခဲ့တဲ့ အပိုင်းတွေရှိတယ်။ ဒီ ဆိုရှယ်လစ်အင်တာနေရှင်နယ်မှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်တင်ပြခွင့်ရခဲ့တယ်.. နိုင်ငံတကာကိုလေ။ နောက်ပြီး ဂျပန်မှာဆိုလို့ရှိရင်လဲ ဒီမိုကရက်တစ်ပါတီလို ပါတီကြီးတွေ ခေါင်းဆောင်ပိုင်းတွေနဲ့သူက - Murayama ၀န်ကြီးချုပ်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ Hatoyama ပြီးလို့ရှိရင် Kan ၊ Hata ၊ နောက် Kaifu ၊ ပြီးလို့ရှိရင် လွှတ်တော်ဥက္ကဌ Doi တို့နဲ့ အနီးကပ်ပေါ့။ အဲဒီအချိန်တုန်းက ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှာ။ သူအတတ်နိုင် ဆုံးတော့ သူရွေ့ခဲ့တယ်”

NLD-LA တောင်ကိုရီးယားဌာနခွဲက ကိုရန်နိုင်ထွန်းကလဲ ဦးဝင်းခက်နဲ့ပတ်သက်လို့ အတွေ့အကြုံကို ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန် ကိစ္စရပ်တွေပေါ့ဗျာ။ အဲဒါတွေကို အဘက အများဆုံး ကျနော်တို့ကိုသွန်သင်ဆုံးမ ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို အဘက ၄ခေါက် ၅ ခေါက်လောက် ရောက်ခဲ့ပါတယ်။ နောက်ပြီးတော့ ဒီ ကိုရီးယားနိုင်ငံ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုပေးတဲ့ ၂၀၀၅ ခုနှစ်မှာလဲ အဘက၊ ကျနော်တို့ အရင် ဆိပ်ကမ်း လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ဒေါ်စန်းစန်းနဲ့အတူ လာရောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို လာရောက်လက်ခံယူခဲ့ပါတယ်။ ဒါဟာ သမိုင်းတွင်တဲ့ပုဂ္ဂိုလ်တဦး ကျနော်တို့ နိုင်ငံရေး လောကမှာတော့ အခုဆိုလို့ရှိရင် ကွယ်လွန်သွားခဲ့ပြီပေါ့ဗျာ။ ဒီ့အတွက်ကြောင့် ကျနော်တို့က အစားထိုးမရနိုင်တဲ့ ကြယ်ပွင့်ကြီးတပွင့် ဆုံးရှုံး သွားတယ်လို့တော့ ခံစားရပါတယ်ခင်ဗျ”

ဦးဝင်းခက်ကွယ်လွန်ချိန်မှာ အသက် (၈၀) ရှိပြီး ဇနီးသည်နဲ့အတူ သမီးတဦး၊ သားနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ သတင်းစာဆရာတဦးလဲဖြစ်တဲ့ ဦးဝင်းခက်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၆ ရက် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ၀ါးခယ်မမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၈ ထိ အိုးဝေဂျာနယ် အယ်ဒီတာချုပ်၊ ၁၉၆၉ ကနေ ၁၉၇၁ အထိက ရှုထောင့် ဂျာနယ်အယ်ဒီတာချုပ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၆ ကနေ ၁၉၈၈ ထိ ပန်မဂ္ဂဇင်းနဲ့ လှပရုပ်စုံ အယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟို ဦးစီးအဖွဲ့တဦးအဖြစ် ပါ၀င်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကရင်ပြည်နယ် မာနယ်ပလောကို ရောက်လာခဲ့ပြီး NLD လွတ်မြောက်နယ်မြေ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
VOA

No comments:

Post a Comment