Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

သံလမ္းအတြင္း ျပဳတ္က်သူ ကိုယ္ေပၚမွ ရထားျဖတ္သြား ေသာ္လည္း အသက္ရွင္


နယူးေဒလီ ၊ ၁၅-၁-၂ဝ၁၆

အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း အေနာက္ ဘဂၤလား ျပည္နယ္ရွိ ပူ႐ူလီယာ ဘူတာ႐ံု၌ အမ်ဳိးသမီး တစ္ဦးသည္ ရထားသံလမ္း အတြင္း ျပဳတ္က်ခဲ့ၿပီးေနာက္ ၄င္းအေပၚမွ ကုန္တင္ရထား ျဖတ္သန္း သြားခဲ့ေသာ္လည္း ကံေကာင္း ေထာက္မစြာ အသက္ရွင္ ခဲ့ေၾကာင္း ဇန္နဝါရီ ၁၄ ရက္ ထုတ္ျပန္ခ်က္ အရ သိရသည္။

အသက္ ၄၅ ႏွစ္အရြယ္ ဟီမာနီမန္ဂ်ီ အမည္ရွိ အဆိုပါ အမ်ဳိးသမီးသည္ အျခား တစ္ဖက္ရွိ ပလက္ေဖာင္း တစ္ခုသို႔ လမ္းေလွ်ာက္သြား ေနရာမွ ရထားသံလမ္း ေပၚသို႔ ေခ်ာ္လဲျပဳတ္က် ခဲ့ျခင္းျဖစ္သည္။ ၄င္း ေခ်ာ္လဲသည့္ ရထားလမ္းေၾကာင္း ေပၚသို႔ ကုန္တင္ရထား တစ္စင္း ေမာင္းႏွင္ လာေနသည္မွာ အလြန္နီးကပ္ ေနၿပီျဖစ္သည္ကို ၄င္းအေနျဖင့္ သတိျပဳမိေၾကာင္း၊ ထို႔ေၾကာင့္ ေၾကာက္အား လန္႔အား ထြက္ေျပးမည့္ အစား သံလမ္းအတြင္း တတ္ႏိုင္သမွ် ျပားျပားဝပ္ေအာင္ ေမွာက္ခ်ထား ခဲ့ေၾကာင္း၊ ကုန္တင္ ရထားႀကီးမွာ ခႏၶာကိုယ္ေပၚမွ ျဖတ္သန္းသြား ေနသည္ကို ခံစားမိေၾကာင္း မန္ဂ်ီ က ေျပာၾကားသည္။

ထို႔ေနာက္ ကုန္တင္ရထားႀကီး ျဖတ္သန္း သြားၿပီးေနာက္ ယင္းအမ်ဳိးသမီးမွာ ႏွာေခါင္းပြန္းပဲ့ ဒဏ္ရာမွအပ တစ္စံုတစ္ရာ ႀကီးမားသည့္ ထိခိုက္ဒဏ္ရာ ရရွိျခင္းမရွိဘဲ အံ့အားသင့္ဖြယ္ အသက္ရွင္ ခဲ့ေၾကာင္း၊ ၄င္းအား အနီးအနားမွ လူမ်ားက ဘူတာ႐ံုအတြင္းသို႔ ေခၚေဆာင္၍ ေဆးကုသမႈမ်ား ေပးခဲ့ေၾကာင္း သိရသည္။

#PyiChitThar

.................................................

သံလမ်းအတွင်း ပြုတ်ကျသူ ကိုယ်ပေါ်မှ ရထားဖြတ်သွား သော်လည်း အသက်ရှင်



နယူးဒေလီ ၊ ၁၅-၁-၂ဝ၁၆

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘင်္ဂလား ပြည်နယ်ရှိ ပူရူလီယာ ဘူတာရုံ၌ အမျိုးသမီး တစ်ဦးသည် ရထားသံလမ်း အတွင်း ပြုတ်ကျခဲ့ပြီးနောက် ၄င်းအပေါ်မှ ကုန်တင်ရထား ဖြတ်သန်း သွားခဲ့သော်လည်း ကံကောင်း ထောက်မစွာ အသက်ရှင် ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အသက် ၄၅ နှစ်အရွယ် ဟီမာနီမန်ဂျီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် အခြား တစ်ဖက်ရှိ ပလက်ဖောင်း တစ်ခုသို့ လမ်းလျှောက်သွား နေရာမှ ရထားသံလမ်း ပေါ်သို့ ချော်လဲပြုတ်ကျ ခဲ့ခြင်းဖြစ်သည်။ ၄င်း ချော်လဲသည့် ရထားလမ်းကြောင်း ပေါ်သို့ ကုန်တင်ရထား တစ်စင်း မောင်းနှင် လာနေသည်မှာ အလွန်နီးကပ် နေပြီဖြစ်သည်ကို ၄င်းအနေဖြင့် သတိပြုမိကြောင်း၊ ထို့ကြောင့် ကြောက်အား လန့်အား ထွက်ပြေးမည့် အစား သံလမ်းအတွင်း တတ်နိုင်သမျှ ပြားပြားဝပ်အောင် မှောက်ချထား ခဲ့ကြောင်း၊ ကုန်တင် ရထားကြီးမှာ ခန္ဓာကိုယ်ပေါ်မှ ဖြတ်သန်းသွား နေသည်ကို ခံစားမိကြောင်း မန်ဂျီ က ပြောကြားသည်။

ထို့နောက် ကုန်တင်ရထားကြီး ဖြတ်သန်း သွားပြီးနောက် ယင်းအမျိုးသမီးမှာ နှာခေါင်းပွန်းပဲ့ ဒဏ်ရာမှအပ တစ်စုံတစ်ရာ ကြီးမားသည့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ အံ့အားသင့်ဖွယ် အသက်ရှင် ခဲ့ကြောင်း၊ ၄င်းအား အနီးအနားမှ လူများက ဘူတာရုံအတွင်းသို့ ခေါ်ဆောင်၍ ဆေးကုသမှုများ ပေးခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment